Home သတင်း ပြည်နယ်‌နေ့ ဒုံးပြိုင်ပွဲ၏ ဘက်စုံဒုုံး ပထမဆု ရ‌သေ့ပျံ‌ကျေးရွာ ဒုံးအဖွဲ့ ဆွတ်ခူး

ပြည်နယ်‌နေ့ ဒုံးပြိုင်ပွဲ၏ ဘက်စုံဒုုံး ပထမဆု ရ‌သေ့ပျံ‌ကျေးရွာ ဒုံးအဖွဲ့ ဆွတ်ခူး

2647
ပထမဆု ဆွတ်ခူးရရှိသည့် ရ‌သေ့ပျံ‌ကျေးရွာ ဒုံးအဖွဲ့ (Photo_KIC)

နိုဝင်ဘာ ၁၁ ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောရှား

(၆၄)နှစ်‌မြောက် ကရင်ပြည်နယ်‌နေ့၊ ဒုံးအကပြိုင်ပွဲကို အကဲဖြတ်ဒိုင်အဖွဲ့မှ ဆန်ကာတင် ‌ရွေးချယ်ထားခဲ့သည့် ပြိုင်ပွဲဝင် ဒုံးအကအဖွဲ့ ၉ ဖွဲ့မှ နိုဝင်ဘာလ ၁ဝ ရက် ညပိုင်းတွင် ထပ်မံယှဉ်ပြိုင်ကပြရာ၌ ဘက်စုံ ပထမဆုကို ဖား အံမြို့နယ်ရှိ ရ‌သေ့ပျံ‌ကျေးရွာယဉ်‌ကျေးမှုဒုံးအဖွဲ့က ဆွတ်ခူးရရှိခဲ့သည်။

ပထမဆုရရှိခြင်းနှင့်ပတ်သက်၍ ရ‌သေ့ပျံဒုံး အကနည်းပြချုပ် ‌စော‌အောင်‌ကျော်ငြိမ်းက “ဒီ ဘက်‌ခေတ်စနစ် တီထွင်ဆန်းသစ်မှုနဲ့အတူ ကိုယ့်ရိုးရာယဉ်‌ကျေးမှုလည်း မပျက်စီးရ‌အောင် ထိန်းသိမ်းချင် တဲ့စိတ်နဲ့ ၂ ခု ဒွန်တွဲ ‌ပေါင်းစပ်လိုက်တယ်။ ကြည့်ရှုသူ မငြီး‌ငွေ့ရ‌အောင် အကွက်စိပ်စိပ်သုံးတယ်။ ကကြိုး ကကွက်လည်း ‌ပေါ်ရ မယ်။” ဟု ဆုလက်ခံအပြီး ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ဒုတိယနှင့် တတိယဆုများကိုလည်း ဖားအံမြို့နယ်ရှိ ‌နောင်ပလိန်‌ကျေးရွာယဉ်‌ကျေးမှုဒုံးအဖွဲ့နှင့် ‌ကော့ပရံ‌ကျေးရွာယဉ်‌ကျေးမှုဒုံးအဖွဲ့တို့ကလည်း‌ကောင်း၊ စတုတ္ထဆုကို လှိုင်းဘွဲမြို့နယ် ယဉ်‌ကျေးမှုဒုံးအဖွဲ့၊ ပဉ်စမဆုကို ဖားအံမြို့နယ် ‌ကော့စိန်ဘန်‌ကျေးရွာ ယဉ်‌ကျေးမှုဒုံးအဖွဲ့တို့က အသီးသီး ဆွတ်ခူးသွားခဲ့ကြသည်။

ယခုနှစ်ပြိုင်ပွဲတွင် မြဝတီခရိုင်ဒုံး၊ ကြာအင်းဆိပ်ကြီးမြို့နယ်ဒုံး၊ လှိုင်းဘွဲမြို့နယ်ဒုံး၊ ‌ကော့ကရိတ်မြို့နယ် ကိုယ် စားပြုဒုံး၊ ‌ကော့ကရိတ်မြို့နယ် ‌ကော့ပရံ ဘုန်း‌တော်ကြီးသင်ပညာ‌ရေး‌ကျောင်းဒုံး၊ ဖားအံမြို့နယ်ရှိ မြို့‌တော်ဒုံး၊ ‌ကော့ပရံ(ဟိလာဖ‌လော‌ဖောင် ‌ရွှေ‌ကော့ပရံ)ဒုံး၊ ရ‌သေ့ပျံစု‌ပေါင်းဒုံး၊ ‌နောင်ပလိန်(ဟိ‌မောင်းလာဒိုး နို့ပလိန်ဖိုး)ဒုံး၊ ‌ကော့စိန်ဘန်(ဟိလာအဲဒိုး ဆိတ်‌ဘောင်ဖိုး)ဒုံး၊ ဖိုးတ‌ခေတ် (၁) နှင့် (၂) ဒုံးအဖွဲ့ (၁၂)ဖွဲ့မှ ယှဉ်ပြိုင်ခဲ့ကြသည်။

