Home ဆောင်းပါး အခက်အခဲကြားက ထီးထာကလုန်း ‌တေးသံရှင်များ

အခက်အခဲကြားက ထီးထာကလုန်း ‌တေးသံရှင်များ

3193

‌စောထွန်းလင်း

( ၁ဝ မတ်လ၊ ၂၀၂၀)

အင်တာနက်‌ပေါ်ရှိ “အ‌နောက်ပိုးကရင် ‌တေးသံရှင်များ” facebook စာမျက်နှာကို ဝင်ကြည့်လိုက်သည်နှင့် ထီးထာ ကလုန်း (မြစ်ဝကျွန်း‌ပေါ်ရှိ) ပိုးကရင် ‌တေး‌ရေး/‌တေးဆို စစံမင်း၊ စ‌ဝေလျံ‌ကျော်၊ စ‌အောင်ကိုဝင်း၊ S’ ဖန်း တို့၏ အလှ ဓာတ်ပုံများကို ‌တွေ့ရသည်။ ထိုပုံများထဲတွင် ထူးခြားမှုအ‌နေဖြင့် တစ်ဦးတည်း‌သော ကရင်အမျိုးသမီး ‌တေးသံရှင် ဆဲပွဲထူး၏ အလှဓါတ်ပုံလည်း ပါဝင်သည်ကို ‌တွေ့ရသည်။

ထို့အပြင် အဆိုပါ facebook စာမျက်နှာတွင် အ‌နောက်ပိုးကရင် ‌တေးသံရှင်များ အသံသွင်း‌နေကြပုံ၊ ချစ်ချစ်ခင်ခင် သွားလာလှုပ်ရှား‌နေသည့် ပုံရိပ်များနှင့် ‌တေးသံရှင်များ၏ ‌တေးသီချင်းများကို တင်ပြထားသည်။ သို့‌သော် ယင်း facebook စာမျက်နှာကို ‌ဖေ‌ဖေါ်ဝါရီ ၂၆ရက်ထိ follow လုပ်ထားသူ ၂၄၄ဦးသာရှိသည်ကို ‌တွေ့ရသည်။

ယခုလို follow နည်း‌သော်လည်း အ‌နောက်ပိုးကရင် ‌တေးသံရှင်များ facebook စာမျက်နှာတွင် တင်ထားသည့် ပိုး-စ‌ကော ကရင်ဘာသာ သီချင်းများကို ဝင်‌ရောက်နား‌ထောင်သူ ‌ထောင်‌သောင်းချီရှိသည်ကို ‌တွေ့ရသည်။ အ‌နောက် ပိုးကရင် အဆို‌တော်များအ‌နေဖြင့် ထီးထာကလုန်း ကရင်လူမှုအသိုင်းအဝိုင်းကြားတွင် နာမည်ရ‌နေသူများဖြစ်သည့် နည်းတူ ကိုယ်ပိုင် facebook စာမျက်နှာများ၊ youtube စာမျက်နှာများရှိကြပြီး မိမိသီချင်းများကို ကရင်လူမျိုးများ အလွယ်တကူ နားဆင်နိုင်ရန် စီစဉ်ထားသလို ပရိဿတ်များကလည်း အင်တာနက် လူမှုစာမျက်နှာများ‌ပေါ်တွင် အသီးသီး ဖြန့်‌ဝေလျက်ရှိ‌နေကြသည်။

မြစ်ဝကျွန်း‌ပေါ်‌ဒေသတွင် ကရင်လူမျိုးများ အများအပြား ပျံ့နှံ့‌နေထိုင်သည့်အား‌လျော်စွာ မိမိစာ‌ပေ၊ စကားကို အ‌လေးထားသည့်အ‌နေဖြင့် ယခုလို ပိုး(ဖလုံး)-စ‌ကော သီချင်းများ အင်တာနက်‌ပေါ်တွင် အလွယ်တကူ နားဆင် နိုင်ခြင်းမှာ ‌တေးဆိုသူများနှင့် ဆက်စပ်သူများအားလုံး၏ ကြိုးစားအားထုတ်မှု‌ကြောင့် ဆိုသည်ကို အသိအမှတ်ပြုရ မည် ဖြစ်သည်။

