Home သတင်း ‌ရွှေမြစန္ဒီ အိမ်ရာ အငြင်းပွားမှု ကူညီ‌ပေးသူ ‌နော်အုန်းလှ အပါအဝင် ၄ ဦးကို ‌ထောင်ဒဏ် (၁)လစီ ချမှတ်

‌ရွှေမြစန္ဒီ အိမ်ရာ အငြင်းပွားမှု ကူညီ‌ပေးသူ ‌နော်အုန်းလှ အပါအဝင် ၄ ဦးကို ‌ထောင်ဒဏ် (၁)လစီ ချမှတ်

2885
Photo: Nay Naw

‌ဖေ‌ဖော်ဝါရီလ ၁၇ ရက်၊ ၂၀၂ဝခုနှစ်။ ‌ကေအိုင်စီ

မြဝတီမြို့ မဲကနယ်ရွာ ‌ရွှေမြစန္ဒီအိမ်ယာစီမံကိန်း အငြင်းပွားမှုတွင် ‌ဒေသခံဘက်မှ ပါဝင်ကူညီ‌ပေးသူ ‌နော်အုန်း လှအပါအဝင် စီမံကိန်းကို ဆန့်ကျင်ဦး‌ဆောင်သူ ၄ ဦးကို ယ‌နေ့ ‌ဖေ‌ဖော်ဝါရီလ ၁၇ရက်‌နေ့တွင် မြဝတီမြို့နယ် တရားရုံးမှ ‌ထောင်ဒဏ်တစ်လစီ ချမှတ်လိုက်‌ကြောင်း သိရသည်။

ပြီးခဲ့သည့် နှစ် ၂၀၁၉ခုနှစ် ဧပြီလ ၂၁ရက်‌နေ့က စီမံကိန်း မဖျက်သိမ်း‌ရေးအတွက် ဆန္ဒထုတ်‌ဖော်ပွဲအပြီး ကရင်အမျိုးသမီးအစည်းအရုံး BWUဥက္ကဋ္ဌ ‌နော်အုန်းလှ အပါအဝင် ဦး‌ဆောင်သူ(၄)ဦးကို မြဝတီမြို့မ ရဲစခန်းမှ ငြိမ်းချမ်းစွာစု‌ဝေးခြင်းနှင့် စီတန်းလှည့် လည်ခြင်း ဥပ‌ဒေပုဒ်မ (၁၉/၂၀)ဖြင့် တရားစွဲဆိုထားရာမှ ရုံးချိန်း ၂၄ချိန်အပြီး ယခုလို ပြစ်ဒဏ်ချမှတ် လိုက်ခြင်း ဖြစ်သည်ဟု သိရသည်။

ယခုလို ‌ထောင်ဒဏ်ချမှတ်ခံရမှုနှင့်ပတ်သက်၍ ‌နော်အုန်းလှက“ ကျမတို့နိုင်ငံမှာ တရား ဥပ‌ဒေစိုးမိုး‌ရေး ခုချိန်ထိ မရှိ‌သေးဘူး။ အခုချိန်ထိလည်း ကျမတို့နိုင်ငံဟာ အရင်အတိုင်း ဆိုတာ‌ဖော်ပြတာပဲ။ ကျမတို့ကို ‌ထောင်ချတဲ့ အတွက် ကျမတို့နစ်နာတာမဟုတ်ဘူး။ အစိုးရပဲနစ်နာမှာ။ အစိုးရသည်အ‌ပြောင်း အလဲလုပ်တယ်ဆို‌တော့မှ ခုချိန်ထိမ‌ပြောင်းလဲတဲ့အပြင် ပြည်သူကိုနစ်နာ‌အောင် လုပ်တယ်ဆိုတာ ‌ပေါ်လွင်တဲ့ ကိစ္စဖြစ်တယ်။ အခုလက်ရှိမှာ အ‌ပြောင်းအလဲမလုပ်နိုင်တဲ့ အစိုးရလို့ မြင်ပါတယ်” ဟု ‌ပြောသည်။

ယ‌နေ့တွင် ‌နော်အုန်းလှအပါအဝင် ယခင်ဆန္ဒပြ ဦး‌ဆောင်သူများဖြစ်သည့် ဦး‌မောင်ဦး၊ ဦးငယ်(ခ)ဦးဆန်းလှိုင်၊ ‌ဒေါ်စန္ဒာမြင့် တို့ကိုလည်း ပြစ်ဒဏ်တစ်လစီချမှတ်ခဲ့ပြီး ၎င်းတို့ကို မြဝတီမြို့နယ်ရဲမှူး၊ ရဲမှူး ‌ကျော်သူရည်မှ ငြိမ်းစုစီ ဥပ‌ဒေ ပုဒ်မ(၁၉/၂၀)ဖြင့် ဧပြီလ ၂၃ရက်‌နေ့က တရားလိုပြု တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

