Home တွေ့ဆုံမေးမြန်းခန်း “ကရင်ပြည်နယ်မှာ ၂၀၁၉ ခုနှစ်အတွင်း မီး‌လောင်မှု ၄၆ ကြိမ်ရှိတယ်။ ဆုံးရှုံးမှု ကျပ်သန်း ၁၀၇ ‌ကျော်ရှိတယ်”

“ကရင်ပြည်နယ်မှာ ၂၀၁၉ ခုနှစ်အတွင်း မီး‌လောင်မှု ၄၆ ကြိမ်ရှိတယ်။ ဆုံးရှုံးမှု ကျပ်သန်း ၁၀၇ ‌ကျော်ရှိတယ်”

2810

ကရင်ပြည်နယ် မီးသတ်ဦးစီးဌာန၊ ညွှန်ကြား‌ရေးမှူး ဦးစိုးဝင်းနှင့် ‌တွေ့ဆုံခြင်း

၂၀၁၉ ခုနှစ်အတွင်း ကရင်ပြည်နယ်တွင် မီး‌လောင်ခဲ့မှုအ‌ခြေအ‌နေအ‌နေများနှင့် ၂၀၂ဝ ပြည့်နှစ် ‌နွေရာသီ ကာလအတွင်း မီး‌ဘေးအန္တရာယ်အတွက် အများပြည်သူများ ‌ရှောင်ရန်၊ ‌ဆောင်ရန်အချက်များ၊ ပြည်နယ် မီးသတ်ဦးစီးဌာနက မီး‌ဘေးကြိုတင်ကာကွယ်‌ရေး လုပ်‌ဆောင်ထားမှု အ‌ခြေအ‌နေများနှင့် ပတ်သက်၍ ပြည် နယ် မီးသတ်ဦးစီးမှူး၊ ညွှန်ကြား‌ရေးမှူး ဦးစိုးဝင်းနှင့် ‌တွေ့ဆုံ‌မေးမြန်းထားသည်များကို ‌ဖော်ပြလိုက်ပါသည်။

‌မေး ။ ။ ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ်အတွင်း ကရင်ပြည်နယ်မှာ မီး‌လောင်မှုဖြစ်ခဲ့တဲ့အ‌ခြေအ‌နေ‌တွေကို ရှင်းပြ‌ပေးပါ။
‌ဖြေ ။ ။ ကရင်ပြည်နယ်မှာ ၂၀၁၉ ဇန်နဝါရီလ ၁ ရက်‌နေ့က ‌နေစပြီး ဒီဇင်ဘာ ၃၁ရက်‌နေ့အထိ တစ်နှစ်လုံး မီး‌လောင်မှုမှာ ၄၆ကြိမ်ရှိတယ်။ ဆုံးရှှုံးမှုတန်ဖိုးက‌တော့ ကျပ်သန်း‌ပေါင်း ၁၀၇ ဒသမ ၄၉၇ ဖြစ်ပါတယ်။ အဲဒီမှာ ခရိုင်အလိုက် ကြည့်မယ်ဆိုရင် တစ်နှစ်လုံးမီး‌လောင်မှုမှာ ဖားအံခရိုင်မှာက ၁၉ ကြိမ်နဲ့ အများဆုံးဖြစ်‌နေတယ်။ ဒုတိယလိုက်တာက ‌ကော့ကရိတ်ခရိုင်က ၁၄ကြိမ်။ မြဝတီခရိုင်က ၁၂ ကြိမ်နဲ့ ဖာပွန်က‌တော့ တစ် ကြိမ်ထဲပဲ မီး‌လောင်မှုဖြစ်ပွားခဲ့ပါတယ်။ ဆုံးရှှုံးမှုတန်းဖိုး ကျပ်သန်း‌ပေါင်းနဲ့ကြည့်မယ်ဆိုရင် အများဆုံးက ‌ကော့ကရိတ်က ၆၄ ဒသမ ဝ၃ သန်းနဲ့ အများဆုံးဖြစ်ပြီး‌တော့ ဒုတိယ‌နေရာမှာရှိတဲ့ ဖားအံက ၃ဝ ဒသမ ၉၃သန်း၊ မြဝတီခရိုင်က ၁၁ ဒသမ ၈၃၇ တို့ ဖြစ်တယ်။ ဖာပွန်က‌တော့ သုည ဒသမ ၇ ‌လောက်ဘဲရှိပါတယ်။

