Home သတင်း ‌ရေမည်းနက်မှုဖြစ်ပွားသည့် ‌ဒေသရှိ ‌ဒေသခံရွာသားများအတွက် KNDP ပါတီမှ ‌ရေများသွား‌ရောက်လှူဒါန်း

‌ရေမည်းနက်မှုဖြစ်ပွားသည့် ‌ဒေသရှိ ‌ဒေသခံရွာသားများအတွက် KNDP ပါတီမှ ‌ရေများသွား‌ရောက်လှူဒါန်း

1965
KNDP ပါတီအ‌နေဖြင့် ပထမအကြိမ် ‌ရေလှူဒါန်းမှုများ ပြုလုပ်ခြင်းလည်း ဖြစ်သည်။ (photo-Mahn Soe

နိုဝင်ဘာလ ၁၈ ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောရှား

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်ရှိ အင်းအိုင်၊ ‌ရေတွင်းများမှ ‌ရေများမည်းနက်လာသည့်ကိစ္စဖြစ်‌ပေါ်ပြီး‌နောက်ပိုင်း ‌ရေပြဿနာပူပန်‌နေရဆဲ ‌ဒေသခံများအတွက် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ-KNDP မှ ဦး‌ဆောင်၍ ‌သောက်‌ရေနှင့်သုံး‌ရေများကို နိုဝင်ဘာ ၁၈ ရက် (ယ‌နေ့)တွင် သွား‌ရောက်လှူဒါန်းခဲ့သည်။

‌ရေအခက်အခဲကြုံ‌တွေ့ကြရသည့် ‌ဒေသခံရွာသားများအတွက် ပြည်နယ်အစိုးရ၊ ဘုန်း‌တော်ကြီးများ ဦး‌ဆောင် သည့်အဖွဲ့များ၊ ကရင်အနုပညာရှင်အစည်းအရုံး-KCO၊ ‌စေတနာရှင် အလှူရှင်များမှ လှူဒါန်မှုများရှိခဲ့သလို ကရင် ပြည်နယ်အ‌ခြေစိုက် ကရင်ပါတီတစ်ခုဖြစ်သည့် KNDP ပါတီအ‌နေဖြင့် ယခုပထမအကြိမ် ‌ရေလှူဒါန်းမှုများ ပြုလုပ်ခြင်းလည်း ဖြစ်သည်။

KNDP ဥက္ကဌ မန်း‌အောင်ပြည်စိုးက “ဒီဖက်မှာ ‌ရေကို စစ်ပြီးမှ သုံးရမယ်ဆို‌တော့ တသက်လုံး ‌ရေရှည်သွားလို့ မဖြစ်ဘူး‌လေ။ တို့က ကိုယ်တိုင်ကို်ယ်ကျလည်းလာလှူတယ်။ (‌ရေ)အ‌နေအထားလည်း လာ‌လေ့လာတယ်။ ပြီးရင် တာဝန်ရှိသူ‌တွေဆီပို့မယ်။ သ‌ဘောထားထုတ်ပြန်ချက်လည်း ထုတ်သွားမယ်။” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

‌စေတနာရှင်များ၏ ‌ရေအလှူ‌ကြောင့် လက်ရှိအချိန်အတွင်း အဆင်‌ပြေ‌နေ‌သော်လည်း ‌ရေရှည်တွင်မဖြစ်နိုင် သည့်အတွက် တာဝန်ရှိ‌သော အာဏာပိုင်အစိုးရအ‌နေဖြင့် ပြည်သူများအတွက် အလျင်အမြန်အ‌စောတလျင် စီစဉ်‌ဆောင်ရွက်‌ပေးသင့်‌ကြောင်းလည်း မန်း‌အောင်ပြည်စိုးက အကြံပြုသည်။

KNDP မှ ယခုလာ‌ရောက်လှူဒါန်းမှုတွင် ဘိလပ်‌မြေစက်ရုံအနီးရှိ နတ်ကုန်း၊ ငှက်‌ပျော‌တော၊ ‌ကော့ပတိုင်စသည့် ‌ကျေးရွာ(၅) ရွာအတွက် သုံး‌ရေ (လီတာ ၆ ‌ထောင်‌ကျော်)နှင့် ‌သောက်‌ရေသန့် (လီတာ ၃ ‌ထောင်‌ကျော်) ပါဝင် သည်ဟု KNDP တာဝန်ရှိသူများက ‌ပြောသည်။

‌သောက်သုံး‌ရေ အခက်အခဲဖြစ်‌နေသည့် ‌ဒေသအတွင်း ‌ရေအရင်းအမြစ်များ ‌ပြောင်းလဲလာခြင်းမှာ အဆိုပါ ‌နေရာ‌ဒေသအနီးတဝိုက်တွင် ‌ကျောက်မီး‌သွေးဖြင့် လည်ပတ်‌နေသည့် ဘိလပ်‌မြေစက်ရုံများမှ စုပုံထား‌သော ‌ကျောက်မီး‌သွေးပုံများ‌ကြောင့်ဖြစ်နိုင်‌ကြောင်း ‌ဒေသခံများက သုံးသပ်‌ပြောဆိုမှုများလည်းရှိခဲ့သည်။

အဆိုပါ ‌ဒေသခံများ‌ကျေးရွာအချို့‌တွေ့ကြုံ‌နေရသည့် အ‌ခြေအ‌နေများနှင့်ပတ်သက်၍ ပြီးခဲ့သည့် ‌အောက်တို ဘာလဆန်းပိုင်းက ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဦး‌ဆောင်ကာ ‌ရေနမူနာကို ဓာတ်ခွဲစစ်‌ဆေးမှုများ ပြုလုပ်ပြီး ရရှိသည့်အ‌ဖြေများကို ‌ဒေသခံများထံ အသိ‌ပေးထုတ်ပြန်မည်ဟု ‌ပြောဆိုထား‌သော်လည်း လက်ရှိအချိန်အထိ တရားဝင်ထုတ်ပြန်‌ပေးခြင်း မရှိ‌သေး‌ကြောင်း သိရသည်။

လွန်ခဲ့သည့် ‌အောက်တိုဘာလဆန်းပိုင်းက ဘားကပ်၊ ‌အောက်‌ကော့ရင်း၊ ရ‌သေ့ပျံ၊ ပန်းကုန်း စသည့် ‌ကျေးရွာ အုပ်စုအတွင်းရှိ ‌ကျေးရွာများတွင် ‌ဒေသခံများအသုံးပြု‌သောက်သုံး‌နေ‌သော ‌သောက်သုံး‌ရေကန်၊ ‌ရေတွင်းများ အတွင်း ပုံမှန်မဟုတ်သည့် ‌ရေများမည်းနက်လာခြင်းနှင့်အတူ ငါးများ‌သေဆုံးမှုများ ဖြစ်‌ပေါ်ခြင်း‌ကြောင့် ‌သောက် သုံး‌ရေ အသုံးပြုရန် ခက်ခဲလာခြင်းဖြစ်သည်။

အဆိုပါ ‌သောက်သုံး‌ရေအခက်အခဲဖြစ်‌နေသည့် ‌ဒေသခံ ရွာသားများ ‌သောက်သုံး‌ရေ ရရှိရန် ပြည်နယ်အစိုးရမှ ‌ရေလှူဒါန်း‌ပေးမှုများအပြင် ‌ကျေးရွာအချို့တွင် အဝီစိတွင်းများ သွား‌ရောက် တူး‌ဖော်မှု‌ပေးမှုများရှိသည်ဟု သိရသည်။