Home ဆောင်းပါး မြန်မာနိုင်ငံ၏ပထမဆုံးငြိမ်းချမ်း‌ရေးသံတမန်

မြန်မာနိုင်ငံ၏ပထမဆုံးငြိမ်းချမ်း‌ရေးသံတမန်

3716

စရှူခလိန် ( ‌ဖေ‌ဖော်ဝါရီ ၁၁ရက်၊ ၂၀၂ဝခုနှစ်)

‌လောက၌ ငြိမ်းချမ်းခြင်း (သို့) ငြိမ်းချမ်း‌ရေးသည် လူတိုင်းနှစ်သက်ကြသည်။ ငြိမ်းချမ်း‌ရေးသည် လူ သားတို့၏ဘဝကို တည်ငြိမ်‌စေပြီး ချမ်းသာမှုကိုလည်း ဖြစ်‌စေပါသည်။ ငြိမ်းချမ်း‌ရေးမရှိ‌သော တိုင်းပြည်သည် ဘယ်‌သောအခါမှ တိုးတက်ဖို့ရန် မလွယ်ကူ‌ချေ။ ငြိမ်းချမ်း‌ရေးကင်းမဲ့လျက် စစ်ဖြစ်‌သော‌နေရာများ၌ ပို၍ ပင်ငြိမ်းချမ်း‌ရေးကို လိုလား‌တောင်းတကြသည်။ မြန်မာနိုင်ငံသည် ယခုမှ ငြိမ်းချမ်း‌ရေးကို ကြိုးပမ်း ‌ဆောင်ရွက်ခဲ့ကြသည် မဟုတ်‌ပေ။ ပ‌ဒေသရာဇ်‌ခေတ်ကပင် စစ်ပွဲဖြစ်ခဲ့ကြပြီး ငြိမ်ချမ်း‌ရေးရရှိ‌အောင် ကြိုးပမ်း‌ဆောင်ရွက်ခဲ့ကြသည်။ ပုဂံပြည်ကြီးတိုးတက်ကြီးပွားစဉ် ပ‌ဒေသရာဇ်မင်းတို့၏ စစ်ပွဲသည် ‌ပေါ်‌ပေါက်ခဲ့ရ‌လေသည်။ ထိုစဉ်က စစ်‌ပြေငြိမ်း‌ရေးကို ရဟန်းသံဃာ‌တော်များက ကြိုးပမ်းခဲ့သည်ကို ‌တွေ့ရ‌လေသည်။

ပုဂံ‌ခေတ်ကျစွာမင်းကြီး (သက္ကရာဇ်-၅၉၆+ ၆၁၂) လက်ထက်တွင် သာသနာ‌တော်နှင့် ပရိယတ္တိ စာ‌ပေမှာ လွန် စွာ ဖွံ့ဖြိုးတိုးတက်ခဲ့သည်။ စာတတ်၊ စာဆိုကျမ်းပြုများစွာ‌ပေါ်ထွက်ရာတွင် ဦးကျည်‌ပွေ့ ‌ခေါ်အရှင်ဒိသာ ပါ‌မောက္ခ ဆရာ‌တော်တစ်ပါးလည်း ‌ပေါ်‌ပေါက်ခဲ့သည်။ ဆရာ‌တော်သည် သက်‌တော် ၆ဝ ‌ရောက်မှ ပရိယ တ္တိစာ‌ပေကို သင်ယူပြီးစာတတ်အ‌ကျော်ဖြစ်လာခဲ့သည်။ ဆရာ‌တော် သက်‌တော် ထင်ရှားရှိစဉ် နရသီဟပ‌တေ့ မင်းကြီး လက်ထက်တွင် မြန်မာနှင့် တရုတ်တို့သည် စစ်ပွဲဖြစ်‌ပေါ်ခဲ့‌လေသည်။ ယင်းစစ်ပွဲ‌ပြေငြိမ်း၍ ငြိမ်းချမ်း ‌ရေးရရှိရန် ဆရာ‌တော် သည် ကြိုးပမ်း‌ဆောင်ရွက်ခဲ့ရသဖြင့် ငြိမ်းချမ်း‌ရေး ဆရာ‌တော်အဖြစ် သမိုင်းတွင် ကမ္ဗည်းထိုးခံရကာ ‌ကျော်ကြားခဲ့‌လေသည်။

