Home တွေ့ဆုံမေးမြန်းခန်း ICJ ကိစ္စအ‌ပေါ် ‌ကေအဲန်ယူ ဒုဥက္ကဋ္ဌ‌ဟောင်း ပဒို‌နော်စီဖိုးရာစိန်၏ သုံးသပ်ချက်

ICJ ကိစ္စအ‌ပေါ် ‌ကေအဲန်ယူ ဒုဥက္ကဋ္ဌ‌ဟောင်း ပဒို‌နော်စီဖိုးရာစိန်၏ သုံးသပ်ချက်

3786

‌တွေ့ဆုံ‌မေးမြန်းခြင်း(အင်တာဗျူးကဏ္ဍ)

နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)တွင် ပြီးခဲ့သည့် ဒီဇင်ဘာ လ ၁ဝရက်မှ ၁၂ ရက်အထိ ပြုလုပ်ခဲ့သည့် ဂမ်ဘီယာနိုင်ငံအစိုးရမှ မြန်မာနိုင်ငံအစိုးရအ‌ပေါ် တရားစွဲဆိုသည့် လူမျိုးတုံးသတ်ဖြတ်မှု၊ရာဇဝတ်မှုဆိုင်ရာ ပဏာမ ကြားနာမှုမှာ ပြီးဆုံးခဲ့ပြီဖြစ်သည်။

ဒီကြားနာပွဲ အပြီး ဂမ်ဘီယာနိုင်ငံမှ မြန်မာနိုင်ငံကို တရားစွဲဆိုမှုနှင့် ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး (‌ကေအဲန်ယူ) ဒု-ဥက္ကဋ္ဌ‌ဟောင်း ပဒို‌နော်စီဖိုးရာစိန်အား ‌ကေအိုင်စီ-ကရင်သတင်းဌာနက ‌တွေ့ဆုံ‌မေးမြန်းထားခြင်းဖြစ်သည်။

‌ကေအိုင်စီ။ ။ ICJ မှာ နှစ်ဖက်‌လျှောက်လဲချက်‌တွေ ပြုလုပ်ခဲ့တဲ့အ‌ပေါ်မှာ ဘယ်လိုသုံးသပ်မိပါသလဲ။
ကျမအ‌နေနဲ့ မြင်တာက ဂမ်ဘီယာဘက်က ‌လျှောက်တင်တဲ့အချက်အလက်အားလုံးက အမှန်‌တွေပါပဲ။ တကယ်လည်း အမှန်‌တွေချည်းပါပဲ။ မြန်မာဘက်က‌တော့ သူတို့ကျူးလွန်ခဲ့တဲ့ကိစ္စကို ဝန်မခံဘူးလို့ ‌ပေါ်လွင်ပါတယ်။ မြန်မာနိုင်ငံ ကိုယ်စားလှယ်က ပြစ်ကျူးလွန်မှု‌တွေကို ကာကွယ်‌ပြောဆိုမှု‌တွေလုပ်တယ်။ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်‌တွေဟာ ဂျီနိုဆိုက် မဖြစ်ဘူးလို့ ဖုံးကွယ်ပြီး‌တော့ ‌ပြောတယ်။ ဖြစ်ခဲ့တဲ့စစ်ဆင်‌ရေး‌တွေဟာ နယ်‌မြေရှင်းလင်း‌ရေးအတွက်သာဖြစ်တယ်‌ပေါ့‌နော်။ ဂမ်ဘီယာနိုင်ငံဘက်က ‌လျှောက်တင်တဲ့ အမျိုးသမီး‌တွေအ‌ပေါ် အဓမ္မ ပြုကျင့်မှု၊ က‌လေးငယ်‌တွေကို သတ်ဖြတ်မှု၊ ‌ကျေးရွာ‌တွေကို မီးရှို့ဖျက်ဆီးမှု‌တွေကို သူတို့(မြန်မာအစိုးရ)တစ်ခုမှ ဝန်မခံဘူး။ ဟုတ်လားမဟုတ်လား မ‌ဖော်ပြဘူး‌ပေါ့‌နော်။

