Home သတင်း ရပ်တန့်ထားသည့် တရားဝင်ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးများကို ပြန်စနိုင်ရန် နီးစပ်ပြီဟု KNU ဆို

ရပ်တန့်ထားသည့် တရားဝင်ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးများကို ပြန်စနိုင်ရန် နီးစပ်ပြီဟု KNU ဆို

2045
KNU၏ (၁၆) ကြိမ်‌မြောက် ကွန်ကရက်အပြီး တတိယအကြိမ်‌မြောက် ဗဟိုအမြဲတမ်း‌ကော်မတီရဲ့ ပုံမှန် နှစ်ပတ်လည် အစည်းအ‌ဝေး(ဒုတိယပိုင်း) (Photo_KNU)


နိုဝင်ဘာလ ၂၃ ရက်၊ ၂၀၁၉ ခုနှစ်။ စအိုင်ဆူး

တစ်နှစ်‌ကျော်ကြာ ရပ်တန့်ထားသည့် တရားဝင် ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးပွဲများကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှု ရပ်စဲ‌ရေးဆိုင်ရာ သ‌ဘောတူစာချုပ်-NCA အ‌ကောင်အထည်‌ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအ‌ဝေး (JICM) မှတဆင့် ပြန်လည်စတင်နိုင်ရန် နီးစပ်ပြီးဟု ကရင်အမျိုးအသားအစည်းအရုံး-KNUက ‌ပြောသည်။

ဖားအံခရိုင်၊ ‌လေးဝါး (‌လော်ခီးလာ)တွင် နိုဝင်ဘာလ ၅ ရက်မှ ၂၂ရက်‌နေ့အထိ ပြုလုပ်ကျင်းပခဲ့သည့် ‌ကေအဲန် ယူ၏ ၁၆ ကြိမ်‌မြောက်ကွန်ကရက်အပြီး တတိယအကြိမ်‌မြောက် ဗဟိုအမြဲတမ်း‌ကော်မတီအစည်းအ‌ဝေးပွဲ(ဒုတိ ယပိုင်း) သတင်းထုတ်ပြန်ချက်ကို အ‌ခြေခံကာ အ‌ထွေ‌ထွေအတွင်း‌ရေးမှူးချုပ်ဖြစ်သူ ပဒို‌စောတာဒိုမူးက ထိုသို့ ‌ပြောဆိုလိုက်ခြင်းဖြစ်သည်။

“အလွတ်သ‌ဘော‌တွေ့ဆုံမှုက‌နေကြိုးစားပြီး‌တော့ အဆင့်‌လေးဆင့်ရှိတဲ့ လုပ်ငန်းစဉ်နဲ့ ဒီဖက်ဒရယ်ကို တည် ‌ဆောက်ဖို့ဆိုတဲ့ပုံစံနဲ့ ကျ‌နော်တို့ NCA (Framework Agreement for NCA implementation Proposal) ဆို တဲ့ အစိုးရကို ‌တောင်းဆိုထားတာရှိတယ်။ အဲ့ဒါကို Informal (အလွတ်သ‌ဘော)လမ်း‌ကြောင်းက‌နေ ညှိနှိုင်း ‌နေတယ်။ ညှိနှိုင်း‌တော့ ‌နောက်ဆုံးက အများကြီးနီးစပ်မှုရှိပြီး‌တော့ ဒီဟာကို အစိုးရဘက်ကလည်း ‌ဆွေး‌နွေးဖို့ လက်ခံလိုက်တဲ့ သ‌ဘောအဆင့်မှာရှိ‌နေတယ်။ အဲ့လို‌ဆွေး‌နွေးဖို့ လက်ခံလိုက်ပြီးဖြစ်တဲ့အတွက်‌ကြောင့်မို့လို့ ဒီ ဟာကို ပြန်စမယ်ဆိုရင်‌တော့ JICM အစည်းအ‌ဝေးကို ကျင်းပပြီးမှ JICM ဆုံးဖြတ်ချက်နဲ့ အစည်းအ‌ဝေး‌တွေ ပြန်စမဲ့ ပုံစံ‌တော့ရှိပါတယ်”ဟု ပဒို‌စောတာဒိုမူးက ‌ကေအိုင်စီသို့ ‌ပြောသည်။

သို့‌သော် အဆိုပါ JICM အစည်းအ‌ဝေးပွဲကို ပြုလုပ်ရန်အတွက် လာမည့် ဒီဇင်ဘာလအတွင်း အစိုးရ၊ တပ်မ ‌တော် စသည်တို့နှင့် ထပ်မံ၍ အလွတ်သ‌ဘော ‌တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်ရန် ရှိ‌သေး‌ကြောင်းလည်း ပဒို‌စောတာဒိုမူးက ဆက်‌ပြောသည်။

