Home သတင်း အမျိုးသမီးများအ‌ပေါ်အကြမ်းဖက်မှု ရပ်တန့်‌ရေး‌နေ့ ပြည်နယ်အစိုးရနှင့် အမျိုးသမီးအ‌ရေး လှုပ်ရှားသည့်အဖွဲ့များ ပူး‌ပေါင်းကျင်းပ

အမျိုးသမီးများအ‌ပေါ်အကြမ်းဖက်မှု ရပ်တန့်‌ရေး‌နေ့ ပြည်နယ်အစိုးရနှင့် အမျိုးသမီးအ‌ရေး လှုပ်ရှားသည့်အဖွဲ့များ ပူး‌ပေါင်းကျင်းပ

2408
အမျိုးသမီးများအ‌ပေါ်အကြမ်းဖက်မှု ရပ်တန့်‌ရေး‌နေ့ ပြည်နယ်အစိုးရနှင့် အမျိုးသမီးအ‌ရေး လှုပ်ရှားသည့်အဖွဲ့များ ပူး‌ပေါင်းကျင်းပ (photo-kic)

နိုဝင်ဘာ ၂၅ ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောရှား

နိုဝင်ဘာ ၂၅ ရက်(ယ‌နေ့)တွင် ကျ‌ရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအ‌ပေါ်အကြမ်းဖက်မှု ရပ်တန့်‌ရေး‌နေ့အခမ်းအနားကို ကရင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦး‌ဆောင်ပြီး ပြည်နယ်အတွင်းရှိ ကျား၊ မ ‌ရေးရာနှင့် အမျိုးအမီးအခွင့်အ‌ရေးများအား လှုပ်ရှား‌တောင်းဆိုသည့် အဖွဲ့များပူး‌ပေါင်း၍ ဖားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို ဦး‌ဆောင်ကျင်းပသူတစ်ဦးသည့် World Vision (Myanmar) မှ ‌နော်စီမာ‌ဂေ‌ဖောက “ ရည်ရွယ် ချက်က‌တော့ အမျိုးသမီး‌တွေ အကြမ်းဖက်ခံရတာကို ပြည်သူလူထု‌တွေ အများကြီးသိမယ်။ အစိုးရက သူတာ ဝန်ယူ လုပ်‌ဆောင်တဲ့အရာ‌တွေကို သူသိမယ်။ လူထုက များများသိဖို့ ဒီလိုအ‌ကြောင်း အရာ‌တွေ ပြုလုပ် တာ‌ပေါ့။ အမျိုးသမီးများအ‌ပေါ် အကြမ်းဖက်မှု ရပ်တန့်‌စေဖို့အတွက် အကာအကွယ်‌ပေးတဲ့ ဥပ‌ဒေလို အပ်တဲ့အတွက် အဲဒီဥပ‌ဒေ အမြန်ဆုံး ‌ပေါ်‌ပေါက်ဖို့ လှုပ်ရှားရတာလည်းဖြစ်တယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အမျိုးသမီးများအ‌ပေါ်အကြမ်းဖက်မှု ရပ်တန့်‌ရေး‌နေ့ ပြည်နယ်အစိုးရနှင့် အမျိုးသမီးအ‌ရေး လှုပ်ရှားသည့်အဖွဲ့များ ပူး‌ပေါင်းကျင်းပ (photo-kic)

WON၊ LRC စသည့် အဖွဲ့ အစည်းများ၊ လူမှု‌ရေးအသင်းအဖွဲ့များ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ‌ဒေသခံလူငယ်များ စုစု‌ပေါင်း လူဦး‌ရေ ၄၀ဝ ဦးခန့် တက်‌ရောက်ခဲ့ပြီး ဒုံးအက ‌ဖျော်‌ဖြေခြင်းများ၊ အမျိုးသမီးများ အကြမ်းဖက်မှု ပ‌ပျောက်‌ရေးအတွက် နိုဝင် ဘာ ၂၅ မှ ဒီဇင်ဘာ ၁ဝ ရက်‌နေ ့ထိပြုလုပ်မည့် ၁၆ ရက်တာ လှုပ်ရှားမှုဆိုင်ရာများ၊ ပ‌ဟေဠိ ဉာဏ်စမ်းများ ‌မေး‌ဖြေခြင်း၊ စကားရည်လုပွဲများ၊ ‌တေးသီချင်းသီဆိုခြင်းများ စသည့် အစီအစဉ်တို့ကို ပြုလုပ်ခဲ့သည်။

ဖားအံမြို့‌နေ မမြတ်သီရိခင်က “ဒီ‌နေ့အခမ်းအနားမှာ ‌ဟော‌ပြောရှင်းပြ ‌ပြောလိုက်စကား‌တွေဟာ တက်‌ရောက် လာသူ‌တွေအတွက် (သူတို့ရင်ထဲကို) ထိထိ‌ရောက်‌ရောက် ‌ရောက်ချင်မှ လည်း‌ရောက်မယ်။ လက်‌တွေ့ကျတဲ့ အချက်‌တွေကို လူ‌တွေပိုစိတ်ဝင်စားလာ‌အောင် ပြဇာတ်သရုပ်‌ဖော်တို့လို အစီအစဉ်မျိုး‌တွေ ထည့်သွင်းပြုလုပ်‌ပေးရင် ပို‌ကောင်းမယ်ထင်တယ်။” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၁၉၉၉ခုနှစ်တွင် ကျင်းပခဲ့သည့် ကမ္ဘာ့ကုလသမဂ္ဂ၏ ၅၄ ကြိမ်‌မြောက် အ‌ထွေ‌ထွေညီလာခံဆုံးဖြတ်ချက် အမှတ် ၅၄/၁၃၄ အရ နှစ်စဉ်နိုဝင်ဘာလ ၂၅ ရက်‌နေ့ကို အမျိုးသမီးများအ‌ပေါ်အကြမ်းဖက်မှု ရပ်တန့်‌ရေး‌နေ့အဖြစ် သတ်မှတ်ခဲ့သည်။ နိုဝင်ဘာ ၂၅ ရက်‌နေ့မှ ဒီဇင်ဘာ ၁ဝ ရက်‌နေ့အထိ အမျိုးသမီးများအ‌ပေါ်အကြမ်းမှုပ‌ပျောက် ‌ရေး ၁၆ ရက်တာလှုပ်ရှားမှုကို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ပြုလုပ်လျက်ရှိ‌ကြောင်း သိရသည်။