‌ကေအိုင်စီ။ ။ ဂမ်ဘီယာဘက်က Genocide လို့ ‌ပြော‌ပေမယ့် မြန်မာအစိုးရဘက်က‌တော့ Genocide မ‌မြောက် ဘူး။ လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှု အဆင့်‌လောက်ပဲ တုန့်ပြန်‌ပြောဆိုတဲ့အ‌ပေါ်မှာ ဘယ်လိုမြင်ပါသလဲ။
မြန်မာနိုင်ငံဘက်က ‌ပြောတာက တိုက်ပွဲဖြစ်လို့၊ အကြမ်းဖက်သမား‌တွေက လုပ်‌ဆောင်လို့ဖြစ်တယ်။ ဒါ‌ပေမယ့်လည်း အကြမ်းဖက်သမား‌တွေ ထိုသို့လုပ်‌ဆောင်‌သော်လည်း က‌လေးငယ်‌တွေ၊ အမျိုးသမီး‌တွေကို ဒီလိုပဲ သတ်ဖြတ်တာနဲ့ပတ်သက်ပြီး စည်းမျဉ်းစည်းကမ်းဥပ‌ဒေ‌တွေလည်း မရှိဘူး။ မြန်မာနိုင်ငံမှာလည်းပဲ ဥပ‌ဒေမရှိဘူး။ Military Code of Conduct ထဲမှာ ဒီလို တိုက်ပွဲအတွင်း တက်ပြီး ရှင်းလင်းမှု‌တွေလုပ်တဲ့အခါမှာ ဒီလို စည်းမျဉ်းစည်းကမ်းဥပ‌ဒေ မရှိဘူး။ တိုက်ပွဲဖြစ်ပြီး နယ်‌မြေရှင်းလင်းမှု‌တွေ လုပ်တဲ့အခါမှာ က‌လေးငယ်‌တွေကို သတ်ပစ်ရမယ် ဆိုတာ မရှိပါဘူး။

မရှိတဲ့အတွက် ဒီမြန်မာအစိုးရတပ်မ‌တော်ရဲ့ လုပ်‌ဆောင်ချက်၊လုပ်ရပ်‌တွေကို ပြန်ကြည့်ရင် ဂျီနိုဆိုက်ပြုလုပ်တယ်ဆိုတာ သိသာထင်ရှားပါတယ်။ ဒါက Ethnic Cleansing နဲ့ Genocide ပဲဖြစ်ပါတယ်။ သူတို့တစ်ဆင့်ချင်းလုပ်‌ဆောင်တာဖြစ်ပါတယ်။ ဘာ‌ကြောင့်လဲဆို‌တော့ ဒီလိုလုပ်‌ဆောင်မှု‌တွေကိုကြည့်ရင် အစိုးရတပ်မ‌တော်ဟာ ကျမတို့ ကရင်လူမျိုး‌တွေအ‌ပေါ် သတ်ဖြတ်မှု၊အဓမ္မပြုကျင့်မှု‌တွေကို လုပ်‌ဆောင်တာ ဂျီနိုဆိုက်အထိ ‌ရောက်တယ် ဆိုတာ အရင် မှတ်တမ်းမှတ်ရာ‌တွေအများကြီး ပြုစုထားတာရှိပါတယ်။ လူ‌တွေကို တစ်ခါထဲ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာမဟုတ်‌ပေမယ့်လည်း Intension စားနပ်ရိက္ခာ‌တွေကို ဖျက်ဆီးပစ်တာ အရင်က ကျမတို့ ကရင်ပြည် နယ်မှာ ဖြစ်ပျက်ခဲ့တယ်။

ဥပမာ ဆန်စပါး၊ ကရင်လူမျိုး‌တွေရဲ့ အသက်ရှင်ရပ်တည်ပြီး စားသုံးမယ့် အစားအစာ၊ စိုက်ပျိုးပြီး အပင်‌ပေါက် အပင်‌လေး‌တွေကအစ အားလုံးကို ‌တွေ့တာနဲ့ ဖျက်ဆီးပစ်လိုက်တာပဲ။ ဥပမာ တပ်မဟာ ၂၊တပ်မဟာ ၃ဘက်မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ဆိုရင် ငှက်‌ပျောပင်ကအစ အကုန်လိုက်ခုတ် ရှင်းလင်းတာ‌တွေလုပ်တယ်။ ဒီဟာ‌တွေကို စားသုံးလို့ရှိရင် လူက အသက်ရှင်နိုင်‌သေးတဲ့ဆို‌တော့ အရာအားလုံးကို ဖျက်ဆီးပစ်လိုက်တာပဲ။

