Home သတင်း ထိုင်း(သို့)မြန်မာ ကလပ်တစ်ခုခုတွင် ကစားရန် စီစဉ်‌နေသည့် ကရင်‌ဘောလုံးသမား ‌စောကလယ်ဟဲ

ထိုင်း(သို့)မြန်မာ ကလပ်တစ်ခုခုတွင် ကစားရန် စီစဉ်‌နေသည့် ကရင်‌ဘောလုံးသမား ‌စောကလယ်ဟဲ

3770
ပရိုဖက်ရှင်နယ် ‌ဘောလုံးသမား ‌စောကလယ်ဟဲ (Photo-kic)

ဒီဇင်ဘာ ၉ ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောရှား

အဂင်္လန်နိုင်ငံ၏ တတိယအဆင့်‌ဘောလုံးကလပ်အသင်းတွင် ကစားခဲ့သည့် ကရင် လူငယ် ‌ဘောလုံးကစားသမား ‌စောကလယ်ဟဲ အ‌နေဖြင့် လက်ရှိအချိန်တွင် ထိုင်း (သို့မဟုတ်)မြန်မာနိုင် ငံရှိ ‌ဘောလုံးကလပ် တစ်ခုခုတွင် ပြန်လည်ကစားသွားရန် စီစဉ်‌နေ‌ကြောင်း ၎င်းက ‌ပြောဆိုသည်။

‌စောကလယ်ဟဲမှာ ထိုင်း-မြန်မာ ဒုက္ခသည်စခန်းတစ်ခုမှ တတိယနိုင်ငံသို့ ထွက်ခွာရသည့် ဒုက္ခ သည် က‌လေးဘဝအ‌ခြေအ‌နေမှ ၎င်း၏ကြိုးစားမှုများ‌ကြောင့် အဂင်္လန်နိုင်ငံ၏ တတိယအဆင့် ‌ဘောလုံးကလပ်အသင်းနှင့် အခြား နိုင်ငံတကာကလပ်အသင်းများတွင် ကစားခဲ့သူလည်းဖြစ် သည်။

လက်ရှိမြန်မာနိုင်ငံတွင် ပြန်လည် ‌ရောက်ရှိလာသည့် ‌စောကလယ်ဟဲက “အခုက အလည်အပတ် ပြန်လာတာလည်းဟုတ်တယ်။ ‌နောက်ပြီး ဒီက ‌ဘောလုံးအသိုင်းအဝိုင်းနဲ့ လူကြီး‌တွေကလည်း ကျ‌နော့်ကို ‌တွေ့ချင်တယ်။ စကား‌တွေ‌ပြောကြည့်မယ်‌ပေါ့။ ‌တွေ့ဆုံ‌ပြောကြည့် ကြမယ်‌လေ။ ဘယ် လိုရှိမလဲ အ‌ခြေအ‌နေ‌စောင့်ကြည့်ရမယ်‌ပေါ့” ဟု ဒီဇင်ဘာ ၃ ရက်‌နေ့က ‌ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၂၈ ရက်‌နေ့တွင် ‌ရောက်ရှိခဲ့သည့် ‌စောကလယ်ဟဲသည် ဒီဇင်ဘာ ၃ ရက် ‌နေ့တွင် ဖားအံမြို့၊ ‌အောင်သံလွင်အားကစားကွင်း၌ ၎င်းအား ကြိုဆိုဂုဏ်ပြုသည့် ‌ဘောလုံးပြိုင်ပွဲ လည်း ပြုလုပ်‌ပေးခဲ့သည်။

ပရိုဖက်ရှင်နယ် ‌ဘောလုံးသမား ‌စောကလယ်ဟဲ (Photo-kic)

‌စောကလယ်ဟဲသည် ၁၄ နှစ်သားအရွယ်မှစ၍ ရှက်ဖီးယူနိုက်တက်‌ဘောလုံးကလပ်၏ အကယ် ဒမီတွင် ‌ဘောလုံးပညာစတင်သင်ယူကစားခဲ့ပြီး ပရိုဖက်ရှင်နယ်တန်းကို အသက် ၁၈ နှစ်၌ စတင် ကစားခဲ့‌ကြောင်းသိရသည်။

ရှက်ဖီးယူနိုက်တက်ကလပ်တွင် ၅ နှစ်တာ ကစားခဲ့ပြီး‌နောက် စ‌ကော့တလန်နှင့် လစ်သူ‌ရေးနီးယား နိုင်ငံရှိ ကလပ်များတွင်၂၀၁၈ ခု နှစ်ဝက်အထိ ကစားခဲ့ပြီး ဒဏ်ရာ‌ကြောင့် ကလပ်အသင်းမှ အနား ယူခဲ့‌ကြောင်း သိရသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ အုန်းဖျန်ဒုက္ခသည်စခန်းတွင် ‌မွေးဖွားခဲ့သည့် ‌စောကလယ်ဟဲသည် အဂင်္လန် နိုင်ငံ ရှက်ဖီးမြို့သို့ ၁ဝ နှစ်သားအရွယ်၊ ၂၀၀၆ ခုနှစ်၌ သွား‌ရောက် ‌ပြောင်း‌ရွှေ့အ‌ခြေချ ‌နေထိုင်ခဲ့ ခြင်းဖြစ်သည်။

လက်ရှိတွင် ၎င်းအ‌နေဖြင့် ထိုင်းနိုင်ငံ (သို့မဟုတ်) မြန်မာနိုင်ငံအတွက် နိုင်ငံကိုယ်စားပြု ကစားချင် ‌သော်လည်း အဂင်္လန် နိုင်ငံသားခံယူထားမှုအ‌ပေါ် နှစ်နိုင်ငံလုံးအတွက် ကိုယ်စားပြုကစားနိုင်ရန် အ ခက်အခဲရှိ‌နေ‌ကြောင်းလည်း ‌စောကလယ်ဟဲက ‌ပြောသည်။ ‌စောကလယ်ဟဲသည် ကရင်တိုင်း ရင်းသားများထဲတွင် ပရိုဖက်ရှင်နယ်(‌ကြေးစား) ကစားသမား တစ်‌ယောက်အ‌နေဖြင့် နိုင်ငံတကာတွင် ကစားခဲ့သည့် ပထမဆုံးကစားသမားလည်းဖြစ်‌ကြောင်း သိရသည်။