Home သတင်း မြဝတီ-‌ကော့ကရိတ်အာရှလမ်းယာဉ်တိမ်း‌မှောက်မှုမှ ‌သေဆုံးသူMoUလုပ်သားများမှ တစ်ဦးလျှင် နစ်နာ ‌ကြေးကျပ်သိန်း ၉ဝခန့် ရရှိမည်

မြဝတီ-‌ကော့ကရိတ်အာရှလမ်းယာဉ်တိမ်း‌မှောက်မှုမှ ‌သေဆုံးသူMoUလုပ်သားများမှ တစ်ဦးလျှင် နစ်နာ ‌ကြေးကျပ်သိန်း ၉ဝခန့် ရရှိမည်

2666
Photo: Nay Naw

ဇန်နဝါရီ ၄ ရက်၊ ၂၀၂ဝခုနှစ် ။ ‌နေ‌နော်

ကရင်ပြည်နယ်မြဝတီ-‌ကော့ကရိတ် အာရှလမ်းမိုင်တိုင်အမှတ် ၁၅၈ နှင့် ၁၅၉ ကီလိုမီတာကြား‌ဒေသအ‌ခေါ် ကွမ်းခြံ‌ကွေ့‌နေရာ၌်ယမန်‌နေ့ ဇန်နဝါရီ၃ရက် နံနက်ပိုင်းကအလင်း‌ရောင်မိုးမှန်လုံယာဉ်တိမ်း‌မှောက်မှုဖြစ်စဉ်မှ ‌သေဆုံးခဲ့ရသည့် ယာဉ်‌ပေါ်ပါ MoUလုပ်သား ၁၁ဦးအတွက် အာမခံအရပ်ရပ်မှ တစ်ဦးလျှင် နစ်နာ‌ကြေးကျပ်သိန်း ၉ဝခန့် ရရှိမည်ဟုသိရသည်။

ထက်မာန်ကုမ္ပဏီနှင့် MoUစနစ်ဖြင့် စာချုပ်ချုပ်ပြီးထိုင်းနိုင်ငံသို့ သွား‌ရောက် အလုပ်လုပ်မည့် အလုပ်သမား ၄၅ဦးစီးနင်းလိုက်ပါလာ‌သောအလင်း‌ရောင်မိုးမှန်လုံယာဉ်မှာအရှိန်လွန်ကာတဖက်ယာဉ်‌ကြောရှိ ပရို‌ဘောက်ယာဉ်အားဝင်တိုက်မိပြီး‌ချောက်ထဲထိုးကျ၍ထိုသို့ ထိခိုက်‌သေဆုံးမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မြန်မာ့အာမခံလုပ်ငန်း မြဝတီခရိုင်တာဝန်ခံ‌ဒေါ်ဝင်းဝင်းသန်းက“ထက်မာန်ကုမ္ပဏီနှင့် mouစနစ်ဖြင့် စာချုပ်ချုပ်ထားတဲ့ ‌သေဆုံးသူ‌တွေအ‌နေနဲ့ ပြည်ပအလုပ်အကိုင် အသက်အာမခံ‌ကြေးသွင်း‌ပေးထားတဲ့အတွက် နစ်နာ‌ကြေးကျပ်သိန်း ၅ဝ ၊ ‌မော်‌တော်ယာဉ်လိုင်းသူတစ်ပါးထိခိုက်နစ်နာမှု အာမခံ မှ ကျပ် ၁ဝ သိန်း၊ ‌မော်‌တော်ယာဉ်လိုင်းအထူးခရီးသွားအာမခံနစ်နာ‌ကြေးကျပ်သိန်း ၃ဝ ရရှိမှာဖြစ်ပါတယ်။ထိခိုက်ဒဏ်ရာရသူ‌တွေအ‌နေနဲ့က‌တော့ ဒဏ်ရာရရှိမှုအ‌ခြေအ‌နေအလိုက် ပြည်ပအလုပ်အကိုင် ‌အေဂျင်စီနဲ့သွင်းရတဲ့ အာမခံ‌ကြေးမှ အနည်းဆုံးကျပ် ၁သိန်း ၂‌သောင်းမှ ကျပ်သိန်း၄ဝ ထိ၊သူတစ်ပါးထိခိုက်နစ်နာမှု အာမခံ‌ကြေးမှ အနည်းဆုံးကျပ် ၁သိန်း၂‌သောင်းမှ ကျပ် ၈သိန်းထိနှင့် အထူးခရီးသွားအာမခံ‌ကြေးမှ အနည်းဆုံးကျပ် ၁သိန်း ၂‌သောင်းမှ ကျပ်သိန်း ၂ဝ ဝန်းကျင်ထိရရှိမှာဖြစ်တယ်”ဟု‌ပြောသည်။

