Home သတင်း မရင်းကုန်းရွာ ‌တောင်က‌လေး‌တောင်‌ခြေတွင် ငါးအ‌မြောက်အမြား‌သေဆုံးမှု ဖြစ်ပွား

မရင်းကုန်းရွာ ‌တောင်က‌လေး‌တောင်‌ခြေတွင် ငါးအ‌မြောက်အမြား‌သေဆုံးမှု ဖြစ်ပွား

3673
Photo: Local

ဇန်နဝါရီလ ၂၁ ရက်၊ ၂၀၂ဝ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ်၊ ဖားအံမြို့နယ် သံလွင်မြစ် အ‌နောက်ခြမ်း ‌ရေမည်းနက်မှုဖြစ်ပွားခဲ့သည့် ‌ဒေသရှိ မရင်းကုန်း ‌ကျေးရွာ ‌တောင်က‌လေး‌တောင်‌ခြေ‌ဘေးမဲ့ကန်တွင် အ‌ကြောင်းအရင်းမသိဘဲ ယ‌နေ့ (ဇန်နဝါရီ ၂၁ရက်) နံနက်က ငါးအ‌မြောက်အမြား ‌သေဆုံးမှုဖြစ်ပွားခဲ့သည်ဟု ‌ဒေသခံရွာသားများက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းငါးများ‌ဘေးမဲ့ထားသည့် ‌ရေကန်တွင် ပြီးခဲ့သည့် တပတ်‌ကျော်ကတည်းက ‌ရေများအမြှုပ်ထွက်လာပြီးအ ‌ရောင်များလည်း ‌ပြောင်းလဲလာခြင်းရှိသည့်‌နောက်ပိုင်းတွင် ယခုလိုငါးများဆက်တိုက်‌သေဆုံးမှုရှိလာခြင်း ဖြစ်သည်ဟု မရင်းကုန်းရွာ ‌ဒေသခံတစ်ဦးဖြစ်သူ ဦးသန်း‌အေးက ယခုလို ‌ပြောသည်။

“ငါး‌သေတာက ၄ ရက်‌လောက်ရှိပြီး ငါးကြီး‌တွေလိုက်စားလို့ ငါးအ‌သေး‌တွေ‌သေတာပဲလို့ စစချင်းတုန်းက ထင်ထားတာ အခုဒီ‌နေ့က ၃ ပိဿာ‌ကျော်အထိ ရှိတဲ့ငါးကြီး‌တွေ‌တောင် ‌သေတယ်ဆို‌တော့ ဒါကမူမှန်မဟုတ် ဘူး ‌သေချာတယ်။ ‌ရေကအမြှုပ်ထွက်တာ သတိထားမိတာ ၁၅ ရက်‌လောက်ရှိပြီး ‌ရေအ‌ပေါ်ယံမှာက ဒီဇယ် လိုမျိုး အမြှုပ်အဝါ‌ရောင်ထွက်တယ်။ အခုကန်ထဲက‌ရေ‌တွေအကုန်ထုတ်လိုက်တယ်။ ‌ကောင်းတဲ့‌ရေ‌တွေကိုပြန် သွင်းထည့်တယ်။ အ‌ခြေအ‌နေဘယ်လိုမလဲမသိ‌သေးဘူး” ဟု ၎င်းက ‌ပြောသည်။

Photo: Local

အဆိုပါ‌ရေကန်ထဲရှိ ‌ရေဆိုးများကို ယ‌နေ့တွင် အပြင်သို့ စုပ်ထုတ်ပြီး‌နောက် ‌ရေအသစ်ပြန်သွင်းထည့် ထားသည့်အတွက် ငါးများ ဆက်လက်‌သေဆုံးမှုရှိမရှိ အ‌ခြေအ‌နေကို ပြန်လည်‌စောင့်ကြည့်ရမည်ဖြစ် သည်ဟုလည်း ဦးသန်း‌အေးက ဖြည့်စွက်‌ပြောသည်။

‌တောင်က‌လေး‌တောင်‌ခြေရှိ ‌ဘေးမဲ့ငါးကန်သည် သက်တမ်းအားဖြင့် နှစ်‌ပေါင်း ၃ဝ ‌ကျော်ရှိ‌နေခဲ့ပြီးဖြစ် ‌သော်လည်း ယခုလို ငါးများ ‌သေဆုံးမှုမှာ ပထမဆုံးအကြိမ် ကြုံ‌တွေ့ရခြင်းဖြစ်သည်ဟု ‌ဒေသခံများက ‌ပြောသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ‌အောက်တိုဘာလဆန်းပိုင်းမှစ၍ ၎င်း‌ဒေသရှိ ဘားကပ်၊ ‌အောက်‌ကော့ရင်း၊ ရ‌သေ့ပျံ၊ ပန်း ကုန်းစသည့် ‌ကျေးရွာအုပ်စုအတွင်း ‌ကျေးရွာများတွင် ‌ဒေသခံများ အသုံးပြု ‌သောက်သုံး‌နေ‌သော ‌သောက်သုံး ‌ရေကန်၊ ‌ရေတွင်းများအတွင်း ပုံမှန်မဟုတ်သည့် ‌ရေများမည်းနက်လာခြင်း‌ကြောင့် ‌သောက်သုံး‌ရေများ အခက်အခဲကြုံ‌တွေ့ခဲ့ရသလို ‌အောက်တိုဘာလ ၁၅ ရက်တွင်လည်း ဖားကပ်‌ကျေးရွာအုပ်စု ‌ရေတွင်း ကုန်း‌ကျေးရွာတွင် အလားတူ ငါးများအစုလိုက်အပြုံလိုက် ‌သေဆုံးမှု ဖြစ်ပွားခဲ့‌သေးသည်။

အဆိုပါ ငါးများ‌သေဆုံးမှုကို ပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာနတာဝန်ရှိသူများက လာ‌ရောက်ကြည့်ရှုစစ်‌ဆေးမှုများ ပြုလုပ် ‌နေကြပြီး ‌သေဆုံးသွားသည့် ငါးများကို ဓာတ်ခွဲစစ်‌ဆေးမှုလုပ်ရန်အတွက် ယူ‌ဆောင်သွားခဲ့သည်ဟု ‌ဒေသခံများက ‌ပြောသည်။