သက္ကရာဇ် (၆၁၇+၆၄၈)ခုနှစ်တွင် နရသီဟ ပ‌တေ့မင်းကြီးသည် တရုတ်စစ်ချီလာသည့်အခါ ပြည်၏ အ‌နောက် ဖက် လှည်းကျအရပ်၌ မင်းကြီးသည် ပညာရှိမှူးမတ်တို့နှင့် စစ်‌ပြေငြိမ်းရန်ကိစ္စကို တိုင်ပင်‌ဆွေး‌နွေး‌ပြောဆိုကြ သည်။ တစ်‌နေ့ မင်းကြီးက အနန္တပိစည်းနှင့် မဟာပိုဝ်တို့ကို “တရုတ်အလား အလာကိုသိ‌တော်မူ‌လေ” (၁၀၇) ဟု ‌မေး‌တော်မူသည်။ အမတ်ကြီးအနန္တပိစည်းနှင့် မဟာပိုဝ်တို့က ဘုရင်မင်းအား ‌အောက်ပါအတိုင်း ပြန်လည်သံ ‌တော်ဦးတင်ကြသည်။

“ဤအမှုကား ကြီးစွ၊ တုံ့တပယ်လည်း လွတ်ရသည် မရှိ၊ သုဝဏ္ဏလိပ်(စာ)ပြုအံ့သည့် သူလည်း မရှိ၊ ရှင်ဒိသာပါ ‌မောက္ခတည်း ပါမူကား အမှု‌ဆောင်နိုင်အံ့”(၁၀၈)

ပညာရှိအမတ်တို့၏ စကားကိုကြားရ‌သော မင်းကြီးက ရှင်ဒိသာပါ‌မောက္ခကို ပင့်‌လေသည်။ မြန်မာ တရုတ် စစ်ဖြစ်မည့်အ‌ရေးတွင် ဝင်‌ရောက်‌ဖြေရှင်း‌ပေးရန် (သံတမန်အဖြစ်) အမှုကိုအပ်နှင်းသည်။ ထို‌ခေတ်တွင် စာ တတ်အ‌ကျော်များစွာရှိပါသည်။ သို့‌သော်လည်း အခြားသင့်‌တော်သူကို မ‌တွေ့သဖြင့် မှူးမတ်တို့၏အလိုအရ ဆရာ‌တော်ကို ‌ရွေးချယ်ကြ ခြင်းဖြစ်သည်။

ထိုအခါ ဆရာ‌တော်သည် တိုင်း‌ရေးပြည်‌ရေး စိတ်မ‌အေးစွာဖြင့် ငြိမ်းချမ်း‌ရေးအတွက် တရုတ်ပြည်သို့ ကြွ‌တော် မူရ‌လေသည်။ ‌ခြေလျင်ခရီးကြွရသဖြင့် လမ်းခရီးသည် ‌ချော‌မွေ့မှုမရှိဘဲ လွန်စွာ ပင်ပန်းလှ‌ပေသည်။ သက် ‌တော်မှာလည်း ‌ခြောက်ဆယ်‌ကျော် ရှိခဲ့‌လေပြီ။ သို့‌သော် ဆရာ‌တော်သည် အသက်နှင့်ခန္ဓာကို မငဲ့ကွက်ဘဲ ငြိမ်းချမ်း‌ရေးအတွက် တရုတ်ပြည်သို့ အ‌ရောက်ကြွ‌တော်မူခဲ့သည်။ လွန်စွာပင်ပန်းလှသဖြင့် တရုတ်ပြည်ခ ရီးစဉ်တွင် ဟန်လင်း၌ တစ်‌ထောက်နားပြီးမှ ခရီးကိုဆက်လက်ကြွ‌တော်မူသည်။

ပထမတွင် တရုတ်ဘုရင်မင်းက စာကိုကြည့်ပြီး မြန်မာမင်း လွတ်လိုက်သည့် သုဝဏ္ဏလိပ်(စာ) မဟုတ်ဘဲ အမတ်တို့၏ စာသာဖြစ်သည်ဟု ဆိုသဖြင့် မ‌ကျေနပ်ဟန် ပြကြသည်။ သို့‌သော် “မင်းတို့သည်ကား တမန်ကို မချုပ်ရာ”(၁၀၉) စည်းကမ်းချက်အရ ‌နောက်ဆုံးတွင် ‌ပြောဆို‌ဆွေး‌နွေးရင်း ယုံကြည်သွားသဖြင့် တရုတ်ပြည်သို့ အ‌ရောက်ကြွနိုင်ခဲ့‌လေသည်။ ရှင်ဒိသာပါ‌မောက္ခဆရာ‌တော် တရုတ်ပြည်သို့ ‌ရောက်သွားသည့်အချိန်၌ ‌အောက်ပါ အစီအစဉ် ကို တရုတ်တို့က ပြုလုပ်ထားပြီးဖြစ်သည်။

