Home တွေ့ဆုံမေးမြန်းခန်း အင်တာဗျူးကဏ္ဍ

အင်တာဗျူးကဏ္ဍ

3368

အင်တာဗျူးကဏ္ဍ

ဒုံး နည်းပြ၊ သု‌တေသီတစ်ဦးဖြစ်သူ ဆရာ‌စောမြင့်သူ (‌စောသ‌မော့‌ဖေါင်ဟိန်)နှင့် ‌တွေ့ဆုံခြင်း
“ ကရင်ရှိရင် ဒုံးအက ရှိကို ရှိရမယ်”
ကရင်တို့၏ ရိုးရာယဉ်‌ကျေးမှု အကထဲတွင် လူသိများသည့် ကရင် ဒုံးအကနှင့် ပတ်သက်သည့် အ‌ကြောင်း အရာများ၊ ဒုံး ကရာတွင် အသုံးပြုသည့် တူရိယာ၊ သီချင်း၊ ‌နောက်ခံ အ‌ကြောင်းအရင်းများကို ဖားအံမြို့ရှိ နာမည်‌ကျော် ဒုံးဆရာ၊ ဒုံး သု‌တေသီ ဆရာ‌စောမြင့်သူ(‌စောသ‌မော့‌ဖေါင်ဟိန်)နှင့် ‌ကေအိုင်စီ-ကရင်သတင်း ဌာနက ‌တွေ့ဆုံ‌မေးမြန်းထားသည်များကို ‌ဖော်ပြလိုက်ပါသည်။

‌မေး ။ ။ ဒုံးအက ‌ပေါ်‌ပေါက်လာတာကြာပြီး၊ ‌ပေါ်‌ပေါက်လာတဲ့ ‌နောက်ခံ အ‌ကြောင်းအရင်းကို ‌ပြောပြ‌ပေးပါအုံး။
ဒုံး ဖြစ်‌ပေါ်လာတဲ့ အ‌ကြောင်း‌ပြောရမယ်ဆိုရင် ကရင်လူမျိုး‌တွေ စရှိလာကတည်းက ရိုးရာ၊ ယဉ်‌ကျေးမှုအက ‌တွေ ဓ‌လေ့၊ ထုံးတမ်း‌တွေ ရှိတယ်။ ကျ‌နော်တို့ ကရင်လူမျိုး‌တွေဟာ ‌တောင်ယာ၊ လယ်၊ ဥယျာဉ်ခြံနဲ့ အသက် ‌မွေးဝမ်း‌ကျောင်းပြုတယ်။ ‌တောင်ယာ သွားတယ်။ ‌တော‌ကောင် လိုက်တယ်။ ငါး‌တွေ ရှာစားတယ်။ အဲလိုနဲ့ အသက် ‌မွေးဝမ်း‌ကျောင်းပြုတာဖြစ်တယ်။ အဲဒီအချိန်ကတည်းက ‌တောင်ယာ‌တွေ၊ လယ်‌တွေလုပ် ‌ပေမယ့် လည်း တစ်ဦး တစ်‌ယောက်ထဲသူတို့ အပိုင်ယူတာ မရှိဘူး။ တစ်ရွာလုံးက လူကြီးလူငယ်အတူတစ်ကွ စပါးစိုက် တယ်။ ရိတ်တယ်။ စပါး‌ချွေတဲ့အချိန်၊ နားတဲ့အချိန်‌တွေဆိုရင် အပျို၊ လူပျို‌တွေက သီချင်းဆိုတယ်။ ကတယ်။

ကတဲ့အထဲမှာ အမျိုးသမီး‌တွေက မကဘူး။ အမျိုးသား‌တွေဘဲ ကတယ်။ အမျိုးသမီး‌တွေက လက်ခုပ်တီးရ တယ်။ သီချင်းဆို‌ပေးတယ်။ ကတဲ့အချိန်မှာ လက်ခုပ်တီးတာ မညီရင် မရဘူး။ လက်ခုပ်တီးမှ ကလို့‌ပျော် တယ်။ ကြည့်လို့ ‌ကောင်းတယ်။ ပြီး‌တော့ စပါးလာ‌ချွေတဲ့အချိန်မှာ ‌ရေ‌သောက်ဖို့ ယူလာတဲ့ ဝါးကျည်‌တောက်ဗူး (‌သောက်‌ရေဗူး)ကိုယူ ကတဲ့အချိန်မှာယူပြီး အဲဒီဝါးဗူးနဲ့ ‌မြေကြီးကို‌ခေါက်ချ‌တော့ ” ဒုံး…ဒုံး ” ဆိုပြီး အသံမြည် တယ်။ လက်ခုပ်တီးတဲ့ အသံနဲ့ ဝါးကျည်‌ထောက်ဗူး ‌မြေကြီးကို ရိုက်ချ‌တော့ ထွက်လာတဲ့အသံနဲ့ ကကြတယ်။ အဲဒီကတည်းကစပြီး ဒုံး ဆိုပြီး ‌ခေါ်ဆိုလာကြတာ ဖြစ်တယ်။