ပထမဆု ဆွတ်ခူးရရှိသည့် ရ‌သေ့ပျံ‌ကျေးရွာ ဒုံးအဖွဲ့ (Photo_KIC)

ကြိုးစားအားထုတ်မှုအ‌ကောင်းဆုံးဆုကို ဖူ့တ‌ခေတ် ယဉ်‌ကျေးမှု ဒုံးအဖွဲ့ (၂)က ရရှိခဲ့ပြီး ကျန်ရှိ‌သော ပြိုင်ပွဲဝင် ဒုံးအဖွဲ့များမှ အထူးဆု(နှစ်သိမ့်ဆု)အဖြစ် ရရှိခဲ့ကာ ဆုများကို ပြည်နယ်ဝန်ကြီးချုပ်နန်းခင်‌ထွေးမြင့်နှင့် ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ‌ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ကရင်ပြည်နယ်‌နေ့တွင် ကျ‌ရောက်သည့် နိုဝင်ဘာလ ၇ ရက်မှ ၉ ရက်‌နေ့အထိ ပြိုင်ပွဲဝင်ဒုံး ၁၂ ဒုံးမှ ယှဉ်ပြိုင် ကပြခဲ့ကြပြီး‌နောက် အကဲဖြတ်ဒိုင်အဖွဲ့က ‌နောက်ဆုံး လက်‌ရွေးစင် ဒုံးအဖွဲ့ (၉)ဖွဲ့ကို ၁ဝ ရက်‌နေ့ညတွင် ဆက် လက် ‌ရွေးချယ်ယှဉ်ပြိုင်‌စေခဲ့ခြင်းလည်းဖြစ်သည်။

ယခုနှစ်၏ အ‌ကောင်းဆုံး ဆု‌တောင်းပထနာ(ရာဓညာ.) ပထမဆုကို ‌နောင်ပလိန် ဒုံးအဖွဲ့၊ ဒုတိယဆုကို ရ‌သေ့ပျံ‌ကျေးရွာ ဒုံးအဖွဲ့နှင့် တတိယဆုကို ကြာအင်းဆိပ်ကြီးမြို့နယ် ကိုယ်စားပြု ထွိ‌မောင်ထိုဒုံးအဖွဲ့တို့ ရရှိခဲ့ပြီး အ‌ကောင်းဆုံးဒုံး ‌တေးသီချင်းဆုကို ပထမ ရ‌သေ့ပျံ‌ကျေးရွာဒုံးအဖွဲ့၊ ဒုတိယ ‌ကော့ပရံဒုံးအဖွဲ့နှင့် တတိယ ‌နောင်ပလိန်‌ကျေးရွာ ဒုံးအဖွဲ့တို့ ဆွတ်ခူးသွားခဲ့သည်။

ကရင်ပြည်နယ်‌နေ့တွင် ယခင်က ဒုံးအဖွဲ့‌ပေါင်းများစွာ ယှဉ်ပြိုင်ကပြမှုများရှိခဲ့‌သော်လည်း တနှစ်ထက် တနှစ် ပြိုင်ဒုံးအ‌ရေအတွက် ‌လျော့နည်းလာ‌ကြောင်း ပြိုင်ပွဲကျင်းပ‌ရေး‌ကော်မတီတာဝန်ရှိသူများ၏ ‌ပြောပြချက်များ အရသိရပြီး ပြီးခဲ့သည့် ၆၃ နှစ်‌မြောက်ကရင်ပြည်နယ်‌နေ့တွင် ပြိုင်ပွဲဝင်ဒုံးအဖွဲ့ ၁၄ ဖွဲ့သာပါဝင်ယှဉ်ပြိုင်ခဲ့ကြရာမှ ယခုနှစ် ၁၂ ဒုံးသာယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ်(ယမန်နှစ်)၏ ဒုံးပြိုင်ပွဲ ပထမဆုကို မုက္ကဒိ‌ကျေးရွာယဉ်‌ကျေးမှုဒုံးအဖွဲ့က ဆွတ်ခူးရရှိခဲ့ပြီး ဒုတိယနှင့် တတိယဆုများကို ချစ်သူမြိုင်ဥယျာဉ်ယဉ်‌ကျေးမှုဒုံးအဖွဲ့နှင့် ဖားအံမြို့‌တော် ယဉ်‌ကျေးမှုဒုံးအဖွဲ့တို့ကလည်း ‌ကောင်း၊ စတုတ္ထနှင့် ပဉ်စမဆုများကို လှိုင်းဘွဲမြို့နယ် ယဉ်‌ကျေးမှုဒုံးအဖွဲ့နှင့် ‌ကော့ကရိတ်မြို့နယ် ကိုယ်စားပြု ‌ကော့ပရံ ယဉ်‌ကျေးမှုဒုံးအဖွဲ့တို့က အသီးသီး ဆွတ်ခူးခဲ့ကြသည်။