ဒါ‌ကြောင့် ဒါ‌တွေဟာ လူမျိုးတုံး‌စေချင်တဲ့၊ ‌ပျောက်ကွယ်သွား‌စေချင်တဲ့ အသက်ရှင်ရပ်တည်လို့မရ‌အောင် လုပ်‌ဆောင်ချက်‌တွေပဲ ဖြစ်ပါတယ်။ ဒီလိုလုပ်ရပ်‌တွေဟာ ဂျီနိုဆိုက်ထဲမှာ အကုန်လုံးအကျုံးဝင်တယ်။‌နောက်ပြီး ဖြစ်ပျက်တာ‌တွေက ‌နေရာတစ်ခုထဲ မဟုတ်ပါဘူး။ အစီအစဉ်တကျဖြစ်ပျက်‌နေတယ်။ ကြိုတင်စီစဉ်ပြီးမှ လုပ် ‌ဆောင်တာဖြစ်တယ်။ ဒါ‌တွေက ‌အောက်‌ခြေမှာရှိတဲ့ စစ်သား‌တွေပဲလုပ်‌ဆောင်တာမဟုတ်ဘူး။ ‌ပေါ်လစီအရ အထက်က စစ်ဗိုလ်ချုပ်‌တွေရဲ့ တိုက်ရိုက်ညွှန်ကြားချက်‌တွေ‌ကြောင့်ပဲဖြစ်တဲ့အတွက် ဒီလုပ်‌ဆောင်မှု‌တွေအားလုံးက ဂျီနိုဆိုက်ထဲမှာ အားလုံး ဝင်တယ်။

‌ကေအိုင်စီ။ ။ ICJတရားရင်ဆိုင်မှုမှာမြန်မာနိုင်ငံအတွင်း ဆယ်စုနှစ်‌ပေါင်းများစွာ ဖြစ်ပျက်‌နေတဲ့ လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှု‌တွေကို ‌ဖော်ထုတ်နိုင်ပြီးတရားစီရင်နိုင်တယ်လို့ ယူဆသလား။
တရားသူကြီးချုပ်‌တွေက အမှန်တရားအ‌ပေါ်မှာ ရပ်တည်ပြီး စီရင်ချက်ချမယ်ဆိုရင် အပြစ်‌ပေးအ‌ရေးယူ‌ဆောင်ရွက်မှု‌တွေလုပ်နိုင်တယ်လို့ ကျမယုံကြည်ပါတယ်။ ဘာ‌ကြောင့်လဲဆို‌တော့ အချက်အလက်‌တွေ အားလုံးက ပြီးပြည့်စုံပါတယ်။ တိကျ‌သေချာတဲ့ Evidence (သက်‌သေ)‌တွေရှိတယ်။ သက်‌သေ‌တွေဖြစ်တဲ့ ရိုဟင်ဂျာ(ဘဂင်္ါလီ) ‌တွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်တာ‌တွေ၊ တစ်‌နေရာထဲသတ်ပစ်ပြီး ကျင်းတစ်ကျင်းထဲမှာပဲ စုပြီး မြှုပ်ပစ် တာ‌တွေ၊ ဒါ‌တွေက တစ်‌နေရာထဲမှာတင်ရှိ‌နေတာမဟုတ်ပါဘူး။

အဲဒါ‌ကြောင့် ပုံသဏ္ဍာန်‌တွေ အားလုံးဟာ အ‌ရေးယူ‌ဆောင်ရွက်ဖို့အတွက်က တရားသူကြီးက ‌သေချာကြည့်ပြီး ဖွင့်ဆိုတဲ့အနက်အဓိပ္ပာယ်ကို လက်ခံမယ်ဆိုရင် ဂျီနိုဆိုက်နဲ့ပတ်သက်ပြီး အ‌ရေးယူလို့ရတယ်။အဲလိုပဲ အ‌ရေးယူ ‌ဆောင်ရွက်ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံဘက်က ဘယ်‌လောက်ပဲ ထု‌ချေမှု‌တွေလုပ်ပါ‌စေ ဆိုလိုတာက ဖုံးကွယ် ‌ပြောဆိုခြင်းသာဖြစ်တယ်‌ပေါ့‌နော်။

