Home တွေ့ဆုံမေးမြန်းခန်း “မိမိ‌နေရပ်အသီးသီးကို ပြန်ကြတဲ့ အလုပ်သမား‌တွေအ‌နေနဲ့ ကိုယ့်မြို့ကိုယ့်ရွာကို ကျန်းမာ‌ရေး အသိနဲ့ ကျန်းမာ‌ရေး သတိနဲ့ ‌စောင့်‌ရှောက် ကာကွယ်‌ပေးပါလို့။” JACBA ဥက္ကဋ္ဌ...

“မိမိ‌နေရပ်အသီးသီးကို ပြန်ကြတဲ့ အလုပ်သမား‌တွေအ‌နေနဲ့ ကိုယ့်မြို့ကိုယ့်ရွာကို ကျန်းမာ‌ရေး အသိနဲ့ ကျန်းမာ‌ရေး သတိနဲ့ ‌စောင့်‌ရှောက် ကာကွယ်‌ပေးပါလို့။” JACBA ဥက္ကဋ္ဌ ဦးမိုးကြိုး

3300

JACBA ဥက္ကဋ္ဌ ဦးမိုးကြိုးနှင့် ‌မေးမြန်းခြင်း

လတ်တ‌လော ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်-မြဝတီနယ်စပ်ဂိတ်မှတဆင့် အလုပ်သမား ‌နေရပ်ပြန်ဝင်လာမှု အ‌ခြေအ‌နေနှင့်ပတ်သက်၍ မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားအ‌ရေး ကူညီ‌ဆောင်ရွက်‌နေသူ မြန်မာပြည်သားများ အ‌ရေးပူး‌ပေါင်းလှုပ်ရှားမှု ‌ကော်မတီ(JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးအား ယ‌နေ့ မတ်လ ၂၄ရက် မွန်းလွဲပိုင်းတွင် ဆက်သွယ်‌မေးမြန်းထားခြင်းဖြစ်သည်။

‌မေး- ပြည်‌တော်ပြန် မြန်မာအလုပ်သမား‌တွေ ပြန်လည်ဝင်‌ရောက်လာမှု အ‌ခြေအ‌နေကဘယ်လိုရှိလဲ။ တစ်ရက် ကို ပျမ်းမျှဘယ်‌လောက်ရှိမလဲ။
အခုအမှတ်(၂)ထိုင်း-မြန်မာ ချစ်ကြည်‌ရေး တံတားမှာ ပြီးခဲ့တဲ့ မတ်လ ၂၁ရက်‌နေ့တုန်းက ပြည် ‌တော် ပြန် မြန်မာအလုပ်သမား ၂,၅၃၄ ‌ယောက်ရှိတယ်။ ‌နောက် ၂၂ရက်‌နေ့မှာကျ‌တော့ ပြည်‌တော်ပြန် အလုပ်သ မားတိုးလာပြီး‌တော့ ၃,၂၄ဝ ‌ယောက်ရှိတယ်။ မ‌နေ့က ၂၃ ရက်‌နေ့မှာကျ‌တော့ ပြည်‌တော်ပြန်အလုပ်သမား နှစ်‌ထောင်‌ကျော်ရှိတယ်။ ဒီ‌နေ့ မတ်လ ၂၄ရက်‌နေ့မှာလည်း ပြည်‌တော်ပြန်အလုပ်သမား နှစ်‌ထောင်နီးပါး ပြန်ကြလိမ့်မယ်လို့ ယူဆလို့ရတယ်။ ဆို‌တော့ မတ်လ ၂၁ရက်‌နေ့ကစပြီး ၂၄ ရက်‌နေ့အထိကို သုံးသပ်ကြည့် မယ်ဆိုရင် တစ်ရက်ကို နှစ်‌ထောင်‌ကျော်ပြန်တာဖြစ်တဲ့အတွက် ‌နေရပ်ပြန် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား စုစု‌ပေါင်း တစ်‌သောင်း‌ကျော် ပြန်သွားကြပြီး‌ပေါ့။ ဒါက‌တော့ အမှတ် (၂) တံတားပဲ‌ပေါ့။ အမှတ်(၁)တံတားနဲ့ အပြိုင် ‌သောင်ရင်းမြစ်ကို ဖြတ်တဲ့ စက်‌လှေဂိတ်‌တွေရယ်။ ပြန်သွားတဲ့ အလုပ်သမားအင်အား‌တွေ မပါ‌သေး ဘူး။

