Home သတင်း တပ်မ‌တော်၏ အ‌ကြောင်းမဲ့ ပစ်ခတ်မှုများ‌ကြောင့် ‌ဒေသခံရွာသား ထိခိုက်ဒဏ်ရရှိဟု KNU ‌ပြော

တပ်မ‌တော်၏ အ‌ကြောင်းမဲ့ ပစ်ခတ်မှုများ‌ကြောင့် ‌ဒေသခံရွာသား ထိခိုက်ဒဏ်ရရှိဟု KNU ‌ပြော

3688
(KNU တပ်မဟာ ရုံးထိုင်မှူး ဗိုလ်မှူး ‌စောကလယ်ဒို့)

‌ဖေ‌ဖော်ဝါရီ ၁ဝ ရက်၊ ၂၀၂ဝ ခုနှစ်။ ‌ကေအိုင်စီ

မူတ‌ရော်(ဖာပွန်)ခရိုင်တွင် လှုပ်ရှား‌နေသည့် တပ်မ‌တော်၏ တပ်ဖွဲ့ဝင်များသည် လက်နက်ကြီး လက်နက်ငယ်များဖြင့် အ‌ကြောင်းမဲ့ ပစ်ခတ်မှုများ လုပ်‌ဆောင်သည့်အတွက် ‌ဒေသခံ ရွာသားများ ထိခိုက်ဒဏ်ရာရမှုများ ရှိခဲ့သည်ဟု KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၅)က ယမန်‌နေ့ (‌ဖေ‌ဖော်ဝါရီ ၉ရက်)‌နေ့စွဲဖြင့် အ‌ရှေ့‌တောင်တိုင်းစစ်ဌာန ချုပ်နှင့် ‌တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးတို့ထံ ‌ပေးပို့သည့် ကန့်ကွက်စာတွင် ‌ဖော်ပြထားသည်။

၎င်းကန့်ကွက်စာထဲတွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၂ရက်‌နေ့က အ‌ရှေ့‌တောင်တိုင်း စစ်ဌာနချုပ် လက်‌အောက်ခံ စကခ -(၈) ခမရ (၄၀၈)မှ ဒုရင်းမှူး အဆင့်ရှိ ‌နောင်ထွန်း ဦး‌ဆောင်သည် တပ်ဖွဲ့ဝင်များသည် မူတ‌ရော်ခရိုင်၊ ဒွယ်လိုးမြို့နယ် ‌လေးဖိုးထာ ‌ကျေးရွာအုပ်စုရှိ ဝါသိုးခို ‌ကျေးရွာသားနှစ်ဦးအား ပစ်ခတ်ခဲ့သဖြင့် ရွာသား ‌စောစိန်သန်း (၆၀)နှစ်နှင့် ‌စော‌ဇောတိက (၆၃)နှစ်ဆိုသူ နှစ်ဦးမှာ ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်ဟု KNU က ‌ဖော်ပြထားသည်။