သို့‌သော် အခြားတဖက်တွင်မူ ထီးထာကလုန်းရှိ ကရင်‌တေးသံရှင်များအ‌နေဖြင့် အခက်အခဲမျိုးစုံနှင့် ရင်ဆိုင်‌နေရ ကာ ကရင်သီချင်းများ မ‌ပျောက်ကွယ်သွားရ‌လေ‌အောင် ကြံ့ကြံ့ခံရပ်တည်‌နေရပြီး မ‌ရေရာ၊ မ‌သေချာမှုများနှင့် ကြုံ ‌တွေ့‌နေရသည်ဟု ‌တေးသံရှင်များက တညီတညွတ်တည်း ဖွင့်ဟ‌ပြောဆိုသည်။

“ကျ‌နော်တို့ ပိုးကရင်အဆို‌တော်‌တွေက ‌ဈေးကွက်မရှိဘူး။ အ‌နောက်ပိုးဘာသာ သီးသန့်နဲ့ ဒုတိယအ‌ခွေလုပ်‌တော့ ‌ဈေးကွက် လုံးဝမရှိဘူး။ အားလည်းမရတာနဲ့ DVD အ‌ခွေ ၂၀ဝ ‌လောက်ထုတ်ပြီး ဒီအတိုင်းပဲ ‌ဝေလိုက်တယ်”ဟု နာမည်ကြီး အ‌နောက်ပိုးကရင် အဆို‌တော် စစံမင်းက ‌ပြောပြသည်။

အဆို‌တော် စစံမင်းသည် တစ်ကိုယ်‌တော် ပိုးသီချင်း‌ခွေ ၂ ‌ခွေ ထုတ်ခဲ့ဖူးပြီး ဗမာလို ‌အေးချမ်းသာယာသည့် မြစ်ဝ ကျွန်း‌ပေါ် ‌တေးစီးရီး‌ခွေမှာ နာမည်ကြီးကာ လူသိများခဲ့သည်။ ထို့အပြင် တခြား‌တေးဆိုရှင်များနှင့်လည်း တွဲဖက်ကာ ကရင်သီချင်း‌ခွေ ၆‌ခွေတွင် ပါဝင်သီဆိုခဲ့သည်။

အ‌နောက်ပိုးကရင် အဆို‌တော်များအ‌နေဖြင့် ကရင်‌နေ့ထူး‌နေ့မြတ်များဖြစ်သည့် နှစ်သစ်ကူး၊ အမျိုးသား‌နေ့၊ ချည်ဖြူဖွဲ့ မဂင်္လာ အခမ်းအနား၊ ကရင်အာဇာနည်‌နေ့ စသည်တို့တွင် လာ‌ရောက်သီဆို‌ဖျော်‌ဖြေ‌ပေးရန် ဖိတ်‌ခေါ် ခံရ‌လေ့ရှိပြီး ‌ဖျော်‌ဖြေ‌ပေးရ‌လေ့လည်း ရှိသည်။ သို့‌သော် တီးဝိုင်းအပြည့်အစုံဖြင့် ‌ဖျော်‌ဖြေရခြင်းမျိုးက နည်းသည်။ မိမိသံစဉ်ဖြင့် အဆင်‌ပြေသလို ‌ဖျော်‌ဖြေရပြီး အမျိုးသား‌ရေးနှင့်ဆိုင်သည့်အတွက် အတတ်နိုင်ဆုံး သီဆို‌ပေး‌ကြောင်း အဆို‌တော် များက ‌ပြောသည်။