‌မေး – ဒီအလုပ်သမား‌တွေအတွက် နှစ်နိုင်ငံအစိုးရက အဝင်အထွက်‌တွေအတွက် ဘယ်လို‌တွေ စီစဉ် ‌ဆောင် ရွက်‌ပေးထားလဲ။
အမှတ်(၁)တံတားဘက်တုန်းက ထိုင်းဘက်မှာ‌ကော၊ မြန်မာဘက်မှာ‌ကော ကိုရိုနာ ဗိုင်းရပ်စ်နဲ့ပတ် သက်ပြီး ကျန်းမာ‌ရေး စစ်‌ဆေးမှု‌တွေ လုပ်တယ်။ အခုအမှတ် (၂) တံတားမှာ‌တော့ ထိုင်းဘက်က ကျန်းမာ‌ရေး စစ်‌ဆေးမှုလုံးဝလုပ်တာမ‌တွေ့ရဘဲနဲ့ မြန်မာဘက်ကပဲ ‌နေရပ်ပြန် ‌ရွှေ့‌ပြောင်း အလုပ်သမား‌တွေကို ကျန်းမာ‌ရေး စစ်‌ဆေးတာ၊ ကိုယ်‌ရေးအချက်အလက်‌တွေကို ရယူတာနဲ့ ‌နေရပ်ပြန်အလုပ်သမား‌တွေ သက်‌တောင် သက်သာ သွားလာနိုင်ဖို့အတွက် ထိုင်းဘက်ခြမ်းက‌နေစပြီး‌တော့ မြန်မာဘက်ခြမ်းအထိကို ‌ရွှေမြန်မာ‌မော်‌တော်ယာဉ် လိုင်းအသင်းက‌နေပြီး‌တော့ အခမဲ့ ကားအကြိုအပို့လုပ်‌ပေးတယ်။ ပြီး‌တော့ အလုပ်သမား‌တွေ မိမိ‌နေရပ်ပြန် မယ့် မြို့နယ်အသီးသီးကိုလည်း အ‌ဝေး‌ပြေးကားယာဉ်‌တွေနဲ့ အသီးသီးပို့‌ဆောင်‌ပေးတယ်။ ဒါက ကရင်ပြည် နယ် အစိုးရရဲ့အစီအစဉ်‌တွေနဲ့ ဦး‌ဆောင်ပြီး လုပ်‌ပေး‌နေတယ်။

ထိုင်းအစိုးရရဲ့ ‌နေရပ်ပြန် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား‌တွေအတွက် ဗီဇာ အခမဲ့ မရှိ‌တော့ဘူး။ အဲ့အ တွက် ဗီဇာ‌ကြေးရယူပါတယ်။ အထွက်တုံးကြီး ဗီဇာတုံးကြီးအတွက် အထွက်ကို တစ်‌ထောင်(ဘတ်တစ်‌ထောင်) ရယူပါတယ်။ ပြီးတဲ့ အခါကျ‌တော့ Cancel တုံးဆိုတဲ့ ထိုင်းနိုင်ငံကို ပြန်မလာ‌တော့ပါဘူးဆိုတဲ့ တုံးက‌တော့ ဘတ် ၁၀၀‌ပေါ့။ ဘာဆို ဘာမှ အ‌ထောက် အထားမပါလာတဲ့သူက‌တော့ ပြန်လို့ မရဘူး အခုအ‌ခြေအ‌နေက။ ‌သောင်ရင်းမြစ်ကို ဖြတ်တဲ့ စက်‌လှေဂိတ်‌တွေကို မတ်လ ၂၁ရက်‌နေ့ကတည်းက နှစ်ဖက်စလုံးက ပိတ်လိုက်ပြီး။ ‌သောင်ရင်းမြစ်ကို ဖြတ်တဲ့ စက်‌လှေဂိတ်က အုန်းဖန်၊ ဖုတ်ဖရ၊ မယ်ရမ၊ ထ‌ဆောင်ရန်း၊ တာ့ခ်မြို့နယ် (၆) မြို့နယ်မှာ စက်‌လှေဂိတ်‌ပေါင်း ၃၂ဂိတ် ရှိပြီး‌တော့ ၁၆ ဂိတ်က ကုန်ပစ္စည်း‌တွေအတွက်ရည်ရွယ်ပြီး ကျန် ၁၆ ဂိတ်က လူကူးဖို့အတွက် ရည်ရွယ်ပါတယ်။ အဲ့ဒီက‌နေ သွားလာတာ‌တွေကို အခု ခွင့်မပြုပါဘူး။ တကယ်တမ်း ဆိုရင် မတ် ၂၃ ရက်‌နေ့ကတည်းက ထိုင်းဘက်က လုံးဝပိတ်သိမ်းတာဖြစ်တဲ့အတွက် အခုက မြန်မာအ လုပ်သမား‌တွေက ရုံးစု ရုံးစုနဲ့ ‌ရောက်လာပြီး‌တော့ မြန်မာ‌တွေက ‌မေတ္တာရပ်ခံတဲ့အတွက် ဖွင့်‌ပေးရတယ်။ အထူးအစီအစဉ်အ‌နေနဲ့ ဖွင့်‌ပေးရတာဖြစ်တယ်။