၂၀၁၈ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၂၀၁၈ခုနှစ်မှာ ၄၅ ကြိမ် မီး‌လောင်ခဲ့တယ်။ ဆုံးရှုံးမှု တန်ဖိုးက ၁၈၂ သန်း ရှိတယ်။ ၂၀၁၉ မှာက မီး‌လောင်မှု တစ်ကြိမ်ပိုများလာတယ်။ ဒါ‌ပေမယ့် ဆုံးရှုံးမှုတန်ဖိုးက‌တော့ ၂၀၁၈ ခုနှစ် ထက် နည်း လာတယ်။ ဘာဘဲ‌ပြော‌ပြော ၂၀၁၉ မှာက သန်း ၈ဝ ‌လောက် ‌လျော့နည်းသွားတယ်လို့ ‌ပြောလို့ရပါတယ်။

‌မေး ။ ။ မီး‌လောင်မှု အများဆုံး ဖြစ်ခဲ့တဲ့ အချိန်ကိုလည်း ‌ပြောပြ‌ပေးပါ။
‌ဖြေ ။ ။ ၄၆ ကြိမ် ‌လောင်တဲ့‌နေရာမှာ အများဆုံး‌လောင်တဲ့လကို ကြည့်မယ်ဆိုရင် ‌ဖေ‌ဖော်ဝါရီ၊ မတ်နဲ့ နိုဝင်ဘာလ ‌တွေမှာ အများဆုံး‌လောင်တာ‌တွေ့ရတယ်။ အခုလ‌တွေမှာဆိုရင် မီး‌လောင်မှု အရမ်းစိပ်တဲ့ရာသီလို့ ‌ပြောလို့ ရတယ်။ မီးငြိမ်းသတ်တဲ့‌နေရာမှာ‌တော့ အခုနှစ်‌နောက်ပိုင်း ‌ခေတ်မီစက်ပစ္စည်း ကိရိယာ‌တွေနဲ့လည်း ပြန်သုံးလာနိုင်‌တော့ မီးငြိမ်းသတ်တဲ့အခါမှာ ပိုပြီးမြန်ဆန်သွားတယ်။ မီး‌လောင်တဲ့အခါ ဆုံးရှုံးမှုတန်ဖိုး ‌လျော့ နည်း‌အောင် မီးသတ်က လုပ်လို့ရတယ်။ စ‌လောင်တာနဲ့ မီးမများလာ ‌အောင်တစ်ခါထဲ ချက်ချင်း သွားငြိမ်း တယ်။ စွမ်းရည်မြင့် ပစ္စည်းကိရိယာ‌တွေ ပြီး‌တော့ မီးသတ်တပ်ဖွဲ့ဝင်‌တွေရဲ့ စွမ်းအားနဲ့ အလျင်အမြန် ငြိမ်းနိုင် ရင်‌တော့ ဆုံးရှှုံးမှု တန်ဖိုး‌လျော့နည်းတာ‌ပေါ့။ မီး‌လောင်မှုအကြိမ်‌ရေ နည်း‌အောင်က‌တော့ ပြည်သူလူထု ကိုယ်တိုင် အသိနဲ့ လုပ်မှရမှာ ဖြစ်တယ်။

‌မေး ။ ။ ၂၀၁၉ မှာ မီး‌လောင်မှုအမျိုးစား‌တွေထဲက ဘယ်အမျိုးအစား‌တွေက အများဆုံး ဖြစ်ပါသလဲ။
‌ဖြေ ။ ။ မီးသတ်ဌာနအ‌နေနဲ့က မီးဖိုမီး၊ လျှပ်စစ်မီး၊ ‌ပေါ့ဆမီး၊ ရှှို့မီး၊ မိုးကြိုးမီး၊ အလိုအ‌လျောက်မီး ဆိုပြီး‌တော့ မီးအမျိုးစားအလိုက် ခွဲထားတာရှိတယ်။ ၂၀၁၉ ခုနှစ် ၄၆ ကြိမ် မီး‌လောင်မှုကို ပြန်ကြည့်လိုက်တဲ့ အခါမှာ ‌ပေါ့ဆမီးဟာ ၁၈ ကြိမ်နဲ့ အများဆုံး‌လောင်တာ‌တွေ့ရပြီး‌တော့ လျှပ်စစ်မီးက ၁၄ ကြိမ်နဲ့ ဒုတိယ လိုက်တာ‌တွေ့ရတယ်။ တတိယက မီးဖို‌ချောင်မီး ၈ ကြိမ်ရှိတယ်။ ရှို့မီးက ၃ ကြိမ် ၊ မိုးကြိုးမီးက တစ်ကြိမ်၊ အလိုအ‌လျောက်က၂ ကြိမ် ‌လောင်ခဲ့တာကို ‌တွေ့ရမှာဖြစ်ပါတယ်။

