Home အမြင်သဘောထား ၂၀၂၀‌ရွေး‌ကောက်ပွဲအတွက် ကရင်ပါတီအ‌ပေါ်လူငယ်များ၏‌မျှော်လင့်ချက်၊ အမြင်သ‌ဘောထားများ

၂၀၂၀‌ရွေး‌ကောက်ပွဲအတွက် ကရင်ပါတီအ‌ပေါ်လူငယ်များ၏‌မျှော်လင့်ချက်၊ အမြင်သ‌ဘောထားများ

2087
‌စောအယ်ထီး‌ကော် (ကရင်နီ(ကယား) ပြည်နယ်၊ ‌မော်ချီး‌ဒေသ) Photo: KIC

‌စောအယ်ထီး‌ကော် (ကရင်နီ(ကယား) ပြည်နယ်၊ ‌မော်ချီး‌ဒေသ)

လာမယ့် ၂၀၂ဝ နိုဝင်ဘာလမှာဆိုရင် အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲကျင်းပမယ်‌ပေါ့‌နော်။ ပြီးခဲ့တဲ့ ၂၀၁၅ခုနှစ်တုုန်းကအ‌ခြေအ‌နေအရ ပြန်ကြည့်မယ်ဆိုရင် ကျ‌နော်တို့ကရင်ပါတီ‌တွေကအနိုင်ရတာမရှိဘူး။ ပြီး‌တော့ကျ‌နော်တို့ ကရင်ပါတီ‌တွေ‌တော့ရှိကြတယ်။ ပါတီ‌တွေလည်း‌တော်‌တော်များများ ပွထ‌နေကြတယ်။လွှတ်‌တော်ထဲမှာကျ‌နော်တို့ကရင်ပါတီအ‌နေနဲ့ ‌ရောက်သွားတာသိပ်မ‌တွေ့ရဘူး။ လက်ရှိကရင်ပြည်နယ်မှာဆိုရင်ပါတီ‌တွေ ပြန်‌ပေါင်းထားတာ‌တော့‌တွေ့ရတယ်။ ပါတီ၄ပါတီ‌တော့ကျန်တယ်။ တချို့ကကရင်ပြည်နယ်မှာအ‌ခြေစိုက်တယ်။တချို့က တိုင်း‌ဒေသကြီး‌တွေမှာအ‌ခြေစိုက်တာ‌တွေ့ရတယ်။

ဒီကရင်ပါတီ‌တွေကကျ‌နော်တို့လူငယ်အ‌နေနဲ့ဘာ‌တွေ‌မျှော်လင့်လဲဆို‌တော့ နံပါတ်(၁)အချက်က ကရင်ပါတီ၄ပါတီရှိတာထက် ကရင်တစ်မျိုးသားလုံးကိုယ်စားပြုနိုင်တဲ့ ပါတီတစ်ခုထဲဖြစ်ဖို့ကကျ‌နော်တို့ ‌မျှော်လင့်တာ‌ပေါ့‌နော်။ သို့‌သော်မူအားဖြင့် မ‌ပေါင်းနိုင်‌ပေမဲ့လည်း ၂၀၂ဝအတွက် ဘယ်လိုပူး‌ပေါင်းလုပ်‌ဆောင် ကြမလဲဆိုတဲ့အခန်းကဏ္ဍမှာပိုပြီး‌တော့မှ ကျ‌နော်တို့ဖြစ်‌စေချင်တာ‌ပေါ့‌နော်။အချင်းချင်းစိတ်ဝမ်းကွဲမှုမရှိဘဲ ကရင့်အ‌ရေးကိုပါတီအ‌နေနဲ့ လွှတ်‌တော်ဆိုက်က‌နေဘယ်လိုလုပ်‌ဆောင်နိုင်မလဲဆိုတာပါတီအ‌နေနဲ့ စဉ်းစား‌စေချင်ပါတယ်။