‌မေး- လတ်တ‌လော ပြန်‌ရောက်လာတဲ့ အလုပ်သမား‌တွေ အ‌နေနဲ့ ‌နေရပ်ပြန်ဖို့ ဘာအခက်အခဲ‌တွေကို ကြုံ‌တွေ့ ‌နေရတာမျိုးရှိ‌နေလဲ။
စာရွက်စာတမ်းမရှိတဲ့ သူ‌တွေက ကူးလို့မရဘူး‌ပေါ့။ စာရွက်စာတမ်း အ‌ထောက်အထားမရှိတဲ့သူ‌တွေက အရင်တုန်းက ပြည်‌တော်ပြန် အစီအစဉ်ပုံစံမျိုးနဲ့သွားရတာ။ ပြည်‌တော်ပြန် လုပ်ငန်းစဉ်ကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိရုံးက လုပ်‌ပေး‌နေတာ။ အခု ပြည်‌တော်ပြန်လုပ်ငန်းစဉ်က ရပ်ထားတယ်။ ရပ်ထား တဲ့အတွက် စာရွက်အ‌ထောက်အထားမဲ့သူ‌တွေက အခု ‌နေရပ်ပြန်မယ့်အစီအစဉ်မှာ ပါဝင်လို့မရဘူး။ စာရွက် စာတမ်းတစ်ခုခုရှိရင်ရတယ်။ သူ့ဘာသူ သက်တမ်းရှိရှိ မရှိရှိရတယ်။

‌မေး-ထိုင်းက တံတားပိတ်‌တော့မယ်ဆိုပြီး လတ်တ‌လော အလုပ်သမား‌တွေ ဆက်တိုက်ဆိုသလို ပြန်လာ‌နေ ကြဆဲအ‌ခြေအ‌နေက‌ကော ဘာ‌ကြောင့်လဲ။
၂၃ ရက်‌နေ့က ချစ်ကြည်‌ရေး တံတား ပိတ်လိုက်ပါပြီးလို့ ‌ပြောထားတဲ့ ကြားထဲက ဘာဖြစ်လို့ဖွင့်‌ပေး ရလဲဆို ‌တော့ အရင် အမှတ်(၁) တံတားနဲ့ အခုအမှတ် (၂)တံတား ကွာခြားချက်မှာ အမှတ်(၁)တုန်းက ပုံမှန် မြန်မာစံ ‌တော်ချိန် မနက်(၆)နာရီ၊ ထိုင်းစံ‌တော်ချိန် ၆နာရီ ခွဲမှာစဖွင့်ပြီး ည‌နေ မြန်မာ(၈)နာရီ ထိုင်း ၈နာရီခွဲ မှပိတ်ပြီး အမှတ် (၂)မှာကျ‌တော့ မနက် မြန်မာစံ‌တော်ချိန်(၅)နာရီ ထိုင်းစံ‌တော်ချိန် (၅)နာရီခွဲမှာ စဖွင့်ပြီး ည‌နေ မြန်မာစံ‌တော်ချိန် (၆)နာရီနဲ့ ထိုင်း (၆)နာရီခွဲအချိန်မှာ ပိတ်တယ်။ တချို့က အဲ့ဒါကို သတိမမူမိတဲ့အခါကျ‌တော့ အဲ့ဒီ မတ် ၂၂ရက်‌နေ့ ညပိုင်းတုန်းက ထိုင်းစံ‌တော်ချိန် (၈)ခွဲ‌လောက်မှအလုပ်သမား(၄၅)‌ယောက် ‌ရောက်လာ ကြတယ်။

