Home သတင်း မဲ‌ဆောက်-မြဝတီနယ်စပ်ဂိတ်မှတစ်လ‌ကျော်အတွင်းတရားမဝင်မြန်မာလုပ်သား ၈,၀၀၀‌ကျော် ပြန်လည်လွှဲ‌ပြောင်းခဲ့

မဲ‌ဆောက်-မြဝတီနယ်စပ်ဂိတ်မှတစ်လ‌ကျော်အတွင်းတရားမဝင်မြန်မာလုပ်သား ၈,၀၀၀‌ကျော် ပြန်လည်လွှဲ‌ပြောင်းခဲ့

2391
Photo: Nay Naw

ဇန်နဝါရီ ၉ ရက်၊ ၂၀၂ဝခုနှစ်။ ‌နေ‌နော်

ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်- မြဝတီဝင်‌ပေါက်မှ တဆင့် တစ်လ‌ကျော်အတွင်းထိုင်းနိုင်ငံသို့‌ရောက်ရှိ‌နေသည့်တရားမဝင်မြန်မာလုပ်သား ၈,၅၀၀‌ကျော်ကို မြန်မာဘက်ခြမ်းသို့ ပြန်လည်လွှဲ‌ပြောင်းပို့‌ဆောင်ခဲ့သည်ဟုသိရသည်။

ပြီးခဲ့သည့် ၂၀၁၉ ဒီဇင်ဘာလ မှ ၂၀၂ဝ ဇန်နဝါရီလ ၈ ရက်‌နေ့ထိရက်‌ပေါင်း ၃၉ ရက်အတွင်းထိုင်းနိုင်ငံသို့ တရားမဝင်‌ရောက်ရှိသည့် မြန်မာလုပ်သား ၈, ၅ဝဝ ‌ကျော်ကိုမဲ‌ဆောက်-မြဝတီအလုပ်သမားဆက်ဆံ‌ရေးရုံးမှ တစ်ဆင့် မြန်မာပြည်ဘက်ခြမ်းသို့ ပြန်လည်လွှဲ‌ပြောင်းခဲ့ခြင်းဖြစ်သည်ဟုထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအရာရှိဦး‌ဝေလင်း‌မောင်ကယမန်‌နေ့ ဇန်နဝါရီ ၈ရက်‌နေ့က ယခုလို‌ပြောသည်။

“တခြားဂိတ်‌တွေကလည်းလွှဲ‌ပြောင်း‌ပေးတာရှိတယ်။ စာရင်းမချုပ်ရ‌သေးဘူး။ ဒါကမဲ‌ဆောက် ဂိတ်တစ်ခုတည်းကစာရင်းပါ။ ကျန်ဂိတ်‌တွေကဖမ်းမိတာနည်းတယ်။လွှဲ‌ပေးတာနည်းတယ်။ မြဝတီဂိတ်က‌တော့ မဲ‌ဆောက်နဲ့ပိုနီး‌တော့အဲဒီဘက်က မြန်မာ‌တော်‌တော်များများထိုင်းဘက်တရားမဝင် ‌ရောက်လာတာအများဆုံး‌ပေါ့” ဟု ၎င်းက ဆိုသည်။

ထို့အပြင် ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလတစ်လတည်းတွင်ထိုင်းနိုင်ငံထဲသို့ တရားမဝင်‌ရောက်ရှိလာသည့် မြန်မာလုပ်သမား ၇,၅ဝဝ‌ကျော်ရှိပြီး ၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီလ ၁ရက် မှ ၈ ရက်‌နေ့အထိတွင်တရားမဝင် မြန်မာအလုပ်သမား ၁,ဝဝဝ ‌ကျော်ကိုမဲ‌ဆောက်- မြဝတီမြို့ရှိအလုပ်သမားဆက်ဆံ‌ရေးရုံးသို့ လွှဲ‌ပြောင်း‌ပေးခဲ့ရသည်ဟုသံအရာရှိဦး‌ဝေလင်း‌မောင်ကဆိုသည်။

ထိုင်း-မြန်မာနယ်စပ်တွင် ဖွင့်လှစ်ထားသည့်အလုပ်သမားဆက်ဆံ‌ရေးရုံးများဖြစ်‌သောမဲ‌ဆောက်၊ချင်းမိုင်၊တာချီလိတ်စခန်းသုံးခုတွင်ထိုင်းနိုင်ငံနယ်စပ်ဖြတ်‌ကျော်ခွင့်သက်တမ်းလွန်ခြင်းနှင့် အ‌ထောက်အထားမဲ့‌နေထိုင်သူများကို မြန်မာနိုင်ငံဘက်သို့ ပြန်လွှဲ‌ပြောင်း‌ပေးလျက်ရှိသည်။

ထိုင်းနိုင်ငံတွင် ဗီဇာသက်တမ်းကုန်သူများနှင့် အ‌ကြောင်းအမျိုးမျိုး‌ကြောင့် ‌ရောက်ရှိသူများမှာထိုင်းလဝကဥပ‌ဒေဖြင့် အ‌ရေးယူခံရမည် ဖြစ်ပြီးနှစ်နိုင်ငံအစိုးရညှိနှိုင်းမှုအရဖမ်းဆီးရမိသည့် မြန်မာအလုပ်သမားများကိုအ‌ရေးယူမှု မပြုလုပ်ရန်နှင့် မြန်မာသံရုံးမှ ချိတ်ဆက်၍ ပြန်လည်လွှဲ‌ပြောင်း‌ပေးရန် ညှိနှိုင်းထားမှုများရှိသည်ဟုသိရသည်။

ထို့အတူ ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ်တွင်လည်း မြန်မာ-ထိုင်းနှစ်နိုင်ငံနယ်စပ်ဂိတ်များဖြစ်‌သောချင်းမိုင်မြို့-တာချီလိတ်မြို့၊ မဲ‌ဆောက်မြို့-မြဝတီမြို့နှင့် ရ‌နောင်းမြို့-‌ကော့‌သောင်းမြို့တို့မှတစ်ဆင့် စုစု‌ပေါင်း မြန်မာလုပ်သား ၇၄,၇၃၁ဦးလွှဲ‌ပြောင်းခဲ့ပြီးထိုအထဲတွင် အမျိုးသား ၅၅,၃၄၁ ဦး၊ အမျိုးသမီး ၁၉,၃၉ဝ ဦးပါဝင်သည်ဟုထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှတ်တမ်းတွင် ‌ဖော်ပြထားသည်။

လက်ရှိတွင် ထိုင်းနိုင်ငံ၌ မြန်မာ‌ရွှေ့‌ပြောင်းလုပ်သား ၅သန်းနီးပါး လုပ်ကိုင်လျက်ရှိရာထိုအထဲတွင် တရားမဝင် ဝင်‌ရောက်လာသည့် မြန်မာလုပ်သားခုနစ်‌သောင်းခွဲ‌ကျော်ရှိသည်ဟုထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှတ်တမ်းအရသိရသည်။