တရုတ်မင်းသား သုသုတ္တတိနှင့် စစ်သည် ၂၀,ဝ၀ဝ တို့သည် သင်းတွယ်ပြည်အထိ ‌ရောက်ရှိ‌နေ ကြပြီးဖြစ် သည်။ မြန်မာပြည်၌ သာသနာပြုရန် ပုညဓမိ္မကာ မဟာ‌ထေရ်နှင့် သီရိဓမိ္မကာ မဟာ‌ထေရ် အမှူးပြု‌သော ‌ကျောင်း ၇ဝ မှ တရုတ်သံဃာ‌တော်များကို ပင့်‌ဆောင်လာခဲ့သည်။ သံတမန်အဖြစ် ရှင်ဒိသာပါ‌မောက္ခ ပါဝင်ကြွ လာ‌နေပြီဟူ‌သော သတင်းကြားကို ရသည့်အခါ စစ်သည်‌တော်နှင့် ရဟန်းသံဃာ‌တော်များကို ‌ရှေ့ဆက် မကြွ‌စေဘဲ ‌ရောက်သည့်အရပ်၌ ရပ်ဆိုင်းထားလိုက်သည်။ ထိုရပ်နားရာသို့ ရှင်ဒိသာပါ‌မောက္ခ ‌ရောက်သည်နှင့် တရုတ်ရဟန်း‌တော်များက ကြည်နူးအားတက်စွာဖြင့် ကြိုဆိုကြသည်။ တရုတ်ရဟန်း‌တော်များသည် မြန်မာ ပြည်သို့ သာသနာပြုကြွ‌ရောက်ရန် ဝန်‌လေး‌နေကြသည်။ သာသနာပြု မကြွ‌ရောက်လိုကြ‌ပေ။ ရှင်ဒိသာပါ‌မော က္ခကို ‌တွေ့သည့်အခါလက်‌ဆောင်များ ဆက်ကပ်ကြပြီး “ငါ့ရှင်ကိုတည်း မင်း‌ထောင့်တစွ။ မင်းလည်း သဒ္ဓါစွ။ ပုဂံသာသနာကို ငါတို့ မပြုရ‌ကြောင်း ဆိုဘိလတ်‌သေး ”(၁၁၀) ဟု တိုက်တွန်း‌လျှောက်ထားပြကြသည်။

ရှင်ဒိသာပါ‌မောက္ခသည် တရုတ်သံဃာ‌တော်များ၏ သ‌ဘောဆန္ဒကိုသိပြီး‌နောက် ဆက်လက်ထွက်ခွာလာရာ တရုတ်ပြည် ယဆည်အရပ်သို့ ‌ရောက်ရှိ‌လေသည်။ ဝါတွင်းကာလ ‌ရောက်လာသဖြင့် သုံးလမျှရပ်နား‌တော်မူပြီး ဝါဆိုဝါကပ်ခြင်းကို ပြု‌တော်မူသည်။ သီတင်းကျွတ်ပြီး တန်‌ဆောင်မုန်းလ ‌ရောက်မှ တရုတ်ပြည်သို့ ဆက်လက်ကြွ‌တော်မူသည်။ ပြာသိုလတွင် တရုတ်‌နေပြည်‌တော် ပီကင်းမြို့သို့ ‌ရောက်ရှိသည်။ ဆရာ‌တော်သည် ‌ရောက်စတွင် တိုင်းပြည်အ‌ရေး မဆိုကြ‌သေးဘဲ ပဋိသန္ဓာရစကား သာ ‌ပြောဆိုကြသည်။