တံတားက ပိတ်‌နေပြီး။ အဲ့ဒီ ၄၅‌ယောက်ကို ၂၃ရက်‌နေ့မှာ စပြီး ဖွင့်‌ပေးတာကစပြီး‌တော့ အလုပ် သမားသံအရာရှိ (မဲ‌ဆောက်) ဦး‌ဝေလင်း‌မောင်၊ ‌နောက် ဦးမိုးကြိုးတို့အဖွဲ့‌တွေ‌ပေါ့။ ပူး‌ပေါင်းဝန်းရံတာက‌နေ ပြည်‌ထောင်စုအထက်ထိ ‌ရောက်သွားတယ် အစီရင်ခံစာ ‌တွေက။ အလုပ်သမားဝန်ကြီးဌာနဝန်ကြီး၊ ပြည် ‌ထောင်စုဝန်ကြီး ဦးသိန်း‌ဆွေ‌နောက် နိုင်ငံ‌တော် အတိုင်ပင်ခံ ‌ဒေါ်‌အောင်ဆန်းစုကြည် အထိ‌ရောက်သွားတယ်။ ‌ရောက်သွားတဲ့ အခါကျ‌တော့ ‌နောက်‌နေ့ ၂၃ရက်‌နေ့မှာ သူတို့ ၄၅‌ယောက်ကို ထိုင်းဖက်က ဖွင့်‌ပေးတာ က‌နေ တခြား‌သော မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား သုံး‌ထောင်‌ကျော်လည်း သွားဖို့ လမ်းပွင့်သွားတာ။

‌မေး- ဒီ ပြန်လာတဲ့ အလုပ်သမား‌တွေက အပြီးပြန်လာကြတာလား၊ ထိုင်းကို ပြန်သွားမယ့်သူ‌တွေ‌ကော ရှိ‌သေးလား။
အပြီးပြန်သူထက် ထိုင်းနိုင်ငံကို ပြန်လာမယ့်သူကများပါတယ်။ တစ်‌ထောင်တန် တုံးထုတဲ့သူက ပိုများတယ်။ တစ်‌သောင်း‌လောက်ဝန်းကျင်မှာ ခန့်မှန်းရတာက‌တော့ ထိုင်းနိုင်ငံကို ပြန်လာမယ့်သူက များ တယ်။ ဗီဇာအထွက်တုံးဆို‌တော့ ပြန်လာဖို့များတယ်။ Cancel တုံးနဲ့ ပြန်သွားတဲ့သူ‌တွေကလည်း ‌နောက်ထပ် စာရွက် စာတမ်း အသစ်လုပ်ပြီး‌တော့ ပုံစံအသစ်နဲ့ ပြန်လာလို့ရတယ်။ ဘာမှမထုဘဲနဲ့ ဟိုးအ‌ရှေ့ပိုင်းက စက်‌လှေဂိတ်က‌နေ ပြန်တဲ့သူ‌တွေ ပွဲစားအမျိုးမျိုးရဲ့ ‌ပေါက်တက်ကရ ‌ပြောဆိုမှုအ‌ပေါ် နား‌ယောင်မိတဲ့ အဲ့ဒီစက် ‌လှေဂိတ်က ကူးသန်းတဲ့သူ‌တွေ လွယ်ရင် လွယ်သလို အလွယ်လုပ်တဲ့သူ‌တွေက‌တော့ ထိုင်းနိုင်ငံကို ပြန်ဝင်ဖို့ အခက်အခဲရှိသွားပြီး။ သူတို့မှာ အထွက်တုံးလည်းမရှိဘူး Cancel တုံးလည်းမရှိဘူး။

