Home သတင်း ဓါးခုတ်ခံရမှု‌ကြောင့် KNU ရဲတပ်ဖွဲ့ဝင်တစ်ဦး ‌သေဆုံး၊ တစ်ဦး ဒဏ်ရာရ

ဓါးခုတ်ခံရမှု‌ကြောင့် KNU ရဲတပ်ဖွဲ့ဝင်တစ်ဦး ‌သေဆုံး၊ တစ်ဦး ဒဏ်ရာရ

4171
‌သေဆုံးသွား‌သော KNPF မှ ဒုရဲမှူး ‌စောသာဖြူ


ဒီဇင်ဘာ ၈ ရက်၊ ၂၀၁၉ ခုနှစ်။ စအိုင်ဆူူး

ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဘိတ်-ထားဝယ်ခရိုင်‌ဒေသ၊ ‌လေညာ-ဘုတ်ပြင်းမြို့နယ် အထူး‌ဒေသတွင် တာဝန်ထမ်း‌ဆောင်‌နေသည့် KNU လက်‌အောက်ခံ ကရင်အမျိုးသားရဲတပ်ဖွဲ့-KNPFတစ်ဦး ယမန်‌နေ့ ဒီဇင် ဘာလ ၇ ရက်‌နေ့က ဓါတ်ခုတ်ခံရမှု‌ကြောင့် ‌သေဆုံးသွားခဲ့ပြီး ကျန်တစ်ဦးလည်း ဒဏ်ရာရရှိခဲ့‌ကြောင်း သိရသည်။

ဖြစ်စဉ်မှာ KNPF ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားသည့် ဦးဝင်းငယ် ဆိုသူက ဒီဇင်ဘာလ ၇ရက်‌နေ့ မနက် (၅)နာရီ ‌ကျော်ခန့်တွင် ၎င်းအားဖမ်းဆီးထားသည့် KNPF မှ ဒုရဲမှူး ‌စောသာဖြူနှင့် မြို့နယ် သယ်ယူပို့‌ဆောင်‌ရေး တာဝန်ခံ‌စောကသိုက် ဆိုသူနှစ်ဦးကို ဓါးဖြင့်ခုတ်ပြီး ထွက်‌ပြေးသွားခဲ့‌ကြောင်း ‌လေညာ-ဘုတ်ပြင်း မြို့နယ် အထူး‌ဒေသ၏ မြို့နယ်မှူး ‌စောစန်း‌ဂေက ယခုလို‌ပြောသည်။

၎င်းက “တရားခံတစ်ဦး(ဦးဝင်းငယ်)ကို စစ်‌ဆေး‌မေးမြန်းပြီး‌နောက်ပိုင်း ချုပ်‌နှောင်ထားတာမျိုး မလုပ်ထား မိတာ‌ကြောင့် မနက်ပိုင်း‌လောက်မှ ဓါးယူပြီး အဲ့ဒုရဲမှူးကို ခုတ်သတ်လိုက်တာ။ သူ့မှာက က‌လေးသူငယ် ‌တွေနဲ့ ဆို‌တော့ ဘယ်သူမှသူ့ကို မချုပ်ထားဘူး။ အဲ့ဒါနဲ့ ဘာစိတ်‌ပေါက်လဲမသိဘူး။ ရဲကို ခုတ်ပြီး ထွက်‌ပြေးသွား တာပဲ” ဟု ‌ကေအိုင်စီသို့ အတည်ပြု‌ပြောဆိုသည်။

KNPF မှ ဖမ်းဆီးထားသူ ဦးဝင်းငယ်ဆိုသူမှာ မိမိဦး‌လေး‌တော်စပ်သူကို ဒီဇင်ဘာလ (၄)ရက်‌နေ့က ‌သေနတ် ဖြင့်ပြန်ပစ်သတ်ရန် ကြံစည်ပြီး ‌သေနတ်မ‌ပေါက်သဖြင့် လူသတ်ရန် ကြံစည်မှုဖြင့် ဦး‌လေး‌တော်စပ်သူမှ လာ‌ရောက်တိုင်ကြားခြင်း‌ကြောင့် ‌ခေါ်ယူ စစ်‌ဆေး‌မေးမြန်းပြီး အ‌ရေးယူသွားနိုင်‌ရေးလုပ်‌ဆောင်‌နေစဉ်အတွင်း ယခုလို ဓါတ်ခုတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်‌ကြောင်း ‌စောစန်း‌ဂေက ဆက်လက်ရှင်းပြသည်။

အဆိုပါ ဓါးခုတ်ခံရမှု‌ကြောင့် အသက်(၄၅)နှစ်အရွယ် ဒုရဲမှူး ‌စောသားဖြူမှာ ‌ခေါင်း၊ ပါး‌စောင်း‌နေရာတွင် ဓါးခုတ် ဒဏ်ရာဖြင့် ‌နေရာတွင်းပွဲချင်းပြီး‌သေဆုံးသွားခဲ့ပြီး ကျန်တစ်ဦးဖြစ်သူ သယ်ယူပို့‌ဆောင်‌ရေး တာဝန်ခံ အသက် (၄၂)အရွယ် ‌စောကသက်မှာ လည်ပင်း အခုတ်ခံရသဖြင့် ပြည်ကြီးမဏ္ဍိုင်‌ဆေးရုံတွင် ‌ဆေးရုံတင်ထားရပြီး အာရုံ‌ကြောအနည်းငယ်ထိခိုက်မှု‌ကြောင့် ‌ဆေးရုံတင်ထားရဆဲဖြစ်‌ကြောင်း တာဝန်ရှိသူများက ဆိုသည်။

ဓါးခုတ်သူဟု ယူဆခံရသူ ဦးဝင်းငယ်

ဓါးဖြင့်ခုတ်သွားသူ ဦးဝင်းငယ် ဆိုသူမှာ ယ‌နေ့အချိန်ထိ ထွက်‌ပြေးလွတ်‌မြောက်‌နေဆဲဖြစ်ပြီး KNPFနှင့် KNU တာဝန်ရှိသူတို့ လိုက်လံဖမ်းဆီးမှုများပြုလုပ်‌နေသည့်အပြင် သက်ဆိုင်ရာ အစိုးရ ရဲတပ်ဖွဲ့ဝင် တာဝန်ရှိသူများ နှင့်လည်း ပူး‌ပေါင်း‌ဆောင်ရွက်၍ ထွက်‌ပြေးလွတ်‌မြောက်သူကို ဖမ်းဆီးနိုင်‌ရေး လုပ်‌ဆောင်‌နေ‌ကြောင်း KNU ဘက်က ဆိုသည်။

‌သေဆုံးသွားသူ ဒုရဲမှူး ‌စောသားဖြူမှာ ‌မွေးချင်း‌မောင်နှမ (၈)ဦးအနက် အငယ်ဆုံးသားဖြစ်ပြီး ‌သေဆုံးချိန်တွင် ဇနီးဖြစ်သူ ‌နော်စုမြတ်ခင် နှင့် သား(၃)ဦး၊သမီး(၁)တို့အပါအဝင် ၎င်း၏မိခင်နှင့်အတူ ‌မွေးချင်း ‌မောင်နှမ(၇)ဦး တို့ကျန်ရစ်ခဲ့သည်။ သူ၏ ဈာပနကိုလည်း နံနက်ဖြန် ၉ရက်‌နေ့တွင် စီရင်လုပ်‌ဆောင်သွားမည်ဟု သိရသည်။