Home သတင်း မြဝတီ-မဲဆောက် အမှတ် (၂) တံတားမှ ထိုင်းပြန်မြန်မာလုပ်သားများ ပြန်လည်ဝင်ရောက်ခြင်းကို ညနေ (၆)ချိန်ထိသာ ခွင့်ပြုထား

မြဝတီ-မဲဆောက် အမှတ် (၂) တံတားမှ ထိုင်းပြန်မြန်မာလုပ်သားများ ပြန်လည်ဝင်ရောက်ခြင်းကို ညနေ (၆)ချိန်ထိသာ ခွင့်ပြုထား

1623
Photo: Nay Naw

မတ်လ ၂၃ရက်၊ ၂၀၂၀ ပြည့်နှစ်။ နေနော်။

ထိုင်း-မြန်မာနယ်စပ် မြဝတီ -မဲဆောက် အမှတ်(၂)ချစ်ကြည်ရေးတံတားမှ
ထိုင်းနိုင်ငံမှ မြန်မာပြည်တွင်းသို့ အကြောင်းအမျိုးအမျိုးဖြင့် ပြန်လာကြ သော မြန်မာရွှေ့ပြောင်းလုပ်သားများကို ထိုင်းဘက်ခြမ်းမှ ယနေ့ မတ်လ ၂၃ရက် မြန်မာစံတော်ချိန် ညနေ ၆ နာရီချိန်ထိသာ နောက်ဆုံး ဝင်ခွင့်ပြု ထားကြောင်း သိရသည်။

ယမန်နေ့ မတ်လ ၂၂ရက်နေ့ က ထိုင်းကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားမှုအရ ထိုင်း-မြန်မာန်ာစပ် မြဝတီ-မဲဆောက် အမှတ် ၂ ချစ်ကြည်ရေးတံတားကို မတ်လ ၂၃ ရက်နေ့တွင် နှစ်နိုင်ငံကုန်စည်ဖြတ် သန်းစီးဆင်းမှုမှလွဲ၍ လူဝင်လူထွက်သွားလာမှုများကို ပိတ်ထားမည်ဟု ကြေညာထားသော်လည်း နေရပ်ပြန်မြန်မာရွှေ့ပြောင်းလုပ်သားများမှာ အလုံးအရင်းနှင့် လမ်းခရီးတွင် ပြန်လာလျက်ရှိနေ၍ ထိုင်း-မြန်မာနှစ်နိုင်ငံတာဝန်ရှိသူများ၏ ညှိနှိုင်းသဘောတူညီချက်အရ ယနေ့ မတ်လ ၂၃ ရက် ညနေ ၆ ထိ ထိုင်းဘက်ခြမ်းမှ မြန်မာဘက်ခြမ်းသို့ ပြန်လည်ဝင်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း မဲဆောက်မြို့ ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာအလုပ်သမား သံအမတ် ဦးဝေလင်းမောင်က ပြောသည်။

Photo: Nay Naw

ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများမှာ ၎င်းတို့ကိုင်ဆောင်သော CI အစိမ်းရောင် ပတ်စပို့သက်တမ်းမှာ လာမည့် မတ်လ ၃၁ရက်နေ့တွင် ကုန်ဆုံးတော့မည်ဖြစ်၍ စိုးရိမ်မှုဖြင့်ပြန် လာကြသူများနှင့် သင်္ကြန်ကာလနေရပ်ပြန်ရွှေ့ပြောင်းမြန်မာလုပ်သားများ ထိုင်း-မြန်မာနယ်စပ် မြဝတီ-မဲဆောက် အမှတ်(၂)ချစ်ကြည်ရေးတံတားမှတဆင့် မြန်မာပြည်တွင်းသို့ အလုံးအရင်းဖြင့် ဝင်ရောက်လျက်ရှိသည်။

ထိုသို့ပြန်လာရာတွင် မတ်လ ၂၁ရက်နေ့တွင် လူဦးရေ ၇,၀၀၀ ကျော် ၊ မတ်လ ၂၂ ရက်နေ့တွင် လူဦးရေ ၅,၂၈၄ ဦး နှင့် ယနေ့ မတ်လ ၂၃ရက် နံနက် ၉ နာရီထိ စာရင်းအရ လူဦးရေ ကျား ၂၈၂ ဦး မ ၁၅၁ ဦး စုစုပေါင်း ၄၃၃ ဦးတို့ကို မြန်မာဘက်ခြမ်း မှ လိုအပ်သည့်ကျန်မာရေးစစ်ဆေးမှုများနှင့် အချက်အလက်ရယူခြင်းများ ပြုလုပ်၍ ကြိုဆိုလက်ခံခဲ့ပြီး ဖြစ်ကြောင်း သိရသည်။