Home သတင်း မြဝတီမြို့တွင် တရုတ်နိုင်ငံသားတစ်ဦးထံမှ WY မူးယစ်‌ဆေးဝါး အလုံး‌ရေ ၇ဝ ‌ကျော် ဖမ်းဆီးရမိ

မြဝတီမြို့တွင် တရုတ်နိုင်ငံသားတစ်ဦးထံမှ WY မူးယစ်‌ဆေးဝါး အလုံး‌ရေ ၇ဝ ‌ကျော် ဖမ်းဆီးရမိ

2781
photo-မြဝတီမြို့မရဲစခန်း

ဇန်နဝါရီလ ၂၂ ရက်၊ ၂၀၂ဝ ခုနှစ် ။ ‌နေ‌နော်

ကရင်ပြည်နယ် မြဝတီမြို့ အမှတ်(၅)ရပ်ကွက် ရှမ်းလမ်းခွဲ မြတ်လင်း‌အေးမြိုင်လမ်းတွင် ဇန်နဝါရီ ၂၁ရက် မွန်းလွဲ ၃နာရီခွဲ အချိန်ခန့်တွင် တရုတ် နိုင်ငံသားတစ်ဦးထံမှ WY မူးယစ်‌ဆေးဝါး အလုံး‌ရေ ၇ဝ ‌ကျော် ဖမ်းဆီးရမိ‌ကြောင်း သိရသည်။

မူးယစ်တပ်စု(၃၂) မြဝတီမြို့မှ ဒုရဲအုပ်ဦးစီး တပ်ဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက အမှတ်(၅) ရပ် ကွက် ရှမ်းလမ်းခွဲ မြတ်လင်း‌အေးမြိုင်လမ်း‌ဘေးတွင် မသကင်္ာဖွယ်‌တွေ့ရှိသူ တရုတ်နိုင်ငံသား ဖူး ‌ပေါက် ၂၁နှစ်၏ ခန္ဓာကိုယ်အားရှာ‌ဖွေရာ ၎င်း၏ယာ ဘက်လက်အတွင်း ကိုင်‌ဆောင်ထား‌သော Red Ruby စီးကရက်ဗူးအတွင်း ပလတ်စတစ်အိတ် ဖြင့်ထုပ်၍ ထည့်ထား‌သော wy မူးယစ်‌ဆေးဝါး ၇၉ ပြားနှင့် ၎င်း၏ဝဲဘက်လက်တွင် ကိုင်‌ဆောင်ထား‌သော Oppo အမျိုးအစား လက်ကိုင်ဖုန်းတစ် လုံးနှင့်အတူ ရှာ‌ဖွေ‌တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့မှတ်တမ်းအရ သိရသည်။

ထို‌နောက် WY မူးယစ်‌ဆေးဝါးများ လက်ဝယ်‌တွေ့ရှိသူ တရုတ်နိုင်ငံသား ဖူး‌ပေါက်အား မြဝတီမြို့ မူးယစ်တပ်ဖွဲ့ရုံးတွင် ‌ခေါ်‌ဆောင်စစ်‌ရေးရာ ၎င်းမှ အဆိုပါ ‌ဆေးပြားများကို မြတ်လင်း‌အေးမြိုင်လမ်း တွင် အမည်မသိအမျိုးသားတစ်ဦးထံမှ တစ်လုံးလျှင် ထိုင်းဘတ်‌ငွေ (၉၀)နှုန်းဖြင့် ‌ဆေးပြား ၇၉ လုံးအား ဘတ်‌ငွေ ၇,၀၀ဝ ဖြင့် ဝယ်ယူခဲ့‌ကြောင်း ထွက်ဆိုခဲ့သည်။

အဆိုပါ မူးယစ်‌ဆေးဝါးများ လက်ဝယ်‌တွေ့ရှိသူ တရုတ်နိုင်ငံသား ယူနန်ပြည်နယ်‌နေသူ ဖူး ‌ပေါက် ၂၁နှစ် (လက်ရှိ မြဝတီမြို့ အမှတ်(၅)ရပ်ကွက် မြတ်လင်း‌အေးမြိုင်လမ်း‌နေသူ)အား မြဝတီမြို့ မရဲ စခန်းတွင် မူးယစ် (ပ)၇/၂၀၂၀၊ မူးယစ်‌ဆေးဝါးနှင့်စိတ်ကို‌ပြောင်းလဲ‌စေ‌သော ပြစ်မှု ပုဒ်မ ၁၉(က) ဖြင့် အမှုဖွင့်အ‌ရေးယူထား‌ကြောင်း သိရသည်။