နံပါတ်(၂) အချက်က‌တော့ ကရင်ပါတီမဲနိုင်လို့ လွှတ်‌တော်ထဲ‌ရောက်တဲ့အချိန်မှာကရင်အ‌ရေးကို လုပ်မယ် ဆိုတာထက် ကျ‌နော်တို့ တစ်မျိုးသားလုံးရဲ့ ‌မျှော်မှန်းချက်ဘာလဲဆိုတာသိဖို့လိုတယ်။ ဒီထက်မြင့်တဲ့ အ‌ရေးအရာ‌တွေကိုစဉ်းစားမှပဲလွှတ်‌တော်ထဲ‌ရောက်တဲ့အချိန်မှာကိုယ့်ရဲ့ကရင်အ‌ရေးကိုဘယ်လိုစွမ်းစွမ်းတမံလုပ်‌ဆောင်မလဲဆိုတဲ့ဟာမျိုးကကျ‌နော်တို့က‌မျှော်လင့်တယ်။ ကျ‌နော်တို့ ‌မော်ချီး‌ဒေသမှာကရင်လူထု ‌တောင်းဆိုချက်အရKNP ပါတီ‌တော့‌ရောက်‌နေပြီး‌ပေါ့‌နော်။

‌နောက်ပြီးကျ‌နော်တို့တိုင်းရင်းသားပါတီ‌တွေက‌ငွေ‌ကြေးအင်အားအရ‌ကောပညာရပ်အပိုင်းအရ‌ကော အမြဲအားနည်းတာ‌တွေ့ရတယ်။ အဲဒါ‌ကြောင့် ကျ‌နော်တို့ကရင်လူမျိုး‌တော်‌တော်များများကပါတီကြီး‌တွေမှာ အများကြီး‌ရောက်သွားတယ်။ ပြီးခဲ့တဲ့ ‌ရွေး‌ကောက်ပွဲတုန်းကဆိုရင် ကရင်‌တွေကလွှတ်‌တော်အမတ်မဖြစ်တာ မဟုတ်ဘူး၊ ဖြစ်ကြတယ် ။သူတို့ကလည်းပါတီကြီးက‌နေပဲရတယ်။ ကရင်ပါတီက‌နေတစ်ဆင့် လွှတ်‌တော်ထဲမှာ ထိုင်တာမရှိဘူး။ အဲဒါ‌ကြောင့် ကိုယ့်ကရင်တိုင်းရင်းသား‌တွေရှိတဲ့‌နေရာမှာကိုယ့်ကရင်ပါတီ‌တွေကမူဝါဒ ဘယ်လိုရှိလဲ၊ ၂၀၂ဝမှာ အစီအစဉ်‌တွေ ဘယ်လိုရှိလဲဆိုတာအဲဒါ‌တွေကို‌ဒေသထဲဆင်းပြီး များများချပြဖို့ လိုတယ်လို့ မြင်ပါတယ်။

‌စောဖိုးထူး( ဧရာဝတီတိုင်း‌ဒေသကြီး၊ပန်းတ‌နော်) Photo: KIC

‌စောဖိုးထူး( ဧရာဝတီတိုင်း‌ဒေသကြီး၊ပန်းတ‌နော်)
၂၀၂ဝ ‌ရွေး‌ကောက်ပွဲ‌ရောက်‌တော့မယ်ဆို‌တော့ ကရင်ပါတီ‌တွေကိုကျ‌နော်တို့လူငယ်တစ်‌ယောက်အ‌နေနဲ့ အရမ်းကြီးကို‌မျှော်လင့်ထားပါတယ်။ ကရင်ပါတီအကုန်လုံးလွှတ်‌တော်ထဲကို‌ရောက်‌စေချင်တယ်။ ပြီး‌တော့ လွှတ်‌တော်ထဲမှာစကားများများ‌ပြောပြီးကရင်ပါတီ‌တွေရဲ့အသံ‌တွေ များများထည့်‌စေချင်တယ်။ ပြီး‌တော့ သူတို့ ‌ပြော‌နေတဲ့ စကားလုံး‌တွေကကရင်လူထု‌တွေကိုကိုယ်စားပြုတဲ့ စကားသံမျိုးကိုလည်း ကြားချင်တာ‌ပေါ့‌နော်။ ပြီး‌တော့ ကရင်ပါတီ‌တွေကလည်းတခြားတိုင်းရင်းသား‌တွေနဲ့ မဟာမိတ်ဖွဲ့ပြီး‌တော့မှ အစိုးရဖွဲ့နိုင်တဲ့အထိ ကျ‌နော်တို့ကရင်လူငယ်‌တွေကကရင်ပါတီ‌တွေအ‌ပေါ် အများကြီး‌မျှော်လင့်ထားပါတယ်။

