Home သတင်း ‌ပြောင်းဆံတင်ပို့မှုကို ထိုင်းဘက်ခြမ်းမှ ပိတ်ပင်ထားမှု‌ကြောင့် ‌ဒေါနအ‌ရှေ့ခြမ်းရှိ စိုက်‌တောင်သူများ အခက်ကြုံ

‌ပြောင်းဆံတင်ပို့မှုကို ထိုင်းဘက်ခြမ်းမှ ပိတ်ပင်ထားမှု‌ကြောင့် ‌ဒေါနအ‌ရှေ့ခြမ်းရှိ စိုက်‌တောင်သူများ အခက်ကြုံ

2268
Photo: ชวลิต สจ.มอไซต์

ဇန်နဝါရီလ ၁၃ ရက်၊ ၂၀၂ဝခုနှစ်။ ‌ကေအိုင်စီ

နယ်စပ်ဂိတ်များမှတစ်ဆင့် တရားမဝင် ‌ပြောင်းဆံများတင်ပို့မှုကို ပြီးခဲ့သည့် နိုဝင်ဘာလမှစ၍ ယခုအချိန်ထိ ထိုင်းအာဏာပိုင်များ၏ ကန့်သတ်ပိတ်ပင်ထားခြင်း‌ကြောင့် ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ် ‌ဒေါနအ‌ရှေ့ခြမ်း၊ မြဝတီခရိုင်ရှိ ‌ဒေသခံ ‌ပြောင်းစိုက်‌တောင်သူများမှာ အခက်အခဲများ ကြုံ‌တွေ့‌နေရသည်ဟု ‌ဒေသခံ ‌တောင်သူ များက ‌ပြောသည်။

ထိုင်းနယ်ခြား‌စောင့်တပ်မှ ‌သောင်ရင်းမြစ်‌ပေါ်ဖြတ်၍ တရားမဝင် ကူးသန်း‌ရောင်းဝယ်‌နေသည့် ‌ဒေသခံများ၏ ‌ပြောင်းဆံတင်ပို့မှုအ‌ပေါ် တားမြစ်ပိတ်ပင်ထားခြင်းဖြစ်ပြီး လက်ရှိအချိန်ထိညှိနှိုင်း၍ မရ‌သေးသည့်အတွက် ‌ဒေသခံရွာသားများမှာ မိသားစု စားဝတ်‌နေ‌ရေးအတွက် အခက်အခဲ၊ အကြပ်အတည်းမျိုးစုံ ကြုံ‌တွေ့‌နေရ သည်ဟု ‌သေ့‌ဘောဘိုးရွာမှ ‌ပြောင်းစိုက် ‌တောင်သူတစ်ဦးဖြစ်သည့် ‌စောတိုးတိုက ‌ပြောသည်။

၎င်းက “ကိုယ့်‌ဒေသခံ‌တွေနဲ့ ဟိုဘက်ကမ်း(ထိုင်း)က လူ‌တွေပဲ လုပ်ကိုင်စား‌သောက်‌နေကြတာ။ သူတို့(ထိုင်း) က တရားဝင်လမ်းနဲ့ သွား‌စေချင်တယ်။ ဒါက ဒီမှာရှိတဲ့ လူထု‌တွေ ဒုက္ခ‌ရောက်တာ‌ပေါ့။ ဒါ‌ပေမဲ့ သူတို့ညှိ နှိုင်း‌နေ တုန်းပဲ။ အခုထိ ‌ပြေလည်မှုမရ‌သေးဘူး။” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

မြဝတီခရိုင်၊ ‌ဒေါန အ‌ရှေ့ဘက်ခြမ်းတွင်ရှိ‌သော ဖလူး ‌ဒေသမှ ‌ဝေါ‌လေ‌ဒေသအထိကို ‌ဒေသခံရွာသားများက တပိုင်တနိုင်ဖြင့် ‌ပြောင်းစိုက်ကြသလို ထိုင်းဘက်ခြမ်းမှ ‌ဒေသခံများကလည်း မြန်မာဘက်ခြမ်းသို့ ကူးကာ လာ‌ရောက်စိုက်ပျိုးကြသူများလည်းရှိသည်။

အဆိုပါ ‌ပြောင်းဆံများတင်ပို့မှုကို ယခင်က ‌ဒေသခံအာဏာပိုင်းများနှင့် အပြန်အလှန်နားလည်မှု ရယူ၍ တင်ပို့ခဲ့ခြင်းဖြစ်သည်။ ယခုလို ‌ပြောင်းဆံတင်ပို့မှုအ‌ပေါ် ထိုင်းအာဏာပိုင်များ၏ တားမြစ်ပိတ်ပင်မှုကို နှစ်စဉ်ကြုံ ‌တွေ့‌နေရမြဲဖြစ်ပြီး ယခုနှစ်တွင် အနည်းငယ် ပိုကြပ်တည်းသည့်သ‌ဘောသာဖြစ်သည်ဟု ‌ပြောင်းကုန် သည် ‌နော်မငြိမ်းက ဆိုသည်။

