Home သတင်း ကရင်ဖြူ‌ဒေသတွင် ‌တောမီး‌လောင်မှု‌ကြောင့် ၁ ဦး‌သေဆုံးပြီး တစ်ဦးဒဏ်ရာရ

ကရင်ဖြူ‌ဒေသတွင် ‌တောမီး‌လောင်မှု‌ကြောင့် ၁ ဦး‌သေဆုံးပြီး တစ်ဦးဒဏ်ရာရ

2766
Photo: ကရင်ဖြူလူငယ်

မတ်လ ၂၈ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ဖြူရှိရာ‌တောင်‌ပေါ်‌ဒေသဖြစ်သည့် ‌နေပြည်‌တော်‌ကောင်စီနယ်‌မြေ ပျဉ်းမနားမြို့နယ် ဘန့်ဖား ‌ကျေးရွာ အုပ်စု လ္ဘက်‌တောင်‌ကျေးရွာတွင် ‌တောမီး‌လောင်မှု‌ကြောင့် လူတစ်ဦး‌သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိ သွားသည်ဟု သိရသည်။

ယခုလ ၂၅ ရက် နံနက်၁ဝ နာရီခန့်တွင် ‌တောမီး‌လောင်ရာက‌နေတစ်ဆင့် လ္ဘက်‌တောင်‌ကျေးရွာတွင် ‌တောမီး ဝင်‌ရောက်ကူးစက်သွားတာ‌ကြောင့် မီးငြိမ်းသတ်‌ပေးသည့် လူငယ်နှစ်ဦးမှာ အပြင်းအထန် မီး‌လောင်ခံရ သည့် အတွက် တစ်ဦး‌သေဆုံးသွားပြီး ကျန်တစ်ဦးမှာ ဒဏ်ရာရှိသွားသည့်အပြင် လူ‌နေအိမ် ၆ လုံးကိုလည်း မီး‌လောင်ကျွမ်းသွားခဲ့သည်ဟု ‌ဒေသခံများက ဆိုသည်။

‌တောမီး‌လောင်သည့်အ‌ခြေအ‌နေနှင့်ပတ်သက်၍ ကိုယ်တိုင်သွား‌ရောက်မီးငြိမ်းသတ်‌ပေးသူ ကရင်ဖြူ လူငယ် ဥက္ကဋ္ဌ ‌စောသန်းတိုး‌အောင်က “‌တောမီးက နှစ်တိုင်း‌လောင်တယ် ။ ဒီနှစ်က‌တော့ ရွာအထိကူး သွားတယ်။ အဲဒီမီး သွားငြိမ်းတဲ့လူငယ်နှစ်ဦးက ‌အောက်ဘက်က‌နေ တက်လာတဲ့မီးကို အိမ်ဘက်မီး တက်လာမှာ‌ကြောက် လို့ဆိုပြီး သူတို့‌နေတဲ့ဧရိယာမှာ မီးလိုက်ရှင်းတယ်။ ‌နေတဲ့‌နေရာက ‌နေရာမှားဖြစ်‌တော့ ထွက်‌ပေါက်မရှိ‌တော့ မီး‌လောင်ခံရတာဖြစ်တယ်” ဟု‌ကေအိုင်စီသို့‌ပြောသည်။

အဆိုပါ မီး‌လောင်ခံရသည့်လူငယ်နှစ်ဦးအနက် တစ်ဦးမှာ မီး‌လောင်သည့်‌နေရာတွင်ပင် ‌သေဆုံးသွားခဲ့သလို ကျန်တစ်ဦးမှာ ‌ခြေ‌ထောက်နှစ်ဖက် လုံးမီး‌လောင်ခံရသည့်အတွက် ‌ရေနီ‌ဆေးရုံသို့ ပို့‌ဆောင်ပြီး ‌ဆေးကုသမှုခံယူ‌နေရသည်ဟု သိရသည်။

Photo: ကရင်ဖြူလူငယ်

အဆိုပါ မီး‌လောင်သည့်‌ကျေးရွာသည် ‌တောင်‌ပေါ်ရွာဖြစ်၍ မီးသတ်ကားများ ‌ရောက်ရှိနိုင်ခြင်း မရှိ‌သော‌ကြောင့် မီးငြိမ်းရန်အတွက် ဘန့်ဖား‌ကျေးရွာအုပ်စုအတွင်းရှိ နီးစပ်သည့် ကရင်ဖြူ‌ကျေးရွာ ၅ရွာမှ သွား‌ရောက် မီးငြိမ်းသတ်‌ပေးရသည်ဟုလည်း သိရသည်။

ထို့အပြင် ‌တောမီး‌လောင်မှု‌ကြောင့် အိမ်မီး‌လောင်ခံရသည့် ကရင်ဖြူ မိသားစုဝင်များသည် အ‌ရေး‌ပေါ်အကူ အညီလို အပ်လျက်ရှိပြီး လက်ရှိအချိန်တွင် ‌ဒေသအတွင်းရှိ ကြက်‌ခြေနီအဖွဲ့နှင့် နိုင်ငံ‌ရေး ပါတီဝင်အချို့မှ သွား ‌ရောက်အကူအညီ‌ပေးမှုများရှိသည်ဟုလည်း သိရသည်။

လ္ဘက်‌တောင်‌ကျေးရွာတွင် ကရင်ဖြူများ‌နေထိုင်သည့် ‌တောင်‌ပေါ်ရွာတစ်ရွာဖြစ်ပြီး ကွမ်း၊ ဖာလာ စသည့် ဥယျာဉ်ခြံလုပ်ငန်းများလုပ်ကိုင်စား‌သောက်သလို ‌ကျေးရွာတွင် အိမ်‌ခြေ‌ပေါင်း ၃ဝ ‌ကျော်ရှိသည်ဟုလည်း သိရ သည်။