ထို့‌နောက် ”အဆုံးမှာကား ပြည်ထဲစကား ဆိုကြ လတ်တည်း”(၁၁၁) ဟု တရုတ်ကူဗလိုင်ခန်မင်းနှင့် စကား‌ပြောဆိုကြပြီး ‌နောက်ဆုံးမှာ ငြိမ်းချမ်း‌ရေး ဆိုင်ရာ တိုင်း‌ရေးပြည်‌ရေး စကားဆိုကြသည်ကို အ‌သေးစိတ်‌ဖော်ပြထား‌လေသည်။ စကားဆိုကြပုံမှာ ဆရာ‌တော်၏ ‌ကျောက်စာ၌ လွန်စွာအ‌ရေးပါလှ သည်ကို အနည်းငယ်ထုတ်ပြချင်ပါသည်။

တရုတ်မင်း။ ပဏ္ဍိတ် ဤငါ၏သူရဲ(စစ်သည်) ၂၀,ဝ၀ဝ နှင့် မဟာထီ၊ သဃင်္ာထီရှင်နှင့် (ပုဂံ၌) သာသနာပြု‌လေဟု ဆိုနှင်း၏။ (သာသနာပြု ခိုင်းခြင်းဖြစ်သည်။) (ထီရှင်=‌ထေရ်အရှင်)

ရှင်ဒိသာပါ‌မောက္ခ။ မဟာရာဇ် ဤသူရဲအလုံး သဃင်္ာအလုံး စပါးဟိ(ရှိ)မှ တည်ကြည်အံ့။ စပါး ကား ပြည်စည်းစိမ် အမြစ်မဟုတ်‌လော။ ဤ သူရဲတို့သည် ထန်းကိုတည်းခဲ၍ စားပြီးကား ဝမ်းနာ၍မူ မ‌သေကုန် သ‌လော။ ကြွင်း‌သော သဃင်္ာတို့လည်း ပြည်တွင်းမဝင်ဝံ့။ ‌တောသို့‌ပြေး၍ ‌သေကုန်ခံ ‌သောတကား။ (‌သေကြကုန်တကား) မင်းကြီး‌အောင်‌သော အမှုမဟုတ်‌လော။ ဥယျာဉ်စိုက်‌သော ‌ယောက်ျားကား ‌ရေသွန်း၍ သစ်ပင်တို့ကို ကြီး‌စေ၏။ အညွှန့်မဆိတ်တကား။ သစ်ပင်သီးပြီး‌သော်သာ အသီးစား၏။ တံပြတိက်ပြည်(တမ္ပဒိပ်=ပုဂံ)ကိုလည်း ‌ရေးသွန်းဦးလတ်‌သေး။ မြတ်စွာဘုရား သာသနာလည်း ‌သေငယ်မူပြီး။ (‌ပျောက်ကွယ်နိုင်သည်။)

မင်းကြီးကား ဘုရားဆု‌တောင်းသသူ မဟုတ်‌လော။ အဖ‌ဂေါတမ သာသနာကို မပျက်‌စေလတ်‌သေး။ (မပျက်‌စေပါနှင့်။) မင်းကြီးနိုင်‌သော ပြည်ကားများစွာ့။ မင်းကြီးလည်းကြီးစွာ့။ တံပြတိက်ပြည် (ပုဂံပြည်) ကား အငယ်တည်း။ သာသနာဟိ(ရှိ) ‌သော‌ကြောင့်ရကား ဘုရားအ‌လောင်းတို့က ပြည့်‌မြောက်၏။ သူရဲအဝင်စဲလတ်၏။ ငါကား ‌ကောက် ပဲ စိုက်‌လေဦးအံ့။ ‌ကောက်ပဲပြီး‌ပေ‌သော်ကားဝင်။(‌ဒေါက်တာသန်းထွန်း၊ အမြင်သစ်ဗမာ့သမိုင်း)

တရုတ်မင်း။ ဤစကားတွင် ငါ့ဖို့လည်းပါ၏။ ပဏ္ဍိတ်လာ၍ ထွက်‌ပြေး‌သော သဃင်္ာတို့ကို ‌ခေါ်‌လေ။ ‌ကောက်ပဲလည်း စိုက်‌လေ။ ပြီး‌ပေ‌သော ငါကို လွတ်လတ်တုံ။

