Home သတင်း ငြိမ်းချမ်းချစ်ကြည်‌ရေးကို လမ်းပွင့်‌အောင် လုပ်‌ဆောင်သွားရန် ဧရာဝတီတိုင်း ဝန်ကြီးချုပ်‌ဟောင်း မန်း‌ဂျော်နီ တိုက်တွန်း

ငြိမ်းချမ်းချစ်ကြည်‌ရေးကို လမ်းပွင့်‌အောင် လုပ်‌ဆောင်သွားရန် ဧရာဝတီတိုင်း ဝန်ကြီးချုပ်‌ဟောင်း မန်း‌ဂျော်နီ တိုက်တွန်း

2503
ဧရာဝတီတိုင်းဝန်ကြီးချုပ် ‌ဟောင်း မန်း‌ဂျော်နီ (Photo_KIC)


ဒီဇင်ဘာ ၆ ရက်၊ ၂၀၁၉ ခုနှစ်။ စအိုင်ဆူး

ငြိမ်းချမ်း‌သော မြန်မာ့ချစ်ကြည်‌ရေးကို လမ်းပွင့်‌အောင် လုပ်‌ဆောင်သွားရန် ယခင် ဧရာဝတီတိုင်းဝန်ကြီးချုပ် ‌ဟောင်း မန်း‌ဂျော်နီက ယ‌နေ့ (ဒီဇင်ဘာလ ၆ရက်) ဧရာဝတီတိုင်း‌ဒေသကြီး၊ ပုသိမ်မြို့နယ်၊ မရမ်း‌ကျောင်း၌ စတင်ပြုလုပ်‌နေသည့် ဧရာဝတီတိုင်း ကရင်လူငယ်‌တွေ့ဆုံပွဲ၌ ကရင်လူငယ်များအား တိုက်တွန်း ‌ပြောဆိုခဲ့သည်။

“အခုမြန်မာမှာ ငြိမ်းချမ်းမှု ရ‌အောင်ဆိုပြီး‌တော့ ကြိုးစား‌နေတယ်။ ငါတို့သည် သ‌ဘောထားကြီးတဲ့ ကရင်ပီသစွာ မြန်မာချစ်ကြည်‌ရေးကို လမ်းပွင့်‌အောင်လုပ်ရမယ်။ မြန်မာ့ ချစ်ကြည်‌ရေးမှသည့် ကမ္ဘာ့ချစ်ကြည်‌ရေး ရ‌အောင် ငါတို့ သက်တမ်း၌လည်းကြိုးစားမယ်၊ သားတို့ သမီးတို့လည်း ကြိုးစား‌ပေးရင်း အားလုံးစု‌ပေါင်း‌ခေါင်း‌ဆောင်မှုနဲ့ သွားကြပါလို့ တိုက်တွန်းချင်တယ်” ဟု အခမ်းအနား အဖွင့်အမှာစကား၌ တိုက်တွန်း‌ပြောခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ကရင်လူငယ်များအ‌နေဖြင့် သ‌ဘောထားကြီးရန်အပြင် အမျိုးသား‌ရေး တာဝန်များကိုလည်း ပခုံး‌ပြောင်း တာဝန်ယူ ထမ်း‌ဆောင်သွားနိုင်ရန် အရည်အ‌သွေးများမြှင့်တင်ထားပြီး အဆင်သင့် ပြင်ဆင်ထားရန် လိုအပ် ‌ကြောင်းလည်း မန်း‌ဂျော်နီက ဆက်လက် အကြံပြုတိုက်တွန်း ‌ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံ၌ တိုင်းရင်းသားလူမျိုးများစွာ‌နေထိုင်‌သော်လည်း လူူမျိုးကြီး၊ လူမျိုးငယ် စသည်ဖြင့် ခွဲခြား ဆက်ဆံမှု များရှိသလို အမျိုးသား‌ရေး အဓိကရုဏ်းများအပြင် မြန်မာနိုင်ငံ လွတ်လပ်‌ရေး ရယူခဲ့သည့် ၁၉၄၈ ခုနှစ် ‌နောက် ပိုင်းတွင်လည်း တိုင်းရင်းသားလူမျိုးများမှ လက်နက်ကိုင် ‌တော်လှန်မှုများ ‌ပေါ်‌ပေါက်ခဲ့ရာ ယ‌နေ့အချိန်ထိ အမျိုးသား ပြန်လည်သင့်မြတ်‌ရေးကို တည်‌ဆောက်နိုင်ခြင်းမရှိ‌သေးပဲ ပြည်တွင်း ငြိမ်းချမ်း‌ရေးအတွက်ကြိုးစား လုပ်‌ဆောင်‌နေကြဆဲဖြစ်သည်။