ဘာ‌ကြောင့်လဲဆို‌တော့ မြန်မာနိုင်ငံက အမြဲတမ်းလိုလို သူတို့ရဲ့အပြစ်‌တွေကို ဖုံးကွယ်တယ်။ အနီးစပ်ဆုံးကြည့်မယ်ဆိုရင် ဒီအပြစ်‌တွေကို မ‌ပေါ်ဖို့အမြဲတမ်းက ဖုံးဖိ‌နေတယ်။ ‌ဒေါ်‌အောင်ဆန်းစုကြည်က ‌ပြောတယ်။ အပြစ် ကျူးလွန်တဲ့သူ‌တွေကို စစ်တပ်က အပြစ်‌ပေးအ‌ရေးယူ‌ဆောင်ရွက်မှု‌တွေလုပ်‌ဆောင်‌နေတယ်။ စစ်ခုံရုံးတင်တယ်။ ဒါ‌ပေမယ့် အမှန်တရားကို တစ်ခါမှ မလုပ်‌ဆောင်ဘူး။ မှတ်တမ်းမှတ်ရာ‌တွေအရ ကျမတို့ ကရင်အမျိုးသမီးနဲ့က‌လေးခံစားလာခဲ့ရတဲ့ အဓမ္မပြုကျင့်ခံမှု‌တွေဟာ အပြစ်ကျူးလွန်တဲ့သူ‌တွေကို အ‌ရေးယူတာ မရှိဘူး။

ကျူးလွန်ခံရတဲ့သူ‌တွေဘက် ရှင်းရှင်းလင်းလင်း‌ဖော်ပြရင်‌တောင်မှ အဲဒါ‌တွေလာပြီး ဖုံးဖိမှုလုပ်‌ဆောင်မယ်။ ဒါ‌တွေက မှတ်တမ်းမှတ်ရာ‌တွေအကုန်ရှိပါတယ်။ ဒါ‌တွေက သူတို့ လုပ်‌ဆောင်လို့မရဘူး။ အခု သူတို့က သွားပြီး ဒါ‌တွေဟာ အမှန်တရား‌တွေ မဟုတ်ဘူး၊ ဖုံးကွယ်‌သော်ငြားလည်း ဒါက အမှန်တရားဖြစ်တဲ့အတွက် တရားသူကြီး‌တွေဘက်က အ‌ရေးယူ‌ဆောင်ရွက်မှု‌တွေ လုပ်‌ဆောင်နိုင်မယ်ဆိုတာ ကျမ‌မျှော်လင့်ပါတယ်။

‌ကေအိုင်စီ။ ။ ဒီအချိန်မှာအစိုးရကို နိုင်ငံတကာတရားရုံး ICJမှာ တရားစွဲခံရမှုက မှန်ကန်တဲ့ လုပ်‌ဆောင်မှုလို့ ယူဆသလား။ ဘာ‌ကြောင့်လဲ။
ဒါ‌တွေ ဖြစ်သင့်တာကြာပါပြီ။ ဘာဖြစ်လဲဆို‌တော့ ကျမတို့ ခံစားလာခဲ့တဲ့ Genocide, Ethnic Cleansing‌တွေဟာ တိုင်းရင်းသားလူမျိုးစု‌တွေဘက်က ယူအဲန်အစည်းအ‌ဝေးမှာ အကြိမ်ကြိမ်တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ အမျိုးသမီးအဖွဲ့အစည်း‌တွေဖြစ်‌စေ၊ လူ့အခွင့်အ‌ရေးအဖွဲ့အစည်း‌တွေဖြစ်‌စေ၊ တိုင်းရင်းသားအဖွဲ့အစည်း‌တွေဖြစ်‌စေ ရီပို့‌တွေ ထုတ်ပြန်၊ တင်ပြတာ‌တွေ လုပ်‌ဆောင်‌ပေမယ့်လည်း UN Security မှာပဲဖြစ်ဖြစ်၊ UN General Assemblyမှာပဲဖြစ်ဖြစ် ဒီအ‌ကြောင်းအရာ‌တွေအထိ တစ်ကြိမ်တစ်ခါမှမ‌ရောက်ဘူး။