‌ပေါ့ဆမီးဟာ ဘယ်မှာအများဆုံးဖြစ်လဲဆိုရင် မြဝတီမှာ ၇ ကြိမ်နဲ့ အများဆုံးဖြစ်တယ်။ အားလုံး‌တွေ့ တဲ့အတိုင်း ပါပဲ မြဝတီဟာ စီးပွား‌ရေးမြို့‌တော်ဖြစ်ပြီး‌တော့ လူ‌နေထူထပ်တယ်။ နိုင်ငံနယ်စပ်‌တွေ ရှိတယ်။ ‌ဒေသ‌ပြောင်း ‌ရွှေ့တဲ့လူ‌တွေလည်း‌နေတဲ့အတွက် သူတို့က နည်းနည်း ‌ပေါ့ဆမီး အများဆုံး ဖြစ်တာ‌တွေ့ရတယ်။ ဒုတိယက မြို့‌တော် ဖားအံက‌တော့ သူတို့‌လောက် လူ‌နေထူထပ်တာ မရှိ‌ပေမယ့်လည်း မြို့‌တော်နဲ့အညီ ‌ခေတ်မှီစက် အ သုံး‌ဆောင်ပစ္စည်း‌တွေ သုံး‌ဆောင်တာများတယ်။ လျှပ်စစ်မီးက ဖားအံက ၈ ကြိမ်နဲ့ အများဆုံး‌တွေ့ရတယ်။

လျှပ်စစ်နဲ့ လူသုံးကုန်ပစ္စည်း အများဆုံးသုံးစွဲတဲ့မြို့‌တွေ‌ပေါ့၊ ‌ပြောချင်တာက ချမ်းသာတဲ့လူ‌တွေက မြို့‌တော် မှာ‌နေတာများတယ်။ သူတို့‌တွေက လျှပ်စစ်မီး‌ကြောင့် ‌လောင်တာများတယ်။ မီးဖိုမီးမှာလည်း ဖားအံက ၅ ကြိမ်နဲ့ ‌ကော့ကရိတ်က ၃ကြိမ်ဖြစ်တယ်။ မီးဖိုမီးက ရွာ‌တွေမှာ၊ ပြီး‌တော့ မြို့‌ပေါ်ရပ်ကွက်‌တွေမှာ၊ ‌ကျေးရွာ အုပ်စု လူ‌နေထူထပ်တဲ့ရွာ‌တွေမှာ‌တော့ မီးဖိုမီး‌လောင်တာ များပါတယ်။

‌မေး ။ ။ မီး‌လောင်မှု ကျဆင်း‌ရေးအတွက် မီးသတ်တပ်ဖွဲ့ရဲ့ ‌ဆောင်ရွက်ချက်‌တွေကိုလည်း ‌ပြောပြ‌ပေးပါ။
‌ဖြေ ။ ။ မီးသတ်တပ်ဖွဲ့မှာ ရည်မှန်ချက် ၄ ခု ရှိတယ်။ ဒါ‌တွေက မီး‌ဘေးလုံခြုံ‌ရေး၊ သဘာဝ‌ဘေးကြိုတင် ကာ ကွယ်‌ရေး၊ ရှာ‌ဖွေကယ်ဆယ်‌ရေးနဲ့ မီးငြိမ်းသတ်‌ရေး အပိုင်းရှိတာ‌ပေါ့‌နော်။ မီး‌ဘေးလုံခြုံ‌ရေးအပိုင်းကို ပွင့်လင်း ရာသီမိုးကုန် စက်တင်ဘာ ၁ ရက်က‌နေ သတိထားပြီး ‌ဆောင်ရွက်လာကြတယ်။ ဘယ်အချိန်ပြီးလဲဆို‌တော့ ‌မေ၊ ဇွန် အထိ‌ပေါ့။ အဲဒီအကြားမီး‌ဘေးလုံခြုံ‌ရေးကို အာရုံစိုက်ပြီး သတိထားပြီး‌တော့ ‌ဆောင်ရွက်တာ‌ပေါ့‌နော်။

