Home သတင်း ‌မြေယာ အငြင်းပွားမှုကိစ္စ‌ကြောင့် မြဝတီမြို့ခံ ၅၀ဝ ‌ကျော် ဆန္ဒထုတ်‌ဖော်မှုပြုလုပ်ခဲ့

‌မြေယာ အငြင်းပွားမှုကိစ္စ‌ကြောင့် မြဝတီမြို့ခံ ၅၀ဝ ‌ကျော် ဆန္ဒထုတ်‌ဖော်မှုပြုလုပ်ခဲ့

2121
‌ကြွေး‌ကြော်သံ ၅ ရပ်အား ဟစ်‌ကြွေးကာ မြို့တွင်းချီတက် ဆန္ဒ‌ဖော်ထုတ်ခဲ့ကြသည်။ (photo- Nay Naw )

နိုဝင်ဘာ ၁၈ ရက်၊ ၂၀၁၉ ခုနှစ်။ ‌နေ‌နော်

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ‌မြေယာအငြင်းပွားမှုကိစ္စ‌ကြောင့် ယမန်‌နေ့ (နိုဝင်ဘာလ ၁၇ရက်) နံနက်ပိုင်းက မြဝတီမြို့ခံ ၅၀ဝ ခန့်စု‌ဝေးပြီး မြို့တွင်းလှည့်လည်ကာ ဆန္ဒထုတ်‌ဖော်မှု တစ်ရပ်ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

လွန်ခဲ့သည့် ၂ လခန့်က မြဝတီမြို့ အမှတ်(၅)ရပ်ကွက် ‌သောင်ရင်းမြစ်ကမ်း‌ဘေး ၁၄ ဂိတ်တွင် ‌နေထိုင်သည့် အိမ်‌ထောင် ၂၀ဝ ခန့်အား အဆိုပါ ဂိတ်ရှိ နယ်ခြား‌စောင့်တပ် (BGF)တပ်ဖွဲ့မှ ဗိုလ်ကြီးမျိုးကြည်ဆိုသူက ‌နေအိမ်များဖယ်ရှား‌ပေးရန် ဖိအား‌ပေး ‌ပြော ဆိုမှုများရှိလာ၍ ဤကဲ့သို့ ဆန္ဒ‌ဖော်ထုတ်ရခြင်းဖြစ်‌ကြောင်း ဆန္ဒ‌ဖော်ထုတ်ပွဲတွင် ပါဝင် သူတစ်ဦးက ဆိုသည်။

“ဒီ‌မြေ‌ပေါ်မှာ ကျ‌နော်တို့ ကိုယ်တိုင်ခြုံနွယ်‌တွေကို ခုတ်ထွင်ရှင်းလင်းပြီး‌နေလာတာ ၁ဝ နှစ်‌ကျော်ပြီး ဘယ်သူ့ကိုမှလည်း ပိုက်ဆံမ‌ပေးရသလို ဘယ်သူမှလည်း လာပြီး‌မောင်း ထုတ် တာမရှိဘူး။ တ‌လောကမှ တရုတ်နိုင်ငံသား‌တွေ လာပြီး‌မြေတိုင်း ကြည့်ရှုပြီး မကြာဘူး။ ဒီဂိတ်တာဝန်ရှိသူက ဒီမှာ‌နေထိုင်တဲ့ ကျ‌နော်တို့ အိမ်‌ထောင်စု ၁၇၅ စုကို ‌ပြောင်း‌ပေးဖို့ ‌ပြောလာသလို လူသွားလမ်း‌တွေကို ခြံခတ် ပိတ်ဆို့တာ‌တွေ ပြုလုပ် လာပါတယ်။ ဒါကို သက်ဆိုင်ရာ အာဏာပိုင်‌တွေက သိရှိပြီး ‌ဖြေရှင်း‌ပေး‌စေ လိုပါတယ်” ဟု ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သူ ဦးမင်း‌ဇော်က ‌ပြောသည်။

ထို့အပြင် မြဝတီမြို့ မြစ်ကမ်းတစ်‌လျှောက်တွင် တရုတ်နိုင်ငံသားများ၏ ရင်နှီးမြှုပ်နှံ မှုနှင့်အတူ ‌လောင်းကစားဇုန်ကြီးသဖွယ် ဖြစ်‌နေသလို ထို‌မြေ‌နေရာတွင် ‌နေထိုင်ကြ သည့် ဌာ‌နေတိုင်းရင်းသားများကို ‌မောင်းထုတ်ကာ တရုတ်နိုင်ငံသားများကို ‌မြေ ‌ရောင်းပြီး ‌လောင်းကစားဇုန် လုပ်မည့်အကြံကို လက်မခံခြင်း‌ကြောင့် ယခုလို ဆန္ဒထုတ်‌ဖော်ပွဲကို ပြုလုပ်ရခြင်းဖြစ်သည်ဟု ဆန္ဒထုတ်‌ဖော်မှုတွင် ပါဝင်သူများက ‌ပြောသည်။

