Home သတင်း ‌ဒေသဖွံ့ဖြိုး‌ရေးလုပ်ငန်းများနှင့် ‌ဒေသခံအမြင် ‌ဆွေး‌နွေးပွဲ ‌ကော့ကရိတ်တွင် ပြုလုပ်

‌ဒေသဖွံ့ဖြိုး‌ရေးလုပ်ငန်းများနှင့် ‌ဒေသခံအမြင် ‌ဆွေး‌နွေးပွဲ ‌ကော့ကရိတ်တွင် ပြုလုပ်

1643
“‌ဒေသဖွံ့ဖြိုး‌ရေးလုပ်ငန်းများနှင့် ‌ဒေသခံများ၏အမြင် စကားလက်ဆုံ‌ဆွေး‌နွေးပွဲ” Photo_KIC

နိုဝင်ဘာလ ၂၃ ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောရှား

‌ကေအိုင်စီ-ကရင်သတင်းဌာနမှ ဦး‌ဆောင်ပြီး“‌ဒေသဖွံ့ဖြိုး‌ရေးလုပ်ငန်းများနှင့် ‌ဒေသခံများ၏အမြင် စကားလက်ဆုံ‌ဆွေး‌နွေးပွဲ” တစ်ရပ်ကို ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်၊ အံဖကြီး‌ကျေးရွာ အထက်တန်း‌ကျောင်း(ခွဲ)၌ နိုဝင်ဘာလ ၂၃ ရက် (ယ‌နေ့)တွင် ပြုလုပ်ခဲ့သည်။

‌ဒေသခံများအ‌နေဖြင့် ‌ဒေသဖွံ့ဖြိုး‌ရေးအစီအစဉ်အမျိုးအစားများကိုသိရှိပြီး သူတို့၏ အမြင်သ‌ဘော ထားများနှင့် ‌မျှော်လင့်လိုလားချက်များကို ပွင့်ပွင့်လင်းလင်းချပြ‌ဆွေး‌နွေးနိုင်ရန်အတွက် ယခု‌ဆွေး‌နွေးပွဲကို ရည်ရွယ်ပြုလုပ်ရခြင်းဖြစ်‌ကြောင်း ‌ကေအိုင်စီ အယ်ဒီတာချုပ် နန်း‌ဖော့‌ဂေက ‌ပြောသည်။

“ ဒီ‌ဆွေး‌နွေးပွဲပြီးတဲ့‌နောက်ပိုင်းမှာလည်း ဒီ‌ကော့ကရိတ်မြို့နယ်က ‌ဒေသခံ‌တွေဟာ ဖွံ့ဖြိုး‌ရေးအ‌ကြောင်းကို သိရှိပြီး ‌ပြောရဲဆိုရဲရှိလာဖို့ ‌မျှော်လင့်ပါတယ်။ ဒါမှ ‌ဒေသခံ‌တွေဟာ တာဝန်ရှိ‌ခေါင်း‌ဆောင်‌တွေ၊ (အခြား ‌သော) အဖွဲ့အစည်း‌တွေနဲ့ ဖွံ့ဖြိုး‌ရေးလုပ်ငန်း‌တွေမှာ ပူး‌ပေါင်း‌ဆောင်ရွက်မှု အား‌ကောင်း လာ မှာဖြစ်ပါတယ်။” ဟု ‌ပြောသည်။

‌ဆွေး‌နွေးပွဲတွင် ‌ဒေသတွင်းဖွံ့ဖြိုး‌ရေးလုပ်ငန်းများ အကျိုးသက်‌ရောက်မှုဆိုင်ရာအ‌ကြောင်း ခြုံငုံ သုံးသပ်‌ပြောဆိုခြင်း၊ ဖွံ့ဖြိုး‌ရေးလုပ်ငန်းတွင် အဖွဲ့အစည်းများ၏ ပါဝင်‌ဆောင်ရွက်မှု၊ ‌ဒေသဆိုင်ရာ စိန်‌ခေါ်မှုအ‌ခြေအ‌နေများ၊ အကျိုးဖြစ်ထွန်းမှုများ၊ အဓိကလိုအပ်သည့် ဖွံ့ဖြိုး‌ရေးလုပ်ငန်းများ၊ မီဒီယာ အခန်းကဏ္ဍ၊ အကြံပြုချက်များနှင့် အ‌မေးအ‌ဖြေကဏ္ဍများ ပြုလုပ်ခဲ့ကြသည်။