အဲဒါ‌ကြောင့် အခု ဒီရိုဟင်ဂျာ(ဘဂင်္ါလီ)အ‌ရေးကိစ္စ ‌ပေါ်‌ပေါက်လာတဲ့အတွက်‌ကြောင့် အခုအချိန်မှာ High Technology ဖြစ်တဲ့အတွက် အချက်အလက်အ‌ကြောင်းအရာ၊သက်‌သေအ‌ထောက်အထား‌တွေက ပြည့်ပြည့်စုံစုံနဲ့ ယူနိုင်တဲ့အတွက် ဒီအချိန်‌ရောက်ရှိလာတာ ‌နောက်ကျတယ်လို့ ‌ပြောဆိုနိုင်‌ပေမယ့်လည်း အ‌ကြောင်းအရာ‌တွေက တစ်ခုထဲမှာပါ။ ဆိုလိုတာ အရင်လူကလည်း ဒီလူပါပဲ။ အရင်နဲ့ အခုက လူတစ်‌ယောက်ထဲပဲဖြစ်တဲ့အတွက် ဒီလူကို စီရင်ရမယ်။ ဘယ်အချိန်မှာပဲ စီရင်ချတာပဲဖြစ်ဖြစ် သင့်‌တော်မှန်ကန်တယ်လို့ ကျမက မြင်ပါတယ်။ မှန်ကန်တဲ့အချိန်ဖြစ်ပါတယ်။

‌ကေအိုင်စီ။ ။ ဒီICJကိစ္စအ‌ပေါ်မှာ တိုင်းရင်းသားအဖွဲ့အစည်း‌တွေ၊ ပြည်သူ‌တွေ ဘယ်လို ရပ်တည်သင့်သလဲ။
မြန်မာနိုင်ငံက စစ်အာဏာရှင်‌အောက်မှာ‌နေရတာ နှစ်‌ပေါင်း ၇၀၊၈ဝရှိတယ်။ မျိုးဆက်‌တွေလည်း တစ်ဆက်မက နှစ်ဆက် သွား‌နေပါပြီ။ အဲဒါ‌ကြောင့် ပြည်သူလူထု‌တွေကလည်း ဒါ‌တွေကို ရှင်းရှင်းလင်းလင်း နားလည်သ‌ဘော‌ပေါက်ဖို့လိုပါတယ်။ မတရား‌သောနည်းဖြင့် အတင်းအဓမ္မအုပ်ချုပ်တဲ့ စစ်အာဏာရှင်အစိုးရကတိုင်းရင်းသားလူမျိုး စု‌တွေအ‌ပေါ် လူမျိုးတုံးသတ်ဖြတ်ချင်တယ်ဆိုတာ ပြည်သူလူထု‌တွေကလည်း သိရမှာဖြစ်ပါတယ်။ ဒါ‌တွေကို လက် မခံသင့်ဘူး။ စစ်အာဏာရှင်အပြင် လူမျိုးကြီးဝါဒရှိတဲ့သူ‌တွေကို မ‌ထောက်ခံသင့်ဘူး။

ဒီလိုမျိုးလူ‌တွေ မ‌ပျောက်ကွယ်သ‌ရွှေ့ မြန်မာနိုင်ငံက ‌ပြောင်းလဲဖို့ မလွယ်ဘူး။ ပြည်သူလူထု‌တွေအ‌နေနဲ့ တိုင်းရင်းသားလူမျိုးစု‌တွေ ဖြစ်ဖြစ်၊ ဗမာတိုင်းရင်းသား‌တွေပဲဖြစ်ဖြစ် ဒီနိုင်ငံဟာ ဘယ်သူ‌တွေရဲ့ ဖိနှိပ်မှုကို ခံရတာလဲ ဘယ်သူ‌တွေရဲ့ အတင်းအဓမ္မစီမံအုပ်ချုပ်‌နေလဲဆိုတာ သိဖို့လိုတယ်။ ဒီလူ‌တွေဟာ အသက်ရှင်‌နေသမျှ၊ အင်အားရှိ‌နေသမျှဆိုရင် နိုင်ငံ‌ပြောင်းလဲလာမှုမရှိဘူး။ အဲဒါ‌ကြောင့် နိုင်ငံ‌ပြောင်းလဲမှုရှိလာဖို့အတွက်က အားလုံးက စု‌ပေါင်းပြီး လူတစ်စုဆီမှာရှိတဲ့ လူမျိုးကြီးဝါဒ၊ စစ်အာဏာရှင်ဝါဒကို ‌ပျောက်ကွယ်သွားဖို့ တွန်းလှန်ပစ်ရမယ်။ အဲဒါမှသာ အ‌ပြောင်းအလဲဆိုတာ ရှိလာမှာဖြစ်ပါတယ်။