ကရင်ပါတီ‌တွေကအများကြီးရှိတာကို‌တွေ့ရ‌တော့ စိတ်‌တော့မ‌ကောင်းဘူးဆို‌ပေမယ့်လည်းတစ်ဖက်မှာ မတူညီတဲ့နိုင်ငံ‌ရေးအမြင်‌တွေ၊ သူတို့ရဲ့မတူညီတဲ့ လမ်းစဉ်လုပ်ငန်းစဉ်‌တွေ အ‌ကြောင်းမို့လို့ ကွဲသွားတယ်ဆိုတာ ကိုကျ‌နော်တို့ကနားလည်‌ပေးတယ်။

ပြီး‌တော့ ကွဲသွားတဲ့အ‌ပေါ်မှာကရင်ပါတီ‌တွေက‌သေ‌သေချာချာစီမံခန့်ခွဲပြီး‌တော့မှ တစ်‌ဒေသကိုသူတို့ကကိုယ်စားလှယ်တစ်ဦးပဲဝင်‌ရောက်ပြီး‌တော့မှ ‌ရွေးချယ်မယ်ဆို‌တော့ ဒီကွဲပြားမှုကလည်းကျ‌နော်တို့ အတွက် အရမ်းကြီးစိုးရိမ်စရာမရှိဘူးလို့‌တော့ ကျ‌နော်တို့ခံစားရပါတယ်‌ပေါ့‌နော်။ ကရင်လူငယ်‌တွေအ‌နေနဲ့က ကရင်ပါတီ‌တွေအနိုင်ရဖို့ကတတ်နိုင်သ‌လောက် ကမ်ပိန်း‌တွေ လုပ်သင့်ရင် လုပ်ရမယ် စွမ်းနိုင်သမျှ ကျ‌နော်တို့ကပံ့ပိုး‌ပေးမယ်‌ပေါ့‌နော်။ ပြီး‌တော့ကရင်ပါတီ‌ခေါင်း‌ဆောင်‌တွေကလည်းကျ‌နော်တို့ကရင်လူငယ်‌တွေ ‌မျှော်လင့်တဲ့အတိုင်းကျ‌နော်တို့ ယုံကြည်ချက်‌တွေကိုတန်ဖိုးထား‌စေချင်တယ်။

ပြီး‌တော့ သူတို့ပါတီထဲမှာလူငယ်‌တွေကို‌နေရာ‌ပေး‌စေချင်ပါတယ်။အဓိက‌တော့ လွှတ်‌တော်ထဲ‌ရောက်သွားပြီး ဆိုလို့ရှိရင် အရည်အချင်းပြည့်ဝတဲ့ ကရင်ပါတီကိုယ်စားလှယ်‌တွေများများရှိ‌စေချင်တာ‌ပေါ့။ အဲဒါမှလည်း ကျ‌နော်တို့လူငယ်‌တွေကိုတကယ်ကိုယ်စားပြုနိုင်ပြီး‌တော့မှ ကျ‌နော်တို့ကရင်တစ်မျိုးသားလုံးရဲ့ ‌ရေရှည်အကျိုး အတွက် ကိုယ်စားပြုလုပ်‌ဆောင်နိုင်မယ်ဆိုတာ မြင်ပါတယ်။

‌ရွှေမိုးမိုး(ကရင်ပြည်နယ်၊ လှှိုင်းဘွဲမြို့နယ်) Photo: KIC

‌ရွှေမိုးမိုး(ကရင်ပြည်နယ်၊ လှှိုင်းဘွဲမြို့နယ်)
ကရင်ပါတီဆိုတာဘယ်နှစ်ပါတီရှိလဲ၊ဘယ်‌ဒေသမှာဘယ်ပါတီရှိလဲကျမမသိဘူး။ပါတီအနိုင်ရရင် ဘာလုပ်ရမလဲဆိုတာအမှန်တိုင်း‌ပြောရမယ်ဆိုရင် ကျမဘာမှမသိဘူး။ကျမကလူငယ်တစ်‌ယောက်ဖြစ်‌ပေမဲ့ လည်းပါတီအ‌ကြောင်းနဲ့ပတ်သက်ပြီးဘာမှမသိပါဘူး။ကျမလိုလူငယ်မျိုး နိုင်ငံအ‌ရေးအ‌ကြောင်းပါတီအ‌ကြောင်း မသိတာ‌တွေအများကြီးရှိတယ်။