ရှင်ဒိသာပါ‌မောက္ခ၏ နုတ်‌ရေး‌ပြောဆို လိမ်မာမှု‌ကြောင့် တရုတ်တို့၏ အန္တရာယ်မှ သီသီ‌လေး လွတ်‌မြောက် ခဲ့ရပြီး ငြိမ်းချမ်း‌ရေးလည်း ရရှိခဲ့‌လေသည်။ ငြိမ်းချမ်း‌ရေးမရခဲ့‌သော် ပုဂံပြည်သည် စစ်‌ဘေးစစ်ဒဏ်များစွာ ခံကြရ မှာဖြစ်ပြီး တရုတ်တို့၏ မဟာယာန သာသနာ့ မျိုး‌စေ့သည်လည်း ပုဂံပြည်တွင် ‌ထေရဝါဒသာသနာနှင့်အတူ ပြန့် ပွားလာ‌ပေလိမ့်မည်ဟု ယူဆဘွယ်ရှိသည်။ တရုတ်တို့၏ရန်ကို ‌ရှောင်ရှားရာ၌ ဆရာ‌တော်၏ အ‌ပြောအဆို အသုံးအနှုန်း လိမ္မာပါးနပ်မှုသည် လွန်စွာ ပဓာန ကျသည်ဟု ဆိုရပါမည်။ အ‌ပြောအဆိုများ၌ ‌ကြောင်းကျိုး ဆက်စပ်မှု အား‌ကောင်းပြီး လူ့အကြိုက် လူ့စရိုက်ကိုလည်းနားလည်ပြီး သုံးနှုန်း‌ပြောဆို နိုင်ခဲ့သည်။

တရုတ်ဘုရင်က စစ်ဖြစ်ခြင်းမဟုတ်ဘဲ သံဃာ ‌တော်များအား သာသနာပြုရာတွင် ‌စောင့်‌ရှောက်ရန် စစ်သည်‌တော်များကို ထည့်‌ပေးလိုက်ခြင်း ဟူ‌သော အဓိပ္ပါယ်မျိုးဖြင့် ‌ပြောဆိုလာသည်။ သာမန် ရဟန်း ‌တော်ဆိုပါက ပြန်‌ပြောရန် အခက်ကြုံရနိုင်သည်။ စစ်မချီပါနှင့် ဆုတ်‌ပေးပါဟုဆိုပါက သာသနာပြုလုပ်ငန်းကို တားဆီးသလို ဖြစ်‌နေသည်။ ယင်း အခက်အခဲ‌တွေကိုလည်း နား‌ထောင်သူ၏ ဉာဏ်မျက်စိ၌ ကွက်ကွက်ကွင်း ကွင်း မြင်နိုင်‌အောင် ‌ကျော်လွှား‌ပြောဆို နိုင်ခဲ့‌လေသည်။

စစ်စင် ငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေးရာတွင် တဖက် ရန်သူ၏ မြုပ်ကွက်‌တွေကို ပညာမျက်စိဖြင့် ထွင်း‌ဖောက်သိမြင်ဖို့ များစွာလိုအပ်‌ပေသည်။ သ‌ဘောတူထား‌သော အချက်အလက်ကို အ‌ကြောင်းခံပြီး နှစ်ဦးနှစ်ဖက် ပရိယာယ် များဖြင့် ပြည်သူအတွက် ဖွံ့ဖြိုး‌ရေး‌ဆောင်ရွက်ရင်း စစ်အင်အား‌တွေ တိုးချဲ့လာလျှင် ‌ဒေသခံပြည်သူများ အတွက် ကျီးလန့်စာစားသလို ‌နေ‌နေရပါလိမ့်မည်။ ထိုအခါ စစ်မှန်သည့် ငြိမ်းချမ်း‌ရေး ဖြစ်နိုင်ဘို့မလွယ်ကူ‌ပေ။ စစ်မှန်‌သော ရိုးသားမှု၊ မွန်မြတ်‌သောစိတ်ထား ‌စေတနာယုံကြည်မှုများဖြင့် ‌ဆောင်ရွက်ကြမှသာလျှင် ငြိမ်းချမ်း ‌ရေးသည် ‌ရောင် ခြည်သန်းလာပါလိမ့်မည်။