မီး‌ဘေးလုံခြုံ‌ရေး ‌ဆောင်ရွက်တဲ့‌နေရာမှာဆိုရင် အပိုင်း ၃ ပိုင်းရှိတယ်။ မီး‌ဘေး သတိမူ‌ရေး၊ မီး‌ဘေး ကြိုတင် ကာကွယ်‌ရေး၊ မီးငြိမ်းသတ်‌ရေး အပိုင်း‌ဆောင်ရွက်တယ်။ မီး‌ဘေးသတိမူ‌ရေး အပိုင်းက ဘာ‌တွေ‌ဆောင်ရွက်လဲ ဆို‌တော့ ပြည်သူလူထုကို မီးနိုး‌ဆော်တာ‌ပေါ့၊ ညဘက်‌တွေမှာ အသံချဲ့စက်နဲ့ မီးနိုး‌ဆော်သတိ‌ပေး‌နေတာ သီချင်း‌လေးနဲ့ သတိ‌ပေး‌နေတာ စသဖြင့်လုပ် ဖြစ်တယ်။ ဒုတိယမီး‌ဘေး အသိပညာ‌ပေး‌တွေမှာ ‌ကျောင်း‌တွေ၊ ရပ်ကွက်‌ကျေးရွာ‌တွေ၊ ဌာနဆိုင်ရာ‌တွေမှာ လုပ်‌ပေးတယ်။ တတိယက မီဒီယာက‌နေတစ်ဆင့် TV‌တွေမှာ ချပြတာအသိပညာ‌ပေးတာ‌တွေကို ‌ဆောင်ရွက်တာဖြစ်တယ်။ စတုတ္ထက လမ်းကြို၊ လမ်းကြား လမ်းဂွ‌တွေမှာ သတိ‌ပေး ဆိုင်းဘုတ်‌တွေ ထူတာ‌ပေါ့၊ ဒါကမီးသတိမူ‌ရေး အပိုင်း။

‌နောက်တစ်ခုက ကြိုတင်ကာကွယ်‌ရေးအပိုင်းက‌တော့ စစ်‌ဆေးမှု‌တွေ‌ဆောင်ရွက်တာ ရပ်ကွက်၊ ‌ကျေးရွာ ‌တွေမှာ တအိမ်တက်တစ်အိမ်ဆင်း စစ်‌ဆေးတယ်။ မီး‌လောင် လွယ်တဲ့လုပ်ငန်း‌တွေ ဥပမာစက်သုံးဆီဆိုင်တို့ ဂက်စ်ဆိုင်‌တွေ အခြား‌သောလုပ်ငန်း‌ဆောင်ရွက်တဲ့ လုပ်ငန်း‌တွေကို စစ်‌ဆေးတယ်။ စက်ရုံ၊ အလုပ်ရုံ‌တွေ စစ်‌ဆေးတယ်။ အထပ်မြင့် ဟိုတယ်‌တွေ၊ ‌ဈေး‌တွေ စစ်‌ဆေးတယ်။ ပြီး‌တော့ မီးငြိမ်းသတ်‌ရေး အပိုင်းမှာဆိုရင် တို့‌တွေ ဘာလုပ် ထားလဲဆို‌တော့ မြန်သုံးမြန်‌ပေါ့၊ အဲဒါက မြန်မြန်သိ၊ မြန်မြန်သွား၊ မြန်မြန် ငြိမ်းသတ်တာ‌ပေါ့။ မြန်မြန်သိ‌အောင် ဘာလုပ်လဲဆို‌တော့ ဆက်သွယ်‌ရေး‌ကောင်း‌အောင် လက်ဦးမှုရရှိ‌အောင် အမာခံတပ်ဖွဲ့ရှိ တယ်။ အရံမီးသတ် တပ်ဖွဲ့‌တွေ ရှိတယ်။ ပြီး‌တော့ ကြက်‌ခြေ‌နေအဖွဲ့၊ ‌ကျေးရွာအုပ်ချုပ်‌ရေးအဖွဲ့၊ INGO အများကြီးရှိတယ်။ သူတို့‌တွေ က‌နေတစ်ဆင့် သတင်း‌ပေးပို့နိုင်ဖို့ တို့က မိတ်ဖွဲ့ထားတာ‌ပေါ့‌နော်။ အဲဒါကဆက်သွယ်‌ရေးနဲ့ မြန်မြန်သိ‌အောင် လုပ်ထားတာပါ။