‌ကေအိုင်စီ။ ။ အရင်က တိုင်းရင်းသားလူမျိုးစု‌တွေအ‌ပေါ် အထူးသဖြင့် ကရင်‌တွေအ‌ပေါ် တပ်မ‌တော်က ကျူးလွန်ခဲ့တာ‌တွေကို နိုင်ငံတကာက သိပ်ပြီးဖိအားမ‌ပေးဘူး။ အခု ရိုဟင်ဂျာ(ဘဂင်္ါလီ) ကိစ္စကျမှ နိုင်ငံတကာက ဖိအား‌ပေးလာတဲ့အ‌ပေါ်မှာ ဘယ်လိုမြင်လဲ။
ကျမတို့ ကရင်လူမျိုး‌တွေ ကြုံ‌တွေ့ခံစားခဲ့စဉ်တုန်းက ဆိုရင် သတင်းမီဒီယာပဲဖြစ်ဖြစ်၊ (Technology)ပဲဖြစ်ဖြစ် သိပ်မဖွံ့ဖြိုး‌သေးဘူး။ အဲဒါ‌ကြောင့် သတင်းအချက်အလက် ရယူတဲ့‌နေရာမှာလည်း ပွင့်ပွင့်လင်းလင်းမရှိ‌သေးဘူး။ ကင်မရာနဲ့ မှတ်တမ်းရတာပဲဖြစ်ဖြစ် အဲ‌လောက်ထိမရှိ‌သေးဘူး။ စက်ပစ္စည်း‌တွေ ပြည့်စုံမှုမရှိတဲ့အတွက် အဲဒီအ ‌ကြောင်းအရာ‌တွေက အကုန်လုံး ‌ပေါ်ထွက်မလာဘူး။ ဒါ‌ပေမယ့် အခု ရခိုင်ပြည်က ကိစ္စက အခုက ဂူဂဲလ်က‌နေတဆင့် ဓာတ်ပုံမှတ်တမ်း‌တွေရိုက်ယူလို့ရတယ်။ အကုန်လုံးကို မြင်‌တွေ့ရပြီး‌တော့ သက်‌သေအ‌ထောက်အထား‌တွေ ရယူနိုင်ကြတဲ့အတွက် ‌ပေါ်‌ပေါ်လွင်လွင် ထွက်‌ပေါ်လာတယ်။ အရင်က ကရင်မှာ ဖြစ်ပျက်တဲ့အဖြစ်အပျက်‌တွေက ဖြစ်ဖြစ်ချင်းမှာ မှတ်တမ်းမရိုက်ယူနိုင်ဘူး‌ပေါ့‌နော်။ ထူးခြားချက်က‌တော့ အဲလိုရှိတယ်။ ဖြစ်စဉ်က‌တော့ အတူတူပါပဲ။ ဒါ‌ပေမဲ့လည်း မှတ်တမ်းမှတ်ရာ ရယူတဲ့အခါမှာ အခုဖြစ်စဉ်‌လောက် ပြည့်စုံမှုမရှိဘူး။

‌မေး။ ။ ဒီ ICJ ကိစ္စမှာ မွတ်စလင်နိုင်ငံများက နိုင်ငံ‌ရေးအမြတ်ထုတ်ဖို့ ကြိုးပမ်းမှုတစ်ခုဖြစ်တယ်လို့ ‌ထောက်ပြ‌ဝေဖန်မှု‌တွေရှိတဲ့အ‌ပေါ်မှာ ဘယ်လိုမြင်လဲ။
ကျမအ‌နေနဲ့က‌တော့ အဲလို မထင်ပါဘူး။ ဒါ‌တွေဟာ တကယ်ရှိခဲ့တယ်‌လေ။ကျမတို့ ကရင်လူမျိုး‌တွေလည်း ဘယ်‌လောက်အတိုင်းအတာအထိ ကြုံ‌တွေ့ခံစားလာခဲ့ရတယ်ဆိုတဲ့အ‌ပေါ်မှာ ကျမအ‌နေနဲ့ ကိုယ်ချင်းစာပါတယ်။ ဒီ‌လောက် လူဦး‌ရေအ‌မြောက်အများကို နိုင်ငံသားအသိအမှတ်ပြုတာ မခံရဘူး။ ဖြစ်ပျက်မှု‌တွေက အမှန်တရား‌တွေပဲ‌လေ။ ကျမတို့ကရင်လူမျိုးဆိုရင် မူလဌာ‌နေတိုင်းရင်းသား‌တွေဖြစ်‌ပေမယ့်လည်း ညှင်းပမ်းနှိပ်စက်မှု အမျိုးမျိုးကြုံ‌တွေ့ခဲ့ရတယ်။ သူတို့(ရိုဟင်ဂျာ)ကို ဒီလိုမျိုးလုပ်‌ဆောင်တာ မဆန်းပါဘူး။ ဒါက အမှန်တရား‌တွေပဲလို့ ကျမ မြင်ပါ တယ်။