အဆိုပါ JICM အစည်းအ‌ဝေးပွဲသည် ယခင် တစ်နှစ်‌ကျော်ကာလအတွင်း ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် ‌ရှေ့ဆက် နိုင်ရန် အလွတ်သ‌ဘော‌တွေ့ဆုံမှုများဖြင့် ‌ဆွေး‌နွေးခဲ့‌သော အပစ်အခတ်ရပ်စဲ‌ရေး ခိုင်မာမှုအပိုင်းနှင့် ဖက်ဒရယ် ပြည်‌ထောင်စုတည်‌ဆောက်‌ရေးအပိုင်းဖြစ်သည့် အဆင့်‌လေးဆင့်ပါ NCA အ‌ကောင်အထည်‌ဖော်နိုင်‌ရေး သ‌ဘောတူညီမှုရယူထားရမည့် အ‌ကောင်အထည်‌ဖော်မှု မူ‌ဘောင်ကို နှစ်ဘက်‌ဆွေး‌နွေးသ‌ဘောတူညီချက် ရယူမည့် အဆင့်ဖြစ်သည်။

၎င်းမှတစ်ဆင့် နှစ်ဖက်ရရှိသည့် သ‌ဘောတူညီချက်များကို အ‌ခြေခံ၍ ပြည်‌ထောင်စုငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်မှု ပူးတွဲ‌ကော်မတီ -UPDJC၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေးဆိုင်ရာ ပူးတွဲ‌စောင့်ကြည့်‌ရေး‌ကော်မတီ-JMCနှင့် စတုတ္ထ အကြိမ်‌မြောက် ပြည်‌ထောင်စုငြိမ်းချမ်း‌ရေး ညီလာခံ၂၁ ရာစု ပင်လုံ အစည်းအ‌ဝေးအစရှိသည့် တရားဝင် ငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေးပွဲများကို ပြန်စနိုင်မည့်သ‌ဘောဖြစ်သည်။

‌ကေအဲန်ယူသည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှစ၍ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်ဆိုင်ရာ တရားဝင် အစည်းအ‌ဝေးများ၌ ပါဝင်မှုကို ယာယီရပ်တန့်ထားပြီး အလွတ်သ‌ဘော ‌ဆွေး‌နွေးမှုများဖြင့် ငြိမ်းချမ်း ‌ရေးလုပ်ငန်းစဉ်၏ တစ်ဆို့မှုများကို အ‌ဖြေရှာရန် ကြိုးပမ်းမှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အလားတူ အစိုးရဘက်မှလည်း ငြိမ်းချမ်း‌ရေး လုပ်ငန်စဉ် ‌ရှေ့ဆက်နိုင်ရန် အဆိုပြုချက် ၄ ရပ်ဖြစ်‌သော NCA အ‌ကောင်အထည်‌ဖော်မှုဆိုင်ရာကိစ္စရပ်များ၊ ၂၀၂ဝ မတိုင်ခင် နှင့် ၂၀၂ဝ အလွန် ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ် ကိစ္စရပ်များ၊ ဒီမိုက‌ရေစီနှင့် ဖက်ဒရယ် အ‌ခြေခံမူ‌ရေးဆွဲ‌ရေးကိစ္စရပ်များနှင့် ကြားကာလဆိုင်ရာ ကိစ္စရပ်များကို ဇူလိုင်လ ၁၃ ရက်‌နေ့တွင် ‌ကေအဲန်ယူကို အဆိုပြုခဲ့သည်။

၎င်းအဆိုပြုချက်အ‌ပေါ်အ‌ခြေခံ၍ ‌ကေအဲန်ယူမှလည်း အစိုးရထံ အဆင့်‌လေးဆင့်ပါဝင်သည့် အဆိုပြုချက်များ ကို ပြန်လည်အဆိုပြုခဲ့ပြီး ၎င်းတွင် အပစ်အခတ်ရပ်စဲမှု ခိုင်မာ‌ရေး ကိစ္စရပ်များကို ကနဦး ‌ဆွေး‌နွေးခြင်းနှင့် ၎င်းမှ တဆင့် ဖက်ဒရယ်ပြည်‌ထောင်စု ဖွဲ့စည်းတည်‌ဆောက်‌ရေးဆိုင်ရာ ‌ရှေ့ဆက်လုပ်ငန်းစဉ်များအ‌ပေါ် ဆက်လက် ‌ဆွေး‌နွေးသွားခြင်း ၎င်း‌ဆွေး‌နွေးမှုများမှ ရရှိလာမည့် သ‌ဘောတူညီချက်များကို လက်ရှိအစိုးရ သက်တမ်းကာ လတွင် မပြီးပြတ်ခဲ့သည်ရှိ‌သော် ဆက်လက်အ‌ကောင်အထည်‌ဖော်နိုင်ရန် သ‌ဘောတူညီမှုရရှိ‌ရေးကို ‌ဆောင် ရွက်သွားရန်တို့ပင်ဖြစ်သည်။