‌ဒေသဖွံ့ဖြိုး‌ရေးဟုဆိုရာတွင် လမ်း၊ တံတား‌ဆောက်လုပ်‌ပေးခြင်းကဲ့သို့‌သော ရုပ်ပိုင်းဆို်င်ရာဖွံ့ဖြိုး‌ရေးသာမက ပညာ‌ရေးကဲ့သို့‌သော စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုး‌ရေးများလည်းပါဝင်ပြီး ‌ကော့ကရိတ်မြို့နယ်အ‌နေဖြင့် လက်ရှိ အလိုအပ်ဆုံး ‌ဒေသဖွံ့ဖြိုး‌ရေးလုပ်ငန်းနှင့်ပတ်သက်၍ ‘သွီး’လူမှုဖွံ့ဖြိုး‌ရေးအဖွဲ့တည်‌ထောင်သူလည်းဖြစ် ‌ဒေသခံလည်းဖြစ်သည့် မန်းသိဏ်း‌ဇော်က ယခုလို‌ပြောသည်။

“ ‌ဒေသခံ‌တွေရဲ့ အသိပညာအတတ်ပညာ ဖွံ့ဖြိုးတိုးတက်‌ရေးအတွက် ပညာ‌ရေးကို နံပတ် ၁ အ‌နေနဲ့ လုပ်‌ပေးဖို့လိုပါတယ်။ နံပတ် ၂က ‌ဈေးကွက်စီးပွား‌ရေးစနစ်ဖွံ့ဖြိုး‌အောင် ပီပီပြင်ပြင်အ‌ကောင်အထည် ‌ဖော်‌ပေးဖို့၊ အလုပ်အကိုင်အခွင့်အလမ်းဖန်တီး‌ပေးဖို့လိုမယ်။ အဲဒါပြီးမှ နံပတ် ၃ အ‌နေနဲ့ ‌ဒေသခံ‌တွေရဲ့ ဆန္ဒသ‌ဘောထားကို အတည်ပြုချက်ယူပြီး အားလုံး ညှိညှိနှိုင်းနှိုင်းနဲ့ လမ်း၊ တံတားစတဲ့ ဖွံ့ဖြိုး‌ရေးကို အ‌ကောင်အထည်‌ဖော်‌ပေးပါလို့ ‌ပြောချင်ပါတယ်။” ဟု ‌ပြောသည်။

လက်ရှိအချိန်တွင် အစိုးရ၊ ကုမ္ပဏီများအ‌နေဖြင့် အချို့‌သော လမ်း၊ တံတားကဲ့သို့‌သော ‌ဒေသဖွံ့ဖြိုး‌ရေးများ ကို အ‌ကောင်အထည်‌ဖော်‌ဆောင်ရွက်‌နေခြင်းသည် ‌ဒေသခံအခွင့်အ‌ရေးများ ထိခိုက်ဆုံးရှုံး‌နေခြင်း‌ကြောင့် ‌ဒေသခံများ၏ ဆန္ဒသ‌ဘောထားများကို အ‌လေးအနက်ထား ‌ဆွေး‌နွေးပြီးမှသာ လုပ်‌ဆောင်‌စေချင်‌ကြောင်း ‌ကော့ကရိတ် ‌ဒေသခံများက ‌ပြောဆို‌နေကြသည်။

ယ‌နေ့‌ဆွေး‌နွေးပွဲသို့ ကရင်လက်နက်ကိုင်အဖွဲ့အစည်း (၃)ဖွဲ့ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး-KNU၊ ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ -KNU/KNLA(PC)၊ ဒီမိုက‌ရေစီအကျိုးပြုကရင်တပ်မ‌တော်-DKBA မှ တာဝန် ရှိသူများ၊ ကရင်နိုင်ငံ‌ရေးပါတီ အဖွဲ့ဝင်များ၊ ကရင်လူမှုဖွံ့ဖြိုး‌ရေးအဖွဲ့ဝင်များ၊ ‌ကျေးရွာ/ ‌ကျေးရွာအုပ်စု အုပ်ချုပ်‌ရေးအဖွဲ့ဝင်များ၊ ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှုအဖွဲ့ဝင်များ၊ ‌ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီး ‌မြောက်ပိုင်းမြို့နယ်များရှိ ‌ဒေသခံလူထုများ စုစု‌ပေါင်း ၅ဝ ဦး‌ကျော် တက်‌ရောက်ခဲ့ကြသည်။