Home သတင်း ထိုင်းနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများ၏တန်ဖိုး ပိုမို အသိအမှတ်ပြုခံရရန် ရိုးရာနှီး‌နှောဖလှယ် ပြသပွဲပြုလုပ်

ထိုင်းနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများ၏တန်ဖိုး ပိုမို အသိအမှတ်ပြုခံရရန် ရိုးရာနှီး‌နှောဖလှယ် ပြသပွဲပြုလုပ်

3460

‌ဖေ‌ဖော်ဝါရီလ ၁၅ရက်၊ ၂၀၂ဝခုနှစ်။ စအိုင်ဆူး

တိုင်းရင်းသားလူမျိုးများ၏ တန်ဖိုးကို ပိုမို အသိအမှတ်ပြုခံရရန် ရည်ရွယ်၍ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ရှိ မြို့နယ် ငါးမြို့ နယ်အတွင်း ‌နေထိုင်‌နေကြသည့် တိုင်းရင်းသားက‌လေးငယ်များ၏ ရိုးရာ နှီး‌နှောဖလှယ်ခြင်းနှင့် ပြသခြင်းကို ‌ဖေ‌ဖော် ဝါရီလ ၅ရက်(ယ‌နေ့)တွင် မဲ‌ဆောက်မြို့ပန်းခြံအနီး၌ စု‌ပေါင်းကျင်းပပြုလုပ်ကြသည်။

တာ့ခ်ခရိုင်အတွင်းရှိ အုန်းဖန်၊ ဖုတ်ဖရ၊ မဲ‌ဆောက်၊ မယ်ရမတ်နှင့် ထာ့(မ်)‌ဆောင်ယမ်း မြို့နယ် ငါးမြို့နယ်အတွင်း ‌နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများ၏ ရိုးရာ၊ယဉ်‌ကျေးမှုနှင့် ဓ‌လေ့ထုံးထမ်းများကို ပြသကြပြီး တက်‌ရောက်သူ များကိုယ်တိုင်‌လေ့လာပါဝင်ခွင့်ရရန်နှင့် နားလည်လာ‌စေရန် ပြုလုပ်သည့်ပွဲဖြစ်‌ကြောင်း ဦး‌ဆောင်စီစဉ်သူများက ဆိုသည်။

“အရင်တုန်းက တချို့ထိုင်း‌တွေက ‌ပြောရမယ်ဆိုရင် တိုင်းရင်းသား‌တွေကို အဖြစ်မရှိတဲ့သူ‌တွေ သူတို့ထက် နိမ့်ကျ တဲ့သူ‌တွေလိုမြင်ကြတယ်။ ဒါ‌ပေမဲ့ ကျ‌နော်တို့ ရိုးရာယဉ်‌ကျေးမှု အနည်းဆုံး‌လေးခု‌လောက်ကို လာ‌ရောက်ပြီး ကိုယ် တိုင်မြင်‌တွေ့သွားရင် ကျ‌နော်တို့ရဲ့ အသိပညာ အတတ်ပညာ‌တွေကို အ‌ကောင်းဘက်က‌နေမြင်ပြီး သူတို့ ဦး‌နှောက် ထဲမှာ၊ ရင်ထဲမှာ စွဲမှတ်သွား‌စေပြီး‌တော့ ကျ‌နော်တို့ကို တန်းတူရည်တူ ဆက်ဆံသွားမှာဖြစ်တယ်။”ဟု အစီအစဉ်ကို ဦး‌ဆောင်သူ ထိုင်းနိုင်ငံသား ကရင်‌တေးသံရှင် ‌စောချစ်က ‌ကေအိုင်စီသို့‌ပြောသည်။

Srinakharinwirot University (SWU) တက္ကသိုလ်မှ ဦး‌ဆောင်၍ ပြုလုပ်သည့် အဆိုပါပွဲ၌ ကဏ္ဍ‌လေးရပ် ပါဝင်ပြီး တိုင်းရင်းသားများ၏ အစားအ‌သောက်များပြုလုပ်စား‌သောက်ခြင်း၊ ရိုးရာလက်မှုပညာများ ပြုလုပ်ဖန်တီးခြင်း၊ က‌လေးကစားစရာများဖန်တီးခြင်းနှင့် ရိုးရာအကအလှများပြသခြင်းတို့ပါဝင်သည်။

