Home သတင်း တနသင်္ာရီတိုင်းအတွင်း ကရင်အမှတ်သားပါ ရွာဆိုင်းဘုတ်စိုက်ထူမှု ကရင်ဝန်ကြီး ကွင်းဆင်းစစ်‌ဆေးမှု ပြီးစီး

တနသင်္ာရီတိုင်းအတွင်း ကရင်အမှတ်သားပါ ရွာဆိုင်းဘုတ်စိုက်ထူမှု ကရင်ဝန်ကြီး ကွင်းဆင်းစစ်‌ဆေးမှု ပြီးစီး

4450

မတ်လ ၂၄ ရက်၊ ၂၀၂ဝ ခုနှစ်။ ‌စောရှား

တနသင်္ာရီတိုင်း‌ဒေသကြီး၊ ‌ရေဖြူမြို့နယ်ရှိ ကရင်‌ကျေးရွာအချို့တွင် ကရင်အမှတ်သ‌ကေင်္တပါရှိသည့် ရွာဆိုင်းဘုတ်များ စိုက်ထူထားခြင်းအ‌ပေါ် လူပုဂ္ဂိုလ်အချို့က မလိုလားမှုများရှိခဲ့သည့်အတွက် ကရင် တိုင်းရင်းသားလူမျိုးများ‌ရေးရာဝန်ကြီးက ကွင်းဆင်းစစ်‌ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

ဖားစည်၊ ကျွဲချို၊ အနီအဖြူအပြာ၊ ‌နေ‌ရောင်ဖြာထွက်သည့်ပုံ၊ ကရင်စာများဖြင့် ရွာဆိုင်းဘုတ်များ စိုက် ထူထားခြင်းနှင့်ပတ်သက်၍ ‌ဖေ‌ဖော်ဝါရီလကုန်ပိုင်းတွင် ‌ရေဖြူမြို့နယ်ရှိ ‌ကျေးဇူး‌တော်နှင့် ‌လော့သိုင်း ရွာ ၂ ရွာသို့ ကွင်းဆင်းပြီး ရွာသားများနှင့်‌တွေ့ဆုံခဲ့သည်ဟု တနသင်္ာရီတိုင်း‌ဒေသကြီး ကရင်ဝန်ကြီး ‌စောလုကာက ‌ကေအိုင်စီသို့ ယခုလို‌ပြောသည်။

“ကရင်တစ်မျိုးသားလုံးနဲ့သက်ဆိုင်တဲ့ အလံ(ပုံစံ)ကို ရွာဆိုင်းဘုတ်လို ‌နေရာမျိုးမှာ မထည့်သင့်ဘူး‌ပေါ့ ‌နော်။ ဖားစည်(ပုုံစံ)က‌တော့ ထားပါ‌တော့ ကျ‌နော်တို့ရဲ့ ကရင်ရိုးရာ။ အဲ‌လောက်ပဲ‌ပြောဖြစ်ပါတယ်။ သိပ်ပြီးအ‌ရေးတဲ့ဟာလည်း မဟုတ်‌တော့ဟာ‌လေ။” ဟု ယ‌နေ့(မတ်လ ၂၄ ရက်)တွင် ‌ပြောသည်။

အခြားတစ်ဖက်တွင် မိမိတို့၏အလံ‌တော်အား မထီမဲ့မြင်ပြုခြင်းမဟုတ်ဘဲ အမျိုးသား‌ရေးလက္ခဏာများ မ‌ပျောက်ပျက်‌အောင်ထိန်းသိမ်းပြီး ရွာဆိုင်းဘုတ်လှပ‌စေရန်အတွက် ယခုလိုချယ်သခြင်းသာ ဖြစ် ‌ကြောင်း ‌ကျေးဇူး‌တော်ရွာ အုပ်ချုပ်‌ရေးမှူး ‌စောချစ်ဝင်းထူးက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ဆိုင်းဘုတ် အ‌ရောင်‌လေးတစ်မျိုး ပြန်‌ပြောင်းချယ်ဖို့ ကျ‌နော်တို့ကို‌တော့‌ပြောတာ‌ပေါ့။ တန သင်္ာရီတိုင်းမှာလည်း ကရင်ရွာ‌လေး‌တွေ ရှိတယ်ဆိုတဲ့အ‌ကြောင်းကို သိ‌စေချင်တာ‌လေးပါပဲ။ တခြား ဘာရည်ရွယ်ချက်မှ မရှိပါဘူး။ (ဒါ‌ကြောင့်ဆိုင်းဘုတ်ကို)ကျ‌နော် ဒီအတိုင်းပဲထားထားဖြစ်တယ်။” ဟု ‌ပြော သည်။

‌ရေဖြူမြို့နယ်အတွင်း ကရင်‌ကျေးရွာ ၁၃ ရွာရှိသည့်အနက် ယခုကဲ့သို့ ကရင်အမှတ်အသားသ‌ကေင်္တ ကို ‌ဖော်ကျူးထားသည့် ရွာဆိုင်းဘုတ်ရှိ‌သောရွာမှာ ‌ကျေးဇူး‌တော်ရွာ၊ ‌ရေပုံးရွာနှင့် ‌လော့သိုင်းရွာတို့ ဖြစ်သည်ဟု ‌ရေပုံးရွာသား ‌စောအာကာလင်းက ‌ကေအိုင်စီသို့ ‌ပြောဆိုခဲ့သည်။

အဆိုပါ ကရင်ရွာများသည် ရှိပြီးသားမူရင်းဌာ‌နေ ရွာများသာဖြစ်ပြီး ယခုလိုဖြစ်စဉ်မျိုး ‌ရှေးယခင် မဖြစ် ခဲ့ဖူး‌ကြောင်းလည်း ‌ဒေသခံများထံမှ သိရသည်။