‌မေး- ပြန်သွားတဲ့ သူ‌တွေအတွက် ထိုင်းကို ပြန်ဝင်လာဖို့အတွက် ရက်ကန့်သတ်ထားတာမျိုးရှိလား။
ဒီကိုရိုနာ ဗိုင်းရပ်စ် မကင်းစင်‌သေးသ၍ ထိုင်းနိုင်ငံထဲကို ပြန်ဝင်ခွင့်ပြုမှာမဟုတ်ဘူး။ သူတို့ ဘယ် ‌လောက်ပဲဝင်ချင် ဝင်ချင်။ အခု ထိုင်းနိုင်ငံထဲကို မတ်လ ၂၁ရက်‌နေ့တုန်းက ၃၅ဝ နဲ့ ၃၀ဝ ‌လောက်ဝင်ခွင့်ပြု ထားတယ်။ မတ်လ ၂၁ ရက်‌နေ့တုန်းက မြန်မာဘက်က‌နေ ထိုင်းနိုင်ငံဘက်ကို ၃၈၁ ‌ယောက်။ ဒါ‌တွေက ဘာ‌ပြောတာလဲ ဆို‌တော့ အလည် ဗီဇာတို့၊ စာအုပ်ကြီး‌တွေဘာ‌တွေနဲ့ လာကြတာ။ အလုပ်လုပ်ဖို့ လာတဲ့ သူ‌တွေကို ဝင်ခွင့်မပြုဘူး။ အခုဆို အမှတ် (၂) တံတားဆိုရင် ‌တော်‌တော်‌လေးကို တင်းတင်းကြပ်ကြပ် အထွက် ပဲရမယ် အဝင်မရဘူး။ တစ်စုံတစ်ရာစိတ်ချရတဲ့ အ‌နေအထား‌လောက်မှ ထိုင်းထဲကို ပြန်ဝင်လာလို့ရမယ်။

‌မေး- အလုပ်သမားအားလုံးကို‌ကော ‌နေရပ်ပြန်‌ရေးနဲ့ပတ်သက်ပြီး ဘာ‌တွေ အသိ‌ပေး ‌ပြောကြားချင် တာမျိုးရှိလဲ။
ပြန်သွားတဲ့ ပုံစံက (၅)မျိုးရှိတယ်။ နံပါတ် (၁)က မတ်လတို့ ဧပြီလတို့က သကြင်္န်ပွဲ‌တော် ဆင်နွှဲ ဖို့အတွက်။ ကွဲကွာ‌နေတဲ့ မိဘ ‌ဆွေမျိုး‌တွေနဲ့‌တွေ့ဖို့ မိမိမိဘ‌တွေဆီမှာ အပ်နှံထားတဲ့ ရင်‌သွေးငယ်‌တွေနဲ့ ‌နွေး‌နွေး‌ထွေး‌ထွေး ပြန်‌နေဖို့၊ ပါလာတဲ့ ‌ချွေးနဲစာ‌လေး‌တွေနဲ့ ဘာသာ‌ရေး၊ လူမှု‌ရေး အလှူအတန်း‌တွေ လုပ်ဖို့။ နံပါတ် (၂)ကျ‌တော့ စာရွက်စာတမ်း‌တွေ သက်တမ်းကုန်‌တော့မယ်မတ်လ ၃၁ရက်‌နေ့က။ ထိုင်းအစိုး ရက သက်တမ်း‌တွေ တိုး‌ပေးဖို့ အစီအစဉ်‌တွေရှိပါတယ်။ အဲ့လိုစာရွက်စာတမ်း‌တွေအတွက် စိုးရိမ်ပူပန်လို့ပြန် တာရှိတယ်။ နံပါတ် (၃)က ထိုင်းနိုင်ငံ မတ်လတို့ ဧပြီလတို့ ‌မေလတို့က အလုပ်ပါးတယ်။ အလုပ်ပါးတဲ့ အခိုက် ‌လေး ပြန်လိုက်အုံးမယ် ဆိုပြီးပြန်တာ။

နံပါတ် (၄)က အလုပ်ပြုတ်လာလို့ ပြန်တာ။ ထိုင်းနိုင်ငံမှာ တရုတ် လုပ်ငန်းရှင်‌တွေ အပါအဝင် နိုင်ငံခြား လုပ်ငန်းရှင်‌တွေက သူတို့က ဘာဗိုင်းရပ်စ်လဲဆို‌တော့ ‌ဒေဝါလီ ဗိုင်း ရပ်စ်လို့‌ခေါ်တယ်။ ‌ဒေဝါလီ ဗိုင်းရပ်စ် ကိုက်တဲ့အခါကျ‌တော့ လုပ်ငန်းရှင်‌တွေက ‌ဒေဝါလီခံလိုက်‌တော့ အလုပ်သမား‌တွေက ဘာမှ မရပဲနဲ့ ဘာနစ်နာ‌ကြေး ‌လျော်‌ကြေးမှ မရပဲနဲ့ ပြန်ရတယ်။ နံပါတ် (၅ )‌တော့ အလုပ်ရှင်က‌နေ ကိုရိုနာ ဗိုင်းရပ်စ် စိုးရိမ်လို့ သူတို့မြို့မှာလည်း ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုနှုန်း ဖြစ်လာမှုစိုးလို့ ပြန်လိုက်ပါအုံးဆိုပြီး ပြန်ခိုင်းလိုက်တာ။