ကရင်ပြည်နယ်တွင်မူ မြစ်ဝကျွန်း‌ပေါ်‌ဒေသထက် ‌တေးသီချင်း‌လောကတွင် ‌ရှေ့‌ရောက်‌နေပြီး ‌တေးသီချင်း‌ခွေ ဝယ် ယူအား‌ပေးမှုများ၊ ကရင်အဆို‌တော်များအား ဖိတ်ကြားသည့်ပွဲများတွင် အနုပညာ‌ကြေး သတ်မှတ်မှုများက အတန် အသင့်ရှိပြီး အား‌ပေးမှု ဘက်စုံ‌ထောင့်စုံရှိသည်ကို ‌တွေ့ရသည်။ သို့‌သော် ဧရာဝတီတိုင်း‌ဒေသကြီးဖြစ်သည့် မြစ်ဝ ကျွန်း‌ပေါ်‌ဒေသတွင်မှု အနုပညာ‌ကြေး သတ်မှတ်မှုမှာ မရှိသ‌လောက်ဖြစ်‌နေသည်။

အမျိုးသမီး ကရင်အဆို‌တော် ဆဲပွဲထူးက “အနန့်‌ရေ လာဆို‌ပေးပါဦးဆိုပြီး ဖိတ်တယ်။ ဘာပွဲလည်းဆိုတာ ‌သေချာ မ‌ပြောတာ‌တွေလည်း ကြုံရတယ်။ ကိုယ်က‌တော့ ကိုယ့်ကရင်ပွဲပဲဆို‌တော့ သွားဆိုတာ‌ပေါ့။ တချို့ပွဲ‌တွေဆိုရင် အဆို ‌တော်‌တွေအတွက် ‌နေရာ၊ သွားလာ‌ရေး စီစဉ်‌ပေးတာ အားနည်းတယ်။ ‌ငွေ‌ကြေးပိုင်းဆိုရင် ‌ပေးတာ အရမ်းနည်း တယ်။ သွားလာကုန်ကျစရိတ် တစ်ဝက်‌တောင် ပြန်မရတာမျိုးရှိတယ်”ဟု ‌ပြောသည်။

ကရင်‌တေးသီချင်း‌ခွေ တစ်‌ခွေပြုလုပ်မည်ဆိုလျှင် ‌တေး‌ရေးခ၊ တီးဝိုင်းခ၊ အ‌ထွေ‌ထွေ ကုန်ကျစရိတ် အများအပြား ဖြစ်သည်။ ‌ငွေ‌ကြေးပိုင်း ပံ့ပိုးမှုနည်းသည့်အတွက် တခြားတဖက်တွင် ကရင်‌တေးသီချင်းများ ဖန်တီး ထုတ်လုပ်မှုတွင် ကုန်ကျသင့်သ‌လောက် အကုန်အကျ မခံနိုင်သည့်အတွက် အရည်အ‌သွေးပိုင်း အားနည်းသွားရခြင်းမျိုးလည်းရှိ ‌ကြောင်း အဆို‌တော်စစံမင်းက ‌ပြောသည်။ ထို့အတွက် ၎င်းတို့ ကရင်အဆို‌တော်များဘက်ကိုလည်း စာနာ နားလည် ‌ပေးရန်လိုသည်ဟု ကရင်အဆို‌တော်များက ‌မေတ္တာရပ်ခံ‌ပြောသည်။

“ပွဲလာငှားပြီး ဆိုရင်လည်း လာငှားတဲ့သူ‌တွေက ‌အော်… ငါတို့ ကရင်အချင်းချင်းပဲ ‌ဈေး‌လေး‌လျှော့‌ပေးပါ ဆိုပြီး ဘယ်လို‌ပြောမလဲ ဖိနှိပ်တာမျိုးခံရတယ်။ ကိုယ်က‌တော့ ကိုယ့်သီချင်း‌လေး‌ပေါက်သွားဖို့ ကိုယ့်လူမျိုးမှာလည်း အဆို‌တော်ရှိတယ်ဆိုတာမျိုး‌လေး ပြချင်တာလည်းပါ‌တော့ ဆိုရတယ်။ အခက်အခဲ‌တွေက‌တော့ အမျိုးမျိုး ရှိတယ်” ဆဲပွဲထူးက ဆက်‌ပြောသည်။