ကျမက‌တော့ တစ်နိုင်ငံလုံးကကရင်လူငယ် ‌တွေ့ဆုံပွဲတက်မှ ကရင်လူမျိုး‌တွေဘယ်မှာအ‌ခြေချ‌နေထိုင်လဲ၊ ကရင်ပါတီ‌တွေကဘာ‌တွေရှိလဲ၊ အဲဒီမှာမှသိရတာဖြစ်တယ်။ ကရင်ပါတီတာဝန်ရှိသူ‌တွေကလည်းလာပြီး‌တော့ ကရင်ပါတီအ‌ကြောင်းမဲထည့်ရမယ့်အ‌ကြောင်းလာရှင်းပြသွားတာရှိ‌တော့ နည်းနည်းသ‌ဘော‌ပေါက်လာတယ်။ ကျမမဲတစ်ခါမှမထည့်ဖူးဘူး။ ၂၀၁၅‌ရွေး‌ကောက်ပွဲတုန်းကလည်းဘာလုပ်လဲကျမမသိလိုက်ဘူး။အခုသိလိုက်တဲ့အခါကျ‌တော့ ကရင်ပါတီ‌တွေအတွက် မဲရရှိဖို့ ကျမမဲ‌ပေးကို‌ပေးရမယ်ဆိုတာကျမသိလာတယ်။တကယ်လို့ ကျမမဲ‌ပေးခွင့်ရှိတယ်၊ မဲမ‌ပေးလိုက်ရင် ကျမတို့ကရင်ပါတီအတွက် ကျမတို့ လူမျိုးအတွက် မဲတစ်မဲစာ‌လျော့မယ်ဆိုတာကျမခံစားရတယ်။

အခုကရင်ပါတီ ၄ပါတီ‌တောင်ရှိတယ်ဆို‌တော့ ၄ပါတီက‌ပေါင်းရင်‌တော့‌ကောင်းတယ်။ဒါ‌ပေမယ့် တစ်ပါတီတစ်ခုထဲရှိရင်‌တော့ ပို‌ကောင်းတာ‌ပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ‌ခေါင်း‌ဆောင်များရင်‌တော့ မ‌ကောင်းဘူးလို့ကျမမြင်မိတယ်။ ‌ခေါင်း‌ဆောင်‌တွေကလည်းတစ်ပါတီထဲတစ်သံထဲရှိလာမယ်လို့‌တော့ ကျမ‌မျှော်လင့်တယ် ။‌နောက်တစ်ချက်ကအခုဆိုရင် ကရင်ပါတီဘယ်နှစ်ပါတီရှိလဲကရင်လူမျိုးဖြစ်ရင် ကရင်ပါတီကိုမဲထည့်ရမယ်ဆိုတဲ့ အသိကကျမသိလိုက်ပြီ။

ကျမလိုပဲတခြားလူငယ်‌တွေ မသိ‌သေးတဲ့လူကြီး‌တွေသိမှပါတီအတွက် အင်အားဖြစ်‌စေလာမှာ ဖြစ်တယ်။ အဲဒီလိုသိဖို့ကကျမအနီးနားပတ်ဝန်းကျင်‌လောက်ပဲကျမပြန်ဖလှယ်လို့နိုင်မယ်။ပြီး‌တော့ ကျမသိသ‌လောက်ပဲကျမရှင်းပြလို့ရမယ် ။အားလုံးသိဖို့ကပါတီတာဝန်ရှိသူ‌တွေကပိုတာဝန်ရှိတယ်။ ရပ်ရွာထဲမှာများများသွားပြီးရှင်းပြနိုင်ရင်‌တော့ လာမယ့် ၂၀၂ဝ ‌ရွေး‌ကောက်ပွဲအတွက် ရလဒ်‌ကောင်း‌တော့ ရ‌လောက်မယ်လို့ လူငယ်တစ်‌ယောက်အ‌နေနဲ့ မြင်ပါတယ်။

