Home သတင်း ဖားအံကမ်းနားလမ်းည‌ဈေးတန်းသစ် စတင်ဖွင့်လှစ်

ဖားအံကမ်းနားလမ်းည‌ဈေးတန်းသစ် စတင်ဖွင့်လှစ်

3307
Photo-KIC

ဒီဇင်ဘာလ ၁၁ ရက်၊ ၂၀၁၉ ခုနှစ်။ ‌ကေအိုင်စီ

ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များနှင့် အများပြည်သူတို့ လည်ပတ်အပန်း‌ဖြေနိုင်မည့် ည‌ဈေး တန်း သစ်တစ်ခုကို ယမန်‌နေ့ (ဒီဇင်ဘာလ ၁ဝ ရက်)က ဖားအံမြို့ အမှတ် ၃ ရပ်ကွက်၊ ကမ်းနားလမ်းတွင် အခမ်းအနားဖြင့် စတင်ဖွင့်လှစ် လိုက်ပြီဖြစ်သည်။

ကရင်ပြည်နယ်အစိုးရ၊ ဖားအံမြို့နယ်စည်ပင်သာယာ‌ရေး‌ကော်မတီတို့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် UHM ကုမ္ပဏီမှ အဆိုပါကမ်းနားလမ်းည‌ဈေးတန်းကို ‌ဆောက်လုပ် အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်ခဲ့ခြင်းလည်းဖြစ်သည်။

ဖားအံမြို့နယ် စည်ပင်သာယာ‌ရေး‌ကော်မတီဥက္ကဌ ဦးတင်‌မောင်လွင်က “ ကျ‌နော်တို့အ‌နေနဲ့ အခြား တိုင်း နဲ့ပြည်နယ်များ ကဲ့သို့သာယာလှပ‌ရေးအတွက် ကရင်ပြည်နယ်အစိုးရရဲ့ ဦး‌ဆောင်အနီးကပ်ကြီးကြပ်မှု နဲ့ ပြည်သူများအပန်း‌ဖြေ‌စေ‌ရေး ‌ခေတ်မီလှပတဲ့ ကမ်းနားလမ်းတစ်‌လျှောက် စိတ်လက်‌အေးချမ်းစွာနား‌နေနိုင်ဖို့ အဓိကထားပြီး ဒီ‌ဈေးကို‌ဖော်‌ဆောင်ခဲ့တာဖြစ်ပါတယ် ” ဟု ၎င်းက ဖွင့်ပွဲအခမ်းအနားတွင် ရှင်းလင်းတင်ပြသည်။

ယမန်‌နေ့ကကျင်းပသည့် ကမ်းနားလမ်းည‌ဈေးတန်းဖွင့်ပွဲတွင် ပြည်နယ်လွှတ်‌တော်ဥက္ကဌ၊ ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာနှင့် စည်ပင်သာယာ‌ရေးဝန်ကြီး၊ UHM Development Co.ltd မန်‌နေဂျင်း ဒါရိုက်တာနှင့်တာဝန်ရှိသူများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်‌ရောက်ခဲ့ကြသည်။

ဖွင့်လှစ်လိုက်သည့် ဖားအံကမ်းနားလမ်းည‌ဈေးတန်း၏ စုစု‌ပေါင်းအကျယ်မှာ အလျား ၆၀ဝ ၊ အနံ ၆ဝ ရှိပြီး ‌ရေမီးအစုံအလင်ဖြင့် ၈ ‌ပေပတ်လည်အကွက်ဆိုင်‌ပေါင်း ၁၈၉ ခန်းရှိကာ ‌ဒေသထွက်အစားအစာများ၊ ဖန်စီအ ‌ရောင်းဆိုင်များ၊ မုန့်ပဲသွားရည်စာမျိုးစုံ‌ရောင်ချသည့် ဆိုင်ခန်းများပါဝင်သည်။

Photo_KIC

ည‌ဈေးတန်း‌ဈေး‌ရောင်းချသူတစ်ဦးဖြစ်သည့် ‌ဒေါ်ဖြိုးဖြိုးကြွယ်က “ ဒီမှာ‌တော့ အားလုံးအဆင်‌ပြေတယ်။ ပိုကျယ်တယ်။ စည်းကမ်းစနစ်တကျလည်းရှိတယ်။ ဒါ‌ပေမယ့် ၁ဝ နာရီဆိုအပြီးသိမ်းရပြီ‌လေ။ ဒီထက် အချိန်ပို‌ရောင်းချင်တာ‌ပေါ့” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

ထို့အပြင် မဲစနစ်ဖြင့် ဆိုင်ခန်း‌နေရာချထား‌ပေးသည့် ကမ်းနားလမ်းည‌ဈေးတန်းတွင် အရက်‌သေစာလုံးဝ ‌ရောင်းချခွင့်မပြုဘဲ ဆိုင်ခန်းတစ်ခန်းလျှင် တစ်ရက် စည်ပင်‌ကြေး ကျပ် ၁၀၀ဝ နှင့် မီးခ ၅၀ဝ ‌ပေးသွင်းရပြီး ‌နေ့စဉ် ည‌နေ ၃ နာရီမှ ၁ဝ နာရီအထိ ဖွင့်လှစ်‌ရောင်း ချနိုင်သည်ဟုသိရသည်။

လက်ရှိကရင်ပြည်နယ် ဖားအံမြို့တွင် လူသိများစည်ကားသည့် ကန်သာယာည‌ဈေးတန်းနှင့် ယခုဖွင့်လှစ်လိုက် ကမ်းနားလမ်းည‌ဈေးတန်း ၂ ခုရှိ‌နေပြီဖြစ်သည်။