ပညာ‌ပေးတဲ့‌နေရာမှာ ဖုန်းနံပါတ်‌တွေ‌ကြေငြာထားတယ်။ ၁၉၁ အတို‌ကောက် hotline ‌တွေထည့်ထားတာ‌ပေါ့ ဆက်လိုက်တာနဲ့ အနီးစပ်ဆုံး စခန်းကဝင်သွားတယ်။ ဆက်သွယ်‌ရေးအပိုင်းကို အဲလိုလုပ်ထား‌ပေးတယ်။ မီးသတ် စခန်းဖုန်းနံပါတ်‌တွေ‌ပေးထားတယ်။ ဖုန်း‌တွေကို ၂၄နာရီဖွင့်ထားတယ်။ ဒါ‌ပေမယ့် တချို့က‌ပြောတယ် မီးသတ်ကိုဖုန်းဆက်လည်း ဖုန်းမကိုင်ဘူး ‌ပြောကြတယ်။ ဒါ‌ပေမယ့် တချို့လူ‌တွေက ညသန်း‌ခေါင် မီးသတ်ကို ‌နောက်ပြီး ဖုန်းဆက်တယ်။ ဖုန်းဝင်ရင် ကိုင်တယ်။ မီးသတ်ကလား ‌မေးတယ်။ ဟုတ်တယ်လို့ ပြန်‌ဖြေလိုက်တာ နဲ့ တဖက်က ဖုန်းချလိုက်တယ်။ ခဏခဏစ‌နောက်‌တော့ မီးသတ်ဝန်ထမ်း‌တွေကလည်း မခံနိုင်ဘူး။ ဝန်ထမ်း ‌တွေက ဖုန်းမကိုင်ဘဲ‌နေလိုက်တာ‌တွေ တခါတ‌လေရှိတယ်။ မကိုင်‌တော့ မီးသတ်ဖုန်းမကိုင်ဘူး ‌ပြောပြန်တယ်။ အဲလို‌တွေလည်း ကြုံ‌တွေ့ရပါတယ်။

ပြီး‌တော့ မြန်မြန်သွားတာက မြန်‌အောင်သွားနိုင်ဖို့ဆိုရင် ကျ‌နော်တို့က သင့် ၄ သင့် လုပ်ထားရတာ‌ပေါ့။ လူ အသင့် ထား‌ပေးရတယ်။ ပြီး‌တော့ စက်အသင့် စက်က အဆင်သင့်ဖြစ်‌အောင် မပျက်‌အောင် အမြဲစစ်တယ်။ မကြာခဏ နိုး‌ပေးရတယ်။ ‌ရေအသင့်က ၂၄ နာရီ ကား‌ပေါ်မှာ‌ရေကအပြည့် ထည့်ထားရတယ်။ အဲဒီ့ အပြင်ကို ဘယ်ရပ်ကွက်မှာ မီး‌လောင်ရင် ဘယ်‌နေရာမှာ ‌ရေရနိုင်မလဲဆိုရင် ချိတ်ဆက် ရှာ‌ဖွေထားရတယ်။ ‌နောက်ဆုံး က ဆီအသင့်‌ပေါ့၊ ဆီက စက်သုံးဆီ‌ပေါ့၊ ကားဆီအပြင် မီးသတ်တဲ့အချိန်မှ ‌ရေစုပ်ရတဲ့အတွက်‌ရေပန့်အတွက် လည်း ဆီလုပ်ထားရတယ်။ ကားတစ်စီးမှာဆိုရင် အနည်းဆုံးဆီ ၁ဝ ဂါလံရှိရမယ်။ ကျ‌နော်တို့ ပြည်နယ်မှာ ဆိုရင် ၁၅ ဂါလံ မ‌လျော့‌အောင် မီးသတ်ကားတိုင်းမှာ ထား‌ပေးထားတယ်။ အဲဒီ သင့် ၄ သင့် ရှိမှ ကျ‌နော်တို့က သွားလို့ ရပါတယ်။

