Home သတင်း ၁၄ နှစ်‌အောက် ‌ဘောလုံးပြိုင်ပွဲ ကရင်ပြည်နယ်အသင်း ဗိုလ်စွဲ

၁၄ နှစ်‌အောက် ‌ဘောလုံးပြိုင်ပွဲ ကရင်ပြည်နယ်အသင်း ဗိုလ်စွဲ

3169
အသက် (၁၄)နှစ်‌အောက် ကရင်ပြည်နယ်‌ဘောလုံးအသင်းအ‌နေနဲ့ ပထမဆုံး အကြိမ် ချန်ပီယံဆုဖလားကို ပြည်နယ်အတွက် ယူ‌ဆောင်လာနိုင်ခဲ့ (Photo_KIC)

နိုဝင်ဘာ ၂၉ ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောရှား

၂၀၁၉ ခုနှစ်၊ တိုင်း‌ဒေသကြီးနှင့် ပြည်နယ် အသက် (၁၄)နှစ်‌အောက် အမျိုးသား‌ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို နိုဝင်ဘာ ၂၈ ရက် ည‌နေတွင် ကရင်ပြည်နယ်အသင်းနှင့် မန္တ‌လေးတိုင်း‌ဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ကရင်ပြည်နယ်အသင်းက ၄ ဂိုး၊ ၃ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားခဲ့သည်။

ရန်ကုန်မြို့၊ သကင်္န်းကျွန်းမြို့နယ်၊ သုဝဏ္ဏမြက်ခင်းတု အားကစားကွင်း(၁)၌ ယှဉ်ပြိုင်ကစားခဲ့သည့် ၎င်း ဗိုလ်လုပွဲကို ပထမပိုင်းတွင် ၃ ဂိုးစီ၊ ဒုတိယပိုင်းတွင် ကရင်ပြည်နယ်အသင်းက ၁ ဂိုးထပ်သွင်းပြီး မန္တ‌လေး တိုင်း‌ဒေသကြီး အသင်းကို အနိုင်ရရှိခဲ့ခြင်းလည်းဖြစ်သည်။

အသင်းအတွက် ဦးစီးတာဝန်ယူသည့် အရှင် ပဏ္ဍဝံသက “ပထမရ‌ရေးအတွက် ရည်မှန်းချက်၏ကြီးကြီး ထားပြီး ‌တော့ က‌လေး‌တွေလည်းကြိုးစားတယ်။ ဦးဇင်းတို့လည်းကြိုးစားတယ်။ (နည်းပြ) ဆရာသမား‌တွေလည်းကြိုး စားတယ်။ ဒီ ကြိုးစားမှုရဲ့ ရလဒ်‌ကြောင့် ပြည်နယ်သား‌တွေသာမက ရပ်‌ဝေးရပ်နီးက ကရင်လူထု‌တွေလည်း ဝမ်းသာ‌ကျေနပ်‌နေကြမှာပါ။” ဟု ‌ကေအိုင်စီသို့ မိန့်သည်။

ပွဲစဉ်တစ်‌လျှောက်အ‌ကောင်းဆုံးကစားသမားဆုကို ကရင်ပြည်နယ်အသင်းမှ ‌စောမျိုး‌ဇော်က ရရှိခဲ့ပြီး အသက် (၁၄) နှစ်‌အောက် ကရင်ပြည်နယ်‌ဘောလုံးအသင်းအ‌နေဖြင့် ၅ ကြိမ်ခန့်ယှဉ်ပြိုင်ခဲ့‌သော်လည်း ယခု ပထမဆုံး အကြိမ် ချန်ပီယံဆုဖလား ကိုင်‌မြှောက်နိုင်ခဲ့ခြင်းလည်း ဖြစ်‌ကြောင်း အရှင်ပဏ္ဍဝံသမှ ဆက်မိန့်သည်။

ပွဲစဉ်တစ်‌လျှောက်အ‌ကောင်းဆုံးကစားသမားဆုရှင် လှိုင်းဘွဲမြို့နယ်၊ ကို‌ပေါရွာဇာတိ ၇ တန်း‌ကျောင်းသား ‌စောမျိုး‌ဇော်က “အရမ်း‌ပျော်တယ်။ ကျ‌နော့်ရဲ့ လူမျိုးနဲ့ ပြည်နယ်အတွက် ဆက်လက်ကြိုးစားသွားပါမယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မြန်မာနိုင်ငံ‌ဘောလုံးအဖွဲ့ချုပ်နှင့် 100 Plus အချိုရည်ကုမ္ပဏီတို့မှ ပူး‌ပေါင်းကျင်းပသည့် ယခု ပြိုင်ပွဲအား နိုဝင်ဘာ ၁၆ ရက်‌နေ့တွင် စတင်ကစားခဲ့ပြီး ကရင်ပြည်နယ်အသင်းအ‌နေဖြင့် အုပ်စုပွဲစဉ်များ၌ ရခိုင်ပြည်နယ်၊ စစ်ကိုင်း နှင့် တနသင်္ာရီတိုင်း‌ဒေသကြီးအသင်းများကို ဂိုးပြတ် အနိုင်ကစားခဲ့ပြီး အုပ်စုဗိုလ်ဖြစ်ခဲ့သည်။

ကရင်ပြည်နယ်အသင်းသည် ကွာတားဖိုင်နယ်အဆင့်တွင် ရှမ်းပြည်နယ်(‌တောင်ပိုင်း)အသင်းကို ၄ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်တွင် မွန်ပြည်နယ်အသင်းကို ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရရှိ ‌ကျော်ဖြတ်နိုင် ခဲ့ခြင်း ဖြစ်သည်။

ချန်ပီယံကရင်ပြည်နယ် အသက်(၁၄)နှစ်‌အောက် ‌ကျောင်းသားအသင်းသည် နိုဝင်ဘာ ၂၉ ရက်‌နေ့ ည‌နေတွင် အမိ‌မြေသို့ ပြန်လာရာ ပြည်နယ်သူ၊ ပြည်နယ်သား၊ ‌ကျောင်းသားလူငယ်များမှ လမ်းတ‌လျှောက်လုံးတွင် ကြိုဆို ဂုဏ်ပြုခဲ့ကြသည်။