‌စော‌စောက ‌ပြောလိုက်တဲ့ အ‌ကြောင်းပြချက် (၅)ချက်နဲ့ မိမိ‌နေရပ်အသီးသီးကို ပြန်ကြတဲ့ အလုပ်သမား ‌တွေအ‌နေနဲ့ ကိုယ့်မြို့ကိုယ့်ရွာကို ကျန်းမာ‌ရေး အသိနဲ့ ကျန်းမာ‌ရေး သတိနဲ့ ‌စောင့်‌ရှောက် ကာကွယ်‌ပေးပါလို့။ မိမိတို့ ‌ရောက်ရှိ‌နေတဲ့ မြို့နယ်ဆိုလည်း မြို့နယ်၊ တိုက်နယ်ဆိုလည်း တိုက်နယ် ‌ကျေးရွာ အုပ်စုဆိုလည်း ‌ကျေးရွာ အုပ်စု၊ ‌ကျေးရွာ‌လေးဆိုလည်း ‌ကျေးရွာ အဲ့မှာ ‌ကျေးရွာအုပ်ချုပ်‌ရေးမှူး သက်ဆိုင်ရာ အာဏာပိုင်‌တွေကို တာဝန်ရှိသူ‌တွေကို သတင်းပို့‌ပေးပြီး‌တော့ ကူးစက်ခံလူနာအ‌နေနဲ့ အမိ‌မြေကို ပြန်လာတာ မဟုတ်ဘူး။ ရှိ‌နေမယ်ဆိုလည်း လိုအပ်တဲ့ ‌စောင့်ကြည့်ကာလ ၁၄ရက်ကိုလည်း လိုအပ်ရင် လိုအပ်သလို ဖြတ်သန်းမယ်။ ဒါဟာ ကိုယ့်ရွာကို ကာကွယ်‌စောင့်‌ရှောက်တယ်ဆိုတာကို အရင်ဆုံး ကိုယ်ကစပြီး လုပ်ရမယ်။

ထိုင်းအစိုးရ အ‌နေဖြင့် သူ့ရဲ့ အမျိုးသားကျန်းမာ‌ရေး အစီအစဉ်နဲ့ ကိုရိုနာဗိုင်းရပ်စ် တစ်စုံတစ်ရာ ယုံကြည်စိတ်ချရတဲ့ အ‌နေအထားမရှိမချင်း ထိုင်းနိုင်ငံထဲ ပြန်လာလို့မရဘူး။ ဒါ့အပြင် ထိုင်းနိုင်ငံကို MoU စ နစ်နဲ့ ဝင်လာမယ့်သူ‌တွေလည်း အခု ဝင်လာလို့ မရ‌သေးဘူး။ ‌ပြောချင်တာက ‌နေရပ်ပြန် မြန်မာ‌ရွှေ့ ‌ပြောင်းအလုပ်သမား ‌တွေအ‌နေနဲ့ လူအားလုံးက ကိုယ့်အ‌ပေါ်‌ရောက်ရှိလာမယ့် မျက်လုံးစိမ်းများစွာကိုနားလည်မှုရှိရှိ မိသားစု ပုံစံမျိုးနဲ့ ရင်ဆိုင်ဖြတ်သန်းပါ။ ကိုယ့်မှာဘာမှမရှိရင် ဘယ်သူ့ကို ဘာမှ ‌ကြောက်စ ရာမလိုဘူး။ သို့‌သော် မိမိက သည်းခံ စိတ်ရှည်ဖို့‌တော့ လိုတယ်လို့ ‌နေရပ်ပြန် မြန်မာ‌ရွှေ့ ‌ပြောင်းအလုပ်သမားများကို မီး‌မောင်းထိုးပြချင်ပါတယ်။