Home သတင်း မြဝတီအာရှလမ်းတွင် မှန်လုံယာဉ်က ပရို‌ဘောက်ယာဉ် ကိုဝင်တိုက် ‌ချောက်ထဲကျ ၁၈ ဦး‌သေ၊ ၃၂ ဦး ဒဏ်ရာရ

မြဝတီအာရှလမ်းတွင် မှန်လုံယာဉ်က ပရို‌ဘောက်ယာဉ် ကိုဝင်တိုက် ‌ချောက်ထဲကျ ၁၈ ဦး‌သေ၊ ၃၂ ဦး ဒဏ်ရာရ

3350
Photo-Nay Naw

ဇန်နဝါရီ ၃ ရက်၊ ၂၀၂ဝ ခုနှစ်။ ‌နေ‌နော်

ကရင်ပြည်နယ်၊ မြဝတီမြို့ဘက်ခြမ်း၊ မြဝတီ- ‌ကော့ကရိတ် အာရှလမ်း မိုင်တိုင်အမှတ် ၁၅၈ နှင့် ၁၅၉ ကီလို မီတာကြား ‌ဒေသအ‌ခေါ် ကွမ်းခြံ‌ကွေ့‌နေရာ၌် ဇန်နဝါရီ ၃ ရက် နံနက်ပိုင်းက ‘အလင်း‌ရောင်မိုး’ ခရီးသည်တင် မှန်လုံယာဉ်က အရှိန်လွန်ကာ တဖက်ယာဉ်‌ကြောရှိ မြဝတီမှ ‌ကော့ကရိတ်ဘက်သို့ ‌မောင်းနှင်လာ‌သော ပရို ‌ဘောက်ယာဉ်ကို ဝင်တိုက်မိရာ ‌ချောက်ထဲထိုးကျမှု ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

အဆိုပါ ယာဉ်တိုက်မှု‌ကြောင့် ယ‌နေ့ မွန်းလွဲပိုင်းရရှိ‌သော သတင်းအချက်အလက်များအရ ကျား ၁၁ ဦး၊ မ ၇ ဦး စုစု‌ပေါင်း ၁၈ ဦး ‌သေဆုံးသွားသလို ကျား ၁၂ ဦး၊ မ ၂ဝ ဦး စုစု‌ပေါင်း ၃၂ ဦး ဒဏ်ရာရရှိခဲ့ပြီး မြဝတီခရိုင်၊ ပြည်သူ့ ‌ဆေးရုံ၌ ‌ဆေးကုသမှုခံယူ‌နေကာ အခင်းဖြစ်‌နေရာသို့ ကူညီကယ်ဆယ်‌ရေး ဆက်လုပ်‌ဆောင်‌နေဆဲ ဖြစ်‌ကြောင်း ကနဦး သတင်းရရှိသည်။

‌သေဆုံးသွားသူများအနက် မြဝတီမြို့အမှတ် ၅ ရပ်ကွက်‌နေ ယာဉ်‌မောင်းကိုလှိုင်စိုး‌မောင်းနှင်သည့် ပရို‌ဘောက် ယာဉ်‌ပေါ်တွင် လိုက်ပါလာသူ ယာဉ်‌မောင်းအပါအဝင် မိသားစုဝင် ကျား ၃ ဦးနှင့် မ ၄ ဦး၊ စုစု‌ပေါင်း ၇ ဦး ‌သေဆုံးခဲ့ပြီး ကျန်သူများ မှန်လုံယာဉ်‌ပေါ်တွင် လိုက်ပါလာသူများ ဖြစ်သည်။

ယာဉ်တိုက်မှု ဖြစ်ပွားသည့် ‘အလင်း‌ရောင်မိုး’ မှန်လုံယာဉ်သည် ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် အလုပ်သွားလုပ် မည့် ခရီးသည် ၄၅ ဦးကို တင်‌ဆောင်လာခြင်းဖြစ်သည်ဟု ယာဉ်‌ပေါ်လိုက်ပါလာသူ ဒိုက်ဦးမြို့နယ်မှ ‌မောင်လွမ်းမိုး‌အောင်က ယခုလို ‌ပြောသည်။

“ကျ‌နော်တို့ ထက်မန်ကုမ္ပဏီနဲ့စာချုပ်ပြီး ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့အတွက် ရန်ကုန်က‌နေ မြဝတီမြို့ကို မ‌နေ့ ည ဦးပိုင်းကတည်းက အလင်း‌ရောင်မိုး မှန်လုံယာဉ်နဲ့ စုစု‌ပေါင်း ၄၅ ဦး စီးလာကြတာ။ လမ်းမှာ ည ၁၂ နာရီ ‌လောက်မှာ ‌ဝေါမြို့အ‌ရောက် ကားပျက်လို့ ပြင်တာ ၁ နာရီ‌လောက် ကြာခဲ့‌သေးတယ်။ ပြီး‌တော့ မြဝတီမြို့သို့ ခရီးဆက်ထွက်လာရာမှာ အခုလို ယာဉ်တိုက်မှုဖြစ်ပြီး ‌ချောက်ထဲကျတာနဲ့ ကြုံခဲ့ရတယ်” ဟု ၎င်းက ‌ပြောသည်။

ယာဉ်တိုက်မှုဖြစ်ပြီး ယာဉ်‌ချောက်ထဲထိုးကျမှု‌ကြောင့် ‌သေဆုံးသူများ၏ ရုပ်အ‌လောင်းများနှင့် ထိခိုက်ဒဏ်ရာ ရသူများကို ‌ဒေသအုပ်ချုပ်‌ရေး အဖွဲ့ဝင်များ၊ မြဝတီမြို့နှင့် သကင်္န်းညီ‌နောင်ရှိ လူမှုကယ်ဆယ်‌ရေးအဖွဲ့များက ကူညီ ကယ်ဆယ်ပြီး မြဝတီခရိုင်ပြည်သူ့‌ဆေးရုံကြီးသို့ ပို့‌ဆောင်ကာ လိုအပ်သည်များကို အကူအညီ‌ပေးလျက် ရှိ‌ကြောင်း ကယ်ဆယ်‌ရေးလုပ်‌ဆောင်‌နေသူများက ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ‘အလင်း‌ရောင်မိုး’ မှန်လုံယာဉ်တိမ်း‌မှောက်ပြီး ‌ချောက်ထဲကျခဲ့သည့်‌နေရာ၌ ယခင် ၂၀၁၇ ခုနှစ် ‌မေလ အတွင်းက ‌တောင်ငူ-မြဝတီ ခရီးသည်တင် ‘က‌ပေါ်ထူး’ မှန်လုံယာဉ်သည်လည်း အလားတူဖြစ်စဉ်မျိုးဖြစ်ပွားပြီး ‌ချောက်ထဲကျခဲ့သဖြင့် ၎င်းယာဉ်‌ပေါ်ပါ ခရီးသည် ၂၂ ဦး ‌သေးဆုံးမှု ဖြစ်ပွားခဲ့ဖူးသည်။