‌မေး။ ။ ကရင်ပြည်နယ်မှာ မီးသတ် စခန်း‌တွေကို ဘယ်လို စီမံခန့်ခွဲထားတာ ရှိပါသလဲ။
‌ဖြေ။ ။ တို့မှာ နိုင်ငံ‌တော်က ခွင့်ပြုတဲ့စခန်း‌တွေက ခရိုင်မီးသတ်စခန်း၊ မြို့နယ်မီးသတ်စခန်း၊ နယ်‌မြေစခန်း ဆိုပြီး အဲလိုဖွင့်ထားတာ ရှိတယ်။ ကရင်ပြည်နယ်မှာက ခရိုင်မီးသတ်စခန်း ၄ ခု၊ မြို့နယ် ၇ မြို့နယ်မှာ မြို့နယ် စခန်း ၇ ခု၊ နယ်‌မြေစခန်း ဆိုရင်‌တော့ ၃၄ စခန်း ရှိတယ်။ ဖွဲ့စည်းပုံမှာက နယ်‌မြေစခန်း ၄၄ ခု ရှိရမယ်။ အခု ၃၄ စခန်း ရှိပြီးဆို‌တော့ တစ်ဝက်‌ကျော်‌လောက်‌တော့ ရှိသွားပြီး၊ ကျန်တဲ့စခန်း‌တွေက ဘာလို့မဖွင့်လှစ် နိုင်လဲ ဆိုရင်‌တော့ ဖွင့်လှစ်နိုင်ဖို့ ‌မြေ‌နေရာအခက်အခဲရှိတယ်။ ဘတ်ဂျက်လိုတယ်။ ပြီး‌တော့ ပစ္စည်း‌တွေ၊ ကား‌တွေ ခန့်ထားတဲ့ လူ‌တွေလိုတာ‌ပေါ့။

‌မေး။ ။ ကရင်ပြည်နယ်မှာ မီးသတ်ဝန်ထမ်းဘယ်‌လောက်ရှိလာ‌နေပြီးလဲ လုံ‌လောက်မှုရှိပြီးလား။
‌ဖြေ။ ။ ကရင်ပြည်နယ်မှာ မီးသတ်ဝန်ထမ်းအ‌ရေအတွက်က‌တော့ အရံမီးသတ်သမား‌တွေ‌ကော၊ ၂၄ နာရီ တာဝန်ထမ်း‌ဆောင်တဲ့ မီးသတ်‌တွေ‌ကော ‌ပေါင်းလိုက်ရင် ခန့်မှန်း‌ခြေ ၄၀ဝ နဲ့ ၆၀ဝ ကြား‌လောက် ရှိမယ်။ ဖွဲ့စည်းပုံ အင်အားနဲ့ကြည့်မယ်ဆိုရင် ဝန်ထမ်းက အပြည့်အဝမရ‌သေးဘူး။ မရတာကလည်း ဘတ်ဂျက်‌တွေမှာ လူကို တစ်ပြုံထဲ၊ တစ်ပြိုင်ထဲ ခန့်လို့မရဘူး။ ဖွဲ့စည်းပုံရဲ့ ၃ ပုံ ၂ ပုံကို ကျ‌နော်တို့က အရင်ဆုံး ခန့်ရတာ‌ပေါ့။ ဒါက ရဲ‌ဘော် အဆင့်‌ပေါ့။ ရဲ‌ဘော်အဆင့် ခန့်ထား‌ပေမယ့် ကျ‌နော်တို့မီးသတ်က အပြင်က‌နေပြီး တပ်ကြပ်ကြီး လာပါလို့ လုပ်လို့မရဘူး။ အင်ဂျင်နီယာတို့ ဆရာဝန်တို့ကို ၃ ပွင့်နဲ့ လာပါလို့ ‌ခေါ်လို့မရဘူး။ ကျ‌နော်တို့ဆိုရင် တစ်ပွင့်သင်တန်း တက်ပြီး လာခဲ့ရတယ်။ မီး‌ပေါင်းစုံငြိမ်းရတာ အသက်မပါသွားဘဲ ခန္ဓာကိုယ် မချို့ယွင်းဘဲ ကံ‌ကောင်းလို့ ကျန်တာပါ။

