Home သတင်း နိုင်ငံခြားအကူအညီ‌တောင်းခံမှု NRPCမှ ခွင့်ပြုချက်ရယူ‌ရေးကိစ္စ ဌာနဆိုင်ရာ လုပ်‌ဆောင်ချက်အချို့ အဟန့်အ တားဖြစ်‌စေဟု KNU ‌ပြော

နိုင်ငံခြားအကူအညီ‌တောင်းခံမှု NRPCမှ ခွင့်ပြုချက်ရယူ‌ရေးကိစ္စ ဌာနဆိုင်ရာ လုပ်‌ဆောင်ချက်အချို့ အဟန့်အ တားဖြစ်‌စေဟု KNU ‌ပြော

2188
နိုင်ငံခြားအကူအညီ‌တောင်းခံမှု NRPCမှ ခွင့်ပြုချက်ရယူ‌ရေးကိစ္စ ဌာနဆိုင်ရာ လုပ်‌ဆောင်ချက်အချို့ အဟန့်အ တားဖြစ်‌စေဟု KNU ‌ပြော (Photo-KNU)

နိုဝင်ဘာ ၁၅ရက်၊ ၂၀၁၉ခုနှစ်။ ‌ကေအိုင်စီ

အပစ်ရပ်လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များပြည်ပအကူအညီ‌တောင်းခံမှု အတွက် အမျိုးသားပြန်လည်သင့်မြတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေး ဗဟိုဋ္ဌာန-NRPCထံ ခွင့်ပြုချက်ရယူ‌ရေးကိစ္စ‌ကြောင့် KNU-ကရင်အမျိုးသားအစည်းအရုံး၏ ဌာနဆိုင်ရာ လုပ်‌ဆောင်ချက်အချို့ အဟန့်အတားဖြစ်‌စေသည်ဟု KNU က ဆိုသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးသ‌ဘောတူစာချုပ်-NCA လက်မှတ်‌ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် (၁၀)ဖွဲ့ထံသို့ ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက်‌နေ့တွင် ငြိမ်းချမ်း‌ရေး‌ကော်မရှင်က ‌ပေးပို့သည့် စာတွင် အပစ်ရပ်စာချုပ် လက်မှတ်ထိုးထား‌သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း-EAOs များအ‌နေဖြင့် ပြည်ပအကူအညီ‌တောင်းခံပါက တိုက်ရိုက်ဆက်သွယ်ညှိနှိုင်းမှုမပြုဘဲ NRPC ထံသို့ ဦးစွာတင်ပြပြီး ခွင့်ပြု ချက်‌တောင်းခံရမည်ဟု ‌ဖော်ပြပါရှိခဲ့သည်။

အဆိုပါ ‌ပေးပို့သည့်စာ‌ကြောင့် KNU ၏လက်‌အောက်ခံ ဌာန (၁၄)ခုမှ တစ်ခုဖြစ်သည့် ကရင်ပညာ‌ရေးနှင့် ယဉ် ‌ကျေးမှုဌာန-KECD အ‌နေဖြင့် ကရင်ပြည်နယ်အတွင်း ပြုလုပ်မည့် အသက်‌မွေးဝမ်း‌ကျောင်းဆိုင်ရာ သင်တန်းစင် တာတစ်ခု စတင်နိုင်ရန်အတွက် အဟန့်အတားများ ကြုံ‌တွေ့‌နေရ‌ကြောင်း ၎င်း၏ အတွင်း‌ရေးမှူး ဖြစ်သူ ‌စော‌လောအယ်မူးက ယခုလို‌ပြောသည်။

သူက “ ဒီစာမ‌ပေါ်ထွက်လာခင်ကတည်းက ဒီစီမံကိန်းကို အ‌ကောင်အထည်‌ဖော်‌ဆောင်ရွက်ဖို့ ကျ‌နော်တို့ သက်ဆိုင်တဲ့ အစိုးရဝန်ကြီးဌာနဆိုင်ရာ‌တွေနဲ့ အချိန်ကြာကြီး ညှိနှိုင်းမှု ရယူခဲ့ပြီးသားဖြစ်တယ်။ ဒါ‌ပေမဲ့ အခု ‌တော့ ဒီစာထုတ်လိုက်တာ‌ကြောင့် စီမံကိန်း အ‌ကောင်အထည်‌ဖော်ဖို့ကို ထိခိုက်လာတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် မကြာ‌သေးမီက ‌ပေးပို့လိုက်သည့် စာ၏ ‌နောက်ကွယ်အ‌ကြောင်းအရာများကို ‌သေချာရှင်းလင်းမှု မရှိ‌သော်လည်း ထိန်းချုပ်ကန့်သတ်ချင်သည့် သ‌ဘောသက်‌ရောက်သည်ဟုလည်း ‌စော‌လောအယ်မူးက ဆက်‌ပြောသည်။

“အစိုးရအ‌နေနဲ့က တိုင်းရင်းသား‌တွေပိုပြီး ‌ကောင်းမွန်လာမှာကို မလိုလားတာလား၊ ဒါမှမဟုတ် အားလုံးကို သူတို့ရဲ့ ထိန်းချုပ်မှု‌အောက်ကိုပဲ ရှိ‌စေချင်တာလား။ ဒါ‌တော့ ကျ‌နော်တို့မသိဘူး” ဟု ၎င်းက ‌ပြောသည်။