ထို့အပြင် အမျိုးသား‌ရေးအရ ခွဲခြားဖိနှိပ်အုပ်ချုပ်မှုများ‌ကြောင်း အမျိုးသား‌ရေးတန်းတူူူညီမျှမှု ရရှိ‌ရေး အ‌ခြေခံ စဉ်းစားချက်များဖြင့် လက်နက်ကိုင် ‌တော်လှန်မှုများကိုလုပ်‌ဆောင်ရခြင်းဖြစ်‌ကြောင်းလည်း အစိုးရကို လက်နက် ကို်င်‌တော်လှန်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများက ဆိုသည်။

အခမ်းအနားသို့ တက်‌ရောက်လာသူ လူူငယ်ကိုယ်စားလှယ် စ‌အောင်‌ကျော်‌ကျော်က “ချစ်ကြည်ရင်းနှီးပြီး ငြိမ်း ချမ်းတဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့ဆိုရင် ကျ‌နော်တို့ တိုင်းရင်းသား လူမျိုး‌တွေ အကြားမှာ ကိုယ့်ဘက်က‌နေပြီး သ‌ဘောထားကြီးရုံသာမက အပြန်အလှန်အားဖြင့် စာနာ နားလည်မှု ရှိဖို့ လိုတယ်။ ရပို်င်ခွင့်‌တွေလည်း တန်းတူူူူူူူူူူ ညီမျှမှုရှိဖို့ လိုတယ်” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

ပုသိမ်မြို့နယ်၊ မရမ်း‌ကျောင်း၌ စတင်ပြုလုပ်‌နေသည့် ဧရာဝတီတိုင်း ကရင်လူငယ်‌တွေ့ဆုံပွဲ (Photo-kic)

ဒီဇင်ဘာ ၆ရက်မှ ၇ ရက်‌နေ့အထိ နှစ်ရက်တာ ပြုလုပ်မည့် လူငယ်‌တွေ့ဆုံပွဲတွင် ပြည်‌ထောင်စု လွှတ်‌တော်များ၊ ဧရာဝတီတိုင်း ‌ဒေသကြီး လွှတ်‌တော်များ လုပ်‌ဆောင်မှုများ သုံးသပ်ခြင်းများ၊ တင်ပြခြင်းနှင့် ၂၀၂ဝ ‌ရွေး ‌ကောက် ပွဲ အသိအမြင်များ ဖလှယ်ခြင်းများ၊ လူငယ်များစုဖွဲ့မှု၊ ချိတ်ဆက်လုပ်‌ဆောင်မှုများကို ‌ဆွေး‌နွေးပြီး ဆုံး ဖြတ်ချက် များ ‌ရှေ့လုပ်ငန်းစဉ်များကို ချမှတ်လုပ်‌ဆောင်သွားကြမည်ဖြစ်သည်။

၂ ရက်တာ ပြုလုပ်မည့် ဧရာဝတီတိုင်း ကရင်လူငယ်‌တွေ့ဆုံပွဲသို့ ခရိုင် ၆ ခရိုင်မှ ဖိတ်ကြားထားသည့် မြို့နယ် ‌ပေါင်း ၂၆ မြို့နယ်မှ ကရင်လူငယ်များ၊ ကရင်ပါတီ ‌ခေါင်း‌ဆောင်များ စုစု‌ပေါင်း (၈၀)ဦး ‌ကျော် တက်‌ရောက်ခဲ့ သည်။ အလားတူ ‌တွေ့ဆုံပွဲကို ပန်းတ‌နော်မြို့နှင့် ‌ညောင်တုန်းမြို့နယ်များတွင် နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး ယ‌နေ့ ပုသိမ်၌ တတိယအကြိမ် ပြုလုပ်ခြင်းဖြစ်သည်။