Home သတင်း မုလအိဘုရားဖူး‌တောင်တက်ယာဉ် တိမ်း‌မှောက်၊ ‌ကျောင်းဆရာမတစ်ဦး‌သေဆုံး

မုလအိဘုရားဖူး‌တောင်တက်ယာဉ် တိမ်း‌မှောက်၊ ‌ကျောင်းဆရာမတစ်ဦး‌သေဆုံး

4374
Photo: Nay Naw

ဇန်နဝါရီလ ၁ ရက်၊ ၂၀၂ဝ ခုနှစ်။ ‌နေ‌နော်

မြဝတီခရိုင်၊ စုကလိမြို့နယ်ခွဲရှိ‌ပေ ၆,ဝဝဝ‌ကျော်မြင့်‌သောမုလအိ‌တောင်‌ပေါ်ဘုရားသို့ သွား‌ရောက်သည့် ဘုရားဖူး‌မော်‌တော်ယာဉ်တစ်စီးသည် ဒီဇင်ဘာ ၃၁ရက်ည‌နေက တိမ်း‌မှောက်ခဲ့ရာကား‌ပေါ်ပါလာသူ‌ကျောင်းဆရာမတစ်ဦးမှာအခင်းဖြစ်‌နေရာတွင်‌သေဆုံးပြီးကျန်ဆရာမ ၄ဦး ဒဏ်ရာရရှိသွားခဲ့‌ကြောင်းသိရသည်။

ဒီဇင်ဘာ ၃၁ရက်‌နေ့ ည‌နေ ၅း၁၅နာရီအချိန်ခန့်က “မုလအိ”‌တောင်‌ပေါ် ဘုရားသို့ ရန်ကုန်တိုင်း‌ဒေသကြီးဒဂုံ အထက-၁ ‌ကျောင်းမှ ‌ကျောင်းအုပ်ဆရာမကြီးနှင့်အဖွဲ့ ၁၃ဦးစီးနင်းလိုက်ပါလာပြီးယာဉ်‌မောင်းဦးကြည်‌အောင် ‌မောင်းနှင်လာသည့် အနက်‌ရောင် VIGO ကားမှာ‌တောင်‌ခြေရှိတ‌နောထ‌ကျေးရွာအနီးကုန်းဆင်းတွင် အရှိန်မထိန်းနိုင်ဘဲလမ်း၏ယာဘက်သို့ ထိုးကျကာတိမ်း‌မှောက်သွားခဲ့ခြင်းဖြစ်သည်။

အဆိုပါယာဉ်တိမ်း‌မောက်မှု‌ကြောင့် ရန်ကုန်တိုင်း‌ဒေသကြီးအ.ထ.က(၁) ဒဂုံမှ အလယ်တန်း ပြဆရာမ‌ဒေါ်ယဉ်ယဉ်ဦး ၄၆နှစ်မှာအခင်းဖြစ်‌နေရာတွင်‌သေဆုံးခဲ့ပြီး‌နေရပ်လိပ်စာတူဆရာမ‌ဒေါ်သဇင်‌ရွှေ(အလယ်တန်းပြ) ဆရာမ‌ဒေါ်နှင်းသိဂင်္ ီနွယ်(အလယ်တန်းပြ)၊ ‌ဒေါ်ခင်အုန်းမြင့်(အလယ်တန်းပြငြိမ်း)၊‌ဒေါ်မာလာမြင့်(အလယ်တန်းပြ)တို့မှာ (မစိုးရိမ်ရ) ဒဏ်ရာများအသီးသီးရရှိခဲ့‌ကြောင်းသိရသည်။

ယာဉ်တိမ်း‌မှောက်မှုမှ ထိခိုက်ဒဏ်ရာရရှိခဲ့‌သောလူနာများအား‌ဒေသတာဝန်ရှိသူများမှ လူမှုကယ်ဆယ်‌ရေးကားများဖြင့် မြဝတီပြည်သူ့‌ဆေးရုံကြီးသို့ပို့‌ဆောင်‌ပေးခဲ့ကြပြီး မြဝတီခရိုင်အုပ်ချုပ်‌ရေးမှူးဦး‌တေဇာ‌အောင်၊ မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးဒု/ရဲမှူးကြီးသက်လင်းဦးတို့မှ မြဝတီပြည်သူ့‌ဆေးရုံကြီးသို့သွား‌ရောက်ကြည့်ရှုကာကူညီ‌ဆောင်ရွက်‌ပေးခဲ့ကြသည်ဟုသိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍လူ‌သေဆုံးပြီးထိခိုက်ဒဏ်ရာများရရှိ‌စေရန် ယာဉ်ကိုမဆင်မခြင်‌မောင်းနှင်သည့် ယာဉ်‌မောင်းဦးကြည်‌အောင်၃၉နှစ်အားစုကလိမြို့နယ်(ခွဲ) ရဲစခန်းမှ ယာဉ်(ပ)၁/၂ဝ၁၉၊ရာ ရာဇသတ်ကြီးပုဒ်မ ၃ဝ၄- က/၃၃၈/၃၃၇ ဖြင့်အမှုဖွင့်အ‌ရေးယူထား‌ကြောင်းသိရသည်။