ထို့အပြင်ယမန်‌နေ့ ယာဉ်တိုက်မှု/ယာဉ်တိမ်း‌မှောက်မှုဖြစ်စဉ်တွင် လူ ၇ ဦး‌သေဆုံးခဲ့ရသည့် ပရို‌ဘောက် ‌မော်‌တော်ယာဉ်မှာလိုင်စင်အပြည့်အစုံရှိပါက‌သေဆုံးသူယာဉ်‌မောင်းအပါအဝင် ၇ ဦးစလုံးအတွက် သူတစ်ပါးထိခိုက်နစ်နာမှုအာမခံ‌ကြေးမှ ကျပ် ၁ဝသိန်း စီရရှိမှာဖြစ်ပြီးအကယ်၍ ယာဉ်လိုင်စင်မရှိပါကယာဉ်‌ပေါ်ပါ ခရီးသည် ၆ ဦးသာကျပ် ၁ဝ သိန်းစီနစ်နာ‌ကြေးရရှိမှာ ဖြစ်‌ကြောင်း‌ဒေါ်ဝင်းဝင်းသန်းကဆက်‌ပြောသည်။

ယာဉ်တိမ်း‌မှောက်မှုမှ ထိခိုက်ဒဏ်ရာရရှိပြီး မြဝတီခရိုင်ပြည်သူ့‌ဆေးရုံတွင်‌ဆေးဝါးကုသမှု ခံယူ‌နေသူများကိုယ‌နေ့ ဇန်နဝါရီ ၄ ရက် နံနက်ပိုင်းက မြဝတီခရိုင်အုပ်ချုပ်‌ရေးမှုးဦး‌တေဇာ‌အောင်နှင့် အုပ်ချုပ်‌ရေးအဖွဲ့ဝင်များ၊ မြဝတီမြို့နယ်အလုပ်သမားညွှန်ကြား‌ရေးဦးစီးဌာနဦးစီးအရာရှိ ဦးနိုင်ဝင်းထွန်း၊ ‌ကျောက်လုံးကြီးစခန်းတာဝန်ခံအလုပ်သမားဦးစီးအရာရှိ ဦး‌အောင်‌ဇော်မိုး၊ ထက်မာန်ကုမ္ပဏီမှ တာဝန်ခံ‌ဒေါ်မြတ်‌ဟေမာန်လင်းတို့မှလာ‌ရောက်ကြည့်ရှုကာအား‌ပေးစကားများ‌ပြောကြားခဲ့ပြီး ပြည်ပအလုပ်အကိုင်ရှာ‌ဖွေ‌ရေး‌အေဂျင်စီများဖွဲ့ချုပ် -MOEAF မှ အဖွဲ့ဝင် ‌ဒေါ်‌အေး‌အေးသိန်းကတစ်ဦးလျှင်‌ထောက်ပံ့‌ငွေ ၅ ‌သောင်းကျပ် နှင့် အလင်း‌ရောင်မိုးယာဉ်လိုင်းပိုင်ရှင် ‌ဒေါ်နုနု‌အောင်က ၃‌သောင်းကျပ်စီအသီးသီး‌ထောက်ပံ့ ‌ပေးအပ်ခဲ့‌ကြောင်းသိရသည်။

၎င်းယာဉ်တိမ်း‌မှောက်မှုတွင်ယ‌နေ့ ဇန်နဝါရီ ၄ရက်‌နေ့ မွန်းလွဲပိုင်းအချိန်ထိစုစု‌ပေါင်း ၁၉ ဦး ‌သေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရသူထဲမှ အလင်း‌ရောင်မိုးယာဉ်‌မောင်းအပါအဝင် ၂၆ ဦးမှာ မြဝတီခရိုင်ပြည်သူ့‌ဆေးရုံတွင် ‌ဆေးဝါးကုသမှု ခံယူလျက်ရှိပြီးအ‌ရေး‌ပေါ်လူနာ ၉ ဦးကိုဖားအံမြို့ပြည်သူ့‌ဆေးရုံသို့ ပို့‌ဆောင်ကာ‌ဆေးဝါးကုသလျက်ရှိသည်ဟုပြီးအုပ်ချုပ်‌ရေးအဖွဲ့အစည်းများ၊ သက်ဆိုင်ရာဌာနများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ လိုအပ်သည်များကိုအကူအညီ‌ပေးလျက်ရှိ‌ကြောင်း မြဝတီခရိုင်အုပ်ချုပ်‌ရေးမှူးဦး‌တေဇာ‌အောင်က‌ပြောသည်။