ဒုံး ရှိလာတာက နှစ်‌ပေါင်းကြာခဲ့ပါပြီး၊ ဘိုးဘွား‌တွေ ‌ပြောပြရာက‌နေ တစ်ဆင့် သိလာတယ်။ ‌နောက် ပြီး‌တော့ ပြန်‌လေ့လာလို့ ပြန်သိလာတာဖြစ်တယ်။ ခုဏ‌ပြောသလို စစချင်း ဒုံးကတာက အမျိုးသား‌တွေပဲ စပြီးကတယ်။ အမျိုးသမီး‌တွေ ဘာဖြစ်လို့ မကလဲဆိုရင် ကြည့်တဲ့လူ‌တွေထဲမှာ အမျိုးသား‌တွေ၊ လူကြီး‌တွေ၊ ရဟန်း သံဃာ‌တွေ ပါ‌တော့ အမျိုးသမီးကရင် မသင့်‌တော်ဘူးဆိုပြီး ‌ရှေးယခင် လူကြီး‌တွေက အဲလို‌တွေး‌တော့ အမျိုးသမီး‌တွေ မကရဘူး။ ‌နောက်ပိုင်းမှ တဖြည်းဖြည်းနဲ့ အမျိုးသမီး‌တွေပါဝင် ကလာတယ်။ အရင်က ဒုံး ကရင် စင်မြင့်မရှိဘူး။ ‌မြေကြီး‌ပေါ်မှာပဲ ကတယ်။ ကြည့်တဲ့လူ‌တွေလည်း ‌မြေကြီး‌ပေါ်မှာပဲထိုင်ကြည့်‌တော့ အမျိုးသမီး‌တွေကရင် ‌ခြေ‌တွေ၊ လက်‌တွေ ထုတ်ကရ‌တော့ ကြည့်လို့မသင့်‌တော်ဘူး။ ဒီလိုနဲ့ အရင်က အမျိုးသမီး‌တွေကို ‌ပေးမက ခဲ့တာ ဖြစ်တယ်။

‌မေး ။ ဒုံး အမျိုးအစား ဘယ်နှစ်မျိုးရှိပါသလဲ၊ ရှင်းပြ‌ပေးပါ။
‌ဖြေ။ ဒုံးအမျိုးအစားက‌တော့ အစက‌နေကြည့်မယ်ဆိုရင်‌တော့ အဓိက‌တော့ ၃မျိုးပဲရှိတယ်။ အဲဒါ‌တွေက‌တော့ အမျိုးသမီးသီးသန့် ကတာတစ်မျိုး၊ အမျိုးသားသီးသန့် ကတာတစ်မျိုး၊ အမျိုးသမီးနဲ့ အမျိုးသားနဲ့‌ရောပြီး ကတာ တစ်မျိုး ၃ မျိုးပဲ ရှိတယ်။ ‌နောက်မှ ၁၂လရာသီ ဒုံး၊ ယှားလဖလုံ ဒုံး၊ လူပျိုကြီး ဒုံး၊ ‌ကျောင်းကဒယ်ဒုံး၊ သမင် ဒုံး၊ ကျွဲ ဒုံး ၊ မိ‌ချောင်း ဒုံး၊ ‌မျောက် ဒုံး ဆိုပြီး နာမည် အမျိုးအစား‌တွေကွဲလာတာ ဖြစ်ပါတယ်။

‌မေး။ ။ ဒုံး စစချင်းဖြစ်လာတုန်းက ဘယ်လိုပုံစံမျိုးလဲ။
‌ဖြေ။ ။ ဒုံးစစချင်းဖြစ်လာတာက အဆင့် ၃ ဆင့် ရှိတယ်။ ပထမအဆင့်က ‌ခြေနှင်းဒုံး (ယါင်.တုံ.) ‌ခြေ ‌ထောက် တစ်မျိုးပဲ ကတယ် လက်မပါဘူး။ ‌နောက်ပြီး လက်‌တွေနဲ့ ပြန်ကလာတယ်။ ဒါ‌ပေမယ့် အခုလို မမြန်ဘူး။ ဖြည်းဖြည်းပဲ ကတယ်။ အဲဒါက အိုင်ဒုံး (အါင်တုံ.)လို့ ‌ခေါ်တယ်။ အိုင်ဒုံး ရှိလာပြီး‌နောက်ပိုင်း ကြာလာ‌တော့ ‌ခြေလက်မကဘဲ ‌ခေါင်း၊ ပခုံး ပါလာပြီး ‌ပေါ့‌ပေါ့ပါးပါး မြန်မြန်ဆန်ဆန် ကလာတယ်။ အဲဒါက ဒုံးအကလို့ ‌ခေါ် တယ်။ အဲဒီက‌နေတစ်ဆင့်မှ ခုဏက‌ပြောတဲ့ လူပျိုကြီး ဒုံး၊ ‌ကျောင်းကဒယ် ဒုံး၊ ကျွဲ ဒုံးအစရှိတဲ့ ဒုံး‌တွေ ကွဲလာတယ်။

