Home သတင်း ‌ရေမည်းသည့်ကိစ္စ ‌ဖြေရှင်းနိုင်ရန် ‌ဒေသခံများက ‌ကော်မတီတစ်ရပ်ဖွဲ့စည်းမည်

‌ရေမည်းသည့်ကိစ္စ ‌ဖြေရှင်းနိုင်ရန် ‌ဒေသခံများက ‌ကော်မတီတစ်ရပ်ဖွဲ့စည်းမည်

1719
နိုဝင်ဘာ ၁၆ရက်‌နေ့တွင် ‌ဒေသခံ ရွာသားများနှင့် ဘာသာ‌ရေး‌ခေါင်း‌ဆောင်များ ‌တွေ့ဆုံပြီး အမြင်သ‌ဘောထားများနှင့် အကြံ ဉာဏ်များရယူကာ ‌ဆွေး‌နွေးတိုင်ပင်မှုများ ပြုလုပ်ခဲ့ကြသည်။ (photo-kic)


နိုဝင်ဘာ ၁၈ရက်၊ ၂၀၁၉ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ပြီးခဲ့သည့် ‌အောက်တိုဘာလကစ၍ ဖားအံမြို့နယ်၊ သံလွင်အ‌နောက်ဘက်ခြမ်းရှိ ‌ကျေးရွာများတွင် ဖြစ်ပွားခဲ့သည့် ‌ရေမည်းကိစ္စများနှင့်ပတ်သက်၍ အ‌ဖြေရှာနိုင်‌ရေးနှင့် အကူအညီ‌ပေး‌ရေးကိစ္စများ ဆက်လက်လုပ်‌ဆောင်နိုင်ရန်အ တွက် ‌ရေမည်းဒဏ်ခံစားရသည့် ‌ကျေးရွာများ အားလုံးပါဝင်မည့် ‌ကော်မတီတစ်ရပ် ဖွဲ့စည်းသွားရန် ‌ဒေသခံများက စီစဉ်‌နေကြသည်။

အဆိုပါ ‌ကော်မတီတစ်ရပ် ဖွဲ့စည်းရန်အတွက် ယခုလ ၁၆ရက်‌နေ့တွင် ၎င်း‌ဒေသရှိ မရင်းကုန်း‌ကျေးရွာတွင် ‌ဒေသခံ ရွာသားများနှင့် ဘာသာ‌ရေး‌ခေါင်း‌ဆောင်များ စု‌ပေါင်း‌တွေ့ဆုံပွဲတစ်ရပ်ပြုလုပ်ပြီး အမြင်သ‌ဘောထားများနှင့် အကြံ ဉာဏ်များရယူကာ ‌ဆွေး‌နွေးတိုင်ပင်မှုများလည်း ပြုလုပ်ခဲ့ကြသည်။

‌ကော်မတီဖွဲ့စည်းနိုင်‌ရေး ဦး‌ဆောင်ပါဝင်သည့် မရင်းကုန်းဆရာ‌တော် ဦးဝိရိယက “‌ရေမည်းပြီး ထိခိုက်နစ်နာတဲ့ လူထုအတွက် ‌ရှေ့ဆက် ဘာလုပ်‌ပေးရမလဲ။ အဲဒီအ‌ရေးအတွက် ‌ကော်မတီဖွဲ့ဖို့ ‌ဆွေး‌နွေးတိုင်ပင်တယ်။ အခုဆိုရင် တချို့ရွာ‌တွေလည်း ‌ရေပြန်ထပ်မည်းလာတာ ၁ရွာ၊ ၂ရွာရှိတယ်။ ပြီး‌တော့ မိုးကုန်တာလည်း သိပ်မကြာ‌သေးဘူး။ ‌ရှေ့ဆက် ဒီလူထု‌တွေက ‌ရေရဖို့ဘယ်လိုဆက်လုပ်ရမလဲ။ အဲဒီအတွက်‌တွေလည်း ပါတယ်။”ဟု ‌ကေအိုင်စီသို့ မြွက် ကြားသည်။

‌ရေမည်းကိစ္စနှင့်ပတ်သက်၍ ကရင်ပြည်နယ် ဌာနဆိုင်ရာ တာဝန်ရှိသူဘက်မှ အဆိုပါ‌ရေများကို အသုံးပြုလို့ရ ‌ကြောင်း ‌ဒေသခံများအား နှုတ်ဖြင့် အသိ‌ပေး ‌ပြောဆိုမှုများရှိ‌သော်လည်း ရွာသူရွာသားများအ‌နေဖြင့် ‌သောက်သုံးရန် စိုးရိမ်မှုများဖြစ်‌ပေါ်‌နေသည့်အတွက် လက်ရှိအချိန်အထိ ‌ရေအလှူရှင်ကိုသာ မှီခိုအားထား‌နေရဆဲဖြစ်သည်ဟု ‌ဒေသခံများက ဆိုသည်။

ငနက်ပြာ‌ကျေးရွာရှိ ‌နော်ဒူးဒူက “ကျမတို့‌သောက်သုံးဖို့‌ရေ‌တွေက ‌ရေရှည်ဘယ်ဘယ်သူမှ လာလှူနိုင်မှာ မဟုတ်ဘူး။ ‌ရေက အရင်တိုင်းပြန်‌ကောင်းဖို့က ကျမတို့ ဒီလို‌နေလို့မရဘူး။ တစ်ခုခုလုပ်မှရမယ်ဆိုတာ စိတ်ထဲမှာထားကြပါတယ်။ အခု‌ရေနမူနာ‌တွေက KNU မှာ‌ကော INGO အဖွဲ့အစည်း‌တွေမှာပို့ထားတယ်။ အခုချိန် အ‌ဖြေတိတိကျကျ မသိရ‌သေး ဘူး။ အဲဒါ‌ကြောင့် ‌နောက်နည်းလမ်းတစ်ခု ပြန်စဉ်းစားတာက ‌ဒေသခံ‌တွေ ‌ကော်မတီဖွဲ့ပြီး ဘယ်လိုလုပ်ရမလဲဆိုတာ ရွာအလိုက် ကိုယ့်တာဝန်နဲ့ ကိုယ်ယူရမယ်‌ပေါ့။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ရေမည်းသည့်ပြဿနာ ဖြစ်‌ပေါ်ခဲ့သည်မှာ တစ်လကြာမြင့်‌နေပြီဖြစ်သလို ထိုကိစ္စနှင့်ပတ်သက်၍ စစ်‌ဆေးလုပ်‌ဆောင် ‌နေသည့် အဖွဲ့အစည်းအသီးသီးက အဆိုပါ‌ရေများကို အန္တရာယ်မရှိဘဲ ‌သောက်သုံးနိုင်ပါ‌ကြောင်း တရားဝင် သတင်း ထုတ်ပြန်မှုများလည်း မပြုလုပ်နိုင်‌သေး‌ပေ။

ယင်းသို့ ‌ရေမည်းပြဿနာများ ‌ဖြေရှင်း‌ရေးအတွက် ‌ကော်မတီဖွဲ့စည်းမည်ဟုသာ သိရှိရ‌သော်လည်း ယခုဖွဲ့စည်းမည့် ‌ကော်မတီမှာ မည်သည့်အချိန်၊ မည်သည့်လုပ်ငန်း‌ဆောင်တာများနှင့် မည်သို့ဖွဲ့စည်းသွားမည်ကိုမူ အ‌သေးစိတ် ဆက်လက်‌ဆွေး‌နွေးရအုံးမည်ဖြစ်‌ကြောင်းလည်း ‌ဒေသခံများ၏ ‌ပြောပြချက်များအရ သိရသည်။