‌မေး ။ ။ မီး‌ဘေးအန္တရာယ် ကြိုတင်ကာကွယ်‌ရေးအတွက် ပြည်သူလူထု‌တွေက ဘာလုပ်ထားသင့်သလဲ။
‌ဖြေ ။ ။ အိမ်တစ်အိမ်မှာ မီး‌ဘေးအန္တရာယ် ကာကွယ်ဖို့အတွက် ‌ရှောင်ရန်၊ ‌ဆောင်ရန်‌တွေ သိထား သင့်တယ်။ မီးဖို‌ချောင် မီးကြွင်း၊ မီးကျန် စစ်‌ဆေးတာ‌တွေ လျှပ်စစ်မီးဆိုရင် ခလုတ်‌တွေ ပိတ်ထားရတာတို့၊ အပြင်သွားရင် မိန်းချရတာတို့ ပတ်ဝန်းကျင် အမှှိုက်သရိုက်‌တွေကိုလည်း ရှင်းလင်းထားရမယ်။ မည်သူမဆို ကိုယ့်ပတ်ဝန်းကျင်မှာ မီးစနည်းနည်းမြင်ရင်လည်း ငြိမ်းသတ်ရမှာဖြစ်တယ်။ တစ်ခြားနိုင်ငံ‌တွေမှာ မီး‌လောင်မှု အကြိမ်အ‌ရေအ တွက်က တို့နိုင်ငံထက် များပါတယ်။ ဒါ‌ပေမယ့် ဘာဖြစ်လို့ အရမ်းမဆိုးတာလဲ ဆုံးရှှုံးမှု၊ ပျက် ဆီးမှု တန်ဖိုး‌တွေက ဘာဖြစ်လို့ မများတာလဲဆိုရင် သူတို့မှာ မီးနည်းနည်း‌လောင်တာ‌တွေ့ရင် ငြိမ်းသတ် တယ်။

ဖုန်းဆက်တိုင်ကြားတယ်။ အိမ်တိုင်းမှာ မီးသတ်ဘူး‌ဆောင်ထားတယ်။ ‌လေ့ကျင့်ထား‌တော့ အရမ်းမဆိုး သွားဘူး။ ကား‌တွေမှာလည်း သူတို့‌တွေက မီးသတ်ဗူး ‌ဆောင်ထားတယ်။ တစ်အိမ်ကို ၃ လုံး ‌လောက်မီး သတ်ဗူး ‌ဆောင်ထားကြတယ်။ တချို့နိုင်ငံ‌တွေက မီး‌ဘေးကြိုတင်ကာကွယ်‌ရေးကို ဖိလုပ်ထားတယ်။ လိုက်နာ ကြတယ်။ ကျ‌နော်တို့ကျ‌တော့ ခလုတ်ထိမှ အမိတ‌လောင်မှ ‌လောင်သလိုလုပ်ကြတာ‌ပေါ့။ မီးသတ်‌ဆေးဗူးလည်း မဝယ်ဘူး။ ကားထဲမှာဆိုလည်းတို့ကားက ဘယ်‌တော့မှမီးမ‌လောင်ဘူး ယုံကြည်မှုလွန်ကဲပြီး မဝယ်ဘူး။

