Home သတင်း စု‌ပေါင်းနှစ်ကူးပွဲတွင် ကရင်လက်နက်ကိုင်အဖွဲ့များနှစ်သစ်‌ကျောက်တိုင် တည်‌ဆောက်ခဲ့

စု‌ပေါင်းနှစ်ကူးပွဲတွင် ကရင်လက်နက်ကိုင်အဖွဲ့များနှစ်သစ်‌ကျောက်တိုင် တည်‌ဆောက်ခဲ့

2304

ဒီဇင်ဘာ ၃ဝရက်၊ ၂ဝ၁၉ခုနှစ်။‌စောမြတ်ဦးသာ

ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကြိမ်‌ချောင်း‌ကျေးရွာတွင် ဒီဇင်ဘာလ ၂၆ရက်‌နေ့ကကရင်လက်နက်ကိုင် အဖွဲ့အစည်းများစု‌ပေါင်းကျင်းပခဲ့ကြသည့် ၂၇၅၉ခု ကရင်နှစ်သစ်ကူး‌နေ့ပွဲ‌တော်၌ညီညွှတ်‌ရေးအတွက် နှစ်သစ်‌ကျောက်တိုင်ကိုအထိမ်းအမှတ်အဖြစ် တည်‌ဆောက်ခဲ့ကြသည်။

ပြည်တွင်းစစ်‌ကြောင့် အဖွဲ့ကွဲသွားသည့် ကရင်လက်နက်ကိုင်အဖွဲ့များက ၎င်းတို့၏‌ကောင်းမွန်သည့်အနာဂတ် တည်‌ဆောက်နိုင်ရန်နှင့်ပြန်လည်ညီညွတ်ကြရန်အတွက် (၈၂)ကြိမ်‌မြောက် ကရင်အမျိုးသားနှစ်သစ်ကူး‌နေ့ကိုအတူတကွ ကျင်းပခဲ့ကြခြင်းဖြစ်ပြီးထို‌နေ့ အခမ်းအနားတွင်KNU-ကရင်အမျိုးသားအစည်းအရုံးဒူးပလာယာခရိုင်ဥက္ကဌပဒို‌စော‌ရွှေ‌မောင်းကငြိမ်းချမ်းစွာနှင့် ပြန်လည်ညီညွှတ်ကြရန် ယခုလိုတိုက်တွန်း‌ပြောဆိုခဲ့သည်။

၎င်းက “ပြည်တွင်းစစ်‌ကြောင့် ကရင်အမျိုးသား‌တွေဟာအကွဲကွဲအပြားပြားဖြစ်သွားကြတယ်။ စစ်‌ကြောင့်ဖြစ်လာတဲ့ လက်နက်ကိုင်အဖွဲ့‌တွေ ကိုယ့်ရဲ့အမျိုးသား‌ရေးတာဝန်ကိုစုစုစည်းစည်းနဲ့ အတိတ်ကဖြစ်ခဲ့တဲ့ သခင်္န်းစာ‌တွေကိုယူပြီး‌တော့ အနာဂတ်မှာကိုယ့်အမျိုးသားထု‌တွေ ‌ကောင်းမွန်စွာလုပ်ကိုင်စား‌သောက်‌နေထိုင်နိုင်ဖို့နဲ့ အနာဂတ်မှာငြိမ်းချမ်းစွာပြန်လည်တည်‌ဆောက်နိုင်‌အောင်ပြန်လည်ညီညွတ်ကြပါ။”ဟု‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်လက်နက်ကိုင်အဖွဲ့များသည့် KNU-ကရင်အမျိုးသားအစည်းအရုံး၊ DKBA -ဒီမိုက‌ရေစီအကျိုးပြုကရင်တပ်မ‌တော်၊ KNU/KNLA PC – ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ၊ Border Guard Force-BGF နယ်ခြား‌စောင့်တပ်များကယခု နှစ်တွင် ပထမဦးဆုံးအကြိမ်ဖြစ် ကရင်အမျိုးသားနှစ်သစ်ကူး‌နေ့ကို‌ဒေသခံလူထုများ ပါဝင်မှုဖြင့်စု‌ပေါင်းကျင်းပခဲ့ကြသည်။

အခမ်းအနားတွင် KNU ဗဟိုမှ ‌ပေးပို့‌သောသဝဏ်လွှာနှင့် နိုင်ငံ‌တော် အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်‌အောင်ဆန်းစုကြည်၏ သဝဏ်လွှာများကိုဖတ်ကြားခဲ့ကြပြီးကရင်လက်နက်ကိုင် ၄ဖွဲ့အပြင် ABSDF-‌ကျောင်းသားတပ်မ‌တော်၊ NMSP-မွန် ပြည်သစ်ပါတီ၊ နိုင်ငံ‌ရေးပါတီများ၊ လွှတ်‌တော်ကိုယ်စားလှယ်များနှင့် ‌ဒေသခံလူထုအပါအဝင် စုစု‌ပေါင်းပရိဿတ် ၁၀၀၀‌ကျော်တက်‌ရောက်ခဲ့‌ကြောင်း ကျင်းပ‌ရေး‌ကော်မတီတာဝန်ရှိသူများထံမှ သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်မွန်ညီညွတ်‌ရေးပါတီ၏ အတွင်း‌ရေးမှူးနိုင်သိန်း‌ဇော်က “KNU အစည်းအရုံးက ငြိမ်း ချမ်း‌ရေးယူပြီးတဲ့ကာလမှာသွားလာ‌ရေးအဆင်‌ပြေလာတယ်။အချင်းချင်းစည်းလုံးညီညွတ်မှုရှိဖို့အ‌ရေးကြီးပါတယ်။တိုင်းရင်းသား‌တွေအားလုံးစည်းလုံးမှပဲဖယ်ဒရယ်စနစ်ကို‌ဖော်‌ဆောင်နိုင်မှာဖြစ်ပါတယ်။ငြိမ်းချမ်း‌ရေးလမ်းစဉ်နဲ့နိုင်ငံ‌ရေးလမ်းစဉ်‌တွေကိုအတူယှဉ်တွဲ ‌ဖော်‌ဆောင်သွားမယ်။”ဟု‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်သည် KNUဒူးပလာယာခရိုင် နယ်‌မြေဖြစ်ပြီးယခုနှစ် စု‌ပေါင်းကရင်နှစ်သစ်ကူးပွဲတွင် KNU ငြိမ်းချမ်း‌ရေးပြခန်း၊ ကရင်ရိုးရာယဉ်‌ကျေးမှုပြခန်းများအပြင် ပအိုဝ်း၊ မွန် တိုင်းရင်းသားယဉ်‌ကျေးမှုအက‌ဖျော်‌ဖြေမှု များနှင့် ကရင့်ရိုးရာယဉ်‌ကျေးမှုဒုံးအကပြိုင်ပွဲများ၊ ကရင်ရိုးရာနဘန်းအားကစားပြိုင်ပွဲများကိုပါ ထည့်သွင်းကျင်းပသွားခဲ့ကြသည်။