တရုတ်စစ်သည်သူရဲနှင့် သံဃာ‌တော်တို့သည် ဆန်စပါးရိက္ခာရှိမှ အသက်ရှင်ရပ်တည်နိုင်ပါ သည်။
ဆန်စပါးသည် တိုင်းပြည်စည်းစိမ်၏ အရင်းအမြစ်ပင်ဖြစ်သည်။ ထိုအချိန်တွင် ပုဂံပြည်၌ ဆန် စပါးရှားပါးချိန် ပင်ဖြစ်သည်။ တရုတ်စစ်သည်များက သာသနာပြုရန် အ‌ကြောင်းကိုပြသည်။ ရဟန်း‌တော်များ ပုဂံပြည်တွင်းသို့ ဝင်‌ရောက်လာပါက စားနပ်ရိက္ခာ မလုံ‌လောက်နိုင်။ သံဃာ‌တော်များ ‌တောသို့ဝင်‌ပြေး၍ ‌သေနိုင်‌ကြောင်းလည်း ထင်ရှားစွာ ‌ပြောဆိုပြနိုင်ခဲ့သည်။ စစ်သည်များသည် ဆန်စပါးမရှိပါက ထန်းသီးကိုလှီး၍ အာဟာရအဖြစ် စားရမည်။ များများစားပါက ဝမ်းနာတတ်ပြီး ‌သေနိုင်‌ကြောင်းကိုလည်း ထင်ရှားစွာ‌ပြောဆိုပြနိုင်ခဲ့သည်။ တရုတ်ဘုရင်ကြီးသည် မိမိသံဃာနှင့် စစ်သည်တို့အား ဒုက္ခ‌ပေးသလိုဖြစ်၍ ‌တွေးမြင်ထိတ်လန့်သွားသည်။ ‌လောကီ‌ကြောင်းဆိုင်ရာကို ထင်ရှားစွာ ‌ပြောဆိုနိုင်‌ကြောင်းကို ‌တွေ့ရ‌လေသည်။

ရှင်ဒိသာပါ‌မောက္ခ၏ ထိ‌ရောက်သည့် ဥပမာ စကားမှာ ပုဂံပြည်ကို ဥယျာဉ်နှင့် တရုတ်ဘုရင်ကို ဥယျာဉ်မှူးနှင့် ခိုင်းနှိုင်း‌ပြောဆိုခြင်းပင်ဖြစ်သည်။ ဥယျာဉ်မှူးတို့၏ သဘာဝဓ‌လေ့ကိုလည်း ဆင်ခြင်ဖွယ်ဖြစ်‌အောင် ‌ပြောဆိုနိုင် ခဲ့သည်။ ဥယျာဉ်မှူးတို့ မည်သည် သစ်ပင်ကို‌ရေ‌လောင်းရသည်။ စည်ပင်‌အောင် ပြုစုရမည်။ ဥယျာဉ်၏ ‌ကောင်းရာ ‌ကောင်းကျိုးကိုသာ ‌ဆောင်ရွက်ရသည်။ ဥယျာဉ်ကို ပျက်စီး‌ကြောင်း ပြုလုပ်မှုများသည် ဥယျာဉ်မှူး များ၏ အမူအကျင့်မဟုတ်သည်ကို ပြဆို‌သော “အညွှန့်မဆိတ် တကား” စကားလုံးမှာ ထိမိစွာ သုံးစွဲထား သည်။ ဥယျာဉ်မှူး‌ကောင်းမည်သည် စိတ်ရှည်စွာအချိန်ကို ‌စောင့်ရသည်။ အချိန်ကို‌စောင်သည့်အခါ အပင်က အသီးဖြင့် ‌ကျေးဇူးတုံ့ပြန်မည်ဖြစ်သည်။ အသီးကို ‌စောင့်၍ သုံး‌ဆောင်ခြင်းသည်သာ ချီးကျူးအပ်‌သော ဥယျာဉ်မှူးဖြစ်သည်။ ဤစကားများသည် လွန်စွာထိ‌ရောက်‌သော စကားပင်ဖြစ်သည်။

