Home သတင်း ထိုင်း လူမှုညီ‌ရေး‌ဂေဟာများတွင် ၆ လနီးပါး ထိန်းသိမ်းခံ မြန်မာ‌ရွှေ့‌ပြောင်း လုပ်သား ၇၇ ဦးအား မြဝတီမြို့သို့ ပြန်လည်လွှဲ‌ပြောင်း

ထိုင်း လူမှုညီ‌ရေး‌ဂေဟာများတွင် ၆ လနီးပါး ထိန်းသိမ်းခံ မြန်မာ‌ရွှေ့‌ပြောင်း လုပ်သား ၇၇ ဦးအား မြဝတီမြို့သို့ ပြန်လည်လွှဲ‌ပြောင်း

2388
Photo: Nay Naw

ဇန်နဝါရီ ၃ဝ ရက်၊ ၂၀၂ဝ ခုနှစ် ။ ‌နေ‌နော်

ထိုင်းနိုင်ငံ လူမှုဖွံ့ဖြိုးတိုးတက်‌ရေးနှင့်လူထုလုံခြုံ‌ရေး ဝန်ကြီးဌာန လက်‌အောက်ရှိ ‌ဂေဟာများတွင် အ‌ကြောင်း အမျိုးမျိုး‌ကြောင့် ၆ လနီးပါးခန့် ထိန်းသိမ်းထားသည့် မြန်မာ‌ရွှေ့‌ပြောင်းလုပ်သား ၇၇ ဦးကို ယ‌နေ့ (ဇန်နဝါရီ ၃ဝရက်) နံနက်ပိုင်းက ထိုင်းဘက်ခြမ်းရှိ တာဝန်ရှိသူများက ထိုင်း- မြဝတီမြို့ရှိ ပြန်လည်ထူ‌ထောင်‌ရေးဦးစီး ဌာနသို့ လွှဲ‌ပြောင်းအပ်နှံခဲ့‌ကြောင်း သိရသည်။

ပြန်လည်လွှဲ‌ပြောင်းခံရသူထဲမှ မ‌ကွေးတိုင်း ‌တောင်တွင်းကြီးမြို့‌နေသူ ‌မောင်ရန်နိုင်က “ကျ‌နော်က လူကုန်ကူး ခံရတာ‌တော့ မဟုတ်ဘူး။ ပွဲစားကို မြန်မာကျပ်‌ငွေ ၁ဝ သိန်း‌ကျော်‌ပေးပြီး ‌ဆွေမျိုး‌တွေရှိရာ မ‌လေးရှားနိုင်ငံကို သွားပြီး အလုပ်လုပ်ဖို့ပါ။ ဒါ‌ပေမယ့် မ‌လေးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံနယ်စပ် ဟိုင်းယိုင်မြို့အ‌ရောက်မှာ ထိုင်းရဲ‌တွေ ရဲ့ဖမ်းဆီးခြင်းကိုခံရပြီး ဟိုင်းယိုင်အချုပ်မှာ ၃လခန့် ‌နေရပါတယ်။ အဲ့ဒီက‌နေတဆင့် ထိုင်းနိုင်ငံ ဆုန်ခလာမြို့က လူမှုကူညီ‌ရေး‌ဂေဟာမှာ ၆လ နီးပါး‌နေခဲ့ရပြီး အခုလို မြဝတီမြို့သို့ ပြန်လည်လွှဲ‌ပြောင်းခြင်းခံရတာ ဖြစ်တယ်”ဟု ‌ပြောသည်။

ထိုင်းနိုင်ငံဘက်ခြမ်း (ကာကွယ်‌စောင့်‌ရှောက်‌ရေးနှင့်‌ထောက်ခံအား‌ပေးမှုအဖွဲ့ခွဲ -DATIP) ၏ ဒါရိုက်တာ Mr. Ratchapon Maneelef ဦး‌ဆောင်‌သောအဖွဲ့မှ မြန်မာ‌ရွှေ့‌ပြောင်းလုပ်သား ၇၇ ဦးကို ယ‌နေ့ နံနက် ၉ နာရီအ ချိန်ခန့်က မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက် ဓိဋ္ဌာန်‌အောင်ဘုရားလမ်းရှိ ပြန်လည်ထူ‌ထောင်‌ရေးဦးစီးဌာနရုံးသို့ လာ‌ရောက်လွှဲ‌ပြောင်းရာ မြန်မာဘက်ခြမ်းမှ ပြန်လည်ထူ‌ထောင်‌ရေးဦးစီးဌာန ဒုတိယညွှန်ကြား‌ရေးမှူး ဦး‌ကျော်စွာ နှင့် တာဝန်ရှိသူများက လက်ခံ‌ပေးခဲ့ခြင်း ဖြစ်သည်။

Photo: Nay Naw

“ဒီ‌နေ့ ထိုင်းနိုင်ငံဘက်က ‌ဂေဟာ‌တွေမှာ ‌စောင့်‌ရှောက်ထားတဲ့ မြန်မာ‌ရွှေ့‌ပြောင်းလုပ်သားအမျိုးသား ၆၁ ဦး၊ အမျိုးသမီး ၉ ဦးနဲ့ က‌လေး ၇ ဦး စုစု‌ပေါင်း ၇၇ ဦးကို မြန်မာဘက်ခြမ်းကို လာ‌ရောက်လွှဲ‌ပြောင်း‌ပေးပါတယ်။ သူတို့ကို မြဝတီမြို့ ပြန်လည်ထူ‌ထောင်‌ရေးဦးစီးဌာနရုံးမှာ လိုအပ်သည်များကို ‌မေးမြန်းဖို့ ‌ခေတ္တ‌စောင့် ‌ရှောက် ထားပါတယ်။ ‌ထောက်ပံ့ကူညီ‌ရေးအစီအစဉ်‌တွေအ‌နေနဲ့ သူတို့ ‌နေရပ်ကို ပြန်လည်ပို့‌ဆောင်‌ပေး မှာဖြစ်ပါတယ်” ဟု ပြန်လည်ထူ‌ထောင်‌ရေးဦးစီးဌာန ဒုတိယညွှန်ကြား‌ရေးမှူး ဦး‌ကျော်စွာက ‌ပြောသည်။

ထိုင်းနိုင်ငံရှိ‌ဂေဟာများတွင် အ‌ကြောင်းအမျိုးမျိုး‌ကြောင့် ၆ လခန့် ထိန်းသိမ်း‌စောင့်‌ရှောက်ခံရပြီး ယ‌နေ့ ပြန်လည် လွှဲ‌ပြောင်းခဲ့သည့် မြန်မာ‌ရွှေ့‌ပြောင်း လုပ်သားအများစုမှာ မ‌လေးရှားနိုင်ငံသို့ တရားမဝင်လမ်း‌ကြောင်းဖြင့် အလုပ် လုပ်ရန်သွားစဉ် ထိုင်းနိုင်ငံနယ်စပ်၌ ထိုင်းရဲများ၏ ဖမ်းဆီးထိန်းသိမ်းခံရပြီး ‌ဂေဟာများသို့ ပို့‌ဆောင်ခံရသူများဖြစ် သည်။

၎င်းတို့မှာ ကရင်ပြည်နယ်အပါအဝင် ရခိုင်ပြည်နယ်၊ တနသင်္ာရီတိုင်း ၊ မွန်ပြည်နယ်၊ ချင်းပြည်နယ် နှင့် မ‌ကွေးတိုင်း‌ဒေသကြီးတွင် ‌နေထိုင်သူများဖြစ်‌ကြောင်း သိရသည်။