Home သတင်း စံဖရီးမှ ဖမ်းဆီးခံ ၁၇ဦးကို စတင်တရားစွဲဆို

စံဖရီးမှ ဖမ်းဆီးခံ ၁၇ဦးကို စတင်တရားစွဲဆို

2520

‌ဖေ‌ဖော်ဝါရီလ ၁၉ ရက်၊ ၂၀၂ဝ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့နယ် စံဖရီး‌ကျေးရွာအနီးရှိ စီမံကိန်း‌မြေ‌ပေါ်တွင် ကျူး‌ကျော်သည်ဟုဆိုကာ ပြည်နယ် အစိုးရတာဝန်ရှိသူများမှ ဖယ်ရှားရှင်းလင်းလိုက်သည့် ဖြစ်စဉ်အတွင်း ဖမ်းဆီးထိန်းသိမ်းခံရသူ‌ဒေသခံ ၁၇ ဦးကို ယ‌နေ့(‌ဖေ‌ဖော်ဝါရီ ၁၉ ရက်) ဖားအံမြို့နယ် တရားရုံးတွင် စတင်တရားစွဲဆိုလိုက်သည်ဟု သိရသည်။

စက်မှုဇုန်နယ်‌မြေစခန်းမှူး ရဲအုပ်‌ဇော်မျိုးမင်းမှ ရာဇဝတ်ကြီးအမှု အမှတ် ၁၆၃/၂ဝ အရ တရားလိုပြုလုပ်ပြီး ရာဇ သတ်ကြီးပုဒ်မ ၁၄၃/၁၄၅၊ ၁၅၂/၅၀၅ (ခ)၃၄ တို့ဖြင့် အဆိုပါဖြစ်စဉ်တွင် ပါဝင်သူ ဦးသန်းထွန်း‌လေးအပါ အဝင် ၁၇ ဦးကို တရားစွဲဆိုခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

တရားစွဲဆိုခံရသူများဘက်မှ လိုက်ပါ‌ဆောင်ရွက်သူ ‌ရှေ့‌နေဦးပိုးဖြူက “လူ ၁၇ ‌ယောက်ကိုတရားစွဲတယ်။ အဲဒီ အထဲမှာ အမျိုးသမီး ၁ ‌ယောက်ပါတယ်။ ဒီအမှုမှာ ‌တောင်က‌လေးအိမ်ရာ စီမံကိန်း‌မြေမှာကျူး ‌ကျော်တဲ့သူ‌တွေ အဖြစ်နဲ့ ဒီကျူး‌ကျော်သူ‌တွေက တာဝန်ဝတ္တရား‌တွေ ‌နှောင့်ယှက်တယ်။ သူများပြစ်မှု ကျူးလွန်‌အောင် လှုံ့‌ဆော် တယ်ဆိုတဲ့ပုဒ်မ‌တွေနဲ့တရားစွဲဆိုခဲ့တာဖြစ်ပါတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

စံဖရီး‌မြေကိစ္စနှင့်ပတ်သက်ပြီး ဖမ်းဆီးခံထားရသူများအား တရားစွဲဆိုထားသည့် ပုဒ်မများအရ အာမခံ‌ပေး ပိုင်ခွင့်မရှိသည့် ၅၀၅ (ခ)အပြင် ကျန်ရှိသည့် ပြစ်မှုဥပ‌ဒေဆိုင်ရာပုဒ်မများအ‌နေဖြင့် အနိမ့်ဆုံး ၆ လမှ ၂ နှစ် အထိချမှတ်နိုင်သလို ‌ထောင်ဒဏ်‌ရော ‌ငွေဒဏ်ပါချမှတ်နိုင်သည့် ပုဒ်မများဖြစ်သည်ဟု သိရသည်။

ရုံးချိန်းကို လာမည့် ၂၆ ရက်‌နေ့တွင် ထပ်မံချိန်းဆိုထား‌ကြောင်းသိရပြီး အဆိုပါ‌နေ့ရက်တွင် အာမခံရရှိ‌ရေး ဆက်လက်‌လျှောက်ထားမည်ဖြစ်ကာ ‌နောက်ပိုင်းရုံးချိန်းများတွင် တရားလိုသက်‌သေများအား စတင်စစ်‌ဆေး ကြားနာသွားမည်ဖြစ်သည်ဟု တရားစွဲဆိုခံရသူများဘက်မှ လိုက်ပါ‌ဆောင်ရွက်သူ ‌ရှေ့‌နေဦးပိုးဖြူထံမှ သိရ သည်။

ကရင်ပြည်နယ်အစိုးရအ‌ကောင်အထည်‌ဖော်ရန်ရှိသည့် ‌တောင်က‌လေးတိုးချဲ့အိမ်ရာစီမံကိန်းအတွင်း ‌ဆောက် လုပ်ထားသည့် တဲအိမ်အလုံး‌ပေါင်း ၇၂၁ လုံးကို ကျူး‌ကျော်‌ဆောက်လုပ်ထားသည်ဟုဆိုကာ ပြည်နယ်အစိုးရ တာဝန်ရှိသူများက ပြီးခဲ့သည့် ‌ဖေ‌ဖော်ဝါရီလ ၁၁ ရက်‌နေ့တွင် စတင်ကာ ရှင်းလင်း မှုများပြုလုပ် ခဲ့ခြင်းဖြစ် သည်။