Home သတင်း ကပ်ကြီးသုံးပါး မကျ‌ရောက်‌ရေး မြဝတီတွင် ပရိတ်တရား‌တော်များ လှည့်လည်ရွတ်ဖတ်ပူ‌ဇော်

ကပ်ကြီးသုံးပါး မကျ‌ရောက်‌ရေး မြဝတီတွင် ပရိတ်တရား‌တော်များ လှည့်လည်ရွတ်ဖတ်ပူ‌ဇော်

3062
Photo: Nay Naw

မတ် ၂၆ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌နေ‌နော်

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် Covid-19 နှင့်အတူ ကပ်ကြီးသုံးပါး မကျ‌ရောက် ‌စေ‌ရေးအတွက် ဆရာ‌တော်သံဃာ‌တော်များ ပင့်ဖိတ်ပြီး ရတနာ့သုတ်နှင့် ဥပ္ပါတသနိ ္တပရိတ်‌တော်များကို မတ် ၂၆ ရက် ‌နေ့ နံနက် ၈ နာရီတွင်မြို့တွင်းလိုက်လံလှည့်လည်၍ ရွတ်ဖတ်ပူ‌ဇော်ခဲ့သည်။

အဆိုပါရွတ်ဖတ် ပူ‌ဇော်ပွဲကို နိုင်ငံ‌တော်(ဗဟို)သံဃာ့ဝန်‌ဆောင် ဆရာ‌တော် ‌ဒေါက်တာ အရှင်ပညာနန္ဒ နှင့် မြဝတီမြု့နယ် သံဃာမဟာနာယကဥက္ကဋ္ဌ ဆရာ‌တော်တို့က ဦး‌ဆောင်ပြီး သံဃာ‌တော် ၃၁ ပါးတို့မှ ထိုင်း-မြန်မာ မြဝတီမြို့အမှတ် (၁) ချစ်ကြည်‌ရေးတံတား၊ လက်ရှိ မြန်မာ‌ရွှေ့‌ပြောင်း လုပ်သားများကို ကြိုဆိုလက်ခံ‌ပေး‌နေသည့် ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်‌ရေးတံတား(B.C.F)ဇုန်တို့၌ လည်း‌ကောင်း မြဝတီမြို့တွင်းလှည့်လည်ပြီး ရွတ်ဖတ်ပူ‌ဇော်ခဲ့ကြခြင်း ဖြစ်သည်။

“ အခုကျ‌ရောက်‌နေ့တဲ့ Covid-19 နှင့်အတူကပ်‌ရောဂါများ ကင်း‌ဝေးကြ‌စေဖို့ရည်ရွယ်ပြီး ဆရာ‌တော် သံဃာ‌တော်များကို ပင့်ဖိတ်ပြီး‌တော့ နိုင်ငံတကာ လူဝင်ထွက်များတဲ့ ထိုင်း-မြန်မာ ချစ်ကြည်‌ရေး တံတားများနဲ့အတူ မြို့တွင်းမှာ လှည့်လည်ကာ ရတနာ့သုတ်နဲ့ ဥပ္ပါတသန္တိ ္တ ပရိတ်‌တော်များကိုရွတ်ဖတ် ပူ‌ဇော်ခဲ့တာ ဖြစ်ပါတယ်” ဟုမြဝတီခရိုင် အုပ်ချုပ်‌ရေးမှူး ဦး‌တေဇာ‌အောင်က ‌ပြောသည်။

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့သည် နှစ်နိုင်ငံအဓိက ကုန်သွယ်မှုပြုလုပ်‌နေသည့်နည်းတူ နိုင်ငံတကာမှ နိုင်ငံခြားခရီးသွားများ ဝင်ထွက်သွားလာမှုများပြားခြင်း၊ မြန်မာနိုင်ငံအတွင်း‌ဒေသအသီးသီးမှ ခရီးသွား ပြည်သူများ ဝင်ထွက်မှုများ ယခင်က ရှိခဲ့ဖူးသို လက်ရှိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု နှစ်နိုင်ငံလုံးတွင် ရှိ‌နေ ပြီး ဖြစ်သည့်အတွက် မြဝတီမြို့တွင်လည်း ‌ရောဂါကူးစက်လာမည်ကို ‌ဒေသခံများ စိုးရိမ်မှု မြင့်မား ‌နေ‌ကြောင်း သိရသည်။