‌စော‌အောင်‌ကျော်ဆန်း(ခ)‌စောအဲကွီ(ကရင်ပြည်နယ်၊ KNDPပါတီလူငယ်ကိုယ်စားလှယ်) Photo: KIC

‌စော‌အောင်‌ကျော်ဆန်း(ခ)‌စောအဲကွီ(ကရင်ပြည်နယ်၊ KNDPပါတီလူငယ်ကိုယ်စားလှယ်)
ကျ‌နော်က KNDPပါတီကလူငယ်ကိုယ်စားလှယ်တစ်‌ယောက်ဆို‌တော့ အခုဆိုရင် KNDP ပါတီထဲမှာကရင်ပြည်နယ်မှာကရင်ပါတီ‌တွေ ပြန်လည်ပူး‌ပေါင်းလာတာကို‌တွေ့ရတယ်။ဒီလိုပူး‌ပေါင်းခြင်းအားဖြင့် လူမျိုးအတွက် အကျိုးဖြစ်ထွန်းမယ်လို့ ကျ‌နော်တို့က‌မျှော်လင့်ခဲ့တယ်။ ကရင်ပါတီအနိုင်ရဖို့ကကျ‌နော်တို့ ကရင်လူငယ်‌တွေမှာ‌ရော၊ ကရင်ပြည်သူ‌တွေမှာ‌ရောကိုယ့်ကရင်ပါတီကိုပဲ‌ရွေးချယ်ပြီး မဲထည့်‌စေချင် တာ‌ပေါ့‌နော်။ ကရင်ပါတီကတချို့‌ပေါင်းလိုက်တာရှိပြီးလက်ရှိအချိန်မှာစုစု‌ပေါင်းကရင် ၄ပါတီ‌တောင် ကျန်ပါ‌သေးတယ်။

လူငယ်တစ်‌ယောက်အ‌နေနဲ့ အရမ်းလိုလားတဲ့ ခံစားချက်တစ်ခုက‌တော့လူမျိုးတစ်ခုထဲဆို‌တော့ ပါတီတစ်ခုပဲရှိ‌စေချင်တယ်။ လူကွဲရင်ကျားဆွဲတယ်။ ဝါးကွဲရင်‌ရေဝင်တယ်ဆိုသလိုကျ‌နော်တို့ကရင်ပါတီ‌တွေ ကွဲသွားရင် ကျန်တဲ့ပါတီ‌တွေက‌တော့ဝင်လာမှာ‌တော့ ‌သေချာ‌ပေါက်ပါပဲ။အခုလက်ရှိ မြင်‌နေတဲ့အတိုင်းပါပဲတစ်ခြားပါတီ‌တွေ အ‌မြောက်အမြားဝင်လာတာကိုလက်ရှိ‌တွေ့မြင်‌နေရတာပဲ။ လူငယ်တစ်‌ယောက်အ‌နေနဲ့ ကရင်လူငယ်‌တွေကို‌ပြော‌စေချင်တာကကိုယ့်ကိုကရင်မှန်းသိရင် ၂၀၂၀‌ရွေး‌ကောက်ပွဲမှာကရင်ပါတီ‌တွေကိုမဲထည့်ဖို့ အား‌ပေး‌စေချင်ပါတယ်။