‌ကေအဲန်ယူ တပ်မဟာ (၅) ‌ပြောခွင့်ရသူ ဗိုလ်မှူး ‌စောကလယ်ဒို့က “ဝါသိုးခိုရွာမှာ ကျ‌နော်တို့ ၁၀၂တပ်ရင်းက တပ်ဖွဲ့ဝင်‌တွေရှိတယ်။ ဗမာစစ်တပ်က ဝင်လာ‌တော့ ပစ်ခတ်မှုအနည်းငယ်ဖြစ်တယ်။ ပြီး‌တော့ ၁၀၂တပ်ရင်းက လူ‌တွေ‌ရှောင်လိုက်တယ်။ စစ်တပ်က ရွာထဲဝင်ပြီး‌နောက် ရွာစွန်မှာ ‌နေရာသွားယူတယ်။ အဲဒီအခါမှာ ရွာသား နှစ်‌ယောက်က အသုဘချဖို့ လူ‌သေပစ္စည်း‌တွေကို အရင်သွားပို့တဲ့အခါမှာ စစ်တပ်နဲ့တိုးပြီး အပစ်ခံရတာ။ အဲဒီမှာ ကမ‌မောင်းက အုပ်ချုပ်‌ရေးမှူးကို မှာပြီး‌တော့ အဲဒီလူနှစ်‌ယောက်ကို ဖားအံ‌ဆေးရုံကို ပို့လိုက်တယ်လို့ ကြားတယ်။ သူတို့‌ဖော်ပြတာက တိုက်ပွဲဖြစ်တဲ့အချိန်မှာ ထိတာလို့ ‌ပြောတယ်။ တကယ်က ဘာမှမဆိုင်ဘူး။ ပစ်ခတ်မှု ဖြစ်တာက မနက်ပိုင်း။ အခု အပစ်ခံရတာ ‌နေ့လည်အချိန်မှာ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် တပ်မ‌တော်သည် ဝါသိုးခိုမှ‌နေ၍ မယ်စီခီးရွာ(မီးဇိုင်း‌ချောင်းဖျား)ရှိ ပြည်သူများအား ပစ်မှတ်ထားပြီး လက်နက်ကြီးများဖြင့် တစ်‌နေကုန် အ‌ကြောင်းမဲ့ ပစ်ခတ်ခြိမ်း‌ခြောက်မှုများ လုပ်‌ဆောင်ခဲ့သည်ဟုလည်း KNU တပ်မဟာ (၅) ဆိုသည်။

KNU ၏ ကန့်ကွက်စာအရ ပြီးခဲ့သည့် ဇန်နဝါရီလ ၃၁ ရက်‌နေ့တွင်လည်း တပ်မ‌တော်များမှ လူ‌သောမြို့နယ် စီ‌ဒေး‌ဒေသအတွင်းရှိ ‌ဒေသခံ ပြည်သူများ လုပ်ကိုင်သွားလာသည့် ‌နေရာများတွင် လက်နက်ကြီး ၆ဝ မမ (၅)လုံးနှင့် M-79 လက်နက် (၇)လုံး ပစ်ခတ်ခဲ့သလို ‌ဖေ‌ဖေါ်ဝါရီလ ၃ရက်မှ ၈ရက်‌နေ့အထိ လူ‌သောမြို့နယ်အ တွင်းရှိ မြန်မာ့တပ်မ‌တော်၏ အထိုင်စခန်းများဖြစ်‌သော ပို‌ခေးခို (‌ဘော်စဲခို)စ ခန်းနှင့် ကဲလဲကျိုး၊ ကူခိုစခန်းများရှိ မြန်မာ့တပ်မ‌တော်သည် ‌ဒေသခံရွာသားများ လုပ်ကိုင်စား ‌သောက်ရာ တကူဒဲ၊ ကူ‌ဒေး၊ တာသူးဒဲ ‌ဒေသများရှိ ‌ကျေးရွာများဖြစ်သည့် ဒိုတာပ‌လော၊ မယ်လယ်ထာ၊ တူးဖဲထား၊ ဝယ်‌လေထ၊ တ‌လေ‌ဒေးခီး၊ ခိုပိုမာ‌ဒေး၊ နို‌လေး ပူ‌ဒေးနှင့် ပလားဝါး‌ဒေးစသည့် ‌ကျေးရွာများသို့ နံနက် ၁ဝနာရီ မိနစ် ၅ဝ မှ ည‌နေ ၁နာရီ ၃ဝမိနစ်အထိ လက် နက်ကြီး အလုံး (၄၀) တိတိ ပစ်ခတ်ခဲ့သည်ဟု ‌ဖော်ပြထားသည်။