ဒုံးအက ကတယ်ဆိုရင် တစ်‌ယောက်ထဲ ကတတ်လို့လည်း မရဘူး။ တစ်‌ယောက်ပဲ မကတတ်တာ ရှိရင်လည်း ကြည့်လို့ မ‌ကောင်းဘူး။ အမျိုးသမီးဆိုရင်လည်း တူတူညီညီပဲ ကရတယ်။ အမျိုးသားလည်း အတူတူ၊ အညီညီပဲ ကရမယ်။ ‌ရှေးယခင် လူကြီး‌တွေဆိုရင် ကရင်လူမျိုး စည်းလုံးမှု ဘယ်‌လောက်ရှိလဲဆိုတာကို ဒုံး အကနဲ့ ဥပမာပြ‌လေ့ရှိတယ်။ ဒုံး အကလိုမျိုး အတူတူညီညီညာ ရှိရမယ်ဆိုပြီး ‌ပြော‌လေ့‌ပြောထ ရှိတယ်။

‌မေး။ ။ ဒုံးအကထဲက သီချင်းဆိုရင် ဘယ်လိုအ‌ကြောင်းအရာကိုယူပြီး သီချင်း‌ရေးဖွဲ့‌လေ့ရှိပါသလဲ ရှင်းပြ ‌ပေးပါ။
‌ဖြေ။ ။ အရင်တုန်းကဆိုရင် ‌ရှေးယခင်လူကြီး‌တွေရဲ့ ‌ရှေးရိုးစကား‌တွေကိုယူပြီး ‌ရေးဖွဲ့‌လေ့ ရှိတယ်။ ပြီး‌တော့ ရွာထဲက အ‌ခြေအ‌နေ အ‌ကြောင်းအရာ‌တွေကိုလည်း ‌ရေး‌လေ့ရှိတယ်။ ‌နောက်ပိုင်း ‌ခေတ်‌တွေ ‌ပြောင်းလဲ လာ ‌တော့ ‌ပြောင်းလဲလာတဲ့ ‌ခေတ်‌ရေစီး‌ကြောင်းအလိုက် အ‌ကြောင်းအရာ‌တွေကို သီကုံး‌ရေးဖွဲ့ လာတာလည်း ရှိတယ်။ ‌နောက်ပြီး ဒုံးအက‌တွေက ပြိုင်ပွဲဝင်လာတာရှိလာ‌တော့ သွားပြိုင်မယ့်ပွဲက ဘာပွဲလဲ။ ပွဲကျင်းပတဲ့ ရည်ရွယ်ချက်က ဘာလဲ။ ပွဲကိုကြည့်ပြီး သီချင်း‌ရေးစပ်တာ‌တွေ ရှိလာတယ်။

‌မေး။ ။ ဒုံး သီချင်းထဲမှာ ‌မောင်ယိုး‌လေး … ‌လေး… ‌လေး ဆိုပြီး ထည့်ရတာရှိတယ်။ အဲဒါရဲ့ အဓိပ္ပါယ်က ဘာ‌တွေလဲ ရှင်းပြ‌ပေးပါ။
‌ဖြေ။ ။ လယ်လုပ်ငန်း၊ ခြံလုပ်ငန်းက‌နေ လုပ်ကိုင်လာတာတစ်ဆင့် ဒုံးဆိုတာဖြစ်လာတယ်လို့ လူကြီး‌တွေက ‌ပြောတာရှိတယ်။ ‌နောက်တစ်ခုက‌တော့ လူကြီး‌တွေက ပြန်စဉ်းစားလာတာက ဒုံး စစချင်း ဖြစ်လာတုန်းက အမျိုးသား‌တွေပဲ ကတယ်ဆို‌တော့ ဒုံးဖြစ်လာတာဟာ ဘုန်းကြီးပျံ ပွဲက‌နေ တဆင့်လား‌ပေါ့‌နော်။ ဘာဖြစ်လို့ ‌ပြောရလဲဆိုရင် အရင်တုန်းက ဘုန်းကြီးပျံပွဲ‌တွေမှာ အမျိုးသား‌တွေကြီးပဲ ပြသာဒ်ကိုထမ်းပြီး ‌ခြေ‌ထောက် ‌တွေပဲက ရတယ်‌လေ။ အဲဒီက‌နေတစ်ဆင့် ဖြစ်လာတာလား‌ပေါ့၊ အဲလိုစဉ်းစားတာ‌တွေရှိတယ်။ အရင်တုန်းက ဘုန်းကြီးကို သဂြင်္ီုဟ်ခါနီးမှာ ပြဿဒ်‌ပေါ်မှာရှိတဲ့ ဘုန်းကြီးရုပ်ကလာဒ်ကို မီးရှှို့ဖို့က ဝါးထဲမှာ ယမ်းထည့်ထားတဲ့ ကရင်လို(က‌လောက်ယို) ‌ခေါ်တယ်။ အဲဒါကို အ‌ပေါ်မှာလှမ်းပစ်ရတယ်။

