Home သတင်း မြဝတီမြို့ အာရှလမ်းအနီးရှိ ကားဝပ်‌ရှော့အတွင်း မီး‌လောင်မှုဖြစ်ပွား၊ ‌နေအိမ် ၁ လုံးနှင့် ကား ၅စီး မီး‌လောင် ဆုံးရှုံး

မြဝတီမြို့ အာရှလမ်းအနီးရှိ ကားဝပ်‌ရှော့အတွင်း မီး‌လောင်မှုဖြစ်ပွား၊ ‌နေအိမ် ၁ လုံးနှင့် ကား ၅စီး မီး‌လောင် ဆုံးရှုံး

3997
Photo: Nay Naw

ဇန်နဝါရီ ၁၉ ရက်၊ ၂၀၂ဝခုနှစ်။ ‌နေ‌နော်

ကရင်ပြည်နယ် မြဝတီမြို့၊ ဖား‌ချောင်း‌ကျေးရွာ အာရှလမ်းမကြီးအနီး ကားဝပ်‌ရှော့တစ်ခုအတွင်း ဇန်နဝါရီ ၁၈ ရက် ည ၉ နာရီ အချိန်ခန့်က မီး‌လောင်မှု ဖြစ်ပွားခဲ့ရာ လူ‌နေအိမ် ၁ လုံးနှင့် ကား ၅စီး မီး‌လောင်ဆုံးရှုံးသွား ခဲ့သည်ဟု သိရသည်။

ဖား‌ချောင်း‌ကျေးရွာ‌နေ ဦးစိုးသိန်း၏ ကားဝပ်‌ရှော့အတွင်း ဝါယာကြိုး အပူလွန်ကဲရာမှ မီး‌လောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ၎င်းမီး‌လောင်ကျွမ်းရာသို့ မြို့နယ်ရဲတပ်ဖွဲ ့မှူး၊ ရဲတပ်ဖွဲ ့ဝင်များနှင့် သက်ဆိုင် ရာအုပ်ချုပ်‌ရေး တာဝန်ရှိသူများ၏ သွား‌ရောက်စစ်‌ဆေးမှု မှတ်တမ်းအရ သိရသည်။

အဆိုပါ မီး‌လောင်မှုကို မြဝတီခရိုင် မီးသတ်ဦးစီးမှူး ဦးကိုကိုဦး ဦးစီးသည့် အင်အား ၄၅ ဦးတို့သည် ‌ရေသယ်ယာဉ် ၇ စီး၊ မီးသတ်ယာဉ် ၂ စီး၊ အုပ်ချုပ်မှုယာဉ် တစ်စီးတို့ဖြင့် ငြိမ်းသတ်ကြရာ ည ၉ နာရီ ၄ဝ အချိန်တွင် မီးငြိမ်းသွားခဲ့‌ကြောင်း သက်ဆိုင်ရာ အုပ်ချုပ်‌နေ‌ရေး တာဝန်ရှိသူများက ‌ပြောသည်။

ယင်းမီး‌လောင်မှု‌ကြောင့် စက်ပြင်ဆရာ ဦးစိုးသိန်းအား (ပ)၁၁/၂၀၂ဝ ရာဇသတ်ကြီးဥပ‌ဒေ ပုဒ်မ ၂၈၅ ဖြင့် သဃင်္န်းညီ‌နောင်ရဲစခန်းက အမှုဖွင့်အ‌ရေးယူ စစ်‌ဆေးလျက်ရှိ‌ကြောင်း သိရသည်။