ထိုပစ်ခတ်မှု‌ကြောင့် တကူးဒဲ‌ကျေးရွာအတွင်းသို့ လက်နက်ကြီး (၅)လုံးနှင့် ကူ‌ဒေး‌ကျေးရွာအတွင်းသို့ လက်နက်ကြီး ၇လုံး ကျ‌ရောက်ခဲ့သည့်အပြင် ၎င်း‌ဒေသရှိ ‌ဒေသခံ ပြည်သူများသွားလာလှုပ်ရှားသည့် ကားလမ်းနှင့် လမ်းများတွင် လည်း ကင်းပုန်းဝပ်ခြင်း၊ ‌ချောင်း‌မြောင်းပစ်ခတ်မှု ပစ်ခတ်မှုများကို ပြုလုပ်လျက်ရှိသည့်အတွက် လက်ရှိအချိန်တွင် ကူ‌ဒေး‌ကျေးရွာရှိ အိမ်‌ထောင်စု ၄၅ စုမှ လူဦး‌ရေ ၃၃၂ဦးမှာ လွတ်‌မြောက်ရာ ‌နေရာများသို့ ထွက်‌ပြေးတိမ်း‌ရှောင်‌နေရသည်ဟု KNU တပ်မဟာ ၅ဘက်က ‌ပြောသည်။

ငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေးစဉ်ကာလအတွင်း မြန်မာ့တပ်မ‌တော်ဘက်က ယခုလို လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ပြည်သူများသွားလာလုပ်ကိုင်စား‌သောက်ရာ‌နေရာများနှင့် ‌ဒေသခံပြည်သူများ သွားလာလှုပ်ရှားရာ ‌နေရာများအား အ‌နှောင့်အယှက်‌ပေးခြင်း၊ ပစ်ခတ်မှုများ ပြုလုပ်ခြင်းသည် တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှုကို ထိခိုက်‌စေ နိုင်သည့်အပြင် ပဋိပက္ခဘက်ကို ဦးတည်‌စေနိုင် သည်ဟုလည်း KNU တပ်မဟာ ၅ ‌ပြောခွင့်ရသူ ဗိုလ်မှူး‌စောကလယ်ဒို့က ‌ပြောသည်။

အဆိုပါ လုပ်‌ဆောင်ချက်များသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး သ‌ဘောတူစာချုပ် (NCA) စာချုပ်ပါ နှစ်ဖက်‌လေးစားလိုက်နာရမည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ (CoC) Code of Coduct ၏ အခန်း (၂)၊ စာပိုဒ်(၇)၊ စာပိုဒ်ခွဲ (ခ)(ဂ)(ည)နှင့် (ထ)ပါ အချက်များအား ‌ဖောက်ဖျက်ကျူးလွန်သည့်အပြင် အခန်း (၃)၊ စာပိုဒ်(၈)၊ စာပိုဒ်ခွဲ (က)(ခ)ပါ အချက် များနှင့် စာပိုဒ် (၉ )၊ စာပိုဒ်ခွဲ (ဃ)ပါအချက်များအား ‌ဖောက်ဖျက် ကျူးလွန်‌နေသည့်အတွက် ၎င်းလုပ်ရပ်များအား ပြင်းပြင်းထန်ထန်ကန့်ကွက်သည်ဟု KNU က ‌ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ‌တောင်ပိုင်းတိုင်း စစ်ဌာနချုပ်-တပခ ‌ပြောခွင့်ရသူ ဗိုလ်မှူးကြီး‌ကျော်စိုးမိုးအား ဖုန်းဖြင့် အကြိမ်ကြိမ် ကြိုးစားဆက်သွယ်ခဲ့‌သော်လည်း ဆက်သွယ်၍ မရခဲ့သလို ကရင်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးဆိုင်ရာ ပူးတွဲ‌စောင့်ကြည့်‌ရေး‌ကော်မတီ(JMC-S) ၏ ‌ပြောခွင့်ရှိသူများကို လည်း ဆက်သွယ်‌မေးမြန်း၍ မရရှိခဲ့‌ပေ။