ကရင်အမျိုးသမီးလူငယ်တစ်ဦးဖြစ်သည့် အဆို‌တော် ဆဲပွဲထူးသည် အ‌နောက်ပိုး-စ‌ကော ကရင်သီချင်းများကို သူမ အသက် ၁၅နှစ်အရွယ် ၂၀၀၈ခုနှစ်ကတည်းက စတင် သီဆိုခဲ့သူဖြစ်ကာ သူမ၏ သီချင်းများအနက် ဗမာလို “မီးအိမ်ရှင်” အမည်ရ သီချင်းမှာ နာမည်ကြီးသည်။

“ဒီပုံစံနဲ့ ဆက်သွား‌နေရင် မျိုးဆက်သစ်‌တွေလည်း ‌နေရာရဖို့ မလွယ်ဘူး။ အ‌ခြေအ‌နေက ကရင်အဆို‌တော်‌တွေ ‌ပျောက်ကွယ်သွားမယ့် အ‌နေအထားဖြစ်‌နေပြီး။ ဘယ်‌လောက်‌အောင်မြင်မြင် နာမည်ရရ ခံစားခွင့်က မရဘူး။ ပံ့ပိုးမှု မရှိဘူး”ဟု ‌မြောင်းမြမြို့တွင်‌နေထိုင်သူ နာမည်ရ ‌တေး‌ရေး/‌တေးဆို S’ဖန်းက ‌ပြောသည်။

မြစ်ဝကျွန်း‌ပေါ်တွင် ကရင်‌တေးသီချင်းများ သီဆိုချင်သည့် မျိုးဆက်သစ် အများအပြားရှိကာ အသံအရည် အ‌သွေးပိုင်း အား‌ကောင်း‌သော်လည်း ယခုလို အ‌ခြေအ‌နေမျိုးဖြင့် ‌နေရာတစ်ခု၊ နာမည် တစ်ခုရရန် အ‌တော်ကြိုး စားရမည် ဖြစ်သည်ဟု ၎င်းက မှတ်ချက်ပြုသည်။

အမှန်စင်စစ် မြစ်ဝကျွန်း‌ပေါ်‌ဒေသတွင် နာမည်ကြီး ကရင်လူငယ်အဆို‌တော်များ ‌ပေါ်ထွက်ခဲ့ဖူးသည်။ မြန်မာအိုင်‌ဒေါ သီချင်းဆိုပြိုင်ပွွဲတွင် ပထမရဖူးသည့် ‌စောလား‌ထော်ဝါး၊ ‌နောက်ဆုံးအဆင့် တက်‌ရောက်နိုင်ခဲ့သူ မူးလာတို့ လတ်တ ‌လောမှာ ‌ပေါ်ထွက်ခဲ့‌သေးသည်။

ယခုလို ကရင်သီချင်းအဆို‌တော်များ အခက်အခဲ ကြုံ‌တွေ့‌နေရမှုကို ကရင်‌ရေးရာဝန်ကြီး‌သော်လည်း‌ကောင်း၊ ကရင် စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီများက‌သော်လည်း‌ကောင်း တစ်စုံတစ်ရာ ပူး‌ပေါင်း လုပ်‌ဆောင် အကြံပြု၊ ပံ့ပိုးနိုင်မည့် အစီအစဉ်များ မ‌တွေ့ရှိ‌သေး‌ကြောင်း ကရင်အဆို‌တော်များက ‌ပြောသည်။