‌ရှေးယခင်းတုန်းက ကရင်အမျိုးသား‌တွေဟာ အချင်းချင်းဆိုရင် ကရင်လို‌မောင် လို့‌ခေါ်ကြတယ်။ ‌နောက်ပြီး ခုဏက‌ပြောတဲ့ က‌လောက်ယိုက‌လေး‌တော့ အဲဒီက‌လောက်ယို ကိုထမ်းရင်နှစ်‌ယောက်၊ သုံး‌ယောက်၊ ထမ်းရ တယ်။ ထမ်းတဲ့အချိန်မှာ လမ်း‌လျှောက်‌တော့ မြန်တဲ့လူရှိသလို ‌နှေးတဲ့လူလည်း ရှိတယ်။ ‌နှေးတဲ့ လူ‌တွေက‌တော့ မြန်တဲ့လူကို‌ခေါ်ရင် ‌မောင်ယို ခဏ‌စောင့်အုံး၊ ‌မောင်ယိုဆိုပြီး ‌ခေါ်‌တော့ အဲဒီက‌နေတဆင့် ဒုံး အကထဲမှာ ‌မောင်ယို သုံးတယ်လို့ ‌ပြောကြတာ ရှိတယ်။ ‌မောင်ယိုက‌နေတဆင့် နှစ်‌ပေါင်းကြာလာပြီး သီချင်းအသံ‌တွေ စွဲဆိုရတဲ့ အခါကျ‌တော့၊ ‌မောင်ယို့ ဆိုပြီး အသံထွက်လာတာဖြစ်တယ်။ အဲလို ရှိတယ်လို့ ‌ပြောတယ်။

‌မေး။ ။ ဒုံး အကထဲက ကကွက်‌တွေက ဘယ်အရာကို အ‌ခြေခံပြီး ကတာလဲ။
‌ဖြေ။ ။ ဒုံး အက ကတဲ့အခါမှာ သရုပ်‌ဆောင်ကပြရတဲ့ အ‌ခြေခံကကွက် အမျိုးအစား ၅မျိုး ရှိတယ်။ အဲဒါ က‌တော့ ‌ခေါင်း၊ ခါး၊ ‌ခြေ၊ လက်၊ ပုခုံး အားပြုပြီး ကရတဲ့ ကကွက်‌တွေ ဖြစ်ပါတယ်။ ကရင်လို ဆိုရင်‌တော့ (ထ်ုဝီ.သာ)၊ (လယ်လဝ်.သာ)၊ (ယုဂ်ယုက်သာ) ၊ (ထု်ယုင်.သာ)၊ (ခွိက်ယှူ့) ဆိုပြီ ၅ မျိုးရှိတယ်။ ကတဲ့ အချိန်မှာ ‌ခြေလက်‌မြှောက်တာ ‌ပေါ်‌အောင် အကွက်ကို အတန်းလိုက် ကကွက်စီတယ်။

ကတဲ့အခါမှာ ‌ပြေးပြီး ကရတာ ရှိတယ်။ ထိုင်လိုက်၊ ထလိုက် ကရတာ ရှိတယ်။ ကကွက်‌ဖော် အတန်းလိုက်နဲ့ ကမှ အမျိုးသား‌ရော၊ အမျိုးသမီး‌ရော ကကွက်‌တွေ ‌ပေါ်တယ်။ ကြည့်လို့လည်း ‌ကောင်းတယ်။ ကြည့်ရတာ လည်း မပျင်း‌တော့ဘူး။ မြူးမြူး၊ ကြွကြွ ဖြစ်တာ‌ပေါ့။ ကကွက် ‌ဖော်တာက‌တော့ ဒုံး ဆရာအ‌ပေါ်မှာပဲ မူတည် တယ်။ ကကွက်‌တွေ မရိုး‌အောင် ကြည့်ရှုသူပရိဿတ်အတွက် မရိုး‌အောင် အသစ်သစ် ပြန်ထွင်လာတာ အခု လက်ရှိ အချိန်ထိပါပဲ။