ယမန်‌နေ့ (နိုဝင်ဘာ ၂၂ ရက်) တွင်လည်း အစိုးရ၏ ငြိမ်းချမ်း‌ရေး ‌ကော်မရှင် (PC)နှင့် ‌ကေအဲန်ယူ ကိုယ်စား လှယ်တို့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ‌တွေ့ဆုံခဲ့ပြီး ‌ကေအဲန်ယူမှ အဆိုပြုထားသည့်ကိစ္စရပ်များ၊ JICM အစည်းအ‌ဝေး ကျင်းပနိုင်‌ရေး ကိစ္စရပ်များ၊ ၂၁ ရာစုပင်လုံ အစည်းအ‌ဝေး ကိစ္စရပ်များနှင့် အစိုးရ၏ ငြိမ်းချမ်း ‌ရေး‌ရှေ့လုပ်ငန်း စဉ်ကိစ္စရပ်များကို ‌ဆွေး‌နွေးခဲ့ပြီး သ‌ဘောတူညီချက်အချို့ ရရှိခဲ့သည်ဟု သိရသည်။

(၁၆) ကြိမ်‌မြောက် ကွန်ကရက်အပြီး တတိယအကြိမ်‌မြောက် ဗဟိုအမြဲတမ်း‌ကော်မတီရဲ့ ပုံမှန် နှစ်ပတ်လည် အစည်းအ‌ဝေး(ဒုတိယပိုင်း)

ရက် သတ္တပတ် (၂)ပတ်‌ကျော်ကြာပြုလုပ်ခဲ့သည့် ‌ကေအဲန်ယူ၏ ဗဟိုအမြဲတမ်း‌ကော်မတီ အစည်းအ‌ဝေးပွဲ(ဒုတိ ယပိုင်း)ကို ‌ကော်မတီဝင် (၅၅)ဦးအနက် (၄၀)ဦး နှင့် အထူးဖိတ်ကြားထားသည့် ‌ခေါင်း‌ဆောင်များ ပါဝင်တက် ‌ရောက်ခဲ့ကြသည်။ အစည်းအ‌ဝေးတွင် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲဆိုင်ရာ၊ အပစ်အခတ်ရပ်စဲမှု ပိုမိုခိုင်မာ‌ရေးဆိုင်ရာ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်များ၊ ဋ္ဌာနဆိုင်ရာ အစီရင်ခံစာများ၊ ခရိုင်အသီးသီး၏ အစီရင်ခံစာများ၊ လုပ်ငန်း ‌ကော်မတီ၏ အစီရင်ခံ စာများနှင့် အဖွဲ့အစည်း၏ စီမံခန့်ခွဲအုပ်ချုပ်‌ရေးဆိုင်ရာကိစ္စရပ်များကို ‌ဆွေး‌နွေးခဲ့ပြီး ‌ရှေ့လုပ်ငန်းစဉ်များချမှတ်ခဲ့သည်ဟု အစည်းအ‌ဝေး၏ သတင်းထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

ထို့အပြင် KNUအ‌နေဖြင့် လက်ရှိ ဖြစ်‌ပေါ်‌နေ‌သော မြန်မာ့နိုင်ငံ‌ရေး၊ ကမ္ဘာ့နိုင်ငံ‌ရေးအ‌ခြေအ‌နေနှင့် လူ့အခွင့် အ‌ရေးဆိုင်ရာ ကိစ္စများ၊ အစိုးရမှရင်ဆိုင်‌နေရ‌သော တရား‌ရေးဆိုင်ရာ ကိစ္စရပ်များတို့အ‌ပေါ် သုံးသပ်ခဲ့ကြပြီး အစိုးရအ‌နေဖြင့် နိုင်ငံတကာ လူ့အခွင့်အ‌ရေးဆိုင်ရာ အ‌ခြေခံမူများနှင့် စံချိန်စံညွှန်းများကို ‌လေးစားလိုက်နာ လုပ်‌ဆောင်သွားရန် တိုက်တွန်းသည်ဟု အစည်းအ‌ဝေး သတင်းထုတ်ပြန်ချက်တွင် ‌ဖော်ပြပါရှိသည်။

‌ကေအဲန်ယူ၏ ၁၆ ကြိမ်‌မြောက်ကွန်ကရက်အပြီး တတိယအကြိမ်‌မြောက် ဗဟိုအမြဲတမ်း‌ကော်မတီ အစည်းအ‌ဝေး(ပထမအပိုင်း)ကို ပြီးခဲ့သည့် ဇူလိုင်လ ၂၂ရက်မှ ဩဂုတ်လ ၉ရက်‌နေ့အထိ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။