ပုဂံပြည်၏ဥယျာဉ်မှူး အဖြစ်ဂုဏ်ပြုခံရ‌သော တရုတ်ဘုရင်သည် မိမိ၏အပြုအမူအတွက် ရှက်‌ကောင်း ရှက်မည်။ သို့‌သော် ‌သေချာသည်မှာ များစွာ‌ကျေနပ် ဂုဏ်ယူမည်ဖြစ်သည်။ ရှင်ဒိသာပါ‌မောက္ခသည် ဥပမာကို မိမိ‌ပြောလို‌သော အချက်နှင့်ဆက်စပ် ‌ပေးရာ၌လည်း ကျွမ်းကျင်သူဖြစ်သည်။ “တံပြတိတ် ပြည်ကိုလည်း ‌ရေ သွန်းဦးလတ်‌သေး” ဟူ‌သော ပုဂံပြည်ကို ပြုစုရန်သတိ‌ပေး တိုက်တွန်းချက်သည် တရုတ်ဘုရင်အား မည်သို့ ကျင့်သုံးသင့်သည်ကို သွယ်ဝိုက်သတိ‌ပေးလိုက်ခြင်းပင် ဖြစ်သည်။ “ငါကား ‌ကောက်ပဲ စိုက်‌လေဦးအံ့။ ‌ကောက် ပဲပြီး ‌ပေ‌သောကားဝင်” ဟူ‌သော စကားမှာလည်း သွယ်ဝိုက်၍ ‌မျှော်လင့်ချက်‌ပေးလိုက်‌သော စကားဖြစ်၍ လွန် စွာထိမိလှ‌ပေသည်။

တဖန် ‌လောကုတ္တရာအ‌ကြောင်းကို ‌ပြောဆိုရာတွင်လည်း တရုတ်ဘုရင်၏ စိတ်နှလုံး၌ သ‌ဘောကျ စွဲထင် ‌လောက်‌အောင် ‌ပြောဆိုနိုင်သည်ကိုလည်း ‌တွေ့ရသည်။ ဆရာ‌တော်သည် ‌လောကုတ္တရာ‌ကြောင်းကို ‌ပြောဆိုရခြင်းမှာ တရုတ်ဘုရင်ကိုယ်တိုင် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ခြင်း‌ကြောင့်ပင် ဖြစ်သည်။ ပုဂံပြည်သည် ဗုဒ္ခသာသနာ ထွန်းကားပြီး တရုတ်ဘုရင်ကြီးသည်လည်း ဘုရားဆုပန်သူ ဖြစ်‌ကြောင်းပြဆို သည်။ ပုဂံပြည်တွင်းသို့ တရုတ် စစ်သည်များ ဝင်‌ရောက်ခြင်းသည် သာသနာဖျက်ဆီးရာ ‌ရောက်‌ကြောင်းကို နားဝင်‌အောင်‌ပြောနိုင်‌သော ”အဖ ‌ဂေါတမ သာသနာကို အပျက်စီးလတ်‌သေး” ဟူ‌သော စကားသည် တရုတ်ဘုရင်ကြီးအတွက် ထိတ်လန့်ဘွယ်ရာပင်ဖြစ်သည်။ တရုတ်မင်း၏ ဂုဏ်ကို ထင်ရှား‌အောင် ထည့်၍ ‌ပြောဆိုသည်ကိုလည်း ‌တွေ့ နိုင်သည်။ “ဘုရားဆု‌တောင်း‌သောမင်း” “မင်းကြီးနိုင်‌သောပြည်ကား များလည်း များစွ။ ကြီးလည်း ကြီးစွ” ဟူ‌သောစကားတို့သည် တရုတ်ဘုရင်ကြီးအတွက် ဘဝင်‌တွေ့သည့် ချီးကျူးဂုဏ်ပြု စကားများ ပင်ဖြစ်သည်။

ငြိမ်းချမ်း‌ရေးကို ‌ဆောင်ရွက်ကြရာတွင် တရုတ်ဘုရင်ကဲ့သို့ ဘုရားအ‌လောင်းများ မဟုတ်သည့် တိုင်‌အောင် မိမိတို့သည် ပြည်သူပြည်သားများကို ကြင်နာသနားတတ်‌သော စိတ်‌စေတနာများဖြင့် ခံယူထားရ‌ပေမည်။ အင်အားကြီးမား‌သော တရုတ်ဘုရင်သည် အင်အားငယ်‌သော ပုဂံပြည်ကို စစ်တိုက်ခြင်းမှ စွန့်လွှတ်ခဲ့‌လေသည်။ စွန့်လွတ်မှု ‌ပေးကမ်းမှုသည်သာ ‌အောင်မြင်မှု၏ ပန်းတိုင်ပင်ဖြစ်သည်။ မည်သည့်အရာမဆို မိမိတစ်ဦးတည်း သိမ်းပိုက်ခြင်း မျိုးမထားရှိဘဲ အားလုံးခွဲ‌ဝေနိုင်မှသာလျှင် တန်ဖိုးမဖြတ်နိုင်‌သော သမိုင်းသစ်တစ်ခုကို ‌ရေးထိုပြီး ကျန် ရစ်ပါလိမ့်မည်။