“သူတို့ ကရင်လို သီဆိုတဲ့ သီချင်း‌တွေ၊ ‌ရေးစပ်ထားတာ‌တွေက ကြိုက်တယ်။ အနှစ်သာရလည်း ရှိတယ်။ ခက်တာ တိုင်းစာယဉ်မှာက ဘတ်ဂျက်မရှိဘူး။ မြို့နယ် စာယဉ်‌တွေလည်း မနည်းရပ်တည်‌နေရတ ကိုယ့်စရိတ် ကိုယ်စားပြီး ‌တော့။ နှစ်သစ်ကူးအတွက် တိုင်းအစိုးရဘတ်ဂျက်ရှိ‌သော်လည်း တိုင်းနှစ်သစ်ကူး လုပ်ကုန်သွားတာ၊ လက်ချည်ပွဲ၊ အမျိုးသား‌နေ့လည်း ဒီလိုပဲ ရတဲ့ဘတ်ဂျက်ကို တိုင်းမှာပဲ လုပ်ကုန်သွားတာ။ အား‌ပေးချင်‌သော်လည်း အားမ‌ပေးနိုင် ဘူးဗျ။”ဟု ဧရာဝတီတိုင်း‌ဒေသကြီး ကရင့်‌ရေးရာဦးစီး‌ကော်မတီ၊ ကရင်တိုင်းရင်းသားအခွင့်အ‌ရေး ကာကွယ်‌စောင့် ‌ရှောက်‌ရေး‌ကော်မတီ ဥက္ကဋ္ဌ မန်းဝင်း‌မောင်က ‌ပြောသည်။

ထို့အပြင် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ ရံပုံ‌ငွေ ဂီတ‌ဖျော်‌ဖြေပွဲ ပြုလုပ်ရာ၌ စာယဉ်အတွက် ရံပုံ‌ငွေ ရရှိ‌ရေး ‌သော်လည်း‌ကောင်း၊ အဆို‌တော်များအတွက်လည်း တစ်ဖက်တစ်လမ်းမှ ပံ့ပိုး‌ပေးနိုင်မည့် အစီအစဉ်မျိုး ‌ဆွေး‌နွေး ဖူး‌သော်လည်း မလုပ်ဖြစ်‌သေးသည့် အ‌ခြေအ‌နေရှိသည်ဟု ပန်းတ‌နော်မြို့နယ်၊ ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု‌ကော်မ တီ၏ နာယက အရှင်နန္ဒာစာရက မိန့်ကြားသည်။

ယခုလို အခြအ‌နေမျိုးတွင် ကရင်နှင့် သက်ဆိုင်သည့်ပွဲ‌တော်များ၌ ပွဲ‌တော်စည်ကား‌ရေးအတွက် ‌ဖျော်‌ဖြေ‌ရေးကဏ္ဍ သည်လည်း အ‌ရေးကြီးသည့်နည်းတူ ‌ခေတ်နှင့်အညီ လိုက်‌လျောညီ‌ထွေဖြစ်‌ရေး စီစဉ်ကာ အစိုးရဘတ်ဂျက်ရ ပွဲ‌တော်များ၊ ကိုယ်ထူကိုယ်ထ လုပ်သည့် ပွဲ‌တော်များ၌လည်း သင့်တင့်မျှတသည့် အဆို‌ကြေးများ ချီးမြှင့်‌ရေးအပိုင်း ကိုလည်း အ‌လေးထား စီစဉ်သွားရန်လိုသည်။

ထို့အပြင် မြစ်ဝကျွန်း‌ပေါ်‌ဒေသရှိ ကရင်လုပ်ငန်းရှင်များကလည်း မိမိတို့လုပ်ငန်းနှင့်ဆိုင်သည့် ပွဲ၊ အခမ်းအနားများ၊ အလှူ၊ မဂင်္လာ‌ဆောင် စသည်တို့တွင် ကရင်‌တေးသံရှင်များကို ဖိတ်‌ခေါ်ကာ အပြန်အလှန် အကျိုးဖြစ်‌စေသည့် အစီ အစဉ်များ တိုးပွားလာ‌ရေး အ‌လေးထားသင့်သည်ဟု ‌ဒေသခံများက ‌ပြောသည်။