ထို့အပြင် အစီအစဉ်သို့ တက်‌ရောက်ပါဝင်သူများအ‌နေဖြင့် တိုင်းရင်းသားများ၏ အစားအ‌သောက်များ၊ ရိုးရာလက်မှု ဖန်တီးမှုများ၊ ကစားစရာများ ဖန်တီးခြင်းများတွင် အဖိုးအခ‌ပေးရန်မလိုပဲ မိမိကိုယ်တိုင် ဝင်‌ရောက်လုပ်ကိုင်ခြင်း၊ ဖန်တီးခြင်းနှင့် ကစားခြင်းများ ပြုလုပ်ရမည်ဖြစ်ပြီး မိမိဖန်တီးလုပ်‌ဆောင်သည့်အရာများကို အခမဲ့ ယူ‌ဆောင်သွားခွင့် ရှိကာ ထိုသို့ကိုယ်တိုင်ပါဝင်ခြင်းဖြင့် တိုင်းရင်းသားလူမျိုးများ၏ အသိပညာ၊ အတတ်ပညာများကို တန်ဖိုးထား အသိ အမှတ်ပြုသွား‌စေမည်ဖြစ်‌ကြောင်းလည်း ‌စောချစ်က ‌ပြောသည်။

ယ‌နေ့ညက ပြုလုပ်သည့် ပွဲကို ထိုင်းနိုင်ငံအတွင်းရှိ‌နေထိုင်ကြသည့် ကရင်လူမျိုးများ အပါအဝင် ကချင်၊ သျှမ်း (ရှမ်း)၊ လားဟူ၊ ‌မြောင်၊ ပအိုဝ်း စသည့် တိုင်းရင်းသားလူမျိုးများနှင့် ကရင်ပြည်နယ်မှ ကရင်လူငယ်များလည်း ပါဝင်၍ ရိုးရာ၊ ဓ‌လေ့ထုံးတမ်းများဆိုင်ရာ အကအလှ အစားအ‌သောက်၊ လက်မှုပညာရပ်များအပြင် သဘာဝ ပတ်ဝန်းကျင်ထိန်း သိမ်းမှုပုံစံများကိုလည်း ပြသခဲ့ကြသည်။

အစီအစဉ်တွင် ‌တေးသီချင်းဖြင့် လာ‌ရောက်ပါဝင် ‌ဖျော်‌ဖြေ‌ပေးသူ သူးမွဲခီး‌ကျောင်းမှ အ‌မေရိကန်နိုင်ငံသား ဘရန်ဒယ်က “အရင် မူလကတည်းက ဒီလိုပဲ စား‌သောက်‌နေထိုင်‌နေခဲ့တာကို အခု လူငယ်‌တွေ မထိန်းသိမ်းဘူး ဆိုရင် ‌ပျောက်ကွယ်သွားမှာပဲ။ လူငယ်‌တွေမှ ဒါ‌တွေကို မထိန်းသိမ်းဘူးဆိုရင် ‌နှောင်လာမဲ့ နှစ် ၃ဝအတွင်းမှာ ‌တောင် ‌ပျောက်ကွယ်သွားမှာပဲ။ ဒါ‌ကြောင့် ‌ပျောက်ကွယ်‌အောင် မလုပ်ဘဲ ဒါ‌တွေကို ဆက်လုပ်ဖို့ လိုတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းတိုင်းရင်းသားလူငယ်ယဉ်‌ကျေးမှု နှီး‌နှောဖလှယ်ပွဲကို ယခင် ၂၀၁၆ခုနှစ်မှစ၍ နှစ်စဉ် ပြုလုပ်လာခဲ့ပြီး စတုတ္ထ အကြိမ်‌မြောက် နှီး‌နှောဖလှယ်ပွဲကိုလည်း မဲ‌ဆောက်မြို့တွင် အလားတူ ပြုလုပ်ခဲ့သည်။