(PC) ၏ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများထံ ‌ပေးပို့သည့် စာအပြင် မြန်မာနိုင်ငံခြား‌ရေး ဝန်ကြီး ဌာနအ‌နေဖြင့်လည်း ကုလသမဂ္ဂ(UN)၊ ၎င်း၏ အထူးပြု‌အေဂျင်စီများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများအ‌ပေါ် စာထုတ်ပြန်ရာတွင် UN ‌အေဂျင်စီများအ‌နေဖြင့် တိုင်း‌ဒေသကြီးအသီးသီးတွင်ရှိသည့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့ အစည်းများ သို့မဟုတ် တိုင်းရင်းသားနိုင်ငံ‌ရေးပါတီများအ‌ပေါ် ဖွံ့ဖြိုး‌ရေးအကူအညီများနှင့် စီမံကိန်း များကို ကူညီ‌ထောက်ပံ့‌ပေးရာတွင် တရားဝင်သံတမန်‌ရေးလမ်း‌ကြောင်းမှတစ်ဆင့် NRPC ထံ အ‌ကြောင်းကြား သင့်‌ကြောင်း‌ဖော်ပြပါရှိသည်။

အဆိုပါ အစိုးရ၏ သ‌ဘောထားများပါဝင်သည့် စာနှစ်‌စောင်၏‌ပေးလိုသည့် သတင်းစကားများမှာ တူညီ‌သော် လည်း UN ‌အေဂျင်စီများအား ‌ပေးပို့သည့်စာနှင့် တိုင်းရင်းသားလက်နက်ကို်င် အဖွဲ့များအား ‌ပေးပို့သည့် စာအ‌ရေးသားမှာ ကွဲပြားမှုရှိ‌နေ‌ကြောင်း KNU- ကရင်အမျိုးသား အစည်းအရုံး၏ နိုင်ငံခြား‌ရေးဌာန၏ ဌာနမှူး ပဒို‌စော‌တောနီးက ယခုလို ‌ထောက်ပြသည်။

၎င်းက “ အပြန်အလှန်‌လေးစား‌သောအားဖြင့် UN ‌အေဂျင်စီ‌တွေကို ‌ပေးပို့တဲ့စာအတိုင်းဆို ‌ငွေ‌ကြေး ‌ထောက်ပံ့မှုနဲ့ပတ်သက်ပြီး ကျ‌နော်တို့ရဲ့ လုပ်‌ဆောင်မှု‌တွေ NRPC ကို အသိ‌ပေးရမယ်ဆိုရင် ကျ‌နော်တို့ ပြဿနာမရှိပါဘူး။ ဒါ‌ပေမဲ့ ကျ‌နေ်ာတို့ဆီကို ‌ပေးပို့တဲ့ သူတို့ရဲ့စာထဲမှာ‌ဖော်ပြထားချက်အရ NRPCရဲ့ ခွင့်ပြုချက်ကိုရယူဖို့ လိုအပ်တယ်ဆိုတာက‌တော့ လက်ခံလို့မရနိုင်ပါဘူး။ ဘာဖြစ်လဲဆို‌တော့ သ ‌ဘောတူညီထားပြီးသား NCA ပါ အချက်‌တွေနဲ့ကိုက်ညီမှုမရှိလို့ပဲဖြစ်တယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ စာထုတ်ပြန်မှုများသည် NCA ပါ အပိုဒ်ခွဲ ၂၅ အရ “‌ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုနှင့် စွမ်း‌ဆောင်ရည် မြှင့်တင်မှု စီမံကိန်းအများအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအ‌နေဖြင့် ပြည်တွင်း၊ ပြည်ပ ‌အေဂျင်စီ အလှူရှင်များထံ အကူအညီရယူနိုင်‌ကြောင်း” ‌ဖော်ပြချက်အ‌ပေါ် ချိုး‌ဖောက်‌သော‌ကြောင့် အပစ်ရပ် လက်မှတ်‌ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအ‌နေဖြင့် NRPC ၏ သ‌ဘောထားအ‌ပေါ် ဆန့်ကျင်ခဲ့ကြသည်။

အစိုးရအ‌နေဖြင့် ဝင်လာသည့် နိုင်ငံခြား‌ထောက်ပံ့‌ငွေများကို ‌စောင့်ကြည့်လိုသည့် သ‌ဘောဖြစ်သလို လုပ်ရမည့် တာဝန်လည်းဖြစ်‌ကြောင်း၊ တရားဝင် တင်ပြ‌တောင်းခံမည်ဆိုပါက အစိုးရအ‌နေဖြင့် ကန့်ကွက်ရန်မရှိဘဲ ညှိနှိုင်း ‌ဆောင်ရွက်၍ ခွင့်ပြု‌ပေးမည်ဖြစ်‌ကြောင်း၊ ငြင်းဆိုရန် ဖြတ်‌တောက်ရန် ဆိုသည့် သ‌ဘောထားမျိုးမရှိ‌ကြောင်း ငြိမ်းချမ်း‌ရေး‌ကော်မရှင် အတွင်း‌ရေးမှူး ဒုဗိုလ်ချုပ်ကြီး (ငြိမ်း) ခင်‌ဇော်ဦးက ပြည်တွင်းသတင်မီဒီယာများကို ‌ပြောကြားခဲ့သည်။

မြန်မာနိုင်ငံငြိမ်းချမ်း‌ရေး လုပ်ငန်စဉ်များအတွက် အစိုးရမှ တစ်ဆင့် NCA အပစ်ရပ်လက်မှတ်ထိုးပြီးသား တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများထံသို့ တရားဝင် ကူညီ‌ပေး‌နေသည့်အဖွဲ့အစည်းများမှာ ငြိမ်းချမ်း‌ရေး ပူးတွဲ ရံပုံ‌ငွေအဖွဲ့ (JPF)၊ ဥ‌ရောပ-မြန်မာရုံး(EBO)၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ဥ‌ရောပသမဂ္ဂ (EU)၊ ဂျပန် နိပွန်‌ဖောင်‌ဒေးရှင်း စသည့်အဖွဲ့အစည်းများပါဝင်‌ကြောင်း သိရသည်။