‌နော်အုန်းလှ၏ လုပ်‌ဖော်ကိုင်ဖက်ဖြစ်သူ ကရင်အမျိုးသမီးအစည်းအရုံး-KWU၏ ဒု-ဥက္ကဋ္ဌ ‌နော်လားရှီးထူးက “သူ့ကို ‌တောင်က‌လေး ‌ထောင်မှာသွားထားလိမ့်မယ်။ တစ်လကျမှာ‌ပေါ့။ သူအပါအဝင် တခြား ဦး‌ဆောင်တဲ့သူ (၃)ဦး အားလုံး‌ပေါင်း ၄ဦးပါ ပါတယ်။ သူတို့ကိုလည်း ငြိမ်းစုစီ နဲ့ တရားစွဲခံထားရတဲ့သူ‌တွေဖြစ်တယ်”ဟု ‌ကေအိုင်စီ သို့‌ပြောသည်။

‌နော်အုန်းလှသည် ၎င်းစီမံကိန်းမဖျက်သိမ်း‌ရေးအတွက် ဆန္ဒ‌ဖော်ထုတ်ရာတွင် ကိုယ်တိုင် ဝင်‌ရောက် ပါဝင်ခဲ့ ခြင်းမဟုတ်ဘဲ ‌ဒေသခံများ၏ အကူအညီ‌တောင်းခံမှုအရ ဆန္ဒ‌ဖော်ထုတ်မှုအတွက် သွား‌ရောက်‌ပြော ဆို ဝန်းရံကူညီ‌ပေးခြင်းသာဖြစ်ပြီး ယခုလို တရားစွဲပြစ်ဒဏ်ချမှတ်ခြင်းသည် မှန်ကန်သည့် နည်းလမ်းမဟုတ်ဘဲ အနိုင်ကျင့် သည့်လုပ်ရပ်မျိုးသာဖြစ်‌ကြောင်းလည်း ‌နော်လားရှီးထူးက ဆက်‌ပြောသည်။

Photo: Nay Naw

ယ‌နေ့ တရားစီရင်မှုအပြီး မြို့နယ်တရားရုံး‌ရှေ့တွင် ‌နော်အုန်းလှအ‌နေဖြင့် မီဒီယာများနှင့် အင်တာဗျူး ‌ဖြေဆို‌ပြောကြား‌နေစဉ် တာဝန်ရှိသူရဲများက ‌ပြောဆိုမှုကိုရပ်တန့်‌စေခဲ့ရာမှ အ‌ချေအတင် စကားများမှုများလည်းဖြစ်ခဲ့‌ကြောင်းလည်း သိရသည်။

(DKBA)မှ ဗိုလ်ညီညီ ဆိုသူက ‌ရွှေမြစန္ဒီ အိမ်ယာစီမံကိန်းအ‌ကြောင်းပြချက်ဖြင့် ‌မြေကွက်များကို အကွက်ချ ‌ရောင်းစားခဲ့ခြင်းအ‌ပေါ် တာဝန်ရှိသူများ ‌ဖြေရှင်း‌ပေးရန် ‌တောင်းဆိုမှုနှင့် ပတ်သက်ပြီး ပြည်နယ်အစိုးရ နှင့် လက်နက်ကိုင်အဖွဲ့ တာဝန်ရှိသူများ ညှိနှိုင်း‌ဆွေး‌နွေးသ‌ဘောတူချက်များအရ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ အတွင်းမဲကနယ် ‌ကျေးရွာအနီးရှိ လူမ‌နေသည့် ယာယီတဲအိမ်က‌လေးများကို ယခင်နှစ် ‌ဖေ‌ဖော်ဝါရီလ ၂၂ရက် ‌နေ့က စတင်ဖယ်ရှားရှင်းလင်းမှုများပြုလုပ်ခဲ့သည်။

အဆိုပါ စီမံကိန်းသည် ဥပ‌ဒေနှင့် ကိုက်ညီခြင်းမရှိသည့်အတွက် တားဆီးအ‌ရေးယူမှုများ ပြုလုပ်ရန် ကရင်ပြည် နယ်အစိုးရမှ မြဝတီဌာန ဆိုင်ရာများနှင့် မြို့နယ် အုပ်ချုပ်‌ရေးမှူးများကို ညွန်ကြားထားမှုများရှိသလို အိမ်ရာများ တွင် ‌နေထိုင်‌နေသူများအ‌နေဖြင့် ‌ပြောင်း‌ရွှေ့‌ပေးကြရန် ဧပြီလ ၄ရက်‌နေ့တွင် သစ်‌တောဦးစီးဌာနက အ‌ကြောင်း ကြား စာထုတ်ပြန်ထားမှုကို ‌ကျေနပ်မှု မရှိခြင်း‌ကြောင့် စီမံကိန်း‌မြေတွင် ‌မြေ‌နေရာကို ‌ငွေ‌ပေးဝယ် ယူထား သူများက လူအင်အား ‌ထောင်နှင့်ချီ၍ ယမန်နှစ် ဧပြီလ ၂၁ရက်‌နေ့က မြဝတီမြို့ထဲတွင် စီတန်းလှည့်လည် ဆန္ဒ‌ဖော်မှု ဖြစ်ပွားခဲ့ကြသည်။