အဆို‌တော် စစံမင်းက ကရင်အဆို‌တော်များ၏ ‌တေးစီးရီး DVD အ‌ခွေများ ဝယ်ယူအား‌ပေးခြင်း သို့မဟုတ် ကရင်အ ဆို‌တော်များအတွက် အဆို‌ကြေး မနိမ့်မမြင့် အဆင့်တစ်ခု သတ်မှတ်‌ပေးခြင်းမျိုးဖြင့် ပံ့ပိုး‌ပေးရန် ‌ပြောလိုသည်ဟု ဆို သည်။

ကရင့်‌ရေးရာဦးစီး‌ကော်မတီမှ မန်းဝင်း‌မောင်က “မှန်တာ‌ပြောရရင် အ‌နောက်ပိုးကရင်သီချင်း‌တွေမရှိရင် အ‌နောက်ပိုး ကရင်လည်း ‌ပျောက်သွားမှာ‌ပေါ့။ မ‌ပျောက်‌အောင် သူတို့ ကြိုးစား‌နေတာ ကျ‌နော်တို့ သိတယ်။ လက်ခံတယ်။ ‌ထောက်ခံတယ်။ ကျ‌နော်တို့ ဘာမှ မလုပ်‌ပေးနိုင်ဘူး။ သူတို့ အိတ်စိုက် အ‌ခွေထုတ်၊ ရှုံးတာပဲ။ ဒီ‌တော့ စည်းလုံးမှု ‌ပေါ့။ ဥပမာ သူတို့ အ‌ခွေ ၁,၀၀ဝ ထုတ်တယ်။ တိုင်းစာယဉ်က ယူဖြန့်‌ပေးတာမျိုး လုပ်‌ပေးသင့်တယ်။ အ‌နောက်ပိုး ကိစ္စ၊ အ‌ရှေ့ပိုးကိစ္စ မခွဲဘဲ ကရင်‌ခေါင်းစဉ်‌အောက်မှာပဲ အား‌ပေးကြပါ”ဟု တိုက်တွန်းလိုက်သည်။

အခက်အခဲများကြားမှ ဝါသနာကို အရင်းခံပြီး အမျိုးသား‌ရေးအသိဖြင့် ရပ်တည်‌နေသည့် ထီးထာကလုန်း ကရင် အဆို‌တော်များကမူ လက်မ‌လျှော့လိုဘဲ အ‌နောက်ပိုးတစ်ကိုယ်‌တော် သီချင်း‌ခွေတစ်‌ခွေထုတ်ရန် လုပ်‌ဆောင်‌နေ သည်ဟု အမျိုးသမီးအဆို‌တော် ဆဲပွဲထူးက ဆိုသည်။

အလားတူ အခြားကရင်အဆို‌တော်များကလည်း သီချင်း‌ခွေများဆက်ထုတ်နိုင်‌ရေး ပြင်ဆင်‌နေကြဆဲဖြစ်သည်။ ထို့အပြင် အင်တာနက် လူမှုကွန်ရက်စာမျက်နှာများမှ ဝင်‌ငွေရရန် အလှမ်း‌ဝေးသည့်ကြားက စီစဉ်‌နေသည်ဟုလည်း ကရင်အဆို‌တော်များက ‌ပြောဆိုခြင်းကို ‌ထောက်ရှုခြင်းအားဖြင့် မ‌ရေရာ‌သော အခက်အခဲများကြားက ဝါသနာကို အရင်းတည်ထားကြသည့် ထီးထာကလုန်း ကရင်အဆို‌တော်များမှာ‌တော့ ကြံ့ကြံ့ခံကာ ‌ရှေ့ဆက်‌နေကြ‌ပေသည်။