‌မေး။ ။ ဒုံးအကထဲမှာ ရာဓညာက ဘာ‌ကြောင့် ပါရသလဲ။ ဒုံးနဲ့အတူတူ ဘာ‌ကြောင့်တွဲဖက် သီးဆိုကပြရလဲ ဆိုတာ ရှင်းပြ‌ပေးပါ။
‌ဖြေ။ ။ ရာဓညာနဲ့ ဒုံး နဲ့က တူတူပဲဖြစ်လာတယ်။ ရာဓညာစကားက ပါဠိစကားက‌နေ ဆင်းသက်လာတာ။ ပဠိ ပျက်‌ပေါ့‌နော်၊ အဓိပ္ပါယ်က ဆု‌တောင်းခြင်းဖြစ်တယ်။ ဘာ‌ကြောင့် ရာဓညာပါရသလဲဆိုရင် ဟိုးအရင်တုန်းက ဒုံး ကပြီးရင် တိတ်ဆိတ်သွားပြီး။ ကြည့်တဲ့ပရိဿတ်‌တွေက ဆု‌တောင်းစကား ရာဓညာဆိုခိုင်းချင်ရင် ဒုံးအဖွဲ့ ထဲက အသံအ‌ကောင်းဆုံး တစ်‌ယောက်ကို ‌ရွေးပြီးဆိုရတယ်။ အရင်တုန်းက‌တော့ ဒုံးအကပြီးမှ ရာဓညာဆိုတာ ‌ပေါ့။ ‌နောက်ပိုင်းမှာ ရာဓညာဆိုတဲ့လူက တဖြည်းဖြည်းနည်းလာ‌တော့ ‌ပျောက်သွားမှာ စိုးရိမ်တဲ့အတွက် လူကြီး ‌တွေက ရဓညာကို ဒုံးမစခင်မှာ အရင်ဆိုခိုင်း လိုက်တယ်။

ရာဓညာ တစ်မျိုးပဲသီးသန့် ဆိုပါဆိုရင်လည်း သူများသိပ်မကြည့်နိုင်ဘူး။ အဲဒါ‌ကြောင့် ဒုံးနဲ့ ဆက်နွယ်တယ် ဆို‌တော့ ဒုံးမကခင် အချိန်မှာ ဒုံးအဖွဲ့ထဲက အသံအ‌ကောင်းဆုံးတစ်‌ယောက်ကို ‌ရွေးပြီး ရာဓညာ ဆိုခိုင်းတာ ဖြစ်တယ်။ အရင်တုန်းက‌တော့ ရာဓညာ သီချင်းဆိုတဲ့လူ‌ဘေးနားမှာ သွားပြီးကလို့ ရတယ်။ အဲဒီသွားကတဲ့ လူ ကလည်း သွားကချင်တိုင်း ကလို့မရဘူး။ ဆုတစ်ခုခု‌ပေးမှ တွဲကလို့ ရတယ်။ ဆု‌ပေးတယ်ဆိုတာက တန်ဖိုး ကြီးဆု မဟုတ်ဘူး။ အရင်တုန်းဆို ‌ဆေးလိပ်တစ်လိပ်ဖြစ်ဖြစ် ‌ပေးရတယ်။ ‌ပေးပြီး‌ပေမယ့် ရာဓညာဆိုတဲ့လူက နာမည် မ‌ခေါ်ရင် ဝင်ကလို့ မရဘူး။ နာမည်‌ခေါ်ပြီးမှ ဝင်ကလို့ရတယ်။

ရာဓညာ သီချင်းကို သွားကမယ့် ပွဲအ‌ပေါ်မူတည်ပြီး ‌ရေးစပ်ရတယ်။ ရိုးရာဓ‌လေ့ပွဲတယ်ဆိုရင် ပွဲနဲ့သက်ဆိုင်တဲ့ အ‌ကြောင်းအရာ၊ အလှူပွဲတို့ နာ‌ရေးပွဲတို့ဆိုရင် တစ်ဦးတစ်‌ယောက်အတွက် ပွဲဖိတ်တဲ့ အလှူရှင်အတွက် ဆု ‌တောင်သီချင်း ရာဓညာ ဆိုရတာ‌တွေ ရှိပါတယ်။ ‌နောက်တစ်ခုက ဒုံးထဲမှာ ‌နောက်ထိုင်က မရှိမဖြစ် ပါရတယ်။ ‌နောက်ထိုင်‌ပေး‌ပျောက်လို့မရဘူး သမိုင်းရှိတယ်။ အရင်တုန်းက‌တော့ ဒုံးကတဲ့အချိန်မှာ အတီးအမှုတ် တီးတဲ့ လူ‌တွေကို အ‌နောက်က သီချင်းဆိုတဲ့လူ‌တွေ‌ကော ပရိဿတ်‌တွေနဲ့အတူ ထိုင်တယ်။ အဲဒီကတည်းက ‌နောက်ထိုင်က ရှိထားတာ။