‌ကေအိုင်စီ။ ။ ‌နောက်ဆုံးအားဖြင့် ICJနဲ့ပတ်သက်ပြီး တရားစီရင်မှုက ဘယ်လို ဖြစ်လာနိုင်မယ်လို့ ယူဆသလဲ။
ဒီအ‌ခြေအ‌နေက ကျမတို့ ကရင်လူမျိုး‌တွေအတွက်၊ တိုင်းရင်းသား‌တွေအတွက် အင်မတန်မှ ‌ကောင်းတယ် လို့ မြင်ပါတယ်။ ဒီမှု‌တွေကို ‌ပေါ်‌ပေါက်လာတဲ့အ‌ပေါ်မှာ အပြစ်‌ပေးအ‌ရေးယူနိုင်တယ်၊ မနိုင်ဘူးဆိုတာက တစ်ခု၊ ဒါ‌ပေမယ့်လည်း အ‌ကောင်းဆုံးတစ်ခုက‌တော့ ဒီမြန်မာအစိုးရတပ်မ‌တော်ရဲ့ ရက်စက်ကြမ်းကြုတ်မှု‌တွေ၊ ဖိနှိပ်မှု၊ အဓမ္မပြုကျင့်မှု‌တွေ၊ ရာဇဝတ်မှု ကျူးလွန်မှု‌တွေဟာ ဘဝဆက်‌ပေါင်းများစွာ လုပ်‌ဆောင်ခဲ့ပြီ။ အဲဒါ‌ကြောင့် အခုတစ်ကမ္ဘာလုံးမှာက သိရှိပြီး တစ်ကမ္ဘာလုံးက အသိအမှတ်ပြုပြီး ဖြစ်ပါတယ်။ ဒါ အင်မတန်‌ကောင်းမွန်တဲ့အချက်ဖြစ်ပါတယ်။

ဒီကိစ္စက ဒီဆင့်အထိ တစ်ခါမှမ‌ရောက်ခဲ့ဖူးဘူး။ အခု‌တော့ ဒီအဆင့်ထိ ‌ရောက်ပြီး တစ်ကမ္ဘာလုံးကလည်း သိသွားပြီ။ တိုင်းသူပြည်သူ‌တွေအားလုံးကလည်း ဘာပြစ်မှုနဲ့ တရားစွဲဆိုခံရတာလည်း သိသွားမှာ ဖြစ်ပါတယ်။ အဲဒါ‌ကြောင့် ဒါကအရမ်းဝမ်းသာစရာတစ်ခု ဖြစ်တယ်‌ပေါ့‌နော်။ ဘာ‌ကြောင့်လဲဆို‌တော့ အမှန်တရားက ‌ပေါ်‌ပေါက် လာပြီး တစ်ကမ္ဘာလုံးက အသိအမှတ်ပြုပြီး ဖြစ်ပါတယ်။
ကျမတို့ ‌မျှော်လင့်တာက‌တော့ အပြစ်‌ပေး‌ရေးယူမှု၊ ဖိအားများများ‌ပေးဖို့လိုတယ်။ လက်နက်‌ရောင်းဝယ်မှု‌တွေ ရပ်ဆိုင်းဖို့၊ နိုင်ငံအသီးသီးက စီးပွား‌ရေးပိတ်ဆို့အ‌ရေးယူူမှု‌တွေ အထူးသဖြင့် တပ်မ‌တော်ကို‌ပေါ့‌နော်။ တပ်မ ‌တော်ရဲ့ လှုပ်ရှားမှုအားလုံး ‌ပြောင်းလဲလာဖို့အတွက် ဒီထက် ပိုတင်းတင်းကြပ်ကြပ်ကိုင်တွယ်ဖို့လိုတယ်။