Home သတင်း ‌သောက်သုံး‌ရေ အခက်အခဲဖြစ်‌နေသည့် ‌ရေမည်းနက်မှုဖြစ်ပွားရာအရပ်ရှိ ‌ဒေသခံများကို ကရင်အနုပညာရှင်များက ‌ရေသွား‌ရောက်လှူဒါန်း

‌သောက်သုံး‌ရေ အခက်အခဲဖြစ်‌နေသည့် ‌ရေမည်းနက်မှုဖြစ်ပွားရာအရပ်ရှိ ‌ဒေသခံများကို ကရင်အနုပညာရှင်များက ‌ရေသွား‌ရောက်လှူဒါန်း

2409
Photo_KIC

နိုဝင်ဘာလ ၈ရက်၊ ၂၀၁၉ ခုနှစ်။ စအို်င်ဆူး

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ ဘားကပ်၊ ‌အောက်‌ကော့ရင်း၊ ရ‌သေ့ပြန်၊ ပန်းကုန်း‌ကျေးရွာအုပ်စုအတွင်းရှိ ‌ကျေးရွာများတွင် ‌ရေမည်းနက်လာသဖြင့် ‌သောက်သုံး‌ရေ အခက်အခဲဖြစ်‌နေသည့် ‌ဒေသခံများအတွက် ကရင် အနုပညာအစည်းအရုံး-KCO မှဦး‌ဆောင်၍ ကရင်အနုပညာရှင်များက ‌သောက်သုံး‌ရေများကို ယ‌နေ့ (နိုဝင်ဘာ ၈ရက်) သွား‌ရောက်လှူဒါန်းမှုများပြုလုပ်ခဲ့သည်။

ပြီးခဲ့သည့် ‌အောက်တိုဘာလဆန်းပိုင်းက အဆိုပါ ‌ဒေသတစ်ဝိုက်တွင် ‌ဒေသခံများအသုံးပြု ‌သောက်သုံး‌နေသည့် ‌သောက်သုံး‌ရေကန်များအတွင်း ပုံမှန်မဟုတ်သည့် ‌ရေများမည်းနက်လာခြင်းနှင့်အတူ ငါးများ‌သေဆုံးမှု များဖြစ်‌ပေါ်ခြင်း‌ကြောင့် ‌သောက်သုံး‌ရေ အသုံးပြုရန် ခက်ခဲလာခြင်းဖြစ်သည်ဟု သိရသည်။

၎င်း‌ရေလာ‌ရောက် လှူဒါန်းမှုကို ဦး‌ဆောင်သူ နန်းလား‌စေး‌ဖောက “ညီမ‌လေးတစ်‌ယောက်က ‌ပြောလာတယ်။ နတ်ကုန်းရွာ ဘက်ခြမ်းမှာ ‌ရေ‌တွေ ပျက်စီး‌နေလို့ အကူအညီလိုအပ်‌နေတာကို ကျမကြားရတယ်။ အဲ့ဒါအတွက် ‌ကြောင့်မို့ ကျမတို့ အ‌နေနဲ့လည်း လှူချင်တန်းချင်တာ‌ကြောင့် ဒီ‌နေ့ပြန်လာပြီး‌တော့ လှူဖြစ်တာပါ။ ” ‌ကေအိုင်စီ သို့‌ပြောသည်။

အဆိုပါ ပြည်သူများ၏ အခက်အခဲများကို မြင်‌တွေ့ ကြားသိ‌နေရသည့်အ‌ပေါ် စိတ်မ‌ကောင်းဖြစ်မိသလို ‌ရေဆို သည်မှာလည်း အသက်ဖြစ်‌နေသည့်အတွက် ယခုလိုဆက်လက်ဖြစ်ပွားမည်ဆိုလျှင် သားစဉ်‌မြေးဆက်အတွက် မ‌တွေးဝံ့စရာများ ဖြစ်ပါလာနိုင်သဖြင့် လက်ရှိကြုံ‌တွေ့ရသည့်အခက်အခဲကို တာဝန်ရှိသူများအ‌နေဖြင့် တာဝန်ယူ‌ဖြေရှင်း‌ပေးရန်လိုအပ်‌ကြောင်းလည်း နန်းလား‌စေး‌ဖောက ဆက်‌ပြောသည်။