ယခု အငြင်းပွားမှု ဖြစ်‌နေသည့် ‌မြေ‌နေရာသည် ကိုမိုး‌ဇော်ဆိုသူက ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်တွင် ‌မြေ ၆ ဒသမ ၇ (၆.၇) ဧကကို ပုံစံ (၇) ရရှိပြီး ၎င်းအထဲမှ ၃ ဧကကို နယ် ခြား‌စောင့်တပ် BGFမှ ဗိုလ်ကြီး‌စောဘီလူးထံ ‌ရောင်းချထားသည့် ‌မြေကွက်ထဲတွင် ‌နေ ထိုင်သည့် အိမ်‌ထောင်စု ၁၇၅ စုကို ဖယ်ရှားခိုင်းလိုသည့် ကိစ္စ‌ကြောင့်ဖြစ်‌ကြောင်း မြဝတီမြို့ ပြည်သူ့အ‌ရေးတက်ကြွလှုပ်ရှားသူ ကိုထွန်းထွန်း (၈၈ မျိုးဆက်အဖွဲ့) က ‌ပြောသည်။

‌ကြွေး‌ကြော်သံ ၅ ရပ်အား ဟစ်‌ကြွေးကာ မြို့တွင်းချီတက် ဆန္ဒ‌ဖော်ထုတ်ခဲ့ကြသည်။ Photo_Nay Naw

မြဝတီမြို့မှ တရားလွှတ်‌တော်‌ရှေ့‌နေ ကိုမျိုး‌အောင်ကလည်း “လယ်ယာ‌မြေ ပုံစံ (၇) ဆို တာက ၂၀၁၂ ‌မြေယာဥပ‌ဒေမှာ အမှန်တကယ် လယ်ယာလုပ်ကိုင်သူကိုသာ စိစစ်ပြီး ထုတ်‌ပေးရမှာ။ အခု‌တော့ ‌နေအိမ်‌တွေလည်း ‌ဆောက်ထားတယ်။ လူ‌တွေလည်း ‌နေ ထိုင်တယ်။ အဲ့ဒီ‌မြေ‌နေရာကို လူပုဂ္ဂိုလ်တစ်ဦးအမည်နဲ့ လယ်ယာ‌မြေ ပုံစံ (၇)ထုတ်ပြီး ပိုင်ဆိုင်ခွင့်‌ပေးထားတာက‌တော့ ဥပ‌ဒေနဲ့ ညီညွတ်မှုမရှိဘူးလို့ မြင်ပါတယ်”ဟု ‌ပြော သည်။

ယမန်‌နေ့ ဆန္ဒထုတ်‌ဖော်ပွဲကို မြဝတီမြို့ အမှတ်(၄)ရပ်ကွက် မြစန္ဒီပန်းခြံရင်ပြင်တွင် လူအင်အား ၅၀ဝ ခန့်သည် နံနက်ပိုင်းတွင် စု‌ဝေး၍ ‌ဟော‌ပြောပွဲများပြုလုပ်ပြီး‌နောက် တိုင်းရင်းသားမိသားစုများ ဘဝလုံခြုံ‌ရေး၊ ပြည်နယ်အစိုးရနှင့် အုပ်ချုပ်‌ရေးမသိဘဲ ‌နေအိမ်များ‌မောင်းထုတ်‌နေခြင်းအား အ‌ရေးယူ‌ပေး‌ရေး၊ အများပြည်သူသုံး လမ်းများ နှင့်‌ရေကန်များ ပိတ်ဆို့/ဖျက်ဆီး‌နေ ခြင်းအား အ‌ရေးယူ‌ပေး‌ရေး၊ တိုင်းရင်းသား‌နေအိမ် များအား ‌မောင်းထုတ်၍ တရုတ်များအား ‌မြေ‌ရောင်းမည့်အကြံ ဒို့လက်မခံ၊ လက်နက် ဖြင့် အနိုင်ကျင့်‌မောင်းထုတ်ခြင်း အလိုမရှိအစရှိသည့် ‌ကြွေး‌ကြော်သံ ၅ ရပ်အား ဟစ်‌ကြွေးကာ မြို့တွင်းချီတက် ဆန္ဒ‌ဖော်ထုတ်ခဲ့ကြ‌ကြောင်း သိရသည်။