Home သတင်း ကရင်အမျိုးသား‌နေ့ကို လူထုစိတ်အားထက်သန်မှု နည်းပါးသည့်အ‌ပေါ် စိတ်မ‌ကောင်းဖြစ်မိဟု ဝန်ကြီးချုပ်နန်းခင်‌ထွေးမြင့် ‌ပြော

ကရင်အမျိုးသား‌နေ့ကို လူထုစိတ်အားထက်သန်မှု နည်းပါးသည့်အ‌ပေါ် စိတ်မ‌ကောင်းဖြစ်မိဟု ဝန်ကြီးချုပ်နန်းခင်‌ထွေးမြင့် ‌ပြော

3009

‌ဖေ‌ဖော်ဝါရီလ ၁၁ ရက်၊ ၂၀၂ဝ ခုနှစ် ။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ် ဖားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည့် ၇၂ ‌မြောက်ကရင်အမျိုးသား‌နေ့အခမ်းအနားတွင် ကရင်လူထုများ ပူး‌ပေါင်းပါဝင်မှု နည်းပါး‌နေသည်ကို ‌တွေ့ရှိရသည့်အတွက် စိတ်မ‌ကောင်းများစွာဖြစ်မိ‌ကြောင်း ပြည်နယ်ဝန်ကြီးချုပ် နန်းခင် ‌ထွေးမြင့်က ‌ပြောကြားလိုက်သည်။

ယ‌နေ့ (‌ဖေ‌ဖော်ဝါရီလ ၁၁ ရက်) ဖားအံတွင်ကျင်းပသည့် ကရင်အမျိုးသား‌နေ့ အခမ်းအနားတွင် ဖားအံမြို့ ခံ ကရင်လူထုအ‌နေဖြင့် ခန့်မှန်းထားသည်ထက် နည်းပါးစွာတက်‌ရောက် ဆင်နွှဲလာသည်ကို‌တွေ့မြင်ခဲ့ရသည့် အ‌ပေါ် ပြည်နယ်ဝန်ကြီးချုပ်က အခမ်းအနားအဖွင့်အမှာစကားတွင် ယခုလို‌ပြောဆိုလိုက်ခြင်းလည်းဖြစ်သည်။

“ကိုယ်ပြည်နယ်ထဲမှာ လုပ်ပိုင်ခွင့်‌တွေရပြီး လုပ်စမ်းပါလို့ ‌ပြောတဲ့အချိန်ကျ‌တော့ ဘာလို့ တက်ကြွမှု အင်အား နည်း‌နေရတာလဲ၊ စိတ်မ‌ကောင်းဘူး၊ ကျမသာ ဦး‌ဆောင်ရမယ်ဆိုရင် ကျမ‌တော်‌တော်‌လေး တက်တက်ကြွကြွနဲ့ ကရင်အမျိုးသား‌နေ့ကို ‌ဆောင်ရွက်‌ပေးမှာဖြစ်တယ်။ ဘာဖြစ်လို့လဲဆို‌တော့ ‌ရှေးယခင် ကရင်အမျိုးသားကြီး‌တွေ ကြိုးစားသွားတဲ့ဟာ‌တွေ ယ‌နေ့လူငယ်‌တွေက တို့အတွက်ပါလား အသိအမှတ်ပြုတဲ့‌နေ့၊ ဂုဏ်ပြုတဲ့‌နေ့ ဒီ‌နေ့ကို သတ်မှတ်ပြီး ‌ဆောင်ရွက်‌ပေးတာ ဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့်က မိန့်ခွန်းတွင် ထည့်သွင်း ‌ပြောကြားသွားသည်။

ယ‌နေ့အခမ်းအနားတွင် သဘာပတိအဖြစ်‌ဆောင်ရွက်သည့် ကြား‌တောရ ‌ကျောင်းတိုက်ဆရာ‌တော်အရှင် စန္ဒာဝ ရမှ အဖွင့်မိန့်ခွန်း‌ပြောကြားခြင်း၊ ဝန်ကြီးချုပ်မှ အမှာစကား ‌ပြောကြားခြင်း၊ ‌ကေအဲန်ယူ- ကရင်အမျိုးသား အစည်းအရုံးမှ ‌ပေးပို့သည့် ၇၂ ‌မြောက် ကရင်အမျိုးသား‌နေ့သဝဏ်လွှာ ဖတ်ကြားခြင်း၊ ကရင်အမျိုးသားလှုပ် ရှားမှု သမိုင်းနှင့်ကရင်အမျိုးသား‌နေ့ဖြစ်‌ပေါ်လာပုံကို ရှင်းလင်းတင်ပြခြင်း၊ ပြည်နယ်လွှတ် ‌တော်ဥက္ကဋ္ဌမှ ‌ကျေးဇူးတင် အမှာစကား‌ပြောကြားခြင်းနှင့် အခမ်းအနားကို အမျိုးသားသီချင်းဖြင့်ရုပ်သိမ်းခြင်းဖြင့် ကျင်းပပြု လုပ်ခဲ့ကြသည်။

