Home သတင်း မြန်မာလျှပ်စစ်မီးကို ‌ငွေ ၃ သိန်းသွင်းမှ သုံးခွင့်ပြုလို့ ‌ဒေသခံတစ်ချို့ မ‌ကျေမနပ်ဖြစ်

မြန်မာလျှပ်စစ်မီးကို ‌ငွေ ၃ သိန်းသွင်းမှ သုံးခွင့်ပြုလို့ ‌ဒေသခံတစ်ချို့ မ‌ကျေမနပ်ဖြစ်

2794
ယ‌နေ့ နိုဝင်ဘာ ၂ဝရက် နံနက်ပိုင်းက မြဝတီမြို့၊ ‌ဝှေ့ရှမ်း‌ကျေးရွာအုပ်စု ‌ညောင်နန်းသာ‌ကျေးရွာ အုပ်ချုပ်‌ရေးမှူးရုံးတွင် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်‌နေစဉ် ( photo-Nay Naw )


နိုဝင်ဘာ ၂ဝ ရက်၊ ၂၀၁၉ ခုနှစ်။ ‌နေ‌နော်

နိုင်ငံ‌တော် အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်‌အောင်ဆန်းစုကြည်မှ ပြီးခဲ့သည့် မတ်လ ၁၉ရက်‌နေ့က မြဝတီမြို့သို့ ‌ရောက်ရှိစဉ် ဖွင့်လှစ်ခဲ့‌သော သဃင်္န်းညီ‌နောင် ဓာတ်အားခွဲရုံမှ ဖြန့်ဖြူး‌ပေးသည့် မြန်မာ့လျှပ်စစ်မီးကို ‌ငွေကျပ် ၃ သိန်းသွင်းမှသာ သုံးခွင့်ပြုရရှိမည့်ကိစ္စကို ‌ကျေနပ်မှုမရှိ၍ ရွာသားအချို့မှ ယ‌နေ့ နိုဝင်ဘာ ၂ဝရက် နံနက်ပိုင်းက မြဝတီမြို့၊ ‌ဝှေ့ရှမ်း‌ကျေးရွာအုပ်စု ‌ညောင်နန်းသာ‌ကျေးရွာ အုပ်ချုပ်‌ရေးမှူးရုံးတွင် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

ကရင်ပြည်နယ် မြဝတီမြို့၊ ‌ဝှေ့ရှမ်း‌ကျေးရွာအုပ်စု ‌ညောင်နန်းသာ‌ကျေးရွာတွင် ရွာသူရွာသားများ ‌ရွေးချယ်ထားခြင်းမဟုတ်ဘဲ မိမိဆန္ဒအ‌လျောက် ဖွဲ့ထားသည့် အရပ်ဘက်မီးလင်း‌ရေး‌ကော်မတီမှ မြန်မာ့လျှပ်စစ်မီးကို ‌ငွေကျပ် ၃ သိန်းသွင်းမှသာ သုံးစွဲခွင့်ရမည်ဆိုကာ ‌ငွေ‌ကြေး‌ကောက်ခံ‌နေသည်ကို ‌ကျေနပ်မှုမရှိ၍ ‌ဒေသခံရွာသား ၆၀‌ကျော်မှ ထိုသို့ သတင်းစာရှင်းလင်းပွဲပြုလုပ်ကြခြင်း ဖြစ်သည်။

“ကျမတို့ အရင်က မြန်မာလျှပ်စစ်မီး မရခင် ၂၀၁၇ ကစပြီး တစ်အိမ်လျှင် ‌ငွေ ၃ သိန်း ထည့်ဝင်ပြီး ကိုယ်ထူကိုယ်ထ စနစ်နဲ့ မီးတိုင်‌တွေ ကြိုး‌တွေဝယ်ပြီး ထိုင်းလျှပ်စစ်မီးကို ကုမ္ပဏီမှ ဝယ်ယူသုံးစွဲကြ ပါတယ်။ အခု ၂၀၁၉ ခုနှစ် မြန်မာလျှပ်စစ်မီး‌ရောက်တဲ့အခါမှာလည်း ကျမတို့ ယခင် တပ်ဆင် အသုံးပြု ‌နေတဲ့ မီးတိုင် မီးကြိုးမီတာက‌နေတဆင့် သွယ်တန်းထားတဲ့ မီးကို ‌ငွေ ၃ သိန်း သွင်းမှသာ အသုံးပြုရ မယ်ဆို‌တော့ ကျမတို့ ပြည်သူ‌တွေဟာ မိ‌အေးနှစ်ခါနာ ဖြစ်‌နေရတယ်” ဟု ‌ညောင်နန်းသာ‌ကျေးရွာသူ ‌ဒေါ်‌အေးသိန်းက ‌ပြောသည်။

