Home သတင်း ထိုင်းဘက်စက်ရုံအလုပ်ရုံများ ပိတ်ထား‌သော‌ကြောင့် ဘုရားသုံးဆူမြို့ရှိ မြန်မာအလုပ်သမား ၆,ဝဝဝ ‌ကျော် အလုပ်လက်မဲ့ဖြစ်

ထိုင်းဘက်စက်ရုံအလုပ်ရုံများ ပိတ်ထား‌သော‌ကြောင့် ဘုရားသုံးဆူမြို့ရှိ မြန်မာအလုပ်သမား ၆,ဝဝဝ ‌ကျော် အလုပ်လက်မဲ့ဖြစ်

8576

မတ်လ ၂၂ ရက်၊ ၂ဝ၂ဝ ပြည့်နှစ်။ ‌စောမြတ်ဦးသာ

ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင် စံခရဘူရီရှိ စက်ရုံအလုပ်ရုံအများစုမှာ ယမန်‌နေ့ (မတ်လ ၂၁ ရက်)မှစ၍ ပိတ်ထားလိုက်သည့် အ တွက် ကရင် ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ရှိ ထိုင်းဘက်ခြမ်းစက်ရုံများတွင် ‌နေ့စဉ်သွား‌ရောက်အလုပ် လုပ်‌နေကြသည့် မြန်မာအလုပ်သမား ၆,ဝဝဝ ‌ကျော်မှာ အလုပ်လက်မဲ့ဖြစ်သွားသည်ဟု အလုပ်သမားအ‌ရေး ‌ဆောင်ရွက်သူ များထံမှ သိရသည်။

ဘုရားသုံးဆူမြို့ ထိုင်း-မြန်မာနယ်စပ်ဂိတ် ထိုင်းဘက်ခြမ်းတွင် COVID -19 ကိုလိုနာဗိုင်းရပ်စ်ပိုး ကူးစက်‌ရောဂါ‌ကြောင့် ကား၊ ဆိုင်ကယ်၊ လူများဝင်ထွက်သွားလာမှု ဆိုင့်ငံထားပြီး ဖုန်းစ‌တေကာ၊ အိတ်၊ အထည်ချုပ်၊ ဖိနပ်စသည့် စက်ရုံအလုပ်များကို လည်း ယမန်‌နေ့ (မတ်လ ၂၁ ရက်)ကတည်းက ပိတ်ထားလိုက်ပြီဟု ဘုရားသုံးဆူမြို့ အလုပ်သမားအ‌ရေး‌ဆောင်ရွက်‌နေသူ ကိုသက်နိုင်က ယ‌နေ့(မတ်လ ၂၂) ရက်တွင် ‌ကေအိုင်စီသို့‌ပြောသည်။

“ ထိုင်းဘက်က စက်ရုံ‌တွေ ၂၁ ရက်‌နေ့က အကုန်လုံး ပိတ်လိုက်‌တော့ ခန့်မှန်းမြန်မာအလုပ်သမား ၆,ဝဝဝ ‌ကျော်‌လောက် အလုပ်လက်မဲ့ ဖြစ်ကုန်တယ်။ အခန်းငှားပြီး ‌နေထိုင်စား‌သောက်ရ‌တော့ အခက်အခဲဖြစ်ကုန်ကြတယ်” ဟု ကိုသက်နိုင်က ‌ပြော သည်။

ထို့အပြင် ထိုင်းနိုင်ငံဘက်ခြမ်းမှ ပြန်လာသူများအား ဘုရားသုံးဆူနယ်စပ်ဂိတ်တွင် ကျန်းမာ‌ရေးစစ်‌ဆေးမှု ခံယူပြီးမှသာ ပြန်လည်ဝင်‌ရောက်ခွင့်ပြု‌တော့သည်ဟုလည်း တာဝန်ရှိသူများက ‌ပြောသည်။

‌ကျောပိုးအိတ်စက်ရုံတွင် သွား‌ရောက်အလုပ်လုပ်‌နေသူ ဘုရားသုံးဆူမြို့‌နေ ကိုနိုင်က “ အလုပ်သမားဂိတ်‌တွေမှာ ‌ပေးမတက် ‌တော့ တစ်‌ယောက်မှ အလုပ်ဆင်းလို့မရဘူး။ ထိုင်းဘက်ကို ကူးလို့မရဘူး။ အလုပ်မလုပ်ရ‌တော့ အခန်းခ စားဝတ်‌နေ‌ရေး‌တွေ အခက်ခဲရှိသွားတာ‌ပေါ့။ တစ်ချို့စက်ရုံ‌တွေ‌တော့ ၁၄ ရက်ပိတ်မယ်။ တစ်ချို့လည်း ‌အောက်ဘက်ကို ပြန်ကုန်ကြပြီး ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဘုရားသုံးဆူ ထိုင်း-မြန်မာနယ်စပ်ဂိတ်သည် နှစ်နိုင်ငံအစိုးရမှ တရားဝင်ခွင့်ပြုထားသည့် ဂိတ်မဟုတ်‌သော်လည်း ထိုင်းဘက်ခြမ်းရှိ စက်ရုံအလုပ်ရုံများတွင် မြန်မာအလုပ်သမားများ ‌နေ့စဉ်သွား‌ရောက်အလုပ်လုပ်ကိုင်လျက်ရှိသည့် ဂိတ်တခုဖြစ်သည်။

ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ဘုရားသုံးဆူ နယ်စပ်ဂိတ်များနှင့် ပိုင်ကလန် (ကျိုက်ဒုံ) နယ်စပ်ဂိတ်အပါအဝင် မြန်မာ-ထိုင်းနှစ် နိုင်ငံ နယ်စပ်ဝင်ထွက်ဂိတ်များအားလုံးကို နံနက်ဖြန် မတ်လ ၂၃ရက်‌နေ့မှစ၍ အကုန်ပိတ်ထား‌တော့မည်ဟု နှစ်နိုင်ငံအစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။