နန်းသိုက်သိုက်ဝင်း‌ကျော် (ကရင်ပြည်နယ်၊ မြဝတီမြို့နယ်) Photo: KIC

နန်းသိုက်သိုက်ဝင်း‌ကျော် (ကရင်ပြည်နယ်၊ မြဝတီမြို့နယ်)
၂၀၂ဝမှာကရင်လူထု‌တွေမကဘဲတစ်နိုင်ငံလုံးမှာရှိတဲ့ လူထု‌တွေအားလုံးကလည်းအရင်ကထက် နိုင်ငံ‌ရေးကိုပိုပြီး‌တော့ စိတ်ဝင်စားလာတာကို‌တွေ့ရတာ‌ပေါ့‌နော်။ ဒါ‌ပေမဲ့ ၂၀၁၅အ‌ခြေအ‌နေနဲ့ ပြန်ပြီး နှိုင်းယှဉ်လိုက်တဲ့အခါမှာ ၂၀၂ဝမှာပိုပြီး‌တော့ ပါတီ‌တွေအ‌နေနဲ့ကလည်းပြိုင်ဆိုင်မှု ပိုပြီးပြင်းထန်လာမယ့် အလားအလာကိုလည်း‌တွေ့ရတယ်။ ၂၀၂ဝ အတွင်းမှာပဲကရင်ပါတီ‌တွေအ‌နေနဲ့ဆိုရင် တချို့ပါတီ‌တွေအ‌နေနဲ့ မဟာမိတ်ပြုထားတဲ့ ပါတီ‌တွေလည်းရှိတယ်။

ပြီး‌တော့ ပါတီ‌တွေရဲ့အ‌ခြေအ‌နေဗျူဟာပိုင်းနဲ့ပတ်သက်ပြီး ‌တော့လည်းပဲအသစ်ထပ်မံဗျူဟာချလာတဲ့ ပါတီ‌တွေရှိတယ်ဆိုတာကိုလည်း‌တွေ့ရတယ်။ ၂၀၂ဝမှာ ကရင်ပါတီ‌တွေအ‌နေနဲ့ကအရင်ကထက် ၂၀၁၅ရဲ့အခင်းအကျင်းကို သင်ခန်းစာယူပြီး‌တော့ လာမယ့် ၂၀၂ဝမှာလည်း ပိုပြီး‌တော့ ကြိုးကြိုးစားစားနဲ့ ဝင်‌ရောက်ယှဉ်ပြိုင်မယ့်ပါတီ‌တွေဖြစ်လာမယ်လို့လည်း ထင်တယ်‌ပေါ့‌နော်။

ကရင်ပြည်နယ်မှာဆိုရင် ပါတီကများတယ်။ပြည်သူလူထုအ‌နေနဲ့ မဲ‌ပေးဖို့အခက်အခဲက‌တော့ ၂၀၁၅တုန်းကရှိခဲ့တယ်‌ပေါ့‌နော်။ ဒါ‌ပေမဲ့ အခုချိန်မှာတချို့ပါတီ‌တွေကလည်း‌ပေါင်းစည်းထားတဲ့ပါတီ‌တွေ လည်းရှိတယ်။ ဒါ့အပြင် လက်ရှိနဂိုရှိရင်းစွဲပါတီ‌တွေကလည်းသူ့ရဲ့မဲဆန္ဒရှင်ပြည်သူ‌တွေကလည်းရှိ‌နေတယ်။ ‌နောက်ပြီးတခြား‌ဒေသမှာအ‌ခြေစိုက်တဲ့ ကရင်ပါတီ‌တွေကလည်းသူ့နည်းသူ့ဟန်ကြိုးစား‌နေတာကိုလည်း ‌တွေ့‌နေရတဲ့အတွက် ကရင်လူငယ်တစ်‌ယောက်အ‌နေနဲ့ အများကြီး‌ကျေနပ်တယ်။

အဲဒီအတွက်ကိုလည်းအများကြီးဂုဏ်ယူပါတယ်။ ၂၀၂ဝကျရင် ကရင်ပါတီ‌တွေမှာလူငယ်‌တွေ အများကြီးပါဖို့ကလည်းကျမတို့က‌မျှော်လင့်တာ‌ပေါ့‌နော်။ ‌နောက်တစ်ခုကကရင်ပါတီအတွက် ကရင်ပြည်သူလူထုရဲ့အား၊ ကရင်လူငယ်‌တွေရဲ့အား၊ ကရင်လူထုထဲကအဖွဲ့အစည်းအသီးသီးအင်အားစု‌တွေနဲ့ ချိတ်ဆက်နိုင်ခဲ့မယ်ဆိုရင် ၂၀၂၀‌ရွေး‌ကောက်ပွဲမှာ‌တော့ ‌ကောင်းတဲ့အလားအလာအများကြီရမယ်လို့‌တော့ ‌မျှော်လင့်မိပါတယ်။