ယခုလာ‌ရောက်လှူဒါန်းမှုတွင် ပြည်တွင်း KCO အနုပညာရှင်များအပါအဝင် ပြည်ပ‌ရောက် ထိုင်း၊ အ‌မေရိကန် စသည့် KCO အဖွဲ့ဝင် ကရင်အနုပညာရှင်အချို့၏ ပူး‌ပေါင်းလှူဒါန်းမှုများလည်းပါဝင်ပြီး ‌သောက်‌ရေသန့် အပါအဝင် သုံး‌ရေများလည်းပါဝင်ကာ ‌ကျေးရွာ(၈) ရွာအတွက် စုစု‌ပေါင်း တန်ဘိုး ကျပ်သိန်း‌ပေါင်း (၇၀)ခန့် သွား‌ရောက်လှူဒါန်းမှုပြုခဲ့ခြင်းဖြစ်သည်ဟု KCOက ဆိုသည်။

Photo_KIC

‌သောက်သုံး‌ရေ အခက်အခဲဖြစ်‌နေသည့် ‌ဒေသအတွင်း ‌ရေအရင်းအမြစ်များ ‌ပြောင်းလဲလာခြင်းမှာ အဆိုပါ ‌နေရာ‌ဒေသအနီးတဝိုက်တွင် ‌ကျောက်မီး‌သွေးဖြင့် လည်ပတ်‌နေသည့် ဘိလပ်‌မြေစက်ရုံများမှ စုပုံထား‌သော ‌ကျောက်မီး‌သွေးပုံများ‌ကြောင့်ဖြစ်နိုင်‌ကြောင်း ‌ဒေသခံများက သုံးသပ်‌ပြောဆို‌နေကြသည်။

နတ်ကုန်း‌ကျေးရွာ ‌ဒေသခံ နန်းလှသန်းက “အခုက အခက်အခဲ‌တွေအများကြီးရှိတာ‌ပေါ့။ မိုးလင်းတာနဲ့ ‌ရေက သုံးရတာပဲ‌လေ။ သူများ လာလှူတာရှိ‌တော့ ‌သောက်ရ‌သေးတာ‌ပေါ့။ တကယ်လို့ ‌နောက်ဆိုရင် မလာလှူတဲ့ အချိန်ကျရင် ‌တော်‌တော်‌လေး ခက်ခဲမှာပဲ။ စဉ်းစားမိတာနဲ့တင် အိပ်လည်းမ‌ပျော် စားလို့‌တောင် မဝင်ဘူး။ ဒီ‌ရေ ‌တွေ သန့်လာ‌အောင် ကျမတို့လည်းပညာရှင်‌တွေမဟုတ်ဘူး။ အခုလာလှူတဲ့ အဖွဲ့အားလုံးကိုလည်း အထူး‌ကျေး ဇူးတင်မိသလို ညအိပ်တာ‌တောင် ‌မေတ္တာအမြဲပို့‌ပေးမိတယ်။” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ‌ဒေသခံများ‌ကျေးရွာအချို့‌တွေ့ကြုံ‌နေရသည့် အ‌ခြေအ‌နေများနှင့်ပတ်သက်၍ ပြီးခဲ့သည့် ‌အောက်တို ဘာလ ဆန်းပိုင်းက ကရင်ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင်ဦး‌ဆောင်ကာ ကွင်းဆင်း စစ်‌ဆေးမှုများပြုလုပ်ခဲ့ပြီး ‌ရေနမူနာကို ဓာတ်ခွဲစစ်‌ဆေးမှုများ ပြုလုပ်ပြီး တစ်စုံတစ်ခုဖြစ်ပါက စက်ရုံကို တရားစွဲဆိုသွားမည်ဟု ပြည်နယ်ဝန်ကြီးချုပ်က ‌ပြောဆိုထားသည်။

ထို့အပြင် ‌ရေအခက်အခဲကြုံ‌တွေ့ကြရသည့် ‌ဒေသခံရွာသားများအတွက် ပြည်နယ်အစိုးရနှင့် ‌စေတနာရှင် အလှူ ရှင်များကလည်း အလားတူ ‌ရေ‌ပေး‌ဝေမှုများပြုလုပ်ခဲ့ကြသည်။ ယခုလို မည်းနက်လာသည့် ‌ရေများသည် နတ် ကုန်း‌ကျေးရွာနှင့် ဆက်စပ်‌နေသည့် ‌ကျေးရွာ‌ပေါင်း ၃ဝ ဝန်းကျင်ခန့်မှာ အလားတူ အဖြစ်အပျက်များနှင့် ကြုံ ‌တွေ့‌နေရသည်ဟုလည်း ‌ဒေသခံများက ‌ပြောဆို‌နေကြသည်။