“ကျမ လုပ်ကိုင်လာတဲ့ ၁ဝ နှစ်အတွင်း‌တော့ ဒီလိုဖြစ်တာက နှစ်တိုင်းလိုလိုပါပဲ။ အရင်တုန်းကလိုမျိုးဆိုရင် သူတို့က ထိုင်း‌ပြောင်း‌တွေ အကုန်ထွက်‌စေချင်တာ‌ပေါ့။ ထိုင်း‌ပြောင်း‌တွေ အကုန်ထွက်ပြီးဆိုရင် ဒီက‌ပြောင်း ‌တွေကို ပြန်ဖွင့်‌ပေးတာပါပဲ။ ဒါ‌ပေမဲ့ ပြဿနာကြုံရတာက ကျမတို့ပဲ မဟုတ်ဘူး‌လေ။ ဒီ‌သောင်ရင်းမြစ်ကမ်း တစ်‌လျှောက်လုံးပဲ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ၎င်းတို့အ‌နေဖြင့် ‌ဒေသတွင်း ထိုင်းစစ်တပ်အာဏာပိုင်များနှင့် သွား‌ရောက်‌တွေ့ဆုံခဲ့ရာတွင် စစ်တပ်မှ ထိုင်းဘက်ခြမ်း ‌ပြောင်းစိုက်‌တောင်သူများအား ၎င်းတို့လုပ်ကိုင်စား‌သောက်မှု အ‌ထောက်အထား စာရွက်စာ တမ်းများ ‌ကောက်ယူစုစည်းတင်ပြ‌ပေးရန် ‌ပြောဆိုခဲ့ပြီး ‌ဒေသခံ‌ပြောင်းစိုက် ‌တောင်သူဘက်ကလည်း အ ‌ထောက်အထား စာရွက် စာတမ်းများကို ‌ကောက်ယူစုစည်းပြီး တင်ပြသွားရန် စီစဉ်‌နေသည်ဟုလည်း ‌နော်မငြိမ်းက ဆက်‌ပြောသည်။

Photo: ชวลิต สจ.มอไซต์

ထိုင်း-မြန်မာ နယ်စပ် ‌သောင်ရင်းမြစ်‌ချောင်းတစ်‌လျှောက်ကိုဖြတ်၍ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆက်စပ်‌သော တရားမဝင် ကုန်စည်စီဆင်းသည့် ဂိတ်‌ပေါက်များစွာရှိပြီး ၎င်းမှတဆင့် ‌ပြောင်းဆံအပါအဝင် အခြား‌သော လူသုံးကုန်ပစ္စည်းများလည်း တင်သွင်း၊ တင်ပို့မှုများ ပြုလုပ်လျက်ရှိသလို ဖလူး‌ဒေသမှ ‌ဝေါ‌လေ ‌ဒေသရှိ ထိုင်းနိုင်ငံဘက်ခြမ်းသို့ တရားမဝင် ‌ပြောင်းဆံများ တင်ပို့သည့် ဂိတ်‌ပေါက် (၇)ခုခန့်ရှိသည်ဟု သိရ သည်။

လတ်တ‌လောတွင် ဂိတ်‌ပေါက်များ ပြန်လည်ဖွင့်လှစ်‌ပေးရန် ‌ဒေသခံများမှ သက်ဆိုင်ရာ ထိုင်းစစ်တပ်၊ မြို့နယ် အုပ်ချုပ်‌ရေး အရာရှိများ၊ နယ်စပ်ကုန်သွယ်‌ရေးအရာရှိများနှင့် နယ်‌မြေခံရဲ စသည့် အာဏာပိုင်များနှင့် ‌တွေ့ဆုံ ညှိနှိုင်းခဲ့ပြီး လာမည့် ‌ဖေ‌ဖော်ဝါရီလတွင် ဖွင့်လှစ်‌ပေးသွားရန် ‌ပြောဆိုထား‌သော်လည်း ‌ဒေသခံများမှာ အ‌ထွေ ‌ထွေ အသုံးစရိတ်အ‌ကြွေးအတိုးများ ပိုမိုတက်သွားမည်ကို စိုးရိမ်လျက်ရှိသည်ဟု ဆိုသည်။

“ဒီက ‌ဒေသခံ‌တွေအများစုက ထိုင်းဘက်ခြမ်းက သူ‌ဌေး‌တွေဆီမှာ အတိုးနဲ့ ‌ချေး‌ငွေကို ယူပြီး စိုက်ကြ တာများတယ်။ အခုဆို တင်ပို့လို့ မရတဲ့အထဲက ‌ငွေတိုးလည်း‌ပေးရမယ်ဆို‌တော့ ‌ပြောင်းစိုက်‌တောင်သူ‌တွေ ‌တော်‌တော်ဒုက္ခ‌ရောက်‌နေကြတယ်”ဟု ‌ပြောင်းစိုက်‌တောင်သူ ‌စောတိုးတိုက ‌ပြောသည်။

မြဝတီခရိုင် ဖလူး‌ဒေသမှ ‌ဝေါ‌လေ‌ဒေသအထိ ‌ပြောင်းစိုက်ဧက‌ပေါင်း သိန်းချီရှိပြီး လက်ရှိတွင် ‌ပြောင်းဆံ ‌ပေါက်‌ဈေးမှာ ထိုင်းဘက်ခြမ်းတွင် ၁၅ ကီလိုရှိ တစ်ပုံးလျှင် ၁၀၅ ဘတ် ‌ပေါက်‌ဈေးရှိသည်ဟု သိရသည်။