Home သတင်း နယ်စပ်ဂိတ် ဝင်ထွက်သွားလာမှု ပိတ်မည်ဆို‌ပေမယ့် ‌နေ့စဉ်‌ထောင်နှင့်ချီ၍ ထိုင်းပြန်မြန်မာလုပ်သားများ ဝင်‌ရောက်‌နေ

နယ်စပ်ဂိတ် ဝင်ထွက်သွားလာမှု ပိတ်မည်ဆို‌ပေမယ့် ‌နေ့စဉ်‌ထောင်နှင့်ချီ၍ ထိုင်းပြန်မြန်မာလုပ်သားများ ဝင်‌ရောက်‌နေ

2106
Photo: Nay Naw

မတ်လ ၂၅ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌နေ‌နော်

Covid-19 ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်‌ရေးအတွက် ထိုင်း-မြန်မာနယ်ခြား ‌သောင်ရင်းမြစ်ကမ်းတ‌လျှောက် တရားဝင် နိုင်ငံတကာဝင်‌ပေါက်ထွက် ‌ပေါက်ဖြစ်‌သော ချစ်ကြည်‌ရေးတံတား ၂ စင်း နှင့် ‌လှေဂိတ်များအားလုံး လူဝင်ထွက်သွားလာခွင့်ကို ထိုင်းဘက်ခြမ်းမှ မတ်လ ၂၂ ရက်‌နေ့တွင် ပိတ်သွားမည်ဟုဆို‌သော်လည်း ‌နေ့စဉ် ‌ထောင်နှင့်ချီ၍ ထိုင်းပြန် မြန်မာလုပ်သားများ ပြည်တွင်းသို့ ဝင်‌ရောက်လျက်ရှိ‌ကြောင်း သိရသည်။

ထိုင်းနိုင်ငံမှာက လက်ရှိအချိန်ထိ Covid-19 ကူးစက်ခံရသူ ၉၀ဝ ‌ကျော် ရှိ‌နေပြီး တစ်ချို့လုပ်ငန်းခွင်များမှာ အလုပ်ရှင်များ ပိတ်ထားမှုများရှိ‌နေသလို တစ်ချို့အလုပ်ရုံများမှာ လုပ်ငန်းခွင်နည်းပါးလာပြီး အချိန်ပို မခိုင်း ‌တော့ ခြင်း‌ကြောင့် လုပ်ခလစာနည်းပါးလာမှုနှင့် အလုပ်လက်မဲ့ဖြစ်ကာ ‌နောင်အခါ အခက်အခဲဖြစ်လာမည်ကို စိုး ရိမ်၍ အမိမြန်မာပြည်သို့ ပြန်လာကြခြင်းဖြစ်‌ကြောင်း ထိုင်းနိုင်ငံ‌ဒေသအသီးသီးမှ ပြန်လာသူ မြန်မာလုပ်သားများ က ‌ပြောသည်။

ထိုင်း-မြန်မာနယ်စပ်အမှတ်(၁)ချစ်ကြည်‌ရေးတံတားကို မတ်လ ၂ဝ ရက်‌နေ့တွင် အပြီးပိတ်သိမ်းလိုက်ပြီး‌နောက် မတ်လ ၂၁ရက်‌နေ့မှစ၍ မြဝတီ-မဲ‌ဆောက် အမှတ်(၂)ချစ်ကြည်‌ရေးတံတားနှင့် နယ်စပ်‌လှေဂိတ်များမှတဆင့် ထိုင်းနိုင်ငံ‌ဒေသအသီးသီးမှ မြန်မာပြည်တွင်းသို့ ပြန်လည်ဝင်‌ရောက်လာ‌သော မြန်မာ‌ရွှေ့‌ပြောင်းလုပ်သားများမှာ ယ‌နေ့မတ်လ ၂၅ရက်‌နေ့၊ ‌နေ့လည်ပိုင်းအထိစာရင်းအရ လူဦး‌ရေ စုစု‌ပေါင်း ၂ ‌သောင်း‌ကျော် ဝင်‌ရောက်လာပြီးဖြစ်သည်ဟု တာဝန်ရှိသူများက ‌ပြောသည်။

ထိုသို့ ဝင်‌ရောက်လာသူ လူဦး‌ရေ ၂ ‌သောင်းအနက် ယမန်‌နေ့ မတ်လ ၂၄ရက်‌နေ့နှင့် ယ‌နေ့ မတ်လ ၂၅ရက်‌နေ့ နံနက်ပိုင်းက ‌သောင်ရင်းမြစ် ကမ်းရှိ ဆီးဂဲလ်‌လှေဂိတ်နှင့် ‌ရေလည်ကျွန်း‌လှေဂိတ်များမှ တဖက်ထိုင်း နိုင်ငံက ကူးလာသူ အ‌ထောက်အထားမဲ့ မြန်မာ‌ရွှေ့‌ပြောင်းလုပ်သား ၅၀ဝ ‌ကျော် ပါဝင်‌ကြောင်းလည်း သိရသည်။

Photo: Nay Naw

အဆိုပါ ထိုင်းနိုင်ငံ‌ဒေသအသီးသီးမှ ပြည်တွင်းသို့ ပြန်လည်ဝင်‌ရောက်လာသူများကို မတ်လ ၂၃ ရက်‌နေ့မှစ၍ ကရင်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ယင်းတို့ပြန်မည့် ပြည်နယ်နှင့်တိုင်း‌ဒေသအသီးသီးသို့ ချိတ်ဆက်၍ အခမဲ့ ‌မော်‌တော်ယာဉ်များဖြင့် စီစဉ်ပို့‌ဆောင်‌ပေး‌နေ‌ကြောင်း ကရင်ပြည်နယ် လွှတ်‌တော်ကိုယ်စားလှယ် ဦးသန့်ဇင်‌အောင် က ‌ပြောသည်။

၎င်း မြဝတီ-မဲ‌ဆောက် အမှတ်(၂)ချစ်ကြည်‌ရေးတံတားနှင့် ‌လှေဂိတ်များမှ ဝင်‌ရောက်လာသူများကို Covid-19 နှင့်ပတ်သက်၍ ကျန်းမာ‌ရေးစစ်‌ဆေးခြင်းများနှင့် လိုအပ်သည့်အချက်အလက်များ ‌မေးမြန်းစု‌ဆောင်းခြင်းများကို မတ်လ ၂၁ ရက်‌နေ့မှစ၍ ယ‌နေ့အချိန်ထိ ကျန်းမာ‌ရေးနှင့် အားကစားဝန်ကြီးဌာနမှူး ဦးစည်သူ‌မောင် ဦး‌ဆောင်‌သော ကျန်းမာ‌ရေး ဝန်ထမ်းများ၊ မြဝတီခရိုင် ကျန်းမာ‌ရေးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ မှ ကျန်းမာ‌ရေးစစ်‌ဆေးခြင်းများနှင့်အချက်အလက်ပြုစုခြင်းများ‌ဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ယင်းတို့နှင့်အတူ ရန်ကုန်ပြည် သူ့‌ဆေးရုံကြီးရှိ သူနာပြုသင်တန်း‌ကျောင်းမှ ‌ကျောင်းအုပ်ဆရာမကြီး ‌ဒေါ်‌ဝေ‌ဝေလွင် ဦး‌ဆောင်၍ ‌နောက်ဆုံးနှစ်သင်တန်းသူ/သင်တန်းသား ၂၉ဦးတို့မှ လာ‌ရောက်လုပ်အား‌ပေးကူညီ‌ဆောင်ရွက်လျက်ရှိ‌ကြောင်း ‌တွေ့ရသည်။