Home သတင်း နယ်စပ်ဖြတ်‌ကျော်ရန် ကြံရွယ်၍ အဖမ်းခံရသည့် မြန်မာအလုပ်သမား ၈၁ ဦးထဲမှ ၁၃ ဦး ပြန်လည်လွတ်‌မြောက်

နယ်စပ်ဖြတ်‌ကျော်ရန် ကြံရွယ်၍ အဖမ်းခံရသည့် မြန်မာအလုပ်သမား ၈၁ ဦးထဲမှ ၁၃ ဦး ပြန်လည်လွတ်‌မြောက်

4980
Photo: Nay Naw

မတ်လ ၂၆ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌နေ‌နော်

ထိုင်း-မြန်မာနယ်ခြား ‌သောင်ရင်းမြစ်ကိုဖြတ်ကာ တရားမဝင်နယ်စပ်ဖြတ်‌ကျော်ရန် ကြံရွယ်၍ ထိုင်း အာဏာပိုင်များ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံရသည့် ‌နေရပ်ပြန် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား (၈၁)ဦးထဲမှ (၁၃)ဦးမှာ ပြန်လည်လွတ်‌မြောက်လာ‌ကြောင်း သိရသည်။

ယ‌နေ့ (မတ်လ ၂၆ရက်) နံနက်ပိုင်းက ထိုင်း-မြန်မာနယ်ခြား ‌သောင်ရင်းမြစ်ကမ်း ထိုင်းဘက်ခြမ်းတွင် တရားမဝင်နယ်စပ်ဖြတ်‌ကျော်ရန် ကြံရွယ်‌နေ၍ ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံရ ‌သော မြန်မာ‌ရွှေ့‌ပြောင်းလုပ်သား ၈၁ ဦးထဲမှ ပတ်စ်ပို့စာရွက်စာတမ်း အ‌ထောက်အထားရှိ‌သော အလုပ်သမား ၁၃ ဦးမှာ မဲ‌ဆောက်မြို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိ ဦး‌ဝေလင်း ‌မောင်အပါအဝင် နှစ်နိုင်ငံတာဝန်ရှိသူများ၏ ညှိနှိုင်း‌ပေးမှုအရ ယ‌နေ့ ‌နေ့လည်ပိုင်းတွင် ပြန်လည် လွတ်‌မြောက်လာခြင်း ဖြစ်သည်။

“လူကယ်ရီ‌တွေနဲ့ချိတ်ဆက်ပြီး ဘန်‌ကောက်မြို့နဲ့ အနီးဝန်းကျင်မှ ပြန်လာကြတဲ့ မြန်မာ‌ရွှေ့ ‌ပြောင်း လုပ်သား ၈၁ ဦးဟာ ဒီ‌နေ့ မနက်ပိုင်းက ထိုင်း-မြန်မာနယ်စပ် ‌သောင်ရင်းမြစ်ကိုဖြတ်ကာ တရားမဝင် နယ်စပ်ဖြတ်‌ကျော်ဖို့ ကြိုးစား‌နေတဲ့အချိန်မှာ ထိုင်းအာဏာပိုင်များကသိရှိပြီး မဲ‌ဆောက်အချုပ်မှာ ဖမ်း ဆီးထိန်းသိမ်းခံရပါတယ်။ အဲ့လိုအဖမ်းခံရတဲ့ ၈၁ ဦးထဲမှာ ပတ်စ်ပို့ဗီဇာရှိတဲ့ ၁၃ ဦးကို‌တော့ နှစ်ဖက် ညှိနှိုင်းမှုဖြင့် ထိုင်းဘက်က ပြန်လွတ်‌ပေးခဲ့ပြီး အမှတ်(၂)ချစ်ကြည်‌ရေးတံတားမှတဆင့် ပြည်တွင်းသို့ ပို့‌ဆောင်‌ပေးခဲ့တယ်။”ဟု မဲ‌ဆောက်မြို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိ ဦး‌ဝေလင်း ‌မောင်က ‌ပြောသည်။

Photo: Nay Naw

ထို့အပြင် လက်ရှိ အဖမ်းခံထားရဆဲ (၆၈)ဦးမှာ ပတ်စ်ပို့ဗီဇာအ‌ထောက်အထားများ မရှိသည့်အတွက် ထိုင်းအာဏာပိုင်များက ၎င်းတို့ကို လိုအပ်‌သော စစ်‌ဆေးမှုများ ‌ဆောင်ရွက်ပြီးလျှင် ယခုရက်ပိုင်း အတွင်း ပြန်လည်လွတ်‌မြောက်လာရန် ညှိနှိုင်းထား‌ကြောင်းလည်း ဦး‌ဝေလင်း‌မောင်က ဆက်‌ပြော သည်။

မြဝတီနယ်စပ် ထိုင်း-မြန်မာ အမှတ် (၂)ချစ်ကြည်‌ရေးတံတားကို ကုန်စည်စီးဆင်းမှုမှအပ လူဝင်ထွက် သွားလာမှုကို ပိတ်မည်ဟု ပြီးခဲ့သည့် မတ်လ ၂၂ ရက်‌နေ့က ‌ကြေညာထား‌သော်လည်း ထိုင်းနိုင်ငံ‌ဒေ သအသီးသီးမှ အ‌ကြောင်းအမျိုးမျိုးဖြင့် ‌နေရပ်ပြန် မြန်မာ‌ရွှေ့‌ပြောင်းလုပ်သားများမှာ ယ‌နေ့ (မတ်လ ၂၆ရက်)ထိ ‌နေ့စဉ် လူဦး‌ရေ(၅,၀၀၀)ဝန်းကျင်ခန့် ၎င်းတံတားမှတဆင့် ပြည်တွင်းသို့ ဝင်‌ရောက်လျက်ရှိ ‌ကြောင်း သိရသည်။