ထို့အပြင် ‌ညောင်နန်းသာရွာနှင့် ‌ကျောချင်းကပ်လျက်ရှိသည့် ‌ဝှေ့ရှမ်း‌ကျေးရွာတွင် လျှပ်စစ်မီတာ တပ်ဆင်ခဲ့စဉ် ကျပ်‌ငွေ ၉ ‌သောင်းမှ ၁ သိန်းသာ ကုန်ကျသကဲ့သို့ ‌ညောင်နန်းသာရွာတွင်လည်း အစိုးရဘတ်ဂျက်ဖြင့် မီးတိုင်များ၊ ကြိုးများ စိုက်ထူပြီး သတ်မှတ်‌ဈေးနှုန်းအတိုင်း လျှပ်စစ်မီး သုံးစွဲခွင့် ရ‌အောင် ‌ဆောင်ရွက်‌ပေး‌စေလိုသည်ဟု ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးဖြစ်သူ ဦးသက်ဦးကလည်း သတင်းစာ ရှင်းလင်းပွဲတွင် ‌ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်၍ မြဝတီမြို့နယ် လျှပ်စစ်အင်ဂျင်နီယာမှူး ဦးရဲလှိုင်ဝင်း “‌ညောင်နန်းသာရွာက ‌ဝှေ့ရှမ်း‌ကျေးရွာရဲ့ လက်‌အောက်မှာရှိ‌ပေမယ့် တရားဝင်ပြည်ထဲ‌ရေးမှာ အမည်မ‌ပေါက်‌သေး‌တော့ ထရန်စ‌ဖော်မာ ထိုင်‌ပေးလို့မရဘူး။ အဲ့ဒီရွာလမ်းခွဲ ‌ဝှေ့ရှမ်းရွာမှာပဲ ထရန်စ‌ဖော်မာထိုင်‌ပေးပြီး‌တော့ လျှပ်စစ်မီးဖြန့်ဖြူး‌ပေး လို့ရမယ်။ အဲ့ဒီထရန်စ‌ဖော်မာက‌နေတဆင့် လျှပ်စစ်မီးသွယ်တန်းယူဖို့ မီးတိုင်တို့ မီးကြိုးတို့ကို သူတို့ကိုယ်ထူကိုယ်ထ ‌ငွေစိုက်ပြီး လုပ်ရပါမယ်။ အခုကြား ကာလမှာ‌တော့ အဲ့ဒီရွာမီး လင်း‌ရေးအတွက် လျှပ်စစ်ဌာနကထရန်စ‌ဖော်မာ မထိုင်ခင်စပ်ကြား 3P hit မီတာနဲ့ ဖြန့်‌ဝေ‌ပေး ထားတာပါ။ ‌နောက်ပိုင်း ထရန်စ‌ဖော်မာထိုင်ပြီး မီတာ‌ဘောက်‌တွေ တပ်ဆင်တဲ့အချိန်မှာ‌တော့ ကျ‌နော်တို့ဌာနက လျှပ်စစ်ဝန်ထမ်း‌တွေနဲ့ ‌ဆောင်ရွက်‌ပေးသွားမှာပါ။”ဟု ‌ပြောသည်။

ထို့အပြင် မီးလင်း‌ရေး‌ကော်မတီကို ဖွဲ့စည်းရာတွင် မူအရက ‌ကျေးရွာလူထုက ‌ရွေးချယ်တင်‌မြှောက်သူ များဖြင့် ဖွဲ့ရမည်ဖြစ်သလို ယင်း‌ကော်မတီအ‌နေဖြင့် ရသုံးမှန်း‌ခြေ‌ငွေစာရင်းကိုလည်း စနစ်တကျပြု စုကာ ပြည်သူများကို လစဉ်ရှင်းလင်းရမည်ဖြစ်‌ကြောင်း၊ လက်ရှိဖွဲ့စည်းထား‌သော မီးလင်း‌ရေး ‌ကော်မတီကိစ္စကို စိစစ်ပြီးလိုအပ်သလို ‌ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်းလည်း မြို့နယ် လျှပ်စစ် အင်ဂျင်နီယာမှူး ဦးရဲလှိုင်ဝင်းက ဆက်‌ပြောသည်။

မြဝတီမြို့တွင် ယခင်က တစ်မြို့လုံးအတိုင်းအတာဖြင့် ထိုင်းနိုင်ငံမှ လျှပ်စစ်မီးကို ဖြန့်ဖြူးခွင့်ရကုမ္ပဏီမှ တဆင့် ဝယ်ယူအသုံးပြု‌နေရသည်။ သဃင်္န်းညီ‌နောင်‌ကျေးရွာရှိ မြန်မာ့လျှပ်စစ်ဖြန့်ဖြူး‌ရေး ဓာတ်အားခွဲ ရုံဖွင့်လှစ်ပြီး‌နောက် ၅ လခန့်အကြာမှ စတင်၍ မြဝတီမြို့ပြင်ဘက်ခြမ်းတွင် မြန်မာလျှပ်စစ်မီး သွယ်တန်းအသုံးပြုခြင်းမှုများ ရှိလာခဲ့ခြင်းဖြစ်ပြီး လာမည့် ဒီဇင်ဘာလအတွင်း ‌ညောင်နန်းသာ ‌ကျေးရွာအပါအဝင် မြို့တွင်း ပိုင်းထိတစ်မြို့ လုံးအတိုင်းအတာဖြင့် မြန်မာ့လျှပ်စစ်မီးကို အသုံးပြုနိုင်ရန် လျာထား‌ကြောင်း သိရသည်။ ‌ဝှေ့ရှမ်း‌ကျေးရွာအုပ်စုထဲရှိ ‌ညောင်နန်းသာ‌ကျေးရွာသည် အိမ်‌ခြေ စုစု‌ပေါင်း ၂၁၈ လုံးရှိသည်ဟု သိရှိရသည်။