Home သတင်း နှမ်း‌ဈေးနှုန်း ‌ကောင်း၍ စိုက်‌တောင်သူများအဆင်‌ပြေ‌နေ

နှမ်း‌ဈေးနှုန်း ‌ကောင်း၍ စိုက်‌တောင်သူများအဆင်‌ပြေ‌နေ

2231


ဒီဇင်ဘာလ ၁ဝ ရက်၊ ၂ဝ၁၉ ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ထဲတွင် ယခုနှစ် နှမ်း ၁ တင်းလျှင် ‌ဈေးနှုန်း ၈၄,၀၀ဝ (ရှစ်‌သောင်း ‌လေး‌ထောင်)ကျပ်အထိရှိလာပြီး နှမ်းအမျိုးအစားအလိုက် ၁တင်းလျှင် ‌ဈေးနှုန်း ၁ ‌သောင်း‌ကျော် မြင့်တက်လာ‌သော‌ကြောင့် နှမ်းစိုက်‌တောင်သူများ စားဝတ်‌နေ‌ရေးအဆင်‌ပြေလျက်ရှိသည်ဟု ‌တောင် သူများက ‌ပြောသည်။

ယခင်နှစ်က ‌တောင်ယာနှမ်း ၁ တင်းလျှင် ကျပ် ၇၀,၀၀ဝ ဝန်းကျင်နှင့် ‌ဒေသထွက်လယ်နှမ်းမှာ ကျပ် ၅၀,၀၀ဝ ဝန်းကျင်သာ ‌ဈေးရှိရာမှ ယခုနှစ် ‌တောင်ယာနှမ်းမဲ ၁ တင်းလျှင် ကျပ် ၈၄, ဝဝဝ၊ လယ်နှမ်း‌ဈေး ကျပ် ၅၈,ဝဝဝ၊ စမှုံနှမ်း(ရှမ်းနှမ်း)မှာ ကျပ် ၇ဝ,ဝဝဝ ‌ကျော်အထိ ‌ဈေးနှုန်း‌ပေါက်လျက်ရှိသည်ဟု နှမ်းအဝယ်ဒိုင်များထံမှ သိရသည်။

နှမ်းအဝယ်ဒိုင် ဦး‌အောင်မြင့်က “နှမ်းအမျိုးအစားအလိုက် ၁ တင်းကို ကျပ်တစ်‌သောင်း‌ကျော်‌ကျော် ‌ဈေးနှုန်းတက်သွားတယ်။ ‌တောင်ယာနှမ်းက စမှုံနှမ်းထက် ဒီနှစ်‌ဈေးပိုရတယ်။ နိုင်ငံခြားဝယ်လက်က‌တော့ နှမ်းမှာ မှိုစွဲမှု၊ အချဉ်ဓာတ်အ‌ပေါ် စိစစ်ပြီး ဝယ်တယ်။ ‌ဒေသထွက်နှမ်းအများစုက သဘာဝနည်းနဲ့စိုက်ပျိုထား‌တော့ ‌အော်ဂဲနစ်ဖြစ်တဲ့အ‌ပေါ် ဝယ်လိုအားများလာပြီး ‌ဈေးပိုရတယ်” ဟု ဒီဇင်ဘာလ ၁ဝ ရက် (ယမန်‌နေ့)က ‌ကေအိုင်စီသို့‌ပြောသည်။

ယခုနှစ်နှမ်းစိုက်ရာသီကာလတွင် မိုး‌နှောင်းရွာသွန်းမှု‌ကြောင့် နှမ်းအသီးထွက်နှုန်း‌ကောင်းပြီး ယခုလို ‌ဈေး‌ကောင်းရခြင်းဖြစ်သည်ဟု နှမ်းစိုက်‌တောင်သူများက ‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် နှမ်းစိုက်‌တောင်သူ ဦး‌တောင်ရှည်က “ နှမ်း ၃ ဧက စိုက်ထားတယ်။ ပထမရာသီစိုက်ထားတာ အပူချိန်များ‌တော့ အဆင်မအ‌ပြေဘူး။ ခုပြန်စိုက်တာ မိုး‌လေးနည်းနည်းရွာ‌ပေး‌တော့ အသီးထွက်နှုန်း‌ကောင်းတယ်။ ဒီနှစ်စပါးက‌ရေမြှုပ်သွား‌တော့ နှမ်းဘက်ပြန်စိုက်တာ ‌ဈေး‌ကောင်းရ‌တော့ စိုက်ခအပြင် စားဝတ်‌နေ‌ရေးလည်း အဆင်‌ပြေသွားတယ်” ဟု ‌ကေအိုင်စီ သို့‌ပြောသည်။

မြန်မာနိုင်ငံတွင် ရမည်းသင်း၊ ‌ကျောက်ဆည်၊ ပဲခူး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် အခြားတိုင်း‌ဒေသကြီးများတွင် နှမ်းစိုက်ပျိုးကြပြီး ကိုရီးယား၊ ဂျပန်၊ ထိုင်းနိုင်ငံတို့တွင် တင်ပို့လျက်ရှိသည်။ နှမ်းကို လက်လုပ်မုန့်များ၊ အသင့်စား စား‌သောက်ကုန်များနှင့် စားသုံးဆီများတွင် အသုံးပြုလျက်ရှိ‌ကြောင်း သိရသည်။