Home သတင်း ကရင်နီပြည် ဖား‌ဆောင်းတွင် KNP ရုံးစဖွင့်

ကရင်နီပြည် ဖား‌ဆောင်းတွင် KNP ရုံးစဖွင့်

2131
Photo: KNP

ဒီဇင်ဘာ ၃ဝရက်၊ ၂၀၁၉ ခုနှစ်။ ‌စောထွန်းလင်း

ကရင်နီပြည် (ကယား ပြည်နယ်) ဖား‌ဆောင်းမြို့နယ်တွင် ကရင်အမျိုးသားပါတီ (KNP) မြို့နယ်ရုံးကိုဒီဇင်ဘာ ၂၄ ရက်‌နေ့တွင် စတင်ဖွင့်လှစ်လိုက်သည်ဟုပါတီအ‌ထွေ‌ထွေအတွင်း‌ရေးမှူး မန်း‌ကျော်ငြိမ်းက‌ကေအိုင်စီသို့ ‌ပြောသည်။

KNP ဖား‌ဆောင်းမြို့နယ်၊ မြို့နယ်စည်းရုံး‌ရေး‌ကော်မတီရုံးကိုဒီဇင်ဘာ ၂၄ ရက်‌နေ့ နံနက်ပိုင်းတွင် ဖား‌ဆောင်း-‌မော်ချီးကားလမ်း‌ဘေး၊ ဖား‌ဆောင်း မြို့နယ်၊ ‌တောင်ပိုင်းရပ်ကွက်၌ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီးဖွင့်ပွဲအခမ်းအနားသို့ ပါတီဗဟို‌ကော်မတီဝင်များ၊ ဖား‌ဆောင်းမြို့နယ်အတွင်းရှိပါတီဝင်များစုစု‌ပေါင်း ၁၅ဝ ဦး‌ကျော် တက်‌ရောက် ခဲ့သည်။

အဆိုပါ ရုံးဖွင့်လှစ်နိုင်‌ရေးအတွက် စီစဉ်သူတစ်ဦးဖြစ်သူဖား‌ဆောင်းမြို့နယ်၊ ကရင်အမျိုးသားပါတီဝင် ‌စော‌သောသီခိုက “ကိုယ့်ကရင်အမျိုးသားပါတီကကရင်အများစု‌နေထိုင်တဲ့ ဖား‌ဆောင်းမြို့နယ်မှာ ရုံးဖွင့်နိုင် တယ်ဆိုတာကကိုယ့်ကရင်လူမျိုး‌တွေ နိုင်ငံ‌ရေးနိုးကြားလာမှု တစ်စိတ်တစ်ပိုင်းလည်းဖြစ်တယ်။ ကိုယ့်အမျိုးသားပါတီကိုကိုယ့်လူမျိုး‌တွေကဘယ်‌လောက်ထိအားကိုးတယ်ဆိုတာက‌တော့ လာမယ့်‌ရွေး‌ကောက်ပွဲမှာအ‌ဖြေ‌ပေါ်လာလိမ့်မယ်”ဟု‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်အမျိုးသားပါတီအ‌နေဖြင့် လာမည့် ‌ရွေး‌ကောက်ပွဲတွင် ကရင်နီပြည် (ကယား ပြည်နယ်) ဖား‌ဆောင်းမြို့ နယ်တွင် ဝင်ပြိုင်ရန်လျာထားပြီး ၂၀၂ဝ ပြည့်နှစ်၊ နှစ်ဆန်းပိုင်းတွင် မြို့နယ်အဆင့် အစည်းအ‌ဝေး‌ခေါ်ယူကာဖား‌ဆောင်းမြို့နယ် အတွင်းရှိ‌ကျေးရွာများ၊ ‌မော်ချီး‌ဒေသရှိ‌ကျေးရွာများတွင် ရပ်/‌ကျေး ရုံးများဆက်ဖွင့်လှစ် နိုင်‌ရေးနှင့် ‌ရှေ့လုပ်ငန်းစဉ်များကိုချမှတ်သွားရန်ရှိသည်ဟု မြို့နယ် ပါတီဝင်များက‌ပြောသည်။

ကယားပြည်နယ်၊ ဖား‌ဆောင်းမြို့နယ်တွင် ‌ကျေးရွာအများစု၌ ကရင်လူမျိုးများ‌နေထိုင်လျက်ရှိပြီးခန့်မှန်းလူဦး‌ရေ နှစ်‌သောင်း‌ကျော်ရှိသလိုယခုလိုကရင်အမျိုးသားပါတီက မြို့နယ်စည်းရုံး‌ရေး‌ကော်မတီရုံးဖွင့်လှစ်နိုင် ခြင်းမှာပထမဦးဆုံး ဖြစ်‌ကြောင်းဖား‌ဆောင်း‌ဒေသခံများက‌ပြောသည်။

ကရင်အမျိုးသားပါတီသည် ၂၀၁၄ ခုနှစ်တွင် တရားဝင်တည်‌ထောင်ခဲ့ပြီးညီညွတ်‌သော် တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ (UNA) အဖွဲ့ဝင်ပါတီတစ်ခုဖြစ်သည်။ KNP အ‌နေဖြင့် ၂၀၁၅ အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲတွင် ဝင်ပြိုင်ခဲ့ဖူး‌သော်လည်းအနိုင်မရခဲ့‌ကြောင်းသိရသည်။