စင်စစ် ဆရာ‌တော်ရှင်ဒိသာပါ‌မောက္ခ၏ စကားလုံးများသည် ခွန်အားရှိပြီး နှစ်သက်ဖွယ်စာ‌ပေ အရည်အ‌သွေး အပြည့်ပါရှိ‌သော စကားများဖြစ်သလို တန်းဖိုးမဖြတ်နိုင်‌သော စကားများလည်း ဖြစ်သည်။

သို့ဖြစ်၍ ပြည်သူအများ ကိုယ်စိတ်ချမ်းသာမှုကို ‌ပေးနိုင်‌သော ငြိမ်းချမ်း‌ရေးကို ရရှိ‌စေခဲ့‌လေသည်။ နရသီဟ ပ‌တေ့မင်းကြီးသည် လွန်စွာဝမ်း‌မြောက်လှ၍ ‌ကျေးဇူးတုံ့ပြန်‌သောအားဖြင့် ဆရာ‌တော်အား လယ် ‌မြေများ လှူဒါန်းသည်ကို‌တွေ့ရ‌လေသည်။ ဆရာ‌တော်သည် ထိုလယ်‌မြေများကို မိမိ၏ကိုယ်ကျိုး အတွက် မသုံးဘဲ သာသနာ‌တော်ကို ပြန်၍ ‌ကျေးဇူးပြုလှူဒါန်းလိုက်သဖြင့် ပြည်သူအများ ကြည်ညိုမဆုံး ဖြစ်ရသည်။

ဤအရှင်ဒိသာပါ‌မောက္ခ ဆရာ‌တော်ကြီး၏ ငြိမ်းချမ်း‌ရေးနှင့် စပ်လျဉ်း၍ မျက်‌မှောက်‌ခေတ် မြန်မာစာ‌ပေပညာရှင် ဆရာကြီးဦး‌ဖေ‌မောင်တင်က “ဒိသာပါ‌မောက္ခသည် ရဟန်းဖြစ်လျက်နှင့် တရုတ်ပြည်သို့ သံအဖြစ်ဖြင့် သွား ‌ရောက်ကာ မြန်မာပြည် တိုင်း‌ရေးပြည်မှုကို ‌ဆောင်ရွက်သည်ကို ‌တွေ့ရသဖြင့် ‌ရှေး‌ခေတ်ကပင် ရဟန်း‌တော် များသည် တိုင်းပြည်‌ရေးရာ ‌လောကမှုများတွင် ဝင်‌ရောက်‌ဆောင်ရွက်‌ကြောင်းကို သိသာနိုင်သည်” ဟု မြန်မာစာ‌ပေသမိုင်း စာအုပ်၌ မှတ်ချက်ပြုထားပါသည်။

ထို့‌ကြောင့် ပုဂံ‌ခေတ် ဆရာ‌တော်ရှင်ဒိသာ ပါ‌မောက္ခ၏ ပထမဦးဆုံး ငြိမ်းချမ်း‌ရေး ကြိုးပမ်းမှုသည် ‌နောင်‌ခေတ် အဆက်ဆက် ဆရာ‌တော်များနှင့် တိုင်းကျိုးပြည်ကျိုးကို ကြိုးပမ်း‌ဆောင်ရွက်ကြ‌သော နိုင်ငံ့သူရဲ‌ကောင်းတို့၏ နမူနာယူစရာငြိမ်းချမ်း‌ရေး မီးရှူးတန်‌ဆောင် ‌ရှေ့‌ဆောင်လမ်းပြ‌သော ဆရာ‌တော် တစ်ပါးပင် ဖြစ်ပါသည်။

စရှူခလိန်(ထီးထာကလုန်း)
မှီငြမ်း။
၁။ မြန်မာစာဆို‌တော်များ(‌ရွှေဥဩ)
၂။ ပုဂံ‌ခေတ်မြန်မာစာ(‌စောလူ)
၃။ ‌ကျောက်စာနှင့်နံပါတ်သည် ‌စောလူ၏စာအုပ် ပါအတိုင်း။