အဲလို‌တွေရှိတဲ့အခါကျ‌တော့ မီး‌လောင်မှုများတယ်။ များ‌တော့၊ ဆုံးရှှုံးမှုတန်ဖိုး မြင့်တက်လာတယ်။ ရပ်ရွာ‌တွေ မှာ‌တော့ အိမ်‌ရှေ့မှာ ကြိုတင်ကာကွယ်တဲ့ မီးချိတ်တို့ သဲအိပ်တို့ ထားတာရှိတယ်။ မီးချိတ်ဆိုတာက ‌လောင်စာ ‌တွေကို ဖြတ်‌တောက်ရှင်းလင်းတာ မီးကပ်က‌တော့ ရိုက်ပြီး ငြိမ်းသတ်တာ၊ သဲက‌တော့ မီး‌တောက်ထဲကို ငြိမ်း သတ်တာ။ ဒါ‌ပေမယ့် ဓာတ်ဆီမီး‌လောင်ရင် သဲနဲ့ပစ်လို့မရဘူး။ သဲနဲ့ပစ်ရင် သဲက အရည်‌အောက်မှာ ကျသွားမယ် သူ့ထက်‌ပေါ့တဲ့ဟာဘဲ ငြိမ်းလို့ ရတယ်။

‌မေး ။ ။ မီး‌လောင်မှု ‌လျော့ကျ‌အောင် ပြည်သူလူထု‌တွေကို ဘာများအမှာစကား ‌ပြောချင်လဲ။
‌ဖြေ။ ။ ကျ‌နော်တို့မီးသတ်တပ်ဖွဲ့ရဲ့ စစ်‌ဆေးတဲ့အကြံပြုချက်‌တွေကို အ‌လေး‌ပေးထားပြီး လိုက်နာသွားမယ် ဆိုရင် မုချမီး‌လောင်မှု‌တွေ ကျဆင်းမယ်ဆိုတာကို ‌ပြောချင်ပါတယ်။ ဘာဖြစ်လဲဆို‌တော့ ကျ‌နော်တို့ မီးသတ် တပ်ဖွဲ့ဝင်‌တွေက အ‌တွေ့အကြုံရယ် မီးသတ်ပညာရပ်‌တွေ‌ပေါ်မူတည်ပြီး‌တော့မှ ထုတ်‌ဖော်ပြီး‌တော့ အကြံပြုတာ ဖြစ်ပါတယ်။ မြင်တဲ့အတိုင်းပဲ မီး‌လောင်မှု‌တွေက တစ်နှစ်ထက်တစ်နှစ် အချက်အလက်‌တွေ စု‌စောင်းထား တယ်။ ဘယ်‌နေရာ ဘယ်ရပ်ကွက်‌တွေမှာ မီး‌လောင်မှုအဖြစ်များဆုံးလဲ၊ ဘယ်ရပ်ကွက်က‌တော့ စက်သုံးဆီ အန္တရာယ် မီး‌လောင်မှုများလဲ စသည်အားဖြင့် ကျ‌နော်တို့က သိတဲ့အခါကျ‌တော့ ပိုပြီးလုပ်ရတာ ရှိတယ်။

တစ်ချို့ မီး‌ဘေးအန္တရာယ်များတဲ့ လုပ်ငန်းစဉ်‌တွေကလည်း အများပြည်သူအကျိုးအတွက် အာဏာပိုင်အဖွဲ့ အစည်း က‌နေပြီး တရားစွဲရတာ‌တွေလည်း ရှိပါတယ်။ အခု‌နောက်ပိုင်း‌တော့ ရပ်ရွာ‌တွေမှာ မြက်‌ခြောက်မီး များလာတယ်။ နည်းနည်းက‌နေ များများ‌လောင်‌တော့ ငြိမ်းမနိုင်ဖြစ်သွားတယ်။ ‌နောက်ပိုင်း ‌ရော်ဘာခြံ‌တွေပါ မီး‌လောင်တယ်။ ငြိမ်းတဲ့လူကလည်း ထွက်‌ပြေးသွားတယ်။ ‌ပြောချင်တာက မြက်‌ခြောက်မီးရှှို့ရင် တနိုင်တစ်ပိုင်‌လောက်ဘဲရှှို့၊ ‌ဘေးနားမှာ ‌ရေပုံး၊ ‌ရေစည် ‌သေချာထားပြီး‌တော့ ရှှို့၊ ပြီး‌တော့ ကိုမနိုင်လို့ရှိရင် မီးသတ် ဖုန်းနံပါတ်‌လေးကို ကိုယ့်လက်ထဲမှာ ကိုင်ပြီး‌တော့ ချက်ချင်း ဖုန်းဆက်‌ခေါ်လို့ရတယ်လို့ အကြံပြုချင် ပါတယ်။