Home သတင်း မြဝတီမြို့တွင် ‌နေအိမ်(၂)လုံး နှင့် သစ်ဆိုင်‌နေရာတစ်ချို့ မီး‌လောင်မှု ဖြစ်ပွား

မြဝတီမြို့တွင် ‌နေအိမ်(၂)လုံး နှင့် သစ်ဆိုင်‌နေရာတစ်ချို့ မီး‌လောင်မှု ဖြစ်ပွား

2097
Photo: Nay Naw

‌ဖေ‌ဖော်ဝါရီလ ၂၈ ရက်၊ ၂၀၂ဝခုနှစ်။ ‌နေ‌နော်

ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ်(၂)ရပ်ကွက်၊ မြို့ပတ်လမ်း၌ ယ‌နေ့ ‌ဖေ‌ဖော်ဝါရီ ၂၈ရက် နံနက် ၂နာရီ မိနစ် ၄ဝ အချိန်ခန့်တွင် လူ‌နေအိမ် ၃ လုံး မီး‌လောင်ကျွမ်းမှု ဖြစ်ပွားခဲ့‌ကြောင်း သိရသည်။

မြဝတီမြို့ အမှတ်(၂)ရပ်ကွက် မြို့ပတ်(၂)လမ်းရှိ အိမ်ရှင် ‌ဒေါ်ဝင်းမြင့်(ခ)‌ဒေါ်ကုလားမ ပိုင်ဆိုင်‌သော ‌နေအိမ်မှတဆင့် မီးစတင်‌လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး အိမ်နီးကပ်လျက်ရှိ နှစ်ထပ်အိမ်တစ်လုံး၏အ‌ပေါ်ထပ် နှင့်သစ်ဆိုင်ရှိ ‌နေရာတစ်ချို့ မီး‌လောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်ဟု မီးငြိမ်းသတ်ခဲ့ရာတွင် ပါဝင်ခဲ့သူ ကိုသန့်ဇင်ဦး က ‌ပြောသည်။

၎င်းက “မနက် ၂နာရီ ၄ဝအချိန်‌လောက်မှာ ‌ဒေါ်ဝင်းမြင့် ‌ခေါ် ‌ဒေါ်ကုလားမရဲ့ ‌နေအိမ်အခန်းက‌နေ မီး‌လောင်‌နေတာ‌တွေ့ရ‌တော့ မြဝတီမီးသတ်ဌာနကို အ‌ကြောင်းကြား‌ပေးခဲ့ပြီး‌တော့ မြဝတီခရိုင်မီးသတ်ဌာန က‌နေ မီးသတ်‌ရေယာဉ် ၈ စီး‌လောက် ဝိုင်းဝန်းမီးငြိမ်းသတ်‌ပေးမှု‌ကြောင့် နံနက် ၃နာရီ ၁၅‌လောက်မှာ မီးငြိမ်းသွားခဲ့တယ်။” ဟု‌ပြောသည်။

အဆိုပါမီး‌လောင်မှု‌ကြောင့် ‌ပေ(၂၀×၄၀)ပျဉ်‌ထောင်ပျဉ်ခင်းသွပ်မိုးနှစ်ထပ်အိမ် (၁)လုံး၊ ‌ပေ(၂၀×၄၀) အုတ်ညှပ်နှစ်ထပ်အိမ် အ‌ပေါ်ထပ်ပျဉ်‌ထောင်ပျဉ်ခင်း သွပ်မိုးအိမ်(၁)လုံးနှင့် သစ်ဆိုင်အိမ်‌နေရာတစ်ချို့ မီး‌လောင်ဆုံးရှုံးမှု ဖြစ်ပွားခဲ့‌ကြောင်း ‌တွေ့ရသည်။

ထိုသို့ မီး‌လောင်မှုဖြစ်ပွားရခြင်းမှာ အိမ်ရှင် ‌ဒေါ်ဝင်းမြင့်(ခ)‌ဒေါ်ကုလားမ ပိုင်ဆိုင်‌သော ‌ပေ(၂၀×၄၀) ပျဉ်‌ထောင်ပျဉ်ခင်းသွပ်မိုးအိမ် အ‌ပေါ်ထပ်အခန်းတွင်းမှ လျှပ်စစ်မီးပလပ်ခုံတွင် ပလပ်ထိုးထားရာမှ အပူလွန်ကဲပြီး မီး‌လောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်ဟု မြဝတီခရိုင်မီးသတ်ဌာန၏ ထုတ်ပြန်မှုအရ သိရသည်။

အဆိုပါ မီး‌လောင်မှု‌ကြောင့် မီး‌လောက်မှု စတင်ဖြစ်ပွားရာ ‌နေအိမ်ပိုင်ရှင် ‌ဒေါ်ဝင်းမြင့်(ခ)‌ဒေါ်ကုလားမအား မြဝတီမြို့မရဲစခန်း၏ (ပ) ၂၃၇/၂ဝ၂ဝ၊ရာဇသတ်ကြီးပုဒ်မ ၂၈၅ဖြင့် အမှုဖွင့် အ‌ရေးယူထား‌ကြောင်း သိရသည်။