ဇွဲကပင်ခန်းမတွင် ကျင်းပပြုလုပ်သည့် ၇၂ နှစ်‌မြောက် ကရင်အမျိုးသား‌နေ့အခမ်းအနားတွင် ယခင်နှစ်များ နှင့်မ တူဘဲ ကရင်ပြည်နယ် ဝန်ကြီးချုပ်အပါအဝင် လွှတ်‌တော်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများပါဝင် တက်‌ရောက်လာကြသည့်အပြင် ကရင်တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ်များ ၊ ကရင်ပါ တီများနှင့် ‌ဒေသခံကရင်လူထု ၄၀၀‌ကျော် တက်‌ရောက်ဆင်နွှဲခဲ့ကြသည်။

ကရင်အမျိုးသား‌နေ့ အခမ်းအနားကို ဖားအံမြို့ခံများ၊ ကရင်နိုင်ငံ‌ရေးပါတီများ၊ ကရင်တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ ဘာသာ‌ရေး‌ခေါင်း‌ဆောင်များ၏ တတ်စွမ်းသ‌လောက်‌သော ‌ငွေ ‌ကြေးကူညီပံ့ပိုးမှုများဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်သည်ဟု အခမ်းအနားကျင်းပ‌ရေး ‌ကော်မတီတာဝန်ရှိသူများ ထံမှ သိရသည်။

ထို့အပြင် ယ‌နေ့အခမ်းအနားတွင် လူထုများ တက်‌ရောက်ပါဝင်မှုနည်းပါးခြင်းမှာ ကရင်အမျိုးသား‌နေ့နှင့်ပတ် သက်၍ ကရင်လူထုများအကြားသိရှိသူ နည်းပါးမှု၊ ‌ငွေ‌ကြေးအခက်အခဲအပြင် ကြိုတင်ပြင်ဆင်ဖိတ်ကြားမှုများ တွင် အားနည်းချက်များရှိ‌နေသည့်အတွက် ဖြစ်နိုင်‌ကြောင်း ၇၂ ‌မြောက် ကရင်အမျိုးသား‌နေ့ ကျင်းပသည့် ‌ကော်မတီမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ‌စောခင်‌မောင်မြင့်က သုံးသပ်‌ပြောသည်။

“ စိတ်မ‌ကောင်းတာက ကရင်အမျိုးသား‌နေ့လို့‌ပြောလိုက်ရင် ဒီမှာရှိတဲ့ ‌တော်‌တော်များများက သိပ်မသိကြဘူး။ ‌နောက်တစ်ခုက ဖိတ်ကြားလိုက်တဲ့အ‌ပေါ်မှာလည်း လူအင်အား‌ကြောင့် တက်‌ရောက်လာမယ့် ကိုယ်စား လှယ် ‌တွေရဲ့ သွားလာဖို့အစီအစဉ်‌တွေက အ‌ထောက်အပံ့မလုပ်‌ပေးနိုင်ဘူး။ မြို့‌ပေါ်ရပ်ကွက် ၉ ခု‌တောင်မှ ကရင်အုပ် ချုပ်‌ရေးမှူး‌တွေရှိတဲ့ ရပ်ကွက်‌တွေ‌လောက်ပဲ ဖိတ်ကြားလိုက်တယ်။ ‌ပြောရရင် ကရင်လူမျိုးမဟုတ်တဲ့ ရပ်ကွက် ‌တွေကျ‌တော့ စိတ်ဝင်စားမှုအားနည်းတယ်” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

‌ဒေသတွင်းမတည်ငြိမ်မှုများ‌ကြောင့် ကရင်ပြည်နယ်ဖားအံမြို့တွင် ယခင်ကတည်းက ကရင်အမျိုးသား‌နေ့ အ ခမ်းအနားကို စည်ကားစွာ ကျင်းပနိုင်ခဲ့ခြင်းမရှိသလို ကရင်တိုင်းရင်းသားလက်နက်ကိုင်များ တစ်နိုင်ငံလုံးပစ် ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး သ‌ဘောတူစာချုပ်-NCA ‌ရေးထိုးပြီးသည့်‌နောက်ပိုင်း၂၀၁၆ ခုနှစ် မှစတင်ကာ ဖားအံမြို့ ဇွဲကပင်ခန်းမတွင် ပထမဦးဆုံးကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။

ထို့‌နောက် ၂၀၁၇နှစ်တွင် ဖားအံမြို့ရှိကြား‌တောရ‌ကျောင်းတိုက်၊ ၂၀၁၈ခုနှစ်တွင် ဖားအံမြို့ကက်သလစ်ဓမ္မာရုံ၊ ၂၀၁၉ ခုနှစ်တွင် ခ‌လောက်‌ထောင်ရွာ ဗုဒ္ဓဂါယာတွင် ကျင်းပခဲ့ကြရပြီး ယခုနှစ်မှသာ ပြည်နယ်၏ ဇွဲကပင် ခန်းမတွင် ဒုတိယအကြိမ်‌မြောက်ကျင်းပခွင့်ရရှိခဲ့ခြင်းလည်း ဖြစ်သည်။