Home သတင်း စာသင်‌ကျောင်းရှိကရင်အမျိုးသားအလံတိုင် ဖျက်ဆီးခံရမှုအ‌ပေါ် KNU ဘိတ်-ထားဝယ်ခရိုင်ကန့်ကွက်

စာသင်‌ကျောင်းရှိကရင်အမျိုးသားအလံတိုင် ဖျက်ဆီးခံရမှုအ‌ပေါ် KNU ဘိတ်-ထားဝယ်ခရိုင်ကန့်ကွက်

7597
Photo: Local

ဇန်နဝါရီ ၆ရက်၊ ၂၀၂ဝခုနှစ်။ ‌ကေအိုင်စီ

တနသင်္ာရီတိုင်း‌ဒေသကြီး၊တနသင်္ာရီမြို့နယ် သဲဖြူ‌ကျေးရွာ အ‌ခြေခံပညာမူလတန်း‌ကျောင်းဝင်းအတွင်း နိုင်ငံ‌တော်အလံနှင့်ယှဉ်လျက်ရွာသူရွာသားများစိုက်ထူထားသည့် ကရင်အမျိုးသားအလံတိုင် ဖြိုလှဲဖျက်ဆီးခံရမှုအ‌ပေါ်ကန့်ကွက်စာ‌ပေးပို့သွားမည်ဖြစ်‌ကြောင်းKNU-ကရင်အမျိုးသားအစည်းအရုံး၊ဘိတ်-ထားဝယ်ခရိုင်က ‌ပြောသည်။

ဇန်နဝါရီလ ၁ရက်‌နေ့က မြိတ်ခရိုင်၊ သဲဖြူ‌ကျေးရွာ‌ဒေသခံများအပါအဝင် ‌ကျောင်းတာဝန်ရှိသူများမှ အဆိုပါ‌ကျောင်းဝင်းအတွင်း ကရင်အမျိုးသားအလံအားစိုက်ထူမှုများပြုလုပ်ခဲ့ပြီး‌နောက် ဇန်နဝါရီလ ၂ရက်‌နေ့ည ၉နာရီခွဲအချိန်ခန့်ကနယ်‌မြေခံ မြန်မာ့တပ်မ‌တော်မှ တပ်ဖွဲ့ဝင်အင်အား ၂ဝခန့်လာ‌ရောက်ပြီးဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု‌ဒေသခံရွာသားများက‌ပြောဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ထားဝယ်မြို့ရှိKNU ဆက်ဆံ‌ရေးရုံးတာဝန်ခံ ပဒိုဝင်းခိုင်က “ကျ‌နော်တို့ JMC ကိုပဲကန့်ကွက်စာပို့ရမှာ‌ပေါ့။ဘာဖြစ်လို့လဲဆို‌တော့ NCA ရဲ့စာချုပ်အရက ဩဇာအင်အားမသုံးဘဲနဲ့ ငြိမ်းချမ်းစွာ‌ဖြေရှင်းသွားရမယ်ဆိုတဲ့သ‌ဘောတရားက‌ပျောက်ဆုံးသွားတယ်‌လေ။ဒီကိစ္စကညှိနှိုင်းလို့ရတဲ့ကိစ္စပဲဟာ။ လက်မခံရင် လက်မခံဘူး။ ညှိနှိုင်းတာမရှိဘဲနဲ့သွားလုပ်‌တော့ မိုးလင်း‌တော့ အကုန်လုံးစိတ်မ‌ကောင်းဖြစ်ကြရတာ‌ပေါ့။”ဟု‌ကေအိုင်စီသို့ ‌ပြောသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေးသ‌ဘောတူစာချုပ် NCA လက်မှတ်‌ရေးထိုးပြီး‌နောက်ပိုင်း KNU ဘိတ်-ထားဝယ်ခရိုင်အတွင်း အလားတူဖြစ်စဉ်များ ဖြစ်ပွားခဲ့ဖူးခြင်းမရှိသလိုလတ်တ‌လောဖြစ်ပွားခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ KNU ဘိတ်-ထားဝယ်ခရိုင်အ‌နေဖြင့် JMC အဆင့်ဆင့်ထံမကြာမီရက်ပိုင်းအတွင်းစာ‌ရေးသား‌ပေးပို့ကန့်ကွက်သွားမည်ဖြစ်‌ကြောင်းလည်း ၎င်းကဆက်‌ပြောသည်။

သဲဖြူ(မဲ့ဝါး)‌ကျေးရွာအ‌ခြေခံပညာမူလတန်း‌ကျောင်းသည် အစိုးရ၏ စာသင်‌ကျောင်းတစ်‌ကျောင်းဖြစ်ပြီးအစိုးရပညာ‌ရေးသင်ရိုးညွှန်းတမ်းအပြင် ကရင်စာ‌ပေကိုပါ တွဲဖက်သင်ကြား‌ပေးသည့်အတွက် ကိုယ်ထူကိုယ်ထဖြင့် ကရင်အမျိုးသားအလံကို နိုင်ငံ‌တော်အလံနှင့်အတူလွှင့်ထူရန်လုပ်‌ဆောင်ခဲ့ခြင်းဖြစ်ပြီးသက်ဆိုင်ရာအဆင့်ဆင့်ထံစာ‌ရေးတင်ပြရန်ပျက်ကွက်ခဲ့မှုနှင့်ခွင့်ပြုချက်မရှိဟုဆိုကာ‌ရေဖြူမြို့နယ် အ‌ခြေစိုက် ဗျူဟာမှူး ဗိုလ်မှူးကြီးဝင်းသူထက်နှင့် တပ်ဖွဲ့ဝင်များကလာ‌ရောက်တားမြစ်ခံခဲ့ခြင်းဖြစ်‌ကြောင်း‌ဒေသခံများ၏ ‌ပြောပြချက်များအရသိရသည်။

