Home သတင်း ထိုင်းရှိ Covid-19 Positive လူနာနှင့် တစ်တိုက်တည်း အတူ‌နေခဲ့သူကို မြဝတီ‌ဆေးရုံတွင် ‌စောင့်ကြည့်လူနာအဖြစ်ထားရှိ

ထိုင်းရှိ Covid-19 Positive လူနာနှင့် တစ်တိုက်တည်း အတူ‌နေခဲ့သူကို မြဝတီ‌ဆေးရုံတွင် ‌စောင့်ကြည့်လူနာအဖြစ်ထားရှိ

13003
Photo: Nay Naw

မတ်လ ၂၉ ရက်၊ ၂၀၂ဝပြည့်နှစ်။ ‌နေ‌နော်

ထိုင်းနိုင်ငံတွင် Covid-19 ‌ရောဂါပိုး‌တွေ့ရှိသူနှင့် ကွန်ဒိုတိုက်ခန်းတွင် အ‌ပေါ်ထပ်‌အောက်ထပ် တစ်တိုက်တည်း အတူ‌နေထိုင်ခဲ့သည့် ထိုင်းနိုင်ငံမှ ပြန်လာသူ အသက်(၂၃)နှစ်အရွယ် အမျိုးသမီး (၁)ဦးနှင့်အတူ ၎င်းနှင့်ကား အတူစီးခဲ့သူ ၆ ဦးအား လိုအပ်သည့် ကျန်းမာ‌ရေးစစ်‌ဆေးမှုများ ပြုလုပ်ရန် မြဝတီခရိုင်ပြည်သူ့‌ဆေးရုံသို့ ပို့‌ဆောင်ပြီး ‌စောင့်ကြည့် လူနာအဖြစ်ထားရှိထားသည်ဟု သိရသည်။

ယ‌နေ့ (မတ်လ ၂၉ ရက်)နံနက်ပိုင်းက အဆိုပါ အမျိုးသမီးအပါအဝင် ၎င်းနှင့်အတူ ကားစီးပြီး ပြန်လာကြသည့် ၆ ဦးကို ထိုင်း-မြန်မာ အမှတ် (၂)တံတား ကြိုဆိုလက်ခံသည့် BCF ဇုန် မဝင်ခင် တံ တားထိပ်တွင် သွားကြိုပြီး‌ဆေး ရုံကို ပို့‌ဆောင်ထားခြင်းဖြစ်သည်ဟု မြဝတီခရိုင်အုပ်ချုပ်‌ရေးမှူး ဦး‌တေဇာ‌အောင်က ယခုလို ‌ပြောသည်။

ခရိုင်အုပ်ချုပ်‌ရေးမှူးက “ အဲဒီ ထိုင်းပြန် အသက်(၂၃) အမျိုးသမီးဟာ ထိုင်းနိုင်ငံ ဘန်‌ကောက်မြို့ ဖလန့် ‌စောင် ဘက်မှာ ‌နေထိုင်ပြီး သူ‌နေထိုင်တဲ့ ကွန်ဒိုတိုက်ခန်းရဲ့ ‌အောက်ထပ်မှာ ပတ်ဝန်းကျင်ပြည်သူများမှ Covid-19 သံ သယ ဖြစ်ဖွယ် ဖျားနာ‌နေသူရှိ‌နေပါတယ်။ သူကိုယ်တိုင်ကလည်း ‌ချောင်းဆိုးခြင်း၊ ဖျားနာခြင်းရှိ‌နေတဲ့အတွက် မ‌နေ့ညကရရှိထားတဲ့ သတင်းအရ ဒီမနက်မှာ လက်ရှိ ထိုင်းပြန်မြန်မာလုပ်သားများကို ကြိုဆိုလက်ခံတဲ့ မြန်မာ ဘက်ခြမ်း BCF ဇုန်ထဲမ‌ရောက်ခင် ကြိုပြီး‌တော့ ၎င်းအပါအဝင် ၇ ဦးကို မြဝတီခရိုင်ပြည်သူ့‌ဆေးရုံသို့ ပို့ထား တယ်”ဟု ‌ပြောသည်။

Photo: Nay Naw

အဆိုပါ ‌စောင့်ကြည့်လူနာအား မြဝတီ‌ဆေးရုံ၌ထားရှိကာ ကျန်းမာ‌ရေးစစ်‌ဆေးမှုများပြုလုပ်သွားမည့်အပြင် လိုအပ်လျှင် သူမ၏တို့ဖက်ယူပြီး ကျန်းမာ‌ရေးဝန်ကြီးဌာန ဗဟိုဓာတ်ခွဲခန်းကိုပို့ကာ အ‌ဖြေကို ‌စောင့်ကြည့်ရ မည်ဖြစ်‌ကြောင်း၊ သူမနှင့်အတူ ကား(၁) စီးတည်း အတူစီး၍ပြန်လာကြသည့် ကျန် (၆)ဦးကိုမူ မြဝတီမြို့ အမှတ်(၄)ရပ်ကွက် ‌ကျောက်လုံးကြီး ပြန်လည်ကြိုဆို‌ရေးစခန်းတွင် (၁၄)ရက်ထားရှိပြီး ကျန်းမာ‌ရေး အ‌ခြေ အ‌နေကို ‌စောင့်ကြည့်သွားမည်ဟုလည်း ဦး‌တေဇာ‌အောင်က ဆက်‌ပြောသည်။

အဆိုပါ Covid-19 ‌စောင့်ကြည့်/သံသယ လူနာ အမျိုးသမီးသည် ထိုင်းနိုင်ငံ ဘန်‌ကောက်မြို့ ဖလန့်‌စောင်မှ မြန်မာပြည်‌နေရပ် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်သို့ ပြန်ရန် ထိုင်းနိုင်ငံမှ ကရင်ပြည်နယ်သို့ ပြန်ကြမည့် အမျိုးသမီး(၁)ဦး အမျိုးသား(၅)ဦးတို့နှင့်အတူ ကားတစ်စီးတည်းစီး၍ ပြန်လာကြခြင်းဖြစ်‌ကြောင်း သိရသည်။

မြဝတီနယ်စပ် ထိုင်း-မြန်မာ အမှတ် (၂) ချစ်ကြည်‌ရေးတံတားကို ကုန်စည်စီးဆင်းမှုမှအပ လူဝင်ထွက်သွား လာမှုကို ပိတ်မည်ဟု ပြီးခဲ့သည့် မတ်လ ၂၂ ရက်‌နေ့က ‌ကြေညာထား‌သော်လည်း ‌နေရပ်ပြန် မြန်မာ‌ရွှေ့ ‌ပြောင်းလုပ်သားများမှာ ယ‌နေ့ (မတ်လ ၂၉ ရက်)ထိ ၎င်းတံတားမှတဆင့် ပြည်တွင်းသို့ ဝင်‌ရောက်‌နေ ဆဲဖြစ်‌ကြောင်း သိရသည်။