Home သတင်း ပဒိုမန်းရှာလားဖန်း ၁၂ ပြည့်အောက်မေ့ဖွယ် ဇာတိရွာတောကျောင်းတွင် ကျင်းပ

ပဒိုမန်းရှာလားဖန်း ၁၂ ပြည့်အောက်မေ့ဖွယ် ဇာတိရွာတောကျောင်းတွင် ကျင်းပ

925

ဖေဖော်ဝါရီလ ၁၄ ရက်၊ ၂၀၂၀ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး -KNU ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သည့် ပဒိုမန်းရှာလာဖန်း ကျဆုံးခြင်း ၁၂ နှစ် မြောက် အောက်မေ့ဖွယ်အခမ်းအနားကို ၎င်း၏ ဇာတိဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် တောကျောင်းကျေးရွာတွင် အစဉ်အလာအတိုင်း ယနေ့ပြုလုပ်ခဲ့ကြသည်။

အခမ်းအနားကို ပဒိုမန်းရှာလားဖန်း၏ ကျန်ရစ်သူမိသားစုဆွေမျိုးများမှ ဦးဆောင်ပြုလုပ်ပေးခြင်းဖြစ်ပြီး ကရင်နိုင်ငံရေးပါတီများ၊ ကရင်စာပေယဉ်ကျေးမှုကော်မတီတာဝန်ရှိသူများ၊ ၎င်းအား လေးစားချစ်ခင်သူ လုပ်ဖော်ကိုင်ဖက်များနှင့် လူငယ်များအပါအ၀င် စုစုပေါင်းလူဦးရေ ၂၀၀ နီးပါးတက်ရောက်ခဲ့ကြသည်။

ယနေ့ပြုလုပ်သည့်အခမ်းအနားတွင် ပဒိုမန်းရှာလားဖန်းအတွက်ရည်စူးပြီး သံတော်များအားဆွမ်း ကပ်လှူခြင်း၊ ၎င်းနှင့် ပတ်သက်သည့် ကဗျာရွတ် ဆိုပြိုင်ပွဲနှင့်စကားဝိုင်းများအပြင် ဇာတိကျေးရွာတွင်စိုက်ထူထားသည့် ပဒိုမန်းရှာရုပ်တုကျောက်တိုင်ရှေ့ ချီတက်ပြီးလွမ်းသူ့ပန်းခွေချခြင်းအစီအစဉ်များဖြင့်ကျင်းပခဲ့ကြသည်ဟုသိ ရသည်။

ပဒိုမန်းရှာလားဖန်းအောက်မေ့ဖွယ်အခမ်းအနားကို ၎င်းကျဆုံးသည့် နေ့ရက်ဖြစ်သည့် ဖေဖော်ဝါရီလ ၁၄ ရက် နေ့ရောက်တိုင်း KNU-ကရင်အမျိုးသားအစည်းအရုံး၏ ဖားအံခရိုင်၊ သေဘေထာ့နေရာရှိ ၎င်း၏အုတ်ဂူနေ ရာတွင် နှစ်စဉ်ကျင်းပပြု လုပ်နေကြလည်းဖြစ်သည်။

KNU ၏ အထွေထွေအတွင်းရေးမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ ပဒိုမန်းရှာ လားဖန်းမှာ သေနတ်သမားနှစ်ဦး၏ ပစ်သတ်လုပ်ကြံမှုကြောင့် ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်ညနေတွင်ကျဆုံးသွားခဲ့ပြီး ကျဆုံးချိန်တွင် အသက် ၆၅ နှစ်ရှိပြီဖြစ်သည်။