‌နောက်ပိုင်း ပြိုင်ပွဲကျင်းပလာကြတာ ရှိလာ‌တော့ စင်‌တွေနဲ့ကရတယ်။ စင်‌တွေရှိလာ‌တော့ အ‌ရှေ့မှာ ပရိဿတ် နဲ့အတူ ‌ပေးထိုင်လို့ မရ‌တော့ဘူး။ ဒုံး ကတဲ့သူ‌တွေရဲ့အ‌နောက်မှာ အတီးအမှုတ်သမား‌တွေနဲ့ အတူတူ မတ်တပ် ရပ်ရတာဖြစ်တယ်။ အခုမှ ‌နောက်ထိုင်ဆိုတဲ့ စကားလုံးက နား‌ထောင်မ‌ကောင်းဘူး။ ‌ပြောင်းချင်‌ပေမယ့် ‌ပြောင်း လဲလို့ မရဘူး။ သူ့သမိုင်းနဲ့ သူလာခဲ့တာ ဖြစ်ပါတယ်။

‌မေး ။ ။ ဒုံးအက တိုက်ပြီသွားပြီးဆိုရင် နတ်တင်ရတာ ရှိတယ်။ နတ်တင်ရတဲ့ အဓိပ္ပါယ်ကို ရှင်းပြ‌ပေးပါ။
‌ဖြေ ။ ။ နတ်တင်တာက ယုံကြည်မှုတစ်ခုပဲ။ ဒုံးရဲ့ အဂင်္ါရပ်ထဲမှာ‌တော့ မပါဘူး။ ရွာရဲ့ လုပ်ရိုး၊ လုပ်စဉ် ယုံကြည်ချက်‌တွေ ဦး‌ဆောင်သူ ယုံကြည်ချက်‌တွေ ပါပဲ။ တစ်ချို့ရွာ‌တွေက မလုပ်တာရှိတယ်။ တချို့ လုပ်ရင် လည်း တစ်ရွာနဲ့ တရွာလုပ်ရိုးလုပ်စဉ် ယုံကြည်ချက် မတူဘူး။ လုပ်ပုံလုပ်နည်း‌တွေ မတူတာရှိပါတယ်။ တချို့က နတ်တင်လိုက်ရမှ ပြိုင်ပွဲဝင်ကတဲ့အချိန်မှာ စိတ်‌ပျော်ရွှင်‌စေတယ်။ အ‌နှောင့်အယှက်‌တွေမရှိဘူး။ အဲလိုယုံကြည်မှု ‌တွေနဲ့‌ပေါ့။ မလုပ်လည်း ရပါတယ်။ နတ်တင်တဲ့အချိန်မှာ နတ်ပင့်ထားတယ်ဆို‌တော့ ‌မြေချ(နတ်ပြန်ပို့)၊ နတ်ပြန်ပို့ပြီးဆိုရင် ဒုံးဖြုတ်လိုက်ပြီး ဒီတစ်နှစ်‌တော့ မက‌တော့ဘူး။ အဲဒါ‌တွေ‌တော့ ရှိပါတယ်။

‌မေး။ ။ ဒုံးပြိုင်ပွဲဝင်မယ်ဆိုရင်၊ သတ်မှတ်ချက် ဘယ်လို‌တွေ ရှိပါသလဲ။
‌ဖြေ။ ။ ဒုံးပြိုင်မယ်ဆိုရင် သတ်မှတ်ချက်‌တွေက အများကြီး ရှိပါတယ်။ ကတဲ့အချိန် အမျိုးသမီးနဲ့ အမျိုးသား ပါဝင်မှု အ‌ရေအတွက် တူရမယ်။ အရပ် အနိမ့်အမြင့်လည်း တူရမယ်။ ဒုံးကမဲ့သူ‌တွေထဲမှာ အရပ်အနိမ့်အမြင့် မတူဘူး။ မတူ‌ပေမယ့်လည်း စီတတ်ရင် မသိသာဘူး‌ပေါ့။

ဝတ်စားဆင်ယင်မှု အပိုင်းက‌တော့ အမျိုးသမီးဆိုရင် ‌ခေါင်း‌ပေါင်း ‌ပေါင်းပြီးအ‌ရှေ့မှာ ‌ခေါင်း‌ပေါင်းအစကို ‌ဘေး တစ်ဖက်စီချရတယ်။ ချတဲ့အခါမှာလည်း နှစ်ဖက်စလုံး ညီရမယ်။ လုံချည်ဝတ်ရင်း အားလုံးဘယ်ဖုံး ဝတ်ရ တယ်။ အမျိုးသားဆို ‌ခေါင်း‌ပေါင်း‌ပေါင်းရင် ညာဘက်ချရတယ်။ ဘာဖြစ်လို့လဲဆိုရင် အမျိုးသာ‌တွေက ညာ လက်ရုံး ဆိုရင်း အားပိုကြီးတယ်။ ညာဘက်လက်က ဘုန်းကြီးတယ်၊ ဆိုတဲ့အယူအဆနဲ့ ပြတာလည်း ပါတယ်။ ဒုံး ကတဲ့ အမျိုးသား‌တွေက ‌အောက်ခံ အကျင်္ီလက်ရှည်အဖြူ‌ရောင် ခံဝတ်တာက ကြည့်လို့ ‌ကောင်း‌အောင်ပါ။ ‌နောက်ပိုင်း မှ ပြန်ဝတ်တာ ဖြစ်တယ်။