NCA စာချုပ်ပါ Code of Conduct ၏ အခန်း (၂) အရပ်သားပြည်သူနှင့် ပတ်သက်၍ ‌စောင့်ထိန်းလိုက် နာရမည့် ကျင့်ဝတ်စည်းကမ်းများ စာပိုဒ် (၇) စာပိုဒ်ခွဲ (ခ)တွင် ပြည်သူထူထုအား လူတစ်ဦးတစ်‌ယောက်၏ ဂုဏ်သိက္ခာကို ထိပါး ‌စေသည့် လုပ်ရပ်များ၊ အကြမ်းဖက်ခြင်း၊ ဥပ‌ဒေမဲ့ ဖမ်းဆီးချုပ် ‌နှောင်ခြင်း၊ ပြန်‌ပေးဆွဲခြင်း၊ ညှင်းပမ်းနှိပ်စက်ခြင်း၊ လူသားမဆန်စွာ ပြုမူဆက်ဆံခြင်း၊ အကျဉ်းချခြင်း၊ သတ်ဖြတ်ခြင်းနှင့် ‌ဖျောက်ဖျက်ခြင်း မပြုလုပ်ရ။ စာပု ိဒ်ခွဲ (ဂ) တွင် ‌ဒေသခံပြည်သူများကို အဓမ္မ‌နေရပ်စွန့်ခွာ‌စေခြင်း၊ ‌ရွှေ့‌ပြောင်း‌စေခြင်း မပြုလုပ်ရ။ (ည)တွင် ပြည်သူလူထု၏ စားနပ်ရိက္ခာစု‌ဆောင်းခြင်း၊ ကုန်ပစ္စည်းများနှင့် ‌ကောက်ပဲသီးနှံများကို တပိုင်တနိုင် သယ်ယူပို့‌ဆောင် ‌ရောင်းချ ခြင်း၊ ကူးသန်း‌ရောင်းဝယ်ခြင်း လုပ်ငန်းများကို ‌နှောင့်ယှက်ဟန့်တားခြင်းမပြုလုပ်ရ။ (ထ)တွင် အရပ်သားပြည်သူ များ စိုးရိမ်‌ကြောင့်ကြမှုမရှိဘဲ အပစ်ရပ်နယ်‌မြေများအတွင်း လွတ်လပ်စွာ သွားလာခွင့်ပြုရန်ဟု ‌ဖော်ပြထားသည်။

ထို့အပြင် အခန်း (၃) ၏ စာပိုဒ် (၈) စာပိုဒ်ခွဲ (က)တွင် အပစ်ရပ်နယ်‌မြေအတွင်း တစ်ဖက်နှင့်တစ်ဖက် အကြား နယ်‌မြေစိုးမိုးမှု တပ်လှုပ်ရှားခြင်း၊ ကင်း‌ထောက်ခြင်း၊ အင်အားတိုးချဲ့ခြင်း၊ လက်နက်ကိုင် တိုက်ခိုက်မှုများ၊ အင်အား တိုးချဲ့ခြင်း၊ လက်နက်ကိုင်တိုက်ခိုက်မှုများ၊ မိုင်း‌ထောင်ခြင်းများ၊ အကြမ်းဖက်တိုက်ခိုက်မှုများ၊ ရုပ်ဝတ္ထုများ ဖျက်ဆီး ခြင်းနှင့် ထိုးစစ်ဆင်ခြင်းများကို ရပ်ဆိုင်းရန်၊ (ခ)တွင် တစ်ဖက်နှင့်တစ်ဖက် ရန်မူသည့် (သို့မဟုတ်) ‌စော်ကားမှုဖြစ်‌စေသည့် တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်သည့် လုပ်ရပ်များကို မပြုလုပ်ရဟူ၍ ‌ဖော်ပြထားသလို စာပိုဒ် (၉ ) စာပိုဒ်ခွဲ (ဃ)တွင် တပ်မ‌တော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ သည် မိမိတို့ လက်နက်ကိုင်တပ်ဖွဲ့ဝင်များအား သတ်မှတ်‌နေရာများတွင်သာ ထားရှိရန်ဟူ၍ ပါရှိသည်။