အဆိုပါကရင်အလံတိုင်ကိုသဲဖြူရွာစာသင်‌ကျောင်း နိုင်ငံ‌တော်အလံတိုင်၏ ဘက်ဖက်နားတွင် စိုက်ထူခြင်းဖြစ်ပြီး ဇန်နဝါရီလ ၃ရက်‌နေ့တွင် ကရင်အလံကိုတင်သွားမည်ဖြစ်‌သော်လည်းယခုကဲ့သိုဖျက်ဆီးခံလို်က်ရခြင်းဖြစ်‌ကြောင်းအမည်မ‌ဖော်လိုသူ‌ဒေသခံများက‌ပြောဆိုသည်။

Photo: Local

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေးသ‌ဘောတူစာချုပ်-NCA အခန်း (၁)အ‌ခြေခံမူ၊ အပိုဒ် (၁)၊ အပိုဒ်ခွဲ (စ) တွင် ပြည်‌ထောင်စုသမ္မတမြန်မာနိုင်ငံ‌တော်အတွင်းမှီတင်း‌နေထိုင်ကြ‌သောတိုင်းရင်းသားလူမျိုးများ၏ ‌နောက်ခံသမိုင်း၊ ရိုးရာယဉ်‌ကျေးမှု၊ စာ‌ပေ၊ ဘာသာစကားနှင့်အမျိုးသားလက္ခဏာများမတူကွဲပြားမှုကိုလက်ခံအသိအမှတ် ပြု၍ လူမျိုး‌ပေါင်းစုံ၊ဘာသာစကား‌ပေါင်းစုံတို့ဖြင့် ပြည်‌ထောင်စုလက္ခဏာတစ်ရပ်ကို နိုင်ငံသားအားလုံးစု‌ပေါင်း‌ဖော်‌ဆောင်ရန်ဟူ၍ ပါရှိသည်။

ယခုဖြစ်စဉ်မှာတိုင်းရင်းသားလူမျိုးများ၏ အခွင့်အ‌ရေးကာကွယ်‌စောင့်‌ရှောက်သည့် ဥပ‌ဒေ၊ အခန်း(၃)၊အပိုဒ် (၄)၊ အပိုဒ်ခွဲ(ဂ)တွင် မိမိတို့၏ယဉ်‌ကျေးမှု၊ ဓ‌လေ့ထုံးတမ်းအရ‌ဆောင်ရွက်‌သောအခမ်းအနားများနှင့် ‌နေ့ထူး‌နေ့မြတ်များအားလွတ်လပ်စွာကျင်းပခွင့်ရှိသည်ဟု ပြဌာန်းထားမှုနှင့်‌သွေဖည်‌နေ‌ကြောင်းလည်းKNU က ‌ထောက်ပြ‌ပြောဆိုသည်။

တနသင်္ာရီမြို့နယ်၊ သဲဖြူ‌ကျေးရွာ အ‌ခြေခံပညာမူလတန်း‌ကျောင်းဝင်းရှိ ကရင်အမျိုးသားအလံတိုင် ဖျက်ဆီးခံရမှုနှင့်ပတ်သက်၍ ကမ်းရိုးတန်း‌ဒေသတိုင်းစစ်ဌာနချုပ်မှ ‌ပြောခွင့်ရသူဗိုလ်မှူးကြီးသန့်ဇင်ဦးအား‌ကေအိုင်စီက ဇန်နဝါရီလ ၆ရက်ယ‌နေ့တွင်ဖုန်းဖြင့်ဆက်သွယ်‌သော်လည်းဆက်သွယ်၍ မရခဲ့‌ပေ။

ကရင်အမျိုးသားအလံလွှင့်ထူမှုတားမြစ်ခံရသည့် ဖြစ်စဉ်များမှာ KNU နှင့် မြန်မာအစိုးရတို့ နှစ်ဖက်ထိစပ် အုပ်ချုပ်နယ်‌မြေများအတွင်း ဖြစ်ပွားခဲ့မှုများရှိခဲ့ပြီး ၂၀၁၈ခုနှစ်၊ ဇူလိုင်လကလည်း ကြာအင်းဆိပ်ကြီးမြို့နယ်၊ KNU ဒူးပလာယာခရိုင်၊ဝင်း‌ရေးမြို့နယ်အတွင်းရှိအစိုးရမူလတန်း‌ကျောင်းတွင် တစ်ကြိမ်ဖြစ်ပွားခဲ့ဖူးသည်။