အရင်တုန်းကဆိုရင် အ‌ပေါ်ကရင်အကျင်္ီတစ်ထည်ပဲ။ အပျို၊ လူပျိုကတဲ့ ဒုံးဆို အမျိုးသား‌တွေ ‌အောက်ခံအကျင်္ီ အဖြူ‌ရောင် ဝတ်တယ်။ ကျန်တဲ့ ‌ကျောင်ကဒယ် ဒုံး၊ ကျွဲ ဒုံး၊ လူပျိုကြီး ဒုံး၊ ‌တွေက‌တော့ ကရင်အကျင်္ီ တစ်ထပ်ပဲ ဝတ်ပါတယ်။ ‌နောက်တစ်ခုက ကကွက်‌တွေမရိုး‌အောင် ဒုံးဆရာ‌တွေက ပြန်ဆန်းသစ်ထွင်ကြတယ်။ ဒါ‌ပေမယ့် ကိုယ့်ရဲ့ ဒုံး ကကွက် မ‌ပျောက်‌အောင်‌တော့ တီထွင်ရတာ‌ပေါ့။

‌မေး။ ။ ဒုံးကတဲ့အခါ အသုံးပြု‌လေ့ရှိတဲ့ တူရိယာ‌တွေ အ‌ကြောင်းကိုလည်း ‌ပြောပြ‌ပေးပါ။
‌ဖြေ။ ။ ဒုံး အကထဲမှာတူရိယာ ပစ္စည်း ၇ မျိုး ပါဝင်ရပါတယ်။ ထား(အိုးစည်)နဲ့ ဘင်၊ ဝါးလက်ခုပ်၊ နှဲ၊ ဖားစည်၊ ကျွဲချို၊ ‌မောင်းအ‌သေး၊ လင်းကွင်းအ‌သေး၊ လင်းကွင်းအကြီး အဲဒါ‌တွေ ပါရတယ်။ ဒါက ကြည့်ရှုတဲ့လူ ကြည့်လို့ ‌ကောင်း‌အောင်။ တက်ကြွတဲ့ အသံရှိ‌အောင်၊ ဒီတူရိယာပစ္စည်း‌တွေ ပြန်ထည့်ရတာ ဖြစ်တယ်။ အရင်ဘိုးဘွား စဉ်ဆက် တုန်းကက‌တော့ ဝါးကျည်‌ထောက်ဗူးနဲ့ပဲ ‌ခေါက်ပြီး ကတယ်။ အဲဒီဝါးကျည်‌ထောက်ဗူးနဲ့ ‌ခေါက်ပြီး တမျိုးထဲသုံးရင် အခုလို တိုးတက်လာတဲ့အချိန်မှာ ကြည့်လို့ဘယ်‌ကောင်းမလဲ။ အဲဒါ‌ကြောင့် ဒီတူရိယာ‌တွေကို ‌နောက်ပိုင်း ပြန်ထည့်တာ ဖြစ်တယ်။

‌မေး။ ။ အခု လက်ရှိ ဒုံး ‌လောက အ‌ခြေအ‌နေ ဘယ်လိုရှိလဲ။
‌ဖြေ။ ။ ဒုံးတစ်ဒုံးဖြစ်ဖို့က ပိုက်ဆံ သိန်း ၁၀၀၊ သိန်း၂၀ဝ မရှိရင် ဒုံးဖြစ်ဖို့က မလွယ်ဘူး။ အဲလိုကုန်ကျမှု များ‌တော့ ရွာ‌သေး‌တွေက လုပ်လို့မနိုင်‌တော့ ၄ ရွာ ၅ ရွာစုပြီး ဒုံး တစ်ဒုံး လုပ်တယ်။ ဒုံး စဖွဲ့ပြီးဆိုရင် ဦး‌ဆောင် တဲ့လူ‌တွေ ဒုံးဆရာ‌တွေ လိုအပ်တယ်။ အချိန်‌ပေး နိုင်ရမယ်။ ဒုံး ကပြီးဆိုရင် အချိန်‌ပေးရ‌တော့ တချို့မိဘ‌တွေ က ‌ပေးမကဘူး။ မိဘ‌ပေးကတဲ့ က‌လေး‌တွေကျ တချို့က မကချင်ဘူး။ တချို့က‌လေး‌တွေက ရတာကို ပဲကြည့်တာရှိပြန်တယ်။ ဒီ ဒုံးအဖွဲ့က အကျင်္ီတစ်ထည်ပဲရတယ်။ ဟို ဒုံးမှာက နှစ်ထည် ရမယ်။ မုန့်ဖိုး များများ ရမယ်။ အဲလိုကြည့်တာ‌တွေ လည်းရှိ‌တော့ ကတဲ့သူ‌တွေ တဖြည်းဖြည်း နည်းလာတယ်။ ‌နောက်တစ်ခုက အမှတ် ‌ပေးတဲ့ဒိုင်‌တွေက အမှတ်‌ပေးဆုံးဖြတ်တဲ့အခါမှာ ဆုရသင့်ရထိုက်တဲ့ ဒုံးက မရတဲ့အခါကျ‌တော့ တချို့ က စိတ်ဝင်စားလာမှုနည်းတယ်။
တချို့ကျ‌တော့ သူတို့အား‌ပေးတဲ့ ဒုံး ဆုရချင်တဲ့ ဒုံးဆုမရရင် ‌ပြောပြီး၊ နာမည်လိုက်ဖျက်ပြီး။ ဒါက အရမ်း ရှက် ဖို့ ‌ကောင်းပါတယ်။ ကိုယ့်လူမျိုးအတွက်လည်း မ‌ကောင်းဘူး။ ပြိုင်ပွဲဝင် ဒုံး ‌ကောင်း‌ကောင်း တစ်ဒုံး ဖြစ်ဖို့က အဖက်ဖက်က ဝိုင်းဝန်းပံ့ပိုး‌ပေးနိုင်မှ ‌ကောင်းတဲ့ ဒုံး တစ်ဒုံး ထွက်မှာ ဖြစ်တယ်။ ဒုံး အကပြိုင်တယ်ဆိုတာ ရိုးရာ၊ ယဉ်‌ကျေးမှု အကကို ထိန်းသိမ်းမြှင့်တင်ခြင်း တမျိုးပါပဲ။ ကျ‌နော်တို့ ကရင်လူမျိုးမှာ အားနည်းချက် တစ်ခုက တကယ်လို့ ဒုံး ကတဲ့ အဖွဲ့ ၅ ဖွဲ့၊ ၆ ဖွဲ့ ရှိလာရင် မပြိုင်ဘူးဆိုရင် ဖြစ်သလိုပဲ ကတဲ့အကျင့် တစ်ခု ရှိတယ်။ ညီညီညာညာ မက‌တော့ဘူး။ ‌ခေါင်း‌ပေါင်း ပြုတ်ရင်လဲ ဂရုမစိုက်ဘူး။

သီချင်းဆိုတာလည်း အ‌ပေါက်မတည့် ‌တော့ဘူး။ တူရိယာပစ္စည်း‌တွေ မစုံလည်း ရတယ်။ အဲလို သ‌ဘောထားနဲ့ လုပ်တတ်ကြတယ်။ အဲဒါ‌ကြောင့် အဲဒီလို‌တွေမဖြစ်‌အောင် ကိုယ့်ရိုးရာယဉ်‌ကျေးမှု ထိန်းထိန်း သိမ်းသိမ်းရှိ‌အောင်၊ တန်ဖိုးထားတတ်‌အောင် ဒုံးပြိုင်ပွဲ လုပ်တာက အ‌ကောင်းဆုံးပဲလို့ ကျ‌နော်အ‌နေနဲ့ မြင်ပါတယ်။

‌မေး။ ။ ဒုံး အ‌ကြောင်းနဲ့ပတ်သက်ပြီး ဘာများဖြည့်စွက် ‌ပြောချင်တာ ရှိပါသလဲ။
‌ဖြေ။ ။ ဒုံး ရိုးရာအကဟာဆိုရင် ဘာသာ‌ရေးနဲ့ မဆိုင်ပါဘူး။ ယုံကြည်မှုနဲ့လည်း မဆိုင်ဘူး။ ရိုးရာ၊ ယဉ်‌ကျေးမှု အက ဖြစ်တယ်။ ကရင်တစ်မျိုးသားလုံး ကလို့ရတဲ့ အက ဖြစ်တယ်။ ဒုံးကတဲ့အချိန်မှာ အမျိုးသား‌တွေက အား‌တွေ အသုံးပြုပြီး တက်တက်ကြွကြွ ကရတယ်။ အမျိုးသမီး‌တွေက ‌ခြေ၊ လက်၊ ခါး၊ ‌ခေါင်း ငြိမ့်ငြိမ့်‌လေး ဖြည်းဖြည်း‌လေး ကရတာ ရှိတယ်။ အမျိုးသမီးနဲ့ အမျိုးသားကတာ မြူးကြွ တာမြန်တာ မတူကြ‌ပေမယ့် ကြည့်လို့ ‌ကောင်းတာက ဒုံးအကပဲ ရှိတယ်။ ဘယ်နိုင်ငံပဲဖြစ်ဖြစ် ကရင်ရှိရင် ဒုံး အက ရှိကိုရှိရမယ်။ ဒုံး အကကို ထိန်းသိမ်းဖို့က ကျ‌နော်တို့ ကရင်လူမျိုးအားလုံး ဝိုင်းဝန်းထိန်းသိမ်းမှရမယ